Archive for 08/01/12


တစ်လောကလုံးမှာ သင့်ကို နားလည်မှုအပေးနိုင်ဆုံးက ဘယ်သူလဲ... သင်လိုအပ်တာကို အရိပ်တကြည့်ကြည့် ထာဝရဖြည့်ဆည်းပေးတာ ဘယ်သူလဲ... သင့် အနွံတာကို အခံနိုင်ဆုံးက ဘယ်သူလဲ.... သင့်မှာ အန္တာရယ်တွေဝိုင်းနေတဲ့အချိန် မကြောက်မရွံ့ သင့်ရှေ့က ကာကွယ်ပေးတာ ဘယ်သူလဲ.... တစ်လောကလုံး သင့်ကိုရက်စက်တဲ့အချိန်မှာ ကြင်နာမှုပေးတာ ဘယ်သူလဲ... သင် ဘာအမှားပဲ လုပ်ခဲ့လုပ်ခဲ့ ခွင့်လွတ်ပြီး ပြန်လည်လက်ခံပေးတာ ဘယ်သူလဲ... သင့် ၀မ်းနည်းမှုကို ထပ်တူလိုက်ပြီး ခံစားပေးနိုင်တာ ဘယ်သူလဲ.... သင်ရဲ့ အခက်ခဲတွေကို ကိုယ့်အခက်ခဲကဲ့သို့ ကူညီဖြေရှင်းပေးတာ ဘယ်သူလဲ... သင့်ဘ၀ တိုးတက်မြင့်မားဖို့ သူကိုယ်သူ လိုအပ်ရင် လှေကားထစ်လုပ်ပေးနိုင် တာဘယ်သူလဲ.... သင်အောင်မြင်ပျော်ရွှင်တာကိုပဲ ထာဝရအမြဲမြင်နေချင်တဲ့သူဟာ ဘယ်သူလဲ ဘယ်သူလဲ... ဘယ်သူလဲ... ဘယ်သူလဲ.... သင်ဝေးဝေးကြည့်စရာ မလိုပါဘူး... လူချင်းဝေးနေရင်တောင် စိတ်ချင်းဆက်ပြီး တစ်သွေးတစ်သားတည်း ထာဝရထပ်တူရှိနေတာ... ''သင့်ရဲ့ တစ်ဦးတည်းသော အစားထိုးမရနိုင်တဲ့ အမေ ပါပဲ... '' မြတ်ဘုန်းရည်မွန်

အစားထိုးမရနိုင်တဲ့ အမေ ပါပဲ

Posted by : လက်တွဲဖော် 0 Comments

အထီးကျန်ခြင်းဆိုတာ ရိုးရိုးရှင်းရှင်း ပြောရရင် အဖော်မဲ့ခြင်းပါ.. သင် အထီးကျန်တယ်လို့ ခံစားနေရပြီဆို တစ်ခြားသူကို အပြစ်မတင်ခင် သင့်ကိုယ်သင် ပြန်မေးသင့်ပါတယ် ၁။ သင်ဘက်ကစပြီး လူတွေပေါ် ရိုးရိုးသားသားခင်ခင်မင်မင် နေခဲ့ရဲ့လား... ၂။ သင့်ပေါ်ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူကို သင်သေချာခွဲခြား မသိခဲ့ပဲ ချဉ်းကပ်သူ မှားခဲ့လို့လား... ၃။ သင်အနေနဲ့ တစ်ဘက်လူတွေအပေါ် အမှားပြုခဲ့မိလား... ၄။ သင်ပေါ်စေတနာထားသူတွေပေါ် စေတနာကိုမျက်ကွယ်ပြုပြီး စော်ကားခဲ့ဖူးသလား... ၅။ သင် လူတွေနဲ့ဆက်ဆံရာမှာ ရိုးသားပွင့်လင်းခဲ့ရဲ့လား... ၆။ သင့်စိတ်ထားကရော တစ်ကိုယ်ကောင်းဆန်စိတ်နဲ့ သင့်ဘက်ကိုပဲ သင်ကြည့်ခဲ့လို့လား... ၇။ သင့်ပတ်ဝန်းကျင်ကလူတွေပေါ် အသုံးချရုံသက်သက်ပဲ သင်သဘောထားခဲ့သလား.... ၈။ သင် ကျေးဇူးသိတတ်ခဲ့ရဲ့လား.. ဒါတွေထဲက အနည်းဆုံး နှစ်ချက်မျှ သင်ပြုခဲ့မိပြီဆိုလျှင်တော့ အထီးကျန်ခြင်းကို သင်ကိုယ်တိုင် ဖန်တီးခဲ့တာပဲ ဖြစ်ပါသည်။ မြတ်ဘုန်းရည်မွန်

အထီးကျန်ခြင်းဆိုတာ

Posted by : လက်တွဲဖော် 0 Comments

အချစ်ဆိုတာဘာလဲ .... အချစ်ကို လူတွေက အမျိုးမျိုး ဖွင့်ဆိုကြတယ်... ရယူလိုခြင်း ပေးဆပ်ခြင်း ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း .... စသည်ဖြင့်ပေါ့... ချစ်တယ်လို့ တစ်ဖွဖွပြောပြီး မိမိအတ္တကိုသာ ရှေ့တန်းတင်ပြီး တစ်ဘက်လူရဲ့ခံစားချက်ကို ထည့်မတွက်တဲ့ အချစ်မျိုး.... ပေးဆပ်ဖြည့်ဆည်းမှုတွေတော့ လုပ်ပေးပါရဲ့ အဲဒီအပေါ် ပြန်လည်ရယူလိုမှုတွေရှိနေတဲ့ အချစ်မျိုး.... အဲလို အချစ်မျိုးတွေဟာ ပျော်ရွှင်ခြင်းထက် ၀မ်းနည်းခြင်းကိုပဲ ဖြစ်ပေါ်စေတတ်တယ်လေ... တကယ်တော့ အချစ်ဆိုတာ... စာနာနားလည်ပေးခြင်း.. ဖြည့်ဆည်းကူညီပေးခြင်း.. အားပေးနှစ်သိမ့်တတ်ခြင်း.. အနွံတာခံတတ်ခြင်း.. ခွင့်လွှတ်ကျေနပ်ပေးတတ်ခြင်း.. ပျော်ရွင်မှုကိုသာ ဖန်တီးပေးတတ်ခြင်းနဲ့ .. အနစ်နာခံတတ်ခြင်း တွေပါ... ချစ်ကြတဲ့သူ တစ်ဦးနဲ့ တစ်ဦးသာ.. အဲလိုစိတ်ထားမျိုးလေးတွေနဲ့ အပြန်အလှန်ချစ်ပေးကြမယ်ဆိုရင်.. ပူလောင်မှုတွေ နာကျင်မှုတွေ မုန်းတီးမှုတွေ ဘယ်မှာ ဖြစ်လာနိုင်တော့မလဲလေ.... မြတ်ဘုန်းရည်မွန်

ဘယ်မှာ ဖြစ်လာနိုင်တော့မလဲလေ..

Posted by : လက်တွဲဖော် 0 Comments

တကယ်တော့ သူချစ်တာ ကိုယ်မှ မဟုတ်ခဲ့တာ... တစ်ခါတစ်လေလောက် သူ့ဘက်က အရေးလုပ်ခဲ့တဲ့အပေါ်.. ကိုယ်က အဟုတ်ကြီး ထင်ခဲ့မိတာလေ... သူအပျင်းပြေစေဖို့ ကိုယ်က ဖျော်ဖြေရုံသက်သက်ဆိုလည်း ကျေနပ်တတ်တဲ့သူပါ... ဒါပေမယ့် သူက အခြားတစ်ယောက်ကို နစ်နစ်နဲနဲ ချစ်နေတယ်လို့ သေချာသိရချိန်မှာတော့ ကိုယ့်စိတ်တွေ နာကျင်မွန်းကြပ်လာတယ်... သူ့ကို စွန့်လွှတ်ရမယ်ဆိုတဲ့ အသိတွေက နှလုံးသားကို လောင်မြိုက်စေခဲ့တယ်... အရမ်း ခံစားရတယ်... ဒါပေမယ့် အရမ်းလည်း ချစ်နေတုန်းပဲ.... မြတ်ဘုန်းရည်မွန်

ဒါပေမယ့် အရမ်းလည်း ချစ်နေတုန်းပဲ.

Posted by : လက်တွဲဖော် 0 Comments

သူတစ်ပါးကို အားပေး ဖေးမဖို့ လွယ်ကူပေမယ့် ကိုယ်တိုင် စိတ်အားငယ်တဲ့အခါ ကိုယ့်ကိုကိုယ် အားပေးဖို့က တကယ်ကိုခက်တယ်... စိတ်ဓါတ်ကျ အားငယ်ရတဲ့ အကြောင်းရင်းကို မေ့ဖျောက်နိုင်ဖို့ သူတစ်ပါးကို ပြောခဲ့တဲ့ အားပေးစကားတွေနဲ့ ကိုယ့်ကိုကိုယ် ပြန်နှစ်သိမ့်နေပေမယ့်လည်း အကြောင်းရင်းခံ အဖြစ်အပျက်တွေက အတွေးထဲမှာ တလည်လည်.... အဲဒီလို အခြေနေမျိုးမှာ ကိုယ့်ဘေးက မိဘ / သူငယ်ချင်း/ ချစ်သူ သူတို့ရဲ့ အားပေးစကားတွေကို ကြားရတာ ရှေ့ဆက်ဖို့ ခွန်အားတွေကို ဖြစ်ပေါ်စေတယ်.... ဘ၀မှာ အားပေးမှုတွေ အားပေးတဲ့သူတွေ တကယ်လိုအပ်ပါတယ်.... ၀မ်းနည်းအားငယ်မှုတွေ ခံစားရတဲ့အခါမှာ နားလည်ခဲ့တယ်.... ကိုယ့်တကယ် စိတ်ဓါတ်ကျတဲ့အခါ အားပေးစကားတွေ ပြောပေးပြီး ကူညီဖေးမပေးသူတွေက မနက်ဖြန်တွေကို ဆက်လက်ရင်ဆိုင်နိုင်ဖို့ တကယ်အရေးပါတဲ့နေရာက ပါဝင်နေတယ် ဆိုတာပေါ့.... မြတ်ဘုန်းရည်မွန်

အဲဒီလို အခြေနေမျိုးမှာ

Posted by : လက်တွဲဖော် 0 Comments

သင် လူတစ်ယောက်ကို ဘာကြောင့်ချစ်မိလဲ?? ချောလှလို့လား ခန့်ညားလို့လား... ပညာတော်လို့လား ဥစ္စာပြည့်စုံလို့လား... စိတ်ထားကောင်းလို့လား ချစ်စရာကောင်းလို့လား.... ဂုဏ်ဒြပ်တွေကြောင့်လား သင့်တော်မယ်ထင်လို့လား... ဒါတွေ တစ်ခုခုကြောင့် သင်ငြိတွယ်သွားတယ်ဆိုရင် အချိန်ကြာကြာတွဲဖြစ်ရင်တောင် သံယောဇဉ်လောက်သာ ဖြစ်ပေါ်စေတာပါ.. တကယ့်အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မရှိပါဘူး... ရှိခဲ့ရင်လည်း အချစ်စစ်မဟုတ်ဘူး... မက်မောတွယ်တာမှု သက်သက်ပါ... သင်လူတစ်ယောက်ကို မုန်းမိနေလား?? သင့်အပေါ် မကောင်းလို့လား သင့်ကို ဒုက္ခရောက်စေခဲ့လို့လား... သင့်အကျိုးကို ဖျက်ဆီးလို့လား သင့်ပေါ် လိမ်လည်ခဲ့လို့လား... ဒါတွေကြောင့် သင့်မှာ အမုန်းဖြစ်ပေါ်နိုင်သလို မသိစိတ်က တခြားသူပေါ် မနာလိုဖြစ်ခြင်း အားကျခြင်းတွေကလည်း သိစိတ်မှာ အမုန်းကို ဖြစ်ပေါ်စေပါတယ်.... အမုန်းမှာတော့ အကြောင်းပြချက်ရှိကို ရှိပါတယ်... မရှိခဲ့ရင် တကယ်မုန်းတာ မဟုတ်ဘူး... စိတ်ထားသေးသိမ်မှု သက်သက်ပါ... မြတ်ဘုန်းရည်မွန်

လူတစ်ယောက်ကို ဘာကြောင့်ချစ်မိလဲ

Posted by : လက်တွဲဖော် 0 Comments

လှပတဲ့ရုပ်ရည်ကိုသာ ကြည့်ပြီး ချစ်သူ / သူငယ်ချင်း မရှာပါနဲ့... လှပတဲ့ နှလုံးသားရှိသူကိုပဲ ရှာဖွေပါ.... လှပတဲ့အရာတွေဟာ အမြဲတမ်း ကောင်းသောအရာမဖြစ်နိုင်... ကောင်းသောအရာတွေကသာ အမြဲလှပသောအရာ ဖြစ်နိုင်ပါတယ်.... မြတ်ဘုန်းရည်မွန်

ရှာဖွေပါ

Posted by : လက်တွဲဖော် 0 Comments

စကားများများပြောမိလို့ ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို ကိုယ်တိုင်ကြုံတွေ့တော့မှ ဆိတ်ဆိတ်နေတတ်ခြင်းကို ငါရွေးချယ်တတ်ခဲ့တယ်.... သည်းမခံတတ်ခြင်းကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေကို ကိုယ်တိုင်ရင်ဆိုင်ရတော့မှ သည်းခံတတ်ခြင်းကို ငါရှာဖွေခဲ့မိတယ်.... အကြင်နာကင်းမဲ့တဲ့ အပြုမူတွေကြောင့် ရရှိလာတဲ့အကျိုးဆက်တွေကို ကိုယ်တိုင်ခံစားမိတော့မှ ကြင်နာတတ်ခြင်းရဲ့ အနှစ်အရသာကို ငါသိရှိခဲ့တယ်.... ကိုယ်ချင်းမစာတတ်ခဲ့ခြင်းမှ ရရှိလာတဲ့အကျိုးဆက်တွေကြောင့် ကိုယ်တိုင်နာကျင်ဝမ်းနည်းရတဲ့အခါ ကိုယ်ချင်းစာတတ်ခြင်းရဲ့ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ခဲ့တယ်.... ဘယ်အရာမဆို ကိုယ်တိုင်ကြုံတွေ့ခံစားရမှသာ အကောင်းနဲ့အဆိုး၊ အမှားနဲ့အမှန်ကို ခွဲခြားသိမြင်နားလည်နိုင်ကြတယ်.... မြတ်ဘုန်းရည်မွန်

ဘယ်အရာမဆို

Posted by : လက်တွဲဖော် 0 Comments

သင့်ဘ၀ အောင်မြင်မြင့်မားချိန်မှာတော့ သင်ဘယ်သူလဲဆိုတာ သင့်မိတ်ဆွေသူငယ်ချင်းတွေက ကောင်းကောင်းသိကြလိမ့်မယ်.... သင့်ဘ၀ နိမ့်ကျချိန်မှာတော့ သင့်သူငယ်ချင်းမိတ်ဆွေအစစ်က ဘယ်သူလဲ သင်သေသေချာချာ သိရလိမ့်မယ်..... မြတ်ဘုန်းရည်မွန်

သင့်ဘဝ

Posted by : လက်တွဲဖော် 0 Comments

ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးနေရာလေး ၂ ခုရှိပါတယ်... ပထမအနေနဲ့ နှစ်လိုဖွယ်အကောင်းဆုံးနေရာလေးက သင့်ချစ်သူရဲ့စိတ်အတွေးတွေထဲမှာ သင်ရယူထားတဲ့ နေရာလေး ဖြစ်ပါတယ်... ဒုတိယအနေနဲ့စိတ်ချလုံခြုံစွာ ပီတိဖြစ်စရာနေရာလေးကတော့ သင့်ကိုချစ်တဲ့လူတွေရဲ့ ကောင်းသောတောင်းဆုတိုင်းမှာ သင်ပါဝင်ကာ ရယူထားနိုင်တဲ့ နေရာလေးပဲ ဖြစ်ပါတယ်... မြတ်ဘုန်းရည်မွန်

တန်ဖိုးအကြီးဆုံးနေရာလေး ၂ ခု

Posted by : လက်တွဲဖော် 0 Comments

နေ့စဉ် နံနက်တိုင်း သင် ဒီစကားလေး ၅ ခွန်းကို ကိုယ့်ကိုယ်ကို ပြောပေးပါ... ၁) ငါ အကောင်းဆုံး ကြိုးစားရမယ် ၂) ငါ အရာရာကို လုပ်နိုင်တယ် ၃) ငါ့ကို မြတ်ဘုရားနဲ့ နတ်ကောင်းများက စောင့်ရှောက်တယ် ၄) ဘာလုပ်လုပ် ငါအောင်နိုင်ရမယ် ၅) ဒီနေ့ဟာ ငါ့နေ့ပဲ ဒီ ၅ ချက်ကို နေ့စဉ် နံနက်တိုင်း ပြောပေးခြင်းဟာ ကိုယ့်ကိုယ်ကို အားပေးစောင့်ရှောက်ခြင်းတစ်မျိုးဖြစ်ပြီး အနည်းနဲ့အများ ယုံကြည်မှုရစေနိုင်သလို နေ့ရက်တိုင်းရဲ့ တစ်နေ့တာအချိန်တွေကို အားမာန်အပြည့် ရင်ဆိုင်နိုင်ဖို့ ခွန်အားအချို့ကို ပေးနိုင်မှာပါ..... မြတ်ဘုန်းရည်မွန်

ဒီစကားလေး ၅ ခွန်း

Posted by : လက်တွဲဖော် 0 Comments

ဘ၀မှာ တစ်ခါကြုံခွင့်ရပြီး ပြန်မရနိုင်တော့တာတွေက >> အချိန် >> စကားတစ်ချို့ >> အခွင့်အရေး ဘ၀မှာ အပြီးတိုင် ဘယ်တော့မှ ဆုံးရှုံးမသွားနိုင်ဘဲ ပြန်ရနိုင်တာတွေက >> ငြိမ်းချမ်းမှု >> မျှော်လင့်ချက် >> ရိုးသားမှု ဘ၀မှာ မရှိမဖြစ် အမြဲတန်ဖိုးထားရတဲ့ အရာတွေက >> ချစ်ခြင်းမေတ္တာတရား >> ကိုယ့်ကိုကိုယ် ယုံကြည်မှု >> သူငယ်ချင်း မိတ်ဆွေကောင်းများ မြတ်ဘုန်းရည်မွန်

ဘ၀မှာ

Posted by : လက်တွဲဖော် 0 Comments

သူက လူတွေကို ပျော်အောင်လုပ်နိုင်စွမ်းရှိသလို စိတ်ညစ်အောင် ငိုအောင်လည်း လုပ်နိုင်တယ်.... သူက လူတွေရဲ့ဘ၀ကို ပျက်အောင်လည်း ဖျက်တတ်သလို ဘ၀မြင့်မားလာအောင်လည်း လုပ်နိုင်တယ်.... သူကြောင့် လူတွေ ပင်ပန်းနွမ်းနယ်စွာ ရုန်းကန်လှုပ်ရှားရသလို သူကြောင့်ပဲ ဇိမ်ခံစံစားကြရတယ်.... သူကြောင့်ပဲ လုပ်ချင်တာတွေလုပ်နိုင်သလို သူကြောင့်ပဲ မလုပ်ချင်တာတွေလည်း ဇွတ်မှိတ်လုပ်နေကြရတယ်... သူ့ကြောင့်ပဲ မချစ်မနှစ်သက်တဲ့သူတွေနဲ့ အတူရှိနေရသလို သူကြောင့်ပဲ ချစ်တဲ့သူတွေနဲ့ ခွဲခွာလို့ နေနေရတယ်.... သူ့ကို လူတွေက အမောတကော လိုက်ရှာနေတတ်ပေမယ့် သူကတော့ လူတွေဆီရောက်သွားပြီးရင် ပြန်ထွက်ပြေးဖို့ပဲ အသင့်ဖြစ်နေတတ်တယ်... သူ့ထက် အဖိုးတန်တာတွေ ရှိပါတယ်လို့ လူတွေ ဘယ်လောက်ပဲ ကြွေးကြော်ကြွေးကြော် သူမရှိရင်လည်းပဲ လူတွေမှာ နေလို့မရနိုင်ဖြစ်နေကြတယ်.... သူက စက္ကူလေးပါလို့ ဆိုကြပေမယ့်လည်း လူတွေမှာ သူ့ကို တသသဖြစ်နေကြရတယ် အော်... ပိုက်ဆံ... ပိုက်ဆံ... ငါ့တွက် မရှိမဖြစ်ထဲမှာ နင်ကလည်း ထိပ်ဆုံးကပါပဲလားနော်.... မြတ်ဘုန်းရည်မွန် — with Khun Hlakyaw.

အော်... ပိုက်ဆံ.

Posted by : လက်တွဲဖော် 0 Comments

ကိုယ်မျှော်လင့်ထားတဲ့သူက ပြန်မချစ်ခဲ့ရင်တောင် ကိုယ့်ကိုချစ်မယ့် အခြားတစ်ယောက်ကတော့ ဒီလောကမှာ ရှိစမြဲပါပဲ.... အချစ်ဆိုတာ လူတစ်ယောက်ရဲ့ နှလုံးသားက အိုအေစစ်တစ်ခုပါ... အိုအေစစ်လေးကြောင့် ရှင်သန်နေတဲ့သူတွေ ဒီလောကမှာ အများကြီး.... သူ့နှလုံးသားက မွေးဖွားပေးတဲ့ ကိုယ့်တွက် အချစ်စေတနာကို တူညီတဲ့ တုံ့ပြန်မှုမပေးနိုင်ခဲ့ရင်တောင် အသိအမှတ်လေးတော့ ပြုပေးရလိမ့်မယ်.... မြတ်ဘုန်းရည်မွန်

အသိအမှတ်လေးတော့

Posted by : လက်တွဲဖော် 0 Comments

'မနာလိုစိတ်'' သူတော်မှန်းတော့ သိပါရဲ့ ဒါပေမယ့် လက်သင့်မခံနိုင်ဘူး သူ့လုပ်ရပ်တွေ ကောင်းမှန်းတော့ သိပါရဲ့ ဒါပေမယ့် မထောက်ခံချင်ပြန်ဘူး သူ့အရည်အချင်းတွေက ထက်မြက်သာလွန်နေမှန်း သိတော့ သိပါရဲ့ ဒါပေမယ့် သူ့ကို အားကျအတုယူရကောင်းမှန်း မသိပြန်ဘူး သူ့အောင်မြင်မှုကို တစ်ခြားသူတွေ အသိမှတ်ပြုနေမှန်း သိပါရဲ့ ဒါပေမယ့် အားပေးချီးကျူးခြင်း မပြုနိုင်ဘူး နောက်ဆုံး အဲဒီလိုစိတ်တွေဟာ သူ့ကိုမနာလိုဖြစ်နေမှန်း ကိုယ့်ကိုကိုယ်လည်း သိလာပါရဲ့ ဒါပေမယ့် သူက ကိုယ့်ထက်တော်တယ်လို့ ၀န်မခံချင်ပြန်ဘူး -----------xxxxxx------------ *သူတစ်ပါးပေါ်မနာလိုစိတ်ဖြစ်ခြင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာပါ သူ့ထက် ကိုယ့်ညံ့တယ်ဆိုတာ ထုတ်မပြောပဲ ၀န်ခံလိုက်တာပါ... မနာလိုစိတ်ဟာ သင့်ကိုပဲ ပူလောင်စေတာပါ သင့်စိတ်ထားကိုပဲ ယုတ်ညံ့စေတာပါ သင့်တိုးတက်မှုကိုပဲ ဆုတ်ယုတ်စေတာပါ* မြတ်ဘုန်းရည်မွန်

'မနာလိုစိတ်''

Posted by : လက်တွဲဖော် 0 Comments

အော် လူတွေ လူတွေ... အဆင်မပြေတုန်းကတော့ အားပေးကြပါတယ် ၀မ်းသာ ပီတိတွေနဲ့.... အဆင်ပြေလာတော့ ၀မ်းသာပေးကြပါတယ် ဟန်ဆောင်မှုတွေနဲ့... မအောင်မြင်ခင်တုန်းက နှစ်သိမ့်ပေးကြရှာပါတယ် ခပ်ခွာခွာ ကဲ့ရဲ့အကြည့်တွေနဲ့... အောင်မြင်လာရင်တော့ အရမ်းကို ပတ်သက်ချင်လာကြတယ် ရလိုတဲ့ အခွင့်အရေးတွေနဲ့... အော် လူတွေ လူတွေ.... မြတ်ဘုန်းရည်မွန်

အော် လူတွေ လူတွေ...

Posted by : လက်တွဲဖော် 0 Comments

တစ်ခါတုန်းက ကျီးတစ်ကောင်က တစ်နေ့လုံး ဘာမှမလုပ်ပဲ သစ်ပင်ပေါ်မှာ နားနေတယ်။ ဒါကို ယုန်လေးကမြင်တော့ ကျီးကို ''ငါလည်း မင်းလို တစ်နေ့လုံး ဘာမှမလုပ်ပဲ နေချင်တယ်ကွာ နေလို့ရနိုင်လား'' လို့ မေးတယ်။ ကျီးကလည်း ''ဘာလို့မရ,ရမှာလဲကွာ.. ရတာပေါ့'' လို့ဆိုတယ်။ ဒါနဲ့ ယုန်လေးကလည်း ကျီးနားတဲ့ သစ်ပင်အောက်မှာ ထိုင်ပြီး အနားယူနေတော့သတဲ့။ အဲဒီအချိန်မှာ မြေခွေးတစ်ကောင်က ရောက်လာပြီး ယုန်လေးအနားယူနေတုန်း အလစ်အငိုက်မှာ ခုန်အုပ်ဖမ်းပြီး စားသောက်လိုက်တယ်တဲ့။ ပုံပြင်လေးက ရတဲ့သင်ခန်းစာကတော့ ရှင်းပါတယ်။ ''သင်ဘာမှမလုပ်ပဲ ဇိမ်ကျကျနေချင်ရင် အမြင့်တစ်နေရာကို ရောက်နေဖို့တော့ လိုလိမ့်မယ်'' မြတ်ဘုန်းရည်မွန်

အမြင့်တစ်နေရာကို

Posted by : လက်တွဲဖော် 0 Comments

အသက်အရွယ် တဖြည်းဖြည်း ကြီးပြင်းလာရသည်နှင့်အမျှ လောကဓံကို ထိုက်သင့်သလောက် ကျော်ဖြတ်ခဲ့ရပြီးပြီ။ ငယ်စဉ်က မချစ်မနှစ်သက်သောသူမှန်သမျှ လှည့်၍ပင် မကြည့်ခဲ့သည့်ငါ တဖြည်းဖြည်းနှင့် မချစ်သော်လည်း အောင့်ကာနမ်းတတ်လာသည်။ ဘ၀ကပေးတဲ့ ထိရောက်တဲ့သင်ခန်းစာ ရင့်ကျက်မှုတစ်ချို့ကြောင့် မချစ်ခင်သော်လည်း အောင့်နမ်းတတ်ရုံမျှမက ခုတော့ ဘယ်လောက်မုန်းမုန်း ရွှမ်းရွှမ်းဝေအောင်တောင် ပြုံးပြတတ်နေလေပြီ။ လောကဓံရေ... ငါ အတော်လေးတိုးတက်နေပါပြီ။ သင့်စိန်ခေါ်မှုတွေကို ဒီတစ်ခါတော့ ငါအလဲထိုးဖို့ အဆင်သင့်ဖြစ်နေပြီ။ မြတ်ဘုန်းရည်မွန်

လောကဓံရေ.

Posted by : လက်တွဲဖော် 0 Comments

ဝန်ခံပါတယ် သတိရလို့  ဖုန်းဆက်နေမိတာပါ နင်ဖတ်မလားလို့  မက်ဆေခ်ျ လေးပို့ နေမိတာပါ နင်စချော့ မလားလို့  စိတ်ကောက်နေမိတာပါ နင်တခြားသူကိုချစ်သွားမှာစိုးလို့  သ၀န်တိုနေရတာပါ နင် ဘာများလုပ်နေမလဲဆိုတာ သိချင်လို့  password လေးတောင်းမိတာပါ နင်ငါကို မေ့ သွားမှာစိုးလို့  ချစ်တယ်ချစ်တယ်လို့  အကြိမ်ပေါင်းများစွာပြောနေရတာပါ တကယ်လို့ ပေါ့ နင် wall ပေါ်ကို ငါ အရင်လို စိတ်လိုလက်ရ ကြည့် ချင်စိတ်မရှိတော့ ဘူးဆိုရင် နင်အသံတောင်မကြားချင်တော့ လို့  ဖုန်းပိတ်ထားမိပြီဆိုရင် နင် အတွက်လည်း မက်ဆေခ်ျရေးဖို့ စိတ်မပါတော့ ဘူးဆိုရင် သ၀န်တိုစိတ်နဲ့ ချူပ်ခြယ်မူ့ တွေလျော့ ပါးလာပြီဆိုရင် နောက်ဆုံးပေါ့ ဟာ ချစ်တယ်လို့ တောင် ငါ နှုတ်က မထွက်လာတော့ ဘူးဆိုရင်............ ငါ...နင့် ကို မေ့ လိုက်ပြီဆိုတာ သိတော့ ဟာ.......။ (ပုံရိပ်စစ်)

ဝန်ခံပါတယ်

Posted by : လက်တွဲဖော် 0 Comments

အချစ်စစ်ဆိုတာ.... အမြဲတမ်းနေကောင်းလားလို့ မေးနေချိန်တုန်းက သတိမထားမိကောင်းဖြစ်ချင်ဖြစ်မယ် ကိုယ်တကယ် နေမကောင်းဖြစ်တဲ့ အချိန်မှ ဘယ်သူက ဂရုစိုက်လဲဆိုတာ သိလာတက်တယ်............ အမြဲတမ်း စကားတွေဖောင်ဖွဲ့ ပြောနေချိန်တုန်းက နားငြီးတယ်လို့  ထင်ကောင်းထင်မိမယ် ကိုယ်တကယ်တစ်ယောက်တည်း အထီးကျန်လာတဲ့ အချိန်ရောက်မှ ဘယ်သူက ဂရုတစိုက်နားထောင်းပေးလဲဆိုတာ သိလာတက်တယ်............... ဘာမှမဖြစ်ပါဘူး အားတင်းထားလို့  ပြောခံရချိန်တုန်းက အပိုတွေလို့ မြင်ကောင်းမြင်မိမယ် ကိုယ်တကယ် စိတ်ဓါတ်ကျချိန်ရောက်လာမှ ဘယ်သူက အားပေးစကားပြောခဲ့ တာလဲဆိုတာ သိလာတက်တယ်................. ပျော်ပျော်နေနော်လို့  ပြောခဲ့ ချိန်တုန်းက အမူ့ မဲ့ အမှတ်မဲ့ နေကောင်းနေဖြစ်မယ် ကိုယ်တကယ် ၀မ်းနည်းချိန်ရောက်မှ ဘယ်သူက ပျော်ရွှင်စေချင်မှန်း သိလာတက်တယ် အများကြီးမစဉ်းစားပါနဲ့  မိုးလောက်ကြီးလည်း မမျှော်မှန်းပါနဲ့  ဘယ်သူက ပိုကောင်းလာလိမ့် မယ်လဲ မယုံကြည်ပါနဲ့  ကိုယ်ချစ်တဲ့ ကိုယ်ချစ်သူကို တန်ဖိုးထားတက်ပါစေ (ပုံရိပ်စစ်)

အချစ်စစ်ဆိုတာ....

Posted by : လက်တွဲဖော် 0 Comments

ပေးဆပ်တာခြင်းတူရင်တောင်............... .အသက်ပေးပြီးပေးဆပ်ပါရစေ စွန့် လွှတ်တာခြင်းတူရင်တောင်................. ခြေလက်အင်္ဂါစွန့် ပြီး စွန့် လွှတ်ပါရစေ.............. သစ္စာရှိခြင်းတူရင်တောင်............. တစ်လင်တမယား စနစ်နဲ့  သစ္စာရှိပါရစေ......... ပင်ပန်းတာခြင်းတူရင်တောင်........... ပြည်သူ့  အကျိုးပြုလုပ်ငန်းတွေမှာ ချွေးထွက်ပါရစေ............... တာဝန်ထမ်းရွက်တာခြင်းတူရင်တောင်........... .တိုင်းပြည်နဲ့  တပ်မတော်အပေါ်ဖြစ်ပါရစေ............. တရေးနိုးလို့ ထယောင်တာခြင်းတူရင်တောင်........... စစ်ကြီးမြန်မြန်ပြီးပါစေလို့  ယောင်ပါရစေ........... အရောင်ခြင်းတူရင်တောင်.......... စစ်စိမ်းရောင်ကို တွယ်တာပါရစေ............... ခင်တွယ်တာခြင်းတူရင်တောင်............ ရဲဘော်ရဲဘက်တွေကို ခင်တွယ်ပါရစေ............ ဂုဏ်ယူတာခြင်းတူရင်တောင်............. တပ်မတော်သားတစ်ယောက်ဘ၀ကို ဂုဏ်ယူပါရစေ......

တပ်မတော်သားတစ်ယောက်ဘ၀ကို

Posted by : လက်တွဲဖော် 0 Comments

ကျောပိုးအိတ်ကို ခေါင်းအုံးအိပ် ဟန်းကောကို ပန်းကန်လုပ် အပူရုပ် ငါတို့ ကိုယ်မှာ တခါတလေ တော့  အေးချမ်းချင်ပါတယ်......။ စွန့် စားမှု့ အတွက် ဂုဏ်ယူတာမဟုတ်ပါဘူး… စွန်းလွှတ်နိုင်မှု့ နဲ့  ဂုဏ်ယူတာပါ…။ ရယူခြင်းနဲ့  တာဝန်ယူနေတာမဟုတ်ပါဘူး…….. ပေးဆပ်ခြင်းနဲ့  တာဝန်ထမ်းရွက်နေတာပါ…….။ တကယ်တော့ လေ………… ပုခုံးထက်က ငွေကြယ်တပွင့်  သူ့ အလိုလို ဖြစ်တည် ခွင့် ရခဲ့ တာမှမဟုတ်တာ…

စစ်သားဘဝ

Posted by : လက်တွဲဖော် 0 Comments

မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို အိမ်ထောင်အဖက်အဖြစ် စဉ်းစားရင် တကယ်ချစ်ရဲ့ လား ဆိုပြီး စဉ်းစားတယ် ဦးနှောက်နဲ့ ချစ်တဲ့  မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို အိမ်ထောင်အဖြစ် စဉ်းစားရင်တော့ အားကိုးထိုက်လားလို့  စဉ်းစားတယ် ဥစ္စာမက်တဲ့  ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချစ်ခွင့် ပန်ရင် ကောင်မလေး ဘယ်လောက်ချမ်းသာလည်း အရင် စဉ်းစားတယ် တကယ်ချစ်တဲ့  ယောက်ျားလေးတစ်ယောက်က ချစ်စကားဆိုရင်တော့  လိုက်ရဲလားလို့  တခွန်းပဲဆိုတယ် (ပုံရိပ်စစ်)

နှလုံးသားနဲ့ ချစ်တဲ့ 

Posted by : လက်တွဲဖော် 0 Comments

ကောင်လေးက ကောင်မလေးကို မေးခွန်းတခုမေးတယ် နင့် ငါ့  အချစ်ကို ဘယ်ချိန်မှာ မြင်တွေ့ နိုင်လဲတဲ့  ဒီတော့ ကောင်မလေးကပြောတယ် အရူးလေး နင် ငါ့ ရှေ့ ရောက်ရင် တတွတ်တွတ်ပြောနေမှတော့  နင့် ကို မြင်နေချိန်တိုင်း နင့် အချစ်ကို ငါမြင်တာပေါ့တဲ့  ဒီတော့ ကောင်မလေးက ပြန်မေးတယ် နင် ငါ့ကို ဘယ်ချိန်ထိ ချစ်နိုင်သလဲတဲ့  ကောင်လေးက ခေါင်းငိုက်စိုက်နဲ့  ပြန်ဖြေတယ် ငါနင့် ရှေ့ ရောက်တိုင်း ချစ်တယ်လို့  အမြဲပြောတယ်နော် ငါမျက်လုံးတွေ က ထာဝရ နင့် ကို မမြင်တွေ့ နိုင်ချိန်မှာတော့  ငါနင့် ကိုမချစ်တော့ တဲ့ အချိန်ဖြစ်မှာပါ တဲ့ လေ (ပုံရိပ်စစ်)

နင့် ငါ့  အချစ်ကို

Posted by : လက်တွဲဖော် 0 Comments

ယောကျာ်းလေးတစ်ယောက်အတွက် ဘ၀မှာတန်ဖိုးထားရမဲ့  မိန်းမသား (၃)ဦးရှိတယ် တစ်ဦးက သင့် ကို လူဖြစ်အောင် မွေးပေးခဲ့ တဲ့  အမေပါ နောက်တစ်ဦးက သင်ဘာဖြစ်ဖြစ် သင့် ဘေးနားမှာ အမြဲရှိပေးနေတဲ့  အားပေးဖော်ဇနီးပါ နောက်ဆုံးတစ်ဦးကတော့  သင့် အပါအ၀င် သင့် မေမေ၊သင့် ဇနီးတို့ ထက် ငယ်၇ွယ်နေပါလိမ့် မယ် သူနဲ့ ပတ်သတ်တဲ့  အနာဂတ်ကိုလည်း သင် ကြိုတွေးထားပါလိမ့်မယ် တခြားသူမဟုတ်ပါဘူး ယောက်ျားလေးမဟုတ်ခဲ့ ရင် သင့် တန်ဖိုးထားရမဲ့  မိန်းမသားတစ်ယောက်က သင့် သမီး လေးပါ (ပုံရိပ်စစ်)

မိန်းမသား (၃)ဦးရှိတယ်

Posted by : လက်တွဲဖော် 0 Comments

စစ်သားတစ်ယောက်ရဲ့  ငိုရှိုက်သံကို ရိက္ခာပြက်တဲ့  အချိန်မှာလည်း မမြင်ရဘူး လမ်းမှားသွားလို့  တောထဲရောက်ချိန်မှာလည်း မတွေ့ နိုင်ဘူး အနေဆင်းရဲချိန် အစားဆင်းရဲ အချိန်မှာလည်း မတွေ့ နိင်ဘူး ညဖက်ကင်းစောင့် ရလို့  အိပ်ရေးပျက်ချိန်မှာလည်း မတွေ့ နိုင်ဘူး ရှေ့ တန်း မှာနောက်တန်းက ချစ်သူအိမ်ထောင်ပြုသွားချိန်မှာလည်း မတွေ့ နိုင်ဘူး တခုပဲ ပြည်သူတချို့ က ဒီစစ်သားတွေ အသုံးမကျဘူးလို့ ပြောတဲ့  အသံကြားရချိန်တော့  စစ်သားတစ်ယောက်ရဲ့  ငိုရှိုက်သံကို တွေ့ မြင်နိုင်တယ် (ပုံရိပ်စစ်)

စစ်သားတစ်ယောက်ရဲ့  ငိုရှိုက်သံ

Posted by : လက်တွဲဖော် 0 Comments

မြေဖြူကို မြင်တဲ့  အခါ ကျောင်းဆရာက ကျောင်းသားတွေကို စာသင်ဖို့ အတွက်လို့  တွေးတယ် နားကျပ်ကို မြင်တဲ့ အခါ ဆရာဝန်က ပြည်သူတွေကို ဆေးကုသဖို့ အတွက်လို့  တွေးတယ် ဆောက်လုပ်ရေးသုံး ပစ္စည်းကို မြင်တဲ့ အခါ အင်္ဂျနီယာက ပြည်သူတွေကို လူ နေမူ့ အဆင့် အတန်းမြင့် စေဖို့ အတွက်လို့ တွေးတယ် နွားရှဉ်းကို မြင်တဲ့ အခါ တောင်သူတွေက ပြည်သူတွေစားဝတ်နေရေးအတွက် စပါးတွေစိုက်ဖို့ လို့ တွေးတယ် အိမ်စာကို မြင်တဲ့ အခါ ကျောင်းသားက စာလုပ်ရမယ်လို့  တွေးတယ် လမ်းပေါ်က အမှိုက်ကို မြင်တဲ့ အခါ စည်ပင်သမားက သန့် ရှင်းရေးအတွက်လို့  တွေးတယ် သေနတ်ကို မြင်တဲ့ အခါ စစ်သားတိုင်း ၊စစ်ဗိုလ်တိုင်းက ...................... စစ်သားဖြစ်ချင်တဲ့  စစ်ဗိုလ်ဖြစ်ချင်တဲ့  ဘယ်ကလေးငယ်ကို မေးကြည့် ကြည့်  လူသတ်ဖို့ လို့ မဖြေကြဘူး စစ်တိုက်ဖို့  တိုင်းပြည်ကို ကာကွယ်ဖို့ လို့ ဖြေကြတယ် ဟုတ်တယ် ဘင်ဂလီပဲပြောပြော ရိုဟင်ဂျာလို့ ပဲဆိုဆို တာလီဘန်စစ်သွေးကြွလို့ ပဲ သုံးသုံး လိုအပ်ရင် ကျနော်တို့ စစ်တိုက်ကြမှာပါ တိုင်းပြည်ကို ကာကွယ်ကြမှာပါလေ............ (ပုံရိပ်စစ်)

တိုင်းပြည်ကို ကာကွယ်ကြမှာပါလေ...

Posted by : လက်တွဲဖော် 0 Comments

တစ်စုံတစ်ယောက်ကို လွမ်းတဲ့ အခါ သူ့ ကို ခေါ်လိုက်ပါ တစ်စုံတစ်ယောက်နဲ့  တွေ့ ဆုံချင်တဲ့အခါ ချိန်းဆိုလိုက်ပါ နားလည်စေချင်တဲ့ အခါ ရှင်းပြလိုက်ပါ မေးချင်တဲ့ အခါ မြိုသိပ်မထားပဲ မေးလိုက်ပါ တခုခုကို မကြိုက်တဲ့ အခါ မကြိုက်တဲ့ အကြောင်း ဖွင့် ပြောလိုက်ပါ တခုခု ကို ကြိုက်ရင်တော့  ကြိုက်တာသိအောင်ပြောပြလိုက်ပါ တစုံတခုကို အလိုရှိလာရင် အလိုရှိတဲ့  တစုံတစ်ခုအတွက် မေးလိုက်ပါ တစ်စုံတစ်ယောက်ကို ချစ်ရင်တော့  ဘာလို နှုတ်ဆိတ်နေတော့ မလဲ ဖွင့် ပြောလိုက်ပါ ငါတို့ ပိုင်ဆိုင်တဲ့  ဘ၀တစ်ခုအတွက် ရိုးရိုးလေးပဲဖြတ်သန်းကြတာပေါ့ (ပုံရိပ်စစ်)

ငါတို့ ပိုင်ဆိုင်တဲ့  ဘဝ

Posted by : လက်တွဲဖော် 0 Comments

အတန်းပညာတော်တဲ့  ကလေးလေးကို သူ့ မေမေက မေးခွန်းတခုမေးတယ်။ သားကြီးလာရင်ဘာလုပ်မှာလဲတဲ့  စစ်ဗိုလ်ကြီးလား ဆရာဝန်ကြီးလား အင်္ဂျနီယာကြီးလားတဲ့  အဲမေးခွန်းကို ကလေးလေးကို မေးခံရချိန်မှာ ကလေးလေးက အတော်တန်ကြာအောင်နှုတ်ဆိတ်သွားတယ်။ ကလေး အမေကလည်း သိချင်ဇောနဲ့  သားရဲရဲဖြေ ၊သားစိတ်ထဲမှာ ရှိတဲ့  အတိုင်းဖြေလို့  ပြောလိုက်ချိန်မှာ ကလေးငယ်လေးက မျက်ရည်လေးကျပြီး ပြန်ဖြေတယ်.... တကယ်တော့  ကလေးငယ်လေးရဲ့ အဖြေက မိခင်မှန်းထားတဲ့  အရာတွေတစ်ခုမှမဟုတ်ခဲ့ ဘူး မိခင်ကိုယ်တိုင်မျက်ရည်လေးကျပြီးတော့  ကလေးငယ်လေးကို ပွေ့ ဖက်ထားလိုက်တယ် သြော် သားရယ်ဆိုပြီးတော့  သူ့ သားလေးကိုလည်း နမ်းရှုတ်လိုက်တယ်... ကလေးငယ်လေးပြောလိုက်တာက သားကြီးလာရင် မေမေ့ ကို တသက်လုံး စောင့် ရှောက်နိုင်တဲ့ သူဖြစ်အောင်ကြိုးစားမယ်...တဲ့  (ပုံရိပ်စစ်)

မေမေ့ ကို တသက်လုံး စောင့် ရှောက်နိုင်တဲ့ သူ

Posted by : လက်တွဲဖော် 0 Comments

အမိန့် နဲ့ တာဝန်ကို ဦးခေါင်းမှာ ၇ွက်ထားမယ် အဖေနဲ့ အမေကို ပုခုံးတဖက်တချက်မှာတင်ထားမယ် ချစ်သူကို နှလုံးသားထဲမှာထည့် ထားတယ် တိုင်းပြည်ကို သေနတ်ကိုင်တဲ့ လက်နဲ့  ကာကွယ်မယ် တော်ပြီ။ဒီဘ၀ကြီးက နေတက်ရင် အရမ်းကျေနပ်ဖို့ ကောင်းသွားပြီ။ (ပုံရိပ်စစ်)

အမိန့် နဲ့ တာဝန်

Posted by : လက်တွဲဖော် 0 Comments

    
Type any name to tag:
Tag Photo
Click on the photo to start tagging.Done Tagging

" Solider feel.."

ခိုက်ခိုက်တုန်အောင်ချမ်းတဲ့  ဆောင်းတွင်းမှာ ကျန်းမာရေး အရ ပြည်သူတွေ လမ်းလျှောက်ထွက် ကြတယ်။၊ကန်တော် ကြီးဆိုတဲ့  ပန်းခြံနေရာမှာ ၁၊၂၊၃၊၄ နဲ့  ကိုယ်ကာယအလှတွေ ကစားကြတယ်။မြေခင်းစလေး ခေါင်းမှာ ခြုံ လို့  မျက်စေ့ ကို ကျီးကန်တောင်မှောက်ကြည့်  ငါ့ အသက် ဘယ်အချိန်ထွက်မလဲ ဆိုတဲ့  အသိ ကို မင်းတို့ တွေမှ မြင်မကြည့် ခဲ့ ကြတာ ။ဝမ်းနည်းလို့ မဟုတ်ပါဘူး။ငါတို့ ရဲ့ သွေး ၊ငါ တို့  ရဲ့ အသက် မြင့် မြင့် မြတ်မြတ်တော့  မြေကျချင်ပါတယ်….. တိုင်းပြည်အတွက်ရယ်ဆိုပြီးတော့ လေ။ ကိုယ်တူးကိုယ်ဆွ နဲ့  ငါတို့  ရဲဘော်တွေ မြေချပွဲမှာ တောင် ဘုန်းကြီးဆိုတာ မရှိခဲ့ ဘူး။ဒါလားဟဲ့  ရဲသော်မသေ သေသော် င၇ဲမလား…..ဆိုတာ စာရွက်ကြီးကြီးယူပြီး မှင်ထူထူနဲ့ ရေး ငါလေ…….ရန်ကုန်မြို့ .လူလည်ကောင်မှာချ ပြချင်သေးရဲ့  ဟာ………….။

ဒီလိုနဲ့  ရေရှူချိန် မသိ ပုဝါကူချိန်မသိနဲ့  မသိလိုက်ဘာသာ သိလိုက်ဘာသာနဲ့  တဖြုတ်ဖြုတ်နဲ့ ကြွေသွားလိုက်တာ များ ၊ဒီနေ့ တွေ့ နေကြ ဆုတောင်းပွဲ ဆိုတာ မျိုးတိုင်းသာ အရွဲ့ တိုက်ပြီးလုပ်လို့ ကတော့  နားမဆံအောင် ကြားရလိမ့် မယ် မကောင်းသတင်းဆိုတာတွေပေါ့ ။ဘာလို့  များ အမြင်တွေ ကွဲပြားခဲ့ တာလဲ။မိုးလေဒဏ် ဥတုတွေကြားမှာ ဖျားခဲ့ ရင်တောင် ဆေးတိုက်မဲ့ သူမရှိခဲ့ ဘူး။။ခပ်တိုးတိုး ငြီးညူသံကြားမှာ ရဲဘော်တွေ ကြားသွားမလားတွေးပူ ရင်း မြို ကာမှိတ် ကြိတ်မှိတ်အိပ်ခဲ့ ဖူးတယ်။တကယ်ပါကွယ်…………….ဒါတွေကိုများ ဘယ်စစ်သားတွေက တံခွန်တိုင် မဏ္ဍပ်တက်ပြခဲ့ ဖူးသလဲ။
နားမဆံအောင် ကြားရတဲ့  ငရဲခန်းတွေလို သွေးစိမ်ရှင်ရှင် မိုင်းထိသံတွေကြားမှာ အမေဆိုတဲ့  ငိုခြင်း သံတွေကို ငါတို့ တွေက သာ အသိဆုံးပါ။ဒီကမ္ဘာမှာ ဘယ်စစ်သားတွေကများ လူသတ်ဖို့  အတွက်သွေးဆာ နေ ဦးမှာလဲ။လက်ညိုးတချက် ကွေးပြီး လူသတ်ရမှာထက် ဘိလပ်မြေတအိတ်ထမ်းပြီး တိုင်းပြည်အတွက် ငါ ကတ္တရာ ခင်းပေးချင်ပါတယ်………….
ဇလီဖားတုံးထမ်းပီး တိုင်းပြည်အတွက် ရထားလမ်းဆောက်ပေးချင်ပါတယ်ဟာ.......

(ပုံရိပ်စစ်)

" Solider feel.."

Posted by : လက်တွဲဖော် 0 Comments

တနေ့ မှာ မိန်းမက ယောက်ျားဖြစ်သူကိုမေးတယ် ရှင် ကျမကို ချစ်လားတဲ့ ။ ယောက်ျားကလည်း ရှင်မရယ် ပေါင်းလာတာပဲ ကလေး(၃)ယောက်ရှိပြီ မင်းကို သိပ်ချစ်တာပေါ့တဲ့ ။ ဘယ်လောက်ချစ်သလဲတဲ့  မိန်းမဖြစ်သူက မေးပြန်တယ်။ ဒီကမ္ဘာမှာ ငါ့ အမေပြီးရင် အချစ်ဆုံးဆိုလို့ မင်းတစ်ယောက်တည်းရှိတယ်တဲ့ ။ ဒီအဖြေလည်းကြားရော မိန်းမဖြစ်သူက အတော်ကိုကျေနပ်သွားတာပေါ့။ မကြာပါဘူး။တပ်ဗဟိုကင်းက တုံးခေါက်သံကြားလိုက်ရတယ်။ ယောက်ျားဖြစ်သူက မြန်မြန်ဖိနပ်စီးပြီး တခွန်းထပ်ပြောတယ်။ မနက်ဖြန်ရှေ့ တန်းထွက်ဖို့  အဘစကားပြောမှာထင်တယ်။ ဆော်ရီးနော် ပြောဖို့ မေ့သွားလို့ ။ ငါတိုင်းပြည်ကိုတော့  ငါ့ အသက်ထက်တောင်ပိုချစ်တာတဲ့ ။လေ (ပုံရိပ်စစ်) — with Hati Jam Jam.

ရှင် ကျမကို ချစ်လားတဲ့ ။

Posted by : လက်တွဲဖော် 0 Comments

ချစ်တယ်လို့ပြောရင်ယုံမှာလဲဟုတ်ပဲနဲ့  လာလာရယ်ပြမနေနဲ့  နင်ရယ်ရင်အသဲယားလို့သေတော့ မယ်............... စကားပြောရင်ရန်တွေ့ နေသလိုပဲ ဘုနဲ့ ဘောက် ဒါပေမယ့်စိုးရိမ်တတ်တဲ့ နှလုံးသားကိုလေးစားပါတယ် ငါ့ ကိုစိတ်ပူနေတယ်မလား...................ခိခိ ငပေါလေး........... နင်ခေါ်လာတဲ့ နင့် သူငယ်ချင်းကငါ့ ကိုဂရုစိုက်နေတာကိုး........ နင်မကျေနပ်ပေမယ့်လှည့် ကြည့်လို့လား ရုပ်ကိုက............ခပ်တည်တည်နဲ့ ခိုးခိုးကြည့်နေတာ ဘယ်သူတွေဘယ်လိုပဲဂရုစိုက်စိုက် နင့်ကိုအချစ်ဆုံးပဲ...........ရပြီလား ဘာတဲ့ .............ကျောင်းက final တွေကို Opa ခေါ်လို့ စူပုပ်နေတာလား..................ခိခိ မခေါ်တော့ ပါဘူး..............ငါ့ ရဲ့ အသဲလေးရယ်.................^.*

မခေါ်တော့ ပါဘူး

Posted by : လက်တွဲဖော် 0 Comments

    
    
Type any name to tag:
Tag Photo
Click on the photo to start tagging.Done Tagging

စစ်အကြောင်းစစ်သားတွေပဲသိပါတယ်.........


တချို့  ကပြောတယ်။အော် စစ်ပွဲ တခုနဲ့  တခု ကြားမှာ ရဲဘော်တွေ၊စစ်ဗိုလ်တွေ သေသွားရတယ်ပေါ့။ဘာမှမဟုတ်ပဲ နဲ့  တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာလည်း အကျိုမပြုပဲနဲ့ သေသွားရရှာတယ်ပေါ့။ထုံးစံ အတိုင်းပေါ့  ဒါက အစိုးရ ရဲ့  အသုံးမကျမှု့ ပေါ့ ဆိုပြီးရေးတာတွေ့ လိုက်လို့ ပါ။

မြန်မာနိုင်ငံမှာရှိတဲ့  တပ်တိုင်း က စစ်သားတွေက ၂၄ နာရီလုံးလုံး အနားမနေရပါဘူး။အနည်းဆုံး တိုက်ပွဲ မရှိရင်တောင် လှုပ်ရှားထွက်တာနဲ့ လုံခြုံရေးယူပေးရတဲ့  တပ်တွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။

ဒီကနေ ရန်ကုန် ၊မန္တလေး မြို့ ကြီးတွေဆီကို မီးထိန်ထိန်လင်းနေရတဲ့  အကျိုးကျေးဇူးက အဲမြို့ တွေကို သွယ်တန်းထားတဲ့  မီးကြိုးတိုင်တလျှောက် စစ်သားတွေလုံခြုံရေးယူပေးနေရတာ သိသူနည်းပါတယ်။မီးမလာရင် သူတို့ တွေးတယ်။EPC့ ကပဲ ဖြတ်သလိုလိုပေါ့။ဘယ်သူက အဆဲခံပြီး တော့  မပေးပဲနေမလဲ။ပိုဆိုးတာက စစ်သားတွေ။သောင်းကျန်းသူတွေ တာဝါတိုင်ကို မိုင်းခွဲမှာစိုးလို့  တာဝါတိုင်အောက်ခြေ မှာ ခြံစည်းရိုးတွေ ခတ် နဲ့ စောင့်ရှောက်နေတဲ့ ရဲဘော်တွေကို ကယားပြည်နယ် လွိုင်ကော်မှာ ပိုပြီးထင်ထင်ရှားရှားမြင်နိုင်တယ်။ဒါကို ပြည်သူတွေသိသူနည်းတယ်။မီးမလာရင် ဆဲမယ်။လမ်းပေါ်ဆန္ဒပြမယ်။နိုင်ငံရေး အတိုက်အခံက အစိုးရကို ဖိအားပေးမယ်။

ဒီကနေ မိဘပြည်သူတွေသွားလာလှုပ်ရှားနေတဲ့  မီးရထားလမ်းပိုင်းတွေကို စစ်သားတွေလုံခြုံရေးယူပေးနေရတယ်။အထူးသဖြင့်  အညိုရောင်လို လို ၊အဖြူရောင်လို လို တောင်ငူ-ပြင်းမနား လမ်းပိုင်းတွေ။မိဘပြည်သူတွေ က ရထားပေါ်မှာ အိပ်လိုက်လာရတာ။ရထားတစ်စီးမလာခင် မိုင်းရှင်း ထော်လီရထားလေး အရင်လွှတ်ရတယ်။မိုင်းထောင်ထားရင်တော့  အဲ ကပါလာတဲ့ ဦးစီးအရာရှိနဲ့  စစ်သားအရင်သေပေါ့ဗျာ။ဒါကို ပြည်သူတွေသိသူနည်းပါတယ်။

ဒီကနေ့ ဖြစ်ပွားနေတဲ့  ကချင်ပြည်နယ်စစ်ပွဲ။အစိုးရဖြစ်စေချင်တာက ထာဝရငြိမ်းချမ်းရေး။ဒါဆိုရင် ကချင် က လက်နက်မကိုင်ရတော့ ဘူး။ဒါကို လက်မခံနိုင်တာသူတို့ က။ကချင်က အဖိုးတန် ရတနာတွေ ၊ကျွန်းတွေ သိပ်ပေါတယ်။အထူးသဖြင့်  ဖားကန့် လို့ နေရာတွေမှာ ဆပ်ကြေး ၊အခွန် တွေ အများကြီးရတယ်။အဲနယ်မြေမှာရှိတဲ့  အစိုးရပိုင် စက်ရုံတွေရှိတယ်။ဥပမာ နမ္မတီးသကြားစက်လိုမျိုး။နောက်ပိုင်း အဲဒါကိုတောင် အစိုးရ က ငြိမ်းချမ်းရေးအတွက်လုပ်ပိုင်ခွင့် ပေးလိုက်တာမျိုးရှိနိုင်တယ်။အဲလိုအဆောက်အဦးတွေကို လုံခြုံရေး ယူပေးရတာ စစ်သားတွေ။ဒါကို ပြည်သူတွေသိသူနည်းပါတယ်။

ဒီကနေ့  မြန်မာနိုင်ငံမှာရှိတဲ့  လမ်းတံတားတွေ၊ဆည်မြောင်းတမံတွေ ကိုစောင့် ရှောက်ပေးတာလည်း စစ်သားတွေ။မဟုတ်ရင် တံတားကို မိုင်းထောင်တာမျိုး ၊ဆည်မြောင်းတွေကို ဖောက်ခွဲမယ်လို့ ပြောတာမျိုး သတင်းတွေခဏခဏရတယ်။တံတားကြီးကြီး ငယ်ငယ် ပြည်သူအတွက်ဆောက်ထားသမျှ အရေးကြီးမှန်သမျှ စစ်သားစောင့် တယ်။ဥပမာ နောင်ချို က ဂုတ်ထိပ်လိုမျိုး။တာဝန်ချိန်မှာ တံတားပေါ်မှာပဲနေရတယ်။ဘယ်လောက်သစ္စာရှိသလဲဆိုရင် ရထားပေါ်က ချကျွေးတဲ့  မုန့် တောင် မစားဘူး။တံတားကို တောင်ပေါ်ကနေ ၂၄ နာရီကင်းနဲ့ နေရတယ်။ဒါကိုပြည်သူတွေသိသူနည်းပါတယ်။

ဒီကနေ့  ကျိုင်းတုံ ဘက်မှာ တာဝန်ကျတဲ့  အရာရှိတွေကို ကားနဲ့ လာရင်တောင် ပစ်ခံရပါတယ်။လမ်းပန်းဆက်သွယ်ရေးသိပ်ခက်တယ်။ယာဉ်တန်းနဲ့ သွားတာ ၅ ရက်အိပ်။လမ်းမှာရောင်းတဲ့ ခေါက်ဆွဲခြောက်က မြို့ မှာ တထုတ် ၁၅၀ လောက်က ၃၀၀၀ပေးစားရတယ်။ကားလမ်းဘေးမှာ ပစ်ခံရလို့ မောင်းမရတဲ့ ကားစုတ်တွေပေါမှပေါ။လေယာဉ်နဲ့ သွားတော့  ၅ သောင်း ကျော် ၆ သောင်း ၊ရတာမှ အရာရှိလစာက ၁သိန်းပတ်ဝန်းကျင် ။သင်တန်းပါရင် အိမ်ကတောင် တောင်းရသေးတယ်။ဒါကိုပြည်သူတွေ သိသူနည်းပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းတော်တော်များများက မီးရထား လမ်းတွေကို စစ်သားတွေပဲ ဖောက်လုပ်ခဲ့ တာပါ။
မြို့ ကြီးပြကြီးတွေ မီးလာဖို့  တောထဲက တာဝါတိုင်ကို ကင်းစောင့် ပေးနေရတာ စစ်သားတွေပါ။
သင်္ကြန်မှာ ပြည်သူတွေပျော်ဖို့  အပြင်စည်းက နေ ယူနီဖောင်းနဲ့ စောင့် ပေးနေရတာ စစ်သားတွေပါ။
ဘူတာတွေမှာ မီးရထားလမ်းပိုင်းတွေမှာ လုံခြုံရေးယူပေးနေရတာ စစ်သားတွေပါ။
တံတားတခုလုံခြုံရေးအတွက် ကိုယ်ဘ၀ တိုးတက်ရေး ရာထူးတခုကို ရင်းထားရတဲ့  သူတွေကလည်း စစ်သားတွေပါ။
ဥပမာ ပြည်သူတွေက တလောက မြစ်ကြီးနားလမ်းပိုင်း ကို သောင်းကျန်းသူဖောက်ခွဲလို့  ရထားမှောက်တယ်ပဲသိတာပါ။အဲလမ်းပိုင်းမှာတာဝန်ကျတဲ့  ရာထူးကြီးငယ်လတ်မရွေး တာဝန်မကျေမူ့ နဲ့  ဘယ်လောက်တောင် အမူ့ ပွေလေမလဲ စဉ်းတောင်မစဉ်းစားရဲ ဘူး။ဘယ်မီဒီယာကများ သောင်းကျန်းသူတွေ ပြည်သူ လမ်းတံတားတွေကို အဲလိုမလုပ်သင် ဘူးလို့  သတင်းဂျာနယ်မှာဖော်ပြခဲ ဖူးလဲ။မသိ၇င် အစိုးရကပဲ လုပ်သလိုလိုနဲ့ ။သေချာတာက ဘယ်ကြွက်မှ ကိုယ်ထောင်ဖမ်းမဲ့ ထောင်ချောက်မလုပ်ဖူးဆိုတာပါပဲ။ပြည်သူအတွက်လုပ်နေရတဲ့ စစ်သားတွေအတွက်ရော ဘယ်မီဒီယာက ရပ်တည်ပေးဖူးသလဲ။

အဲတော့  တိုင်းပြည်အတွက် အကျိုးရှိရှိသေရတဲ့  စစ်သားတွေ ဘ၀ကို စာနာပေးစေချင်ပါတယ်။
စစ်တိုက်တာ မကောင်းဘူးဆိုတာ စစ်သားတိုင်းသိတယ်။မဖြစ်လို့ ကို တိုက်နေရတာပါ။
စစ်အကြောင်းကို ကဗျာ ဆရာတွေက ဘယ်လို သနားအောင်စပ်စပ်၊ပန်းချီဆွဲဆရာက ဘယ်လို သရုပ်ဖော်ဖော် ၊အဆိုတော်က ဘယ်လို သီးကုံးသီကုံး စစ်ကို အမုန်းဆုံးက စစ်သားတွေပဲဆိုတာ စစ်သားတွေပဲသိပါတယ်။

(ပုံရိပ်စစ်)
— with Hati Jam Jam.

စစ်အကြောင်းစစ်သားတွေပဲသိပါတယ်.........

Posted by : လက်တွဲဖော် 0 Comments

Photos of မန်းမန္တလာမြေ


“ တချိန်တုန်းက ” / “ မိန်းမ ”

တစ်နေ့မှာ......
တိမ်ပြာHotel ရဲ့ စားသောက်ခန်းထဲကို ဧည့်သည်နှစ်ယောက်ဝင်လာတယ်...တံခါးဖွင့်သံကြားတော့
အဖြူရောင်အိင်္ကျီပေါ်မှာ နက်ပြာရောင်ကုတ် နက်ပြာရောင်စကပ်တိုဒူးဖုံးနဲ့ စားပွဲထိုးမိန်းကလေးလှမ်းကြည့်လိုက်တယ်
"မင်္ဂလာပါ ... " စားပွဲထိုးမိန်းကလေးချိုမြတဲ့ နှုတ်ဆက်သံနှင့်အတူ ရိုသေစွာခါးကိုင်းလိုက်တယ် ...
ဝင်လာတဲ့ဧည့်သည်တွေက ကျားမ တစ်တွဲဖြစ်တယ် အသက် ၄ဝ အရွယ်လောက်ရှိကြမယ် ... ဝတ်ထားတာသန့်သန့်ပြန့်ပြန့်ပဲ... မိန်းမကြီးကတော့ ဘာမှမပါဘူး ရှေ့ကဝင်လာတယ်၊ ယောက်ျားကြီးကတော့
ခရီးဆောင်အိပ်အနီကြီးကို ဘီးလိမ့်လို့ဆွဲလာတယ် ... အလည်အပတ် ခရီးထွက်လာတဲ့ လင်မယားဖြစ်ဖို့များတယ်...
စားပွဲထိုးမိန်းကလေး ဦးဆောင်ပြီး စားပွဲတစ်ခုမှာနေရာပေးလိုက်တယ် ... Hotel က 5 star hotel ဖြစ်လို့ စားပွဲကြီးတွေက ကျွန်းစားပွဲဝိုင်းကြီးတွေ အိမ်တွင်း အလှဆင်ထားတဲ့ မီးဆိုင်းတွေနဲ့ hotel
ရဲ့စားသောက်ခန်းဟာ ခန်းနားလှပနေတယ် ...
ထိုင်ခုံမှာ ထိုင်ပြီးတော့ စားပွဲထိုးမိန်းကလေးက စားသောက်Menu ကဒ် ကို ပြုံးပြီးလှမ်းပေးလိုက်တယ် ...
ယောက်ျားကြီးက ကဒ်ကို လှမ်းယူပြီး မိန်းမကြီးကို ထိုးပေးလိုက်တယ် "မင်း... ဘာစားချင်ဘာမှာလိုက်.."
မိန်းမကြီးက ကဒ်ကို ကြည့်တောင်မကြည့်ဘဲ စားပွဲထိုးမိန်းကလေးကို တစ်ချက်ကြည့်ပြီး "ကျွန်မတို့ကို ဖက်ထုပ်အရည်ဖျော်တစ်ပွဲပေးရင်ရပြီ..."
စားပွဲထိုးမိန်းကလေး တစ်ချက်တန့်သွားတယ် ... ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး ... တိမ်ပြာHotel လာပြီး ဖက်ထုပ်မှာစားတယ်? ပြီးတော့ ဒီမှာလဲ မရှိဘူး ... နားကြားများလွဲသလား ဆိုပြီး မိန်းမကြီးကို
မေးခွန်းများစွာပါတဲ့အကြည့်နဲ့ကြောင်ကြည့်နေမိတယ် ... မိန်းမကြီးက နောက်တစ်ခေါက် ထပ်မှာလိုက်တယ် ...
ယောက်ျားကြီးကစကားပြောလာတော့တယ် ..." ဘာလို့ဖက်ထုပ်ပြုတ်ကိုစားမှာလဲ ... ပိုက်စံ မရှိတာမှမဟုတ်တာ"
မိန်းမကြီးခေါင်းခါပြီး " ကျွန်မ ဖက်ထုပ်ပဲစားမှာ!" ယောက်ျားကြီးက တစ်ချက်တန့်ပြီး စားပွဲထိုးမိန်းကလေးရဲ့ အံ့သြတဲ့အကြည့်တွေကို အားနာနာနဲ့ "ညီမ .. အကိုတို့ကို ဖက်ထုပ်နှစ်ပွဲပေးပါ"
" မဟုတ်ဘူး တစ်ပွဲတည်းယူမှာ" မိန်းမကြီးခပ်တည်တည်နဲ့ပြောတယ်.. ယောက်ျားကြီးကြောင်သွားတယ် တစ်ပွဲတည်း ဘယ်လိုစားမလဲ... မိန်းမကြီးက "ရှင်ကတိပေးထားတယ်လေ... ဒီတစ်ရက်ကို
တစ်နေ့လုံးကျွန်မစကားပဲနားထောင်မယ်ဆို.."
ယောက်ျားကြီးဘာသံမှထွက်မလာတော့ဘူး...ကျွန်းကုလားထိုင်ကိုမှီပြီးလက်ပိုက်နေလိုက်တော့တယ်... စားပွဲထိုးမိန်းကလေးမျက်နှာမှာ မချိပြုံးလေ ဖြတ်ပြေးသွားတယ် ... အတွေးထဲမှာ {ဒီမိန်းမ
ကပ်စီးနည်းတာလဲ လွန်လွန်းပါတယ် Hotel စားသောက်ခန်းမှာ ထမင်းလာစားတာ ဖက်ထုပ်မှာတဲ့အပြင် ၁ပွဲကို ၂ယောက်စားအုံးမယ်တဲ့} မိန်းမကြီးကို မဲ့ပြီး "တောင်းပန်ပါတယ်ရှင့်...ကျွန်မတို့hotel မှာ
ဖက်ထုပ်မရောင်းလို့ပါ... အကိုတို့အမတို့စားချင်တယ်ဆိုရင် လမ်းမျက်နှာချင်းဆိုင်က လမ်းဘေးဆိုင်လေးမှာ စားလို့ရပါတယ်! "
မိန်းမကြီးမယုံစွာနဲ့ "ဘယ်လိုဖြစ်လို့ ဖက်ထုပ်မရောင်းတာလဲ ? နင်က မှာတာနည်းလို့ မရောင်းချင်တာလား..လူကိုအထင်သေးတာလား..."
ဒီချိန်မှာ ... Hotel သူဋ္ဌေး ဦးဝင်းစိန် round လှည့်လို့ စားသောက်ခန်းထဲရောက်လာတယ် ... မိန်းမကြီးပြောနေတာကိုသူကြားတယ်... စားပွဲထိုးမိန်းကလေးကိုလက်ယက်ပြီးလှမ်းခေါ်လိုက်တယ်...
စားပွဲထိုးမိန်းကလေးကဒေါသသံလေးနဲ့ "သူဋ္ဌေး သူတို့က ဒီမှာလာပြီးဖက်ထုပ်ကိုမရမကမှာနေတယ် ... တမင်လာ နှောက်ယှက်နေတယ်ထင်တာပဲ" ...
ဦးဝင်းစိန် ပြုံးပြီး လက်ကာပြလိုက်တယ်... သူလဲအံ့သြနေတာပဲ ဒီလင်မယားရဲ့ဝတ်ထားပုံကြည့်လိုက်ရင် ထမင်းမစားနိုင်တဲ့ပုံမပေါ်ဘူး ... တစ်ခုခုထူးခြားနေလို့ဖြစ်ရမယ် .. ဘာပဲဖြစ်ဖြစ်လေ
စီးပွားရေးကကိုယ့်စီလာနေမှတော့ အပြင်ကိုတွန်းထုတ်နေရင် သဘာဝမကျလှဘူး..
စားပွဲထိုးမိန်းကလေးရဲ့နားနားကပ်ပြီး "နင် ဖက်ထုပ်တစ်ပွဲသွားဝယ်ပေးလိုက်ပါ ဘယ်လောက်ဝယ်ရလဲ .. ဘေလ်ရှင်းတဲ့အခါ အမြတ်ပိုထည့်လိုက်ပေါ့ ..." ပြောပြီးတာနဲ့ သူကုလားထိုင်တစ်ခုယူပြီး
ဘာတွေဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်တယ်...
သိပ်မကြာလိုက်ဘူး... စားပွဲထိုးမလေး မီးခိုးတစ်လူလူ ထွက်နေတဲ့ ကြွေပန်းကန်လုံးကြီးတစ်ခု ကို အဝတ်ခံပြီးမလာခဲ့တယ် ... မိန်းမကြီးရဲ့ရှေ့ကိုချပေးပြီး "အမတို့ ၂ယောက် သုံးဆောင်နိုင်ပါပြီရှင်"
ဖက်ထုပ်ပွဲကိုတွေ့တော့... မိန်းမကြီးပျော်သွားတယ်... သူမမျက်နှာကို ပန်းကန်လုံးအဝမှာ ထားပြီးတစ်ချက်ရှိုက်ရှူလိုက်တယ်... ပြီးတော့ ဇွန်းနဲ့ ပန်းကန်ထဲက ဖက်ထုပ်ဖျော်ကို အသာယာလေး
မွှေပေးနေတယ်...
ယောက်ျားကြီးက မျက်လုံးပြူးမျက်စံ ပြူးနဲ့မိန်းမကိုကြည့်နေတယ် ... ပတ်ဝန်းကျင်ကအံ့သြတဲ့အကြည့်တွေများစွာ ဒီဘက်ကိုလှည့်လာနေတယ် အားလုံးကို သူဂရုမစိုက်တော့ဘဲ.. တင်မာမာပြောလိုက်တယ် "
မင်းကိုငါ တကယ် နားမလည်းတော့ဘူးကွာ ... ဒီလောက် ခရီးဝေးကြီးလာတာ ဖက်ထုပ်တစ်ပွဲစားဖို့အတွက်ပဲလား?"
မိန်းမကြီးခေါင်းမော့လာတယ် "ကျွန်မ ကြိုက်လို့!"
ယောက်ျားကြီး စားပွဲပေါ်မှ Menu ကဒ်ကိုယူပြီး "မင်းကြိုက်ရင်မင်းစား ငါတစ်နေကုန်လမ်းမှာဘာမှ စားခဲ့ရတာမဟုတ်ဘူး ... ဗိုက်ကဆာနေပြီ " သူလက်ကာပြီး စားပွဲထိုးမလေးကို ခေါ်လိုက်တယ် ...
ဟင်းကောင်းတွေကြီး ၆ မျိုး ၇ မျိုး မှာလိုက်တယ် ...
မိန်းမကြီးကတော့ အေးဆေးပဲ .. ယောက်ျား ဟင်းမှာပြီးမှ စားပွဲထိုးမလေးကို သတိပေးလိုက်တယ် " ညီမလေး သူ့မှာပိုက်စံ ပါလားအရင်မေးကြည့်အုံး... မရှင်းဘဲ ထွက်ပြေးနေအုံးမယ်"
စားပွဲထိုးမလေး ဘာဆိုလိုမှန်းမသိလိုက်ချိန်မှာ ယောက်ျားကြီးက မျက်နှာတစ်ခုလုံးနီလို့ " ချီးထုပ်ကွာ ဒီမိန်းမ သက်သက် အရှက်ခွဲတာ ...ငါလား မရှင်းပဲထွက်ပြေးမှာ" ပြောရင်း ဘောင်းဘီအိပ်ထောင်ထဲကို
နိုက်တယ် " ?? အင် ... ငါ့ ပိုက်စံအိပ်ကော ? " သူထပြီးတော့ရှာတယ် ဒီအိပ်ထောင်နိုက်လိုက် ဟိုအိပ်ထောင်စမ်းလိုက် ...အဲအခါမှာ ဟမ်းဖုန်း ပါ မရှိတော့ဘူးဆိုတာ သတိထားမိတယ် ...သူခန စဉ်းစားပြီး နောက်ဆုံး
အကြည့်တွေ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ မိန်းမကြီးစီရောက်သွားတယ် ...
မိန်းမကြီး အေးအေးလူးလူး နဲ့ " ရှင် အလုပ်ရှုပ်ခံမနေနဲ့ ပိုက်စံအိပ်နဲ့ဖုန်းနဲ့ မနေ့ညက ကျွန်မ မြစ်ထဲပစ်လိုက်ပြီ..တွေ့မှာမဟုတ်ဘူး"
ယောက်ျားကြီး ဒေါသ ထွက်သွားတယ် " မင်း ရူးနေပြီလား"
မိန်းမကြီးကတော့ မကြားသလိုဘဲ ... ဖက်ထုပ် ပန်းကန် ကို ပဲ မွှေနေတယ်
ယောက်ျားကြီး တစ်ခုခုကိုသတိရလိုက်တော့ ခရီးဆောင်အိပ်အနီးကြီးထဲ လက်နဲ့စမ်းတယ်
မိန်းမကြီး အေးစက်စက် လေသံနဲ့ " ရှင်ရှာမနေနဲ့တော့ ရှင့်နာရီ ၊ ကျွန်မ လက်စွပ် ရှိရှိသမျှ ကျွန်မတို့ ခရီးမှာပါလာတဲ့ တန်းဖိုးရှိတဲ့ပစ္စည်းမှန်သမျှ ကျွန်မ အားလုံးကို မြစ်ထဲ ပစ်လိုက်ပြီ... ကျွန်မမှာ ပိုက်စံ
၅ဝဝ ရှိတယ် ... ဒီ ဖက်ထုပ် တစ်ပွဲစာတော့လောက်မယ် ! "
ယောက်ျားကြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့တဲ့ အတိုင်း ဖြူသွားတယ် ... ကုလားထိုင် ပေါ် ထိုင်ချလိုက်သလား ခြေပစ်လက်ပစ် ဖြစ်သွားသလား ... မိန်းမကြီးကို စိုက်ကြည့်ပြီး " မင်း တကယ်ရူးနေပြီ
မင်းတကယ်ရူးနေပြီ! ငါတို့ ပိုက်စံ မပါဘဲ ဘယ်လိုပြန်မလဲ? လမ်းခရီးကနည်းတာမှတ်လို့..."
မိန်းမကြီး မပူမပင် နဲ့ဘဲ ... " ရှင်ဘာစိတ်ပူနေတာလဲ ... ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့မှာ ခြေထောက်တွေပါနေတာပဲ ... လမ်းလျှောက်ပြန်လဲ လျှောက်ရင်းလျှောက်ရင် အိမ်ပြန်ရောက်မှာပါပဲ "
ယောက်ျားကြီး သက်ပြင်းချတယ်.. မိန်းမကြီးက ဆက်ပြောတယ် " လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်တုန်းကလဲ .. ကျွန်မတို့ ကိုယ်ပေါ် ပိုက်စံတစ်ပြားမှ မရှိဘဲလည်း အိမ်ရောက်အောင် ပြန်ခဲ့ကြတာပဲ မဟုတ်လား
...
ယောက်ျားကြီး ဒီစကားလဲကြားရော...ကြောင်တောင်တောင်အကြည့်နဲ့ ..." မင်း... မင်း ... ဘာပြောတယ်? " မိန်းမကြီးက " ရှင် မမှတ်မိတော့ဘူးလား? " သူခေါင်းခါဖြေတယ်
မိန်မကြီး သက်ပြင်းချပြီး " ကြည့်ရတာ.. ဒီနှစ်တွေမှာ ပိုက်စံလေး နှစ်ပြား သုံးပြား ရှိလာတော့ အရာရာကို မေ့ပစ်လိုက်ပြီပေါ့ ၊ လွန်ခဲ့တဲ့ အနှစ် ၂ဝ တုန်းက ကျွန်မတို့ အလုပ်လုပ်မယ်ဆိုပြီး
ဆုထားတဲ့ငွေလေးနဲ့ ခရီးဝေးကို ထွက်လာကြတယ်၊ ပိုက်ဆံ အလိမ်ခံရလို့ အခြေအနေမကောင်းခဲ့ဘူး... အိမ်ပြန်ဖို့စာရိတ်တောင်မကျန်ဘူး......ဒီနားလေးရောက်တော့ ရှင် ကျွန်မကို ဖက်ထုပ် တစ်ပွဲမှာပေးတယ်လေ ...
ကျွန်မ သိတယ် အဲဒီအချိန် ရှင့်မှာ ပိုက်စံ ၅ဝ ပဲကျန်တော့တယ်"
ယောက်ျားကြီး ဒါတွေလဲ ကြားရော ... တစ်ချက် တွန့်သွားတယ် ...ပတ်ဝန်ကျင် ကို သေချာကြည့်တယ် " ဒီ ....... ဒီ နေရာက ...... "
"ဟုတ်တယ် ဒီနေရာပဲ ...ကျွန်မ တစ်သက်လုံး မေ့လို့ရမှာမဟုတ်ဘူး ...အဲဒီအချိန်တုန်းက ဒီနေရာလေးဟာ ဖက်ထုပ်ဆိုင်လေး ဖွင့်ထားတယ်လေ ...
ယောက်ျားကြီး အသံတိတ်ခေါင်းလေးငုံ့လို့... မိန်းမကြီး တစ်ဖက်လှည့်ပြီး စားပွဲထိုးမလေးကို .." ညီ မ ... ပန်းကန်လုံးတစ်လုံးလောက်ပေးပါ"
စားပွဲထိုးမလေး လျင်မြန်စွာပဲပန်းကန်အလွတ်တစ်လုံးယူလာပေးတယ်, မိန်းမကြီးက ပန်းကန်ထဲက ဖက်ထုပ်ကို တစ်ဝက်စီခွဲထည့်လိုက်တယ် ...တစ်ပွဲကို ယောက်ျားကြီးရှေ့ကို ဖြည်းဖြည်း
တွန်းပို့ပေးတယ်.."စားလိုက်ပါ ..စားပြီးရင် အိပ်အတူပြန်ကျမယ်လေ...!"
ယောက်ျားကြီးက ရှေ့မှာရှိတဲ့ ဖက်ထုပ် တစ်ဝက်ကို စိုက်ကြည့်ပြီး .." ငါ မဆာဘူး " မိန်းမကြီးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ " လွန်ခဲ့တဲ့ နှစ် ၂ဝ တုန်းကလည်း
ရှင်ဒီလိုပြောခဲ့တာပဲလေ...ကျွန်မကိုဗိုက်ဝအောင်စားစေချင်လို့ပြောခဲ့မှန်းသိပါတယ် " သူမ ပြောပြီး ပန်းကန်ထဲမှာ ကူးခက်နေတဲ့ ဖက်ထုပ်တွေကို စိုက်ကြည့်ပြီး အတွေးတွေထဲ လွင့်မျောနေတယ် ...
ယောက်ျားကြီးက " နင်ဘာလို့မစားသေးလည်း ? " မိန်းမကြီး တစ်ချက်ရှိုက်ပြီး " လွန်ခဲ့တဲ့နှစ် ၂ဝ တုန်းကလဲ ရှင်ဒီအတိုင်းပဲ ကျွန်မကို မေးခဲ့တာပဲ ... ကျွန်မမှတ်မိသေးတယ်... ကျွန်မအဲဒီတုန်းကဖြေခဲ့တာက
..စားရင် အတူတူစားမယ် မစားရင်လဲ လုံးဝ မစားဘူး ...အခုလည်း အဲဒီ အဖြေပဲ ..."
ယောက်ျားကြီး ဘာမှမပြောတော့ဘူး ... ဇွန်းကိုကောက်ကိုင်ပြီး ဖက်ထုပ်ကိုခပ်တယ် ..ဘာကြောင့်မသိဘူး ... ဇွန်းကိုင်တဲ့လက်က တအားတုန်နေတယ်... ဘယ်နှခါ ခပ်မိတယ်မသိဘူး ... ဖက်ထုပ်က
ဟင်းရည်ထဲကိုပဲ ပြန်ပြန် ဆင်းသွားတယ်... နောက်ဆုံးတော့ သူ ဖက်ထုပ် တစ်ခုကို ခပ်ပြီး ပါးစပ်ထဲပို့လိုက်တယ် ... ဝါးတယ်စားတယ်.. နောက်တစ်ခုကို ခပ်ပြီး ပါးစပ်ထဲ ထည့်တော့ မျက်ရည်တွေ ... တပေါက်ပေါက်
စီးကျလာတော့တယ် ...
မိန်းမကြီးက သူ့ယောက်ျားစားတာတွေ့တော့ မျက်နှာမှာ အပြုံးတွေနဲ့ ဇွန်းကိုယူ ပြီး စားတော့တယ်... ဖက်ထုပ် ပါးစပ်ထဲကိုလည်း ရောက်ရော ... မျက်ရည်ကလည်း ပန်းကန်းလုံးထဲကို ကျသွားတယ်... ဒီ
ဇနီးမောင်းနှံ က ဒီလိုနဲ့ မျက်ရည်ရောတဲ့ ဖက်ထုပ် တစ်ဝက်စီကို စားလို့ ကုန်သွားတယ်...
ဇွန်းကို ချပြီးပြီးချင်း .. ယောက်ျားက မိန်းမကိုမေးတယ် .. " ဗိုက်ဝပြီလား ..."
မိန်းမကခေါင်းခါတယ် ၊ ယောက်ျား ပြာသွားတယ်... ရုတ်တရက် သူသတိရလိုက်တယ်...ခါးကိုကုန်းပြီး ခြေနှင်း ကိုချွတ်ပြီး ခြေနင်း အောက်ခံသားရည်ပြားအောက်ကို လှမ်းယူလိုက်တယ် ... ၅ဝဝ တန်
တစ်ရွက်ထွက်လာတယ် ... သူအံ့သြပြီး လက်ထဲက ၅ဝဝတန် ကို ကြောင်းငေးနေမိတယ် ..
မိန်းမကြီးက ပြုံးပြီး " အဲဒီ လွန်ခဲ့တဲ့ နှစ်၂ဝ တုန်းကလေ .. ရှင် ကျွန်မကို ငွေ ၅ဝ ပဲ ရှိတော့တယ် ဆို ပြီး ဖက်ထုပ်တစ်ပွဲတည်း ဝယ်းကျွေးခဲ့တယ်.. တကယ်တော့ ရှင့်မှာ နောက် ထက် ၅ဝ ရှိသေးတယ် ...
ခြေနင်းက အောက်ခံသားရည်ပြားအောက်ထဲမှာ ဖွက်ထားတယ် ... ကျွန်မသိပါတယ် .. ရှင်က အဲဒီ ၅ဝ နဲ့ ကျွန်မ ဗိုက်ဆာရင် နောက်ထပ် စားရအောင် ဖွက်ထားခဲ့တာ .. ဒါပေမယ့် အဲဒီတုန်းက ရှင် လဲ ဖက်ထုပ်
တစ်ဝက်စားလိုက်တော့ ကျွန်မဗိုက်မဝသေးဘူးဆိုတာ သိလို့ .. နောက်တစ်ပွဲ ထက်မှာ စားခဲ့ကြတယ်လေ ..." သက်ပြင်းလေးတစ်ချက်ချပြီး " ရှင်လုပ်ခဲ့ဖူးတာတွေကို ပြန်မှတ်မိသေးတယ်နော်... .. အဲဒီ ၅ဝဝ ဖွက်တာ
အလကား မဖြစ်တော့ဘူး"
ယောက်ျားက ပိုက်စံကို စားပွဲထိုးမလေးကို ပေးတယ် " အကိုတို့ကို နောက်တစ်ပွဲ ထပ်ပေးအုံးကွာ..." စားပွဲထိုးမလေးကပိုက်စံကို မယူဘဲ ...အပြေးလေးထွက်သွားတယ် ..ခဏကြာတော့ လက်ထဲမှာ ဖက်ထုပ်
ပူနွေးနွေး တစ်ပွဲ ပါလာတယ် ...
ယောက်ျားက မိန်းမရဲ့ ပန်းကန်ထဲကို တစ်ဝက် ခွဲထည့်ပေးတယ် .." ပူတုန်းလေး စားလိုက်အုံး..."
မိန်းမ နည်းနည်းမှ မလှုပ်ဘဲပြောတယ် " စားပြီးရင်တော့ ကျွန်မတို့ လမ်းလျှောက်အိပ်ပြန်ကြရတော့မယ် ... ရှင်ကျွန်မကို အပြစ်မဆိုနဲ့နော် .. ကျွန်မကလည်း လမ်းမခွဲခင်လေး ရှင်နဲ့ အရင်က လို
ဒုက္ခနဲ့ဗိုက်မဝ တဲ့ ဒဏ် ကို အတူတူ မျှဝေခံစားချင်လို့ပါ...
ယောက်ျား ဘာအသံမှ ထွက်မလာဘူး ... ခေါင်းကြီး ငုံ့လို့ .. ဖက်ထုပ်တွေ တစ်လုတ်ပြီးတစ်လုတ် ... အရည် တွေ လဲ အကုန်လုံး မော့သောက်လိုက်တယ် ... ပြောင်းသလင်းခါ နေအောင်း စား ပြီး ... မိန်မကို
လောတယ် .." မြန်မြန်စား .. စားပြီးရင် ငါတို့ လမ်းလျှောက်ပြန်ရအုံးမယ်.."
မိန်းမက " ရှင်စိတ်ချပါ ... ကျွန်မ ကတိတည်ပါတယ် ... အိမ်ပြန်ရောက်တာနဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ် .... ငွေလည်းတစ်ပြားမှ မယူဘူး .. ရှင် ဘယ်မိန်းကလေးနဲ့ ပဲ ကြိုက်ကြိုက် ၉ယောက်
၁ဝ ယောက် ယူယူ ... ကျွန်မနဲ့ ဘာမှ မဆိုင်တော့ပါဘူး ..."
ယောက်ျားကြီးအားခေါင် သံ ကြီးနဲ့ အော်ပြောတယ် " အိမ်ပြန်ရောက် ရင် ငါ အဲဒီ ကွာရှင်းစာချုပ်ကို မီးရှို့ပစ်ပါမယ်ဟာ .ဟုတ်ပြီလား.. " ပြောအပြီးမှာ .. သူ ရှိုက်ကြီးတငင်ငိုပြောတယ်.." ငါမှားသွားတယ်
မိန်းမ ... ငါ ဦးနှောက်ထဲရေဝင်လို့ အဲလို မှားခဲ့မိတယ်. .."
မိန်းမကြီးက ပြုံးပြုံးလေးနဲ့ အေးအေးဆေးဆေး ဖက်ထုပ် ပန်းကန် တစ်ဝက်ကို ကုန်အောင်စားလိုက်တယ် ... ပြီးတော့ စားပွဲထိုးမိန်းကလေးကို .." ညီမရေ ဘေလ်ရှင်းမယ်နော်"
တစ်ချိန်လုံး ဘေးကနေကြည့်နေတဲ့ hotel သူဋ္ဌေး ဦးဝင်းစိန် သတိပြန်ဝင်လာပြီး .. စားပွဲဝိုင်းရှိရာကို လာခဲ့တယ် ... ငွေပေးနေတဲ့ မိန်းမကြီးလက်ကို တားပြီး အိပ်ထဲကနေ ၁ဝဝဝ တန် ၅ရွက်ထုတ်ပေးတယ်..
" မင်းတို့ အိမ်ပြန်ရောက်ရင် ကွာရှင်းစာချုပ်မီးရှို့ပစ်ဖို့တောင် ဆုံးဖြတ်ပြီးပြီပဲ ... အိမ်ကိုလဲ လမ်းလျှောက်မပြန်နဲ့တော့.."
လင်းမယားနှစ်ယောက်လုံး ဘာမှနားမလည်ဘဲ ဦးဝင်းစိန်ကို ငေးကြည့်နေကြတယ်. .. ဦးဝင်းစိန်က ပြုံးပြီး.." မင်းတို့က ငါ့ရဲ့ဖောက်သည်ဟောင်းကြီးတွေပဲလေ ... လွန်းခဲ့တဲ့ အနှစ် ၂ဝ တုန်းက ဖက်ထုပ် ဆိုင်
ကလဲ ငါ့ဆိုင်ပဲ ... အဲဒီ အချိန်တုန်းက ဖက်ထုပ်က ငါ့မိန်းမလက်ရာကွ ... " ပြောပြီး ပိုက်စံကို ယောက်ျားလက်ထဲ အတင်း ထည့်ပြီး လှည့်ထွက်သွားတယ် ...
ဦးဝင်းစိန် ရုံးခန်းထဲလဲရောက်ရော... စားပွဲ အံဆွဲထဲကနေ စာစီပြီးသား ကွာရှင်းစာချုပ် စာရွက်လေးတစ်ရွက်ထွက်လာတယ် ... " အော် ... ငါလဲ ဦးနှောက်ထဲ ရေဝင် ပြီး မှားချင်ခဲ့တာပဲ " .....

လမ်းခွဲတော့မယ်ဆိုရင်တွေးကြည့်ပါ... အရင်ကအတိတ်ဟောင်းတွေမှာ ဒုက္ခဆင်းရဲမျှဝေခံစားခဲဖူးတဲ့သူဟာ တစ်လျှောက်လုံးလက်တွဲလာခဲ့ပြီး အသင်တို့ရဲ့ ဇာတ်လမ်းတွေ ဤမျှမတိုတောင်းပါဘူး...
အချိန်တွေ့တရွေ့ရွေ့တွားနေလို့ ပျော်ရွှင်မှုချစ်ခြင်းမေတ္တာတွေကို နှလုံးသား ချောင် တစ်ခုမှာ ပိတ်ထားမိခဲ့ကြတယ်... တကယ်တော့ သင့်ကို ချိုမြိန်သာယာတဲ့စကားနဲ့ ပျော်ရွှင်အောင်ချော့ပြောနေတဲ့သူဟာ
သင့်ကိုအချစ်ဆုံးသူမဟုတ်ပါဘူး... ခုလို ငွေလေး၅ဝဝကို ဖွက်ပြီး လိုအပ်ချိန်မှာ သင့်ကို အနစ်နာခံ ဂရုစိုက်ကာ နောက်ဆုံး စားစရာလေး ကျွေးပြီး ငါမဆာဘူးလို့ပြောမယ့်သူ သာလျှင် သင့်ကိုအချစ်ဆုံးသူပါ

ဇာတ်လမ်းလေးကိုကြည့်ပြီး (ဇနီးမယား)မိန်းမဆိုတာ ဘာလဲသိပြီလား....
မိန်းမဆိုတာ သင့်နှစ်သက်မယ့်လက်ဆောင်လေးတစ်ခုဝယ်ပေးဖို့ငွေတွေဆုပြီး အစားလျော့နေတယ်လို့ပြောမယ့် " ငပိန်းမလေး" ပါ။
မိန်းမဆိုတာ သင့်ကိုချစ်လို့ ကျန်တဲ့သူတွေကိုလျစ်လျူရှုပြီး သင့်ဘေးမှာတဖြေးဖြေး အိုစာတဲ့အထိသစ္စာရှိစွာနေသွားမယ့် "အရိုး အ အ မလေး" ပါ။
မိန်းမဆိုတာ သင့်ကိုတခြားမိန်းကလေးအကြောင်းမပြောဖို့၊ မကြည့်ဖို့၊ မချီးကြူးဖို့ကို အမြဲပြောနေမယ့် " သဝင်ကြောင်မလေး" ပါ။
မိန်းမဆိုတာ ဖုန်းထဲမှာ သင်ပို့သမျှ message ကို သိမ်းထားပြီး အကြိမ်ကြိမ်ပြန်ဖတ်ပြီးပျော်နေတတ်တဲ့ "အချစ်ရူးမလေး" ပါ။
မိန်းမဆိုတာ သင်ဘယ်ဘောင်းဘီလေးတွေ့ခဲ့လို့ကြိုက်တယ်ပြောမိရင် တစ်မြို့လုံးမရမကရှာပြီးဝယ်ပေးမယ် ပြီးတော့ လမ်းကြုံတွေ့လို့ဝယ်ပေးခဲ့တယ်လို့ပြောမယ့် "အပိုတွေမပြောတတ်တဲ့ မုသားမလေး" ပါ။
မိန်းမဆိုတာ သင်သူမဘေးမှာမရှိချိန်မှာ သင့်ကိုအရမ်းသတိရပြီး ဖုန်းကိုကိုယ်နဲ့မကွာထားကာ နေ့တိုင်းဖုန်းမျှော်နေတတ်တဲ့ "သနားစရာ မိန်ကလေး" ပါ။
မိန်းမဆိုတာ တခြားသူရဲ့ညစ်ပေနေတဲ့အိင်္ကျီကို မြင်တာနဲ့ ရွံတတ်ပေမယ့် .. သင်ရဲ့ နံစော်နေတဲ့ ခြေအိတ်စုံကို မငြီးမငြူလျှော်ဖွတ်ပေးတတ်တဲ့ "ငပေါမလေး" ပါ။
မိန်းမဆိုတာ သင့်ကို မကောင်းပြောတဲ့သူတွေနဲ့ အော်ကြီးဟစ်ကျယ်ရန်ဖြစ်နေမယ့် "ငစွာမလေး" ပါ။
မိန်းမဆိုတာ လူကြားမှာ ဘယ်လောက်ကြံ့ခိုင်ပြီး တော်နေပါစေ သင့်ရှေ့ရောက်ရင် ကလေးဆန်ဆန်ချွဲနွဲ့နေမယ့် "ကလေးမလေး" ပါ။
ယောက်ျားလေးများမှတ်သားကြပါ မိန်းမဆိုတာ သင် သူမရဲ့အနစ်နာကိုပဲခံရမယ်လို့ ခွင့်ပြုထားသူပါ...။
သူမရှိပြီးနေပြီမို့ တခြားမိန်းကလေးကိုသတိမရစေတော့တဲ့သူဟာ မိန်းမပါပဲ။
သူမအတွက် ဘယ်လောက်ကုန်ကုန်ကပ်စေးမနည်း သူမကြိုက်မယ်ဆိုရင် ဝယ်ပေးဖို့အသင့်ရှိနေတယ်ဆိုရင် သူမဟာ မိန်မပါပဲ။
သူမအတွက်နဲ့ အရင် က သင့်ရဲ့ယောက်ျားမာန အတ္တတွေကို လျော့ချပြီး လိုက်လျောတတ် အလျှော့ပေးတတ်နေပြီဆိုရင် သူမဟာ မိန်းမပါပဲ ..။
သူမရှေ့မှာ အိုးခွက်ပန်းကန်ဆေးနေရရင်တောင် အရမ်းခန့်တယ် လို့ခံစားမိရင် သူမဟာ မိန်းမပါပဲ ...။
သူမကြောင့် တာဝန်သိတတ်လာပြီး၊ သူမတစ်သက်လုံး စိတ်ချမ်းသာနေမယ်ဆိုရင် ဘယ်လောက်ပင်ပန်းပင်ပန်း ကျေနပ်နိုင်ခဲ့ပြီဆိုရင် သူမဟာ မိန်းမပါပဲ...။
သူမရဲ့ အအေးမိဖျားနာခြင်းကို စိတ်ပူတတ်ပြီး၊ သူမ ထမင်းတစ်ပန်းကန် ပိုစားရင်ကိုပဲ ပျော်ရွှင်မိမယ်ဆိုရင် သူမဟာ မိန်းမပါပဲ...။
သူမအတွက် မိုးအုံ့နေပြီဆိုတာနဲ့ ထီးမိုးပေးဖို့အမြဲသတိရနေပြီဆိုရင် သူမဟာ မိန်းမပါပဲ ...။
အထက်မှာပါတဲ့အချက်တွေအားလုံး ရှိမယ်လို့မဆိုလိုပါဘူး .. ဒါပေမယ့် တော်တော်များများဟာ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာ တွေ့ရပါလိမ့်မယ်... " မျက်စိရှေ့မှာရှိပြီးသားသူ ကို တန်ဖိုးထားတတ်ရမယ်
... တန်ဖိုးထားတတ်တဲ့သူကနားလည်လာမှာပါ တန်းဖိုးထားတတ်ပြီးဆိုရင် သာယာတဲ့ဘဝကိုပိုင်ဆိုင်ပြီပဲ"
1:52 am 20.7.2012 SAT

“ တချိန်တုန်းက ” / “ မိန်းမ ”

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -