Archive for 04/28/12
ချစ်သူသိစေ
***ဖုန်မှုန့်နဲ့တူတဲ့ငါ့အချစ်***
မုန်း တဲ့ စကားတစ်ခွန်းတော့ ပြောပါရစေ ချစ်သူ
ချစ်ခြင်းမပါတဲ့ ဒီဇာတ်လမ်း
ရေတွက်စရာမလိုပေမဲ့
အိမ်မက်ဟောင်း ဒဏ်ရာတစ်ခု
မကျက်သေးဘူး ချစ်သူ.......
မုသားမပါတဲ့ စကား
အတုယောင် အလွမ်းကြားမှာ
နေသားကျနေခဲ့တာဆိုရင်တောင်
မျက်မမြင်တဲ့ နှလုံးသားမို့ 
အရောင် မခြယ်ချင်တော့ဘူးချစ်သူ.......
ဝင်္က ပါလို့  ခြေဆန့် ခဲ့ပြီး
မှောက်မှားခဲ့တဲ့ အချစ်ကို
တစ်သက်မှာ တစ်ခါချစ်
အဆုံးမှာ အမုန်းနဲ့ ပျိုးပါရစေ............
ရင်ကွဲ ဥယျာဉ် ထဲက အချစ်ရူးသမားတစ်ယောက်လို
အချစ်ဆူးတော့ မစူးပါရစေနဲ့ တော့ကွယ်
အချစ် ဥယျာဉ်မှာ အချစ်ပင် ပျိုးပေမဲ့
အခါသင့် လို့  ကြေကွဲခဲ့ရင်
အမုန်းပင်လေးတစ်ပင်တော့ စိုက်ခဲ့ပါရစေ........
ကြွေခြောက်နေတဲ့ အလွမ်းတောလေးမှာ
ငိုကြွေကာရှာနေတဲ့ ရွက်ခြောက်တွေ
အမြင်ဆန်းပြီး အသင်လှမ်းတဲ့ နေ့ ရောက်ရင်
လွမ်းပင်အောက်က စောင့်ပြီး အမုန်းစကားလေး
ပြောပါရစေကွယ်............
ချစ်တတ်သူတိုင်း ထာဝရပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ။
လွမ်းပင်အောက်ကစောင့်နေမယ်..........ချစ်သူလွမ်းပင်အောက်ကစောင့်နေမယ်...ချစ်သူ
တိတ်ဆိတ်နေပင်မဲ့ မင်းအသံကိုကြားနေရတယ်
မဲမှောင်နေပင်မဲ့ မင်းကိုမြင်နေရတယ်
ဝေးနေပေမဲ့ အနီးလေးလိုပဲ ချစ်သူ
ဘာဖြစ်လိုလဲဆိုတော မင်းဟာကိုယ်ဘ၀အတွက်
နေမင်းလိုရဲရင်းမှုတွေပေးပြီ
လမင်းလိုအေးချမ်မှုတွေလည်ပေးလိုပါပဲ
နေမင်းရဲအလင်းရောင်ကြောင့်မနက်ဆိုတာဖြစ်ပေါ်လာပြီ
ကိုယ်ဖြတ်သန်းမဲ့နေ့တစ်နေ့တာကို
ရဲရင်စွာဖြတ်သန်းနိုင်အောင်အလင်းရောင်တွေပေးခဲ့သလို
ညဘက်ရောက်ရင်းလည်
လမင်းရဲအလင်းရောင်ကိုကြည်ပြီးအေးချမ်းစွာအိတ်စက်နိုင်လိုပါပဲ
ပမာနှိုင်ရင်း
ကိုယ်အဖြစ်ဟာနေမင်းရဲအလင်းရောင်ကိုစောင့်ကြိုပြီးပွင့်လန်းရမဲ့
ကြာပန်းလေးနဲ့တူသလို
လမင်းရဲအလင်းရောင်ကိုငံ့လင်းပြီပွင့်လန်းရမဲ့ကြာပန်းလေလိုပါပဲ ချစ်သူ
မင်းသာကိုယ်ကိုခွဲသွားရင်းကိုယ်ဘ၀မှာနေ့ဆိုတာဖြစ်မလာနိုင်တော့သလို
ညဆိုတာလည်ရှိတောမှာမဟုတ်ပါဘူး
ဒါကြောင့်ကိုယ်နောက်ဆုံမင်ကိုပြောချင်းတာကတော
ကိုယ်ကိုခွဲမသွားပါနဲ့လား ချစ်သူရယ်............................။