Archive for 02/28/12

တခါတရံမှာ သူဟာအကြောင်းတခုခုကြောင့် အပြောဆိုးရင်ဆိုးမယ်... ဒေါသထွက်ရင် ထွက်မယ်... အပြန်အလှန်ပြောဆိုရင် ပြောဆိုမိလိမ့်မယ်... ဒါပေမယ့် ဒါဟာကိုယ့်ကို မချစ်လို့မဟုတ်ဘူးဆိုတာ နားလည်ပေးထားလိုက်ပါ... စစ်မှန်တဲ့ အချစ်စစ်ဟုတ်မဟုတ်ဆိုတာ အပေါ်ယံစကားတွေထက် အရေးကြုံတိုင်း သူ့အကျိုးမကြည့်ဘဲ ကိုယ့်အတွက်ပဲစဉ်းစားပေးတတ်တဲ့ သူ့ရင်ထဲကလုပ်ရပ်တွေက သက်သေပြတာပါ...

သူ့ရင်ထဲကလုပ်ရပ်တွေ

Posted by : လက်တွဲဖော် 0 Comments
ရက်ထပ်နှစ်ရဲ့ ဖေဖေါ်ဝါရီ ၂၉(ယောက်ကျားလေးများသတိပြုရန်) ရက်ထပ်နှစ်ရဲ့ဖေဖေါ်ဝါရီ လဟာ ၂၉ ရက်နဲ့ကုန်ဆုံးလေ့ရှိတယ် ဆိုတာ လူတိုင်းသိကြပေမဲ့.....အဲဒီ၂၉ရက်နေ့ဟာလူငယ်တွေအတွက် အထိမ်းအမှတ်နေ့တစ်နေ့ဆိုတာ သိသူနည်းနိုင်ပါလိမ့်မယ်....... ရက်ထပ်နှစ်ရဲ့ဖေဖေါ်ဝါရီ၂၉ ရက်နေ့ဟာ မိန်းကလေးများက မိမိ စိတ်ဝင်စားတဲ့ယောက်ျားလေးကိုချစ်ရေးဆိုခွင့်ရှိတဲ့နေ့ပါတဲ့...... ဒီဓလေ့လေးဟာ အင်္ဂလန်နိုင်ငံရဲ့ ကျေးလက်မှတစ်ဆင့်၁၇ ရာစုနှောင်းပိုင်းမှာပေါ်ပေါက်လာခဲ့ပြီးINTERNATIONAL DAY အဖြစ်၁၉ရာစုမှစတင်ပြီးလူသိနည်းစွာချစ်စဖွယ်ပြန့်နှံ့ခဲ့ပါသတဲ့...... အစဉ်အလာအရ အဲဒီနေ့မှာချစ်ရေးဆိုမဲ့မိန်းကလေးဟာ အနီရောင်ဝတ်ဆင်ပြီးနှင်းဆီတစ်ပွင့်နဲ့အတူချစ်ရေးဆိုခွင့်ရှိပါတယ်....... ထိုကဲ့သို့ချစ်ရေးဆိုသူများလည်း နိုင်ငံအတော်များများ တွင် အမြာက်အများရှိကြောင်းသိရသည်...... သတိ၊၊ ၊၊ အစ်ကိုများ မောင်လေးများ အနေနဲ့ အဲဒီ ဖေဖေါ်ဝါရီ ၂၉ ရက်နေ့မှာ မိမိ အိမ်ထဲမှအပြင်မထွက်ကြဖို့ နဲ့ အိမ်မှမိသားစုများကိုလည်းမိန်းကလေးများလာရောက်မေးမြန်းပါက မရှိကြောင်းဖြေဆိုပေးရန်သတိပေးသင့်ပါကြောင်းးးးးးးးးးးးး

ဖေဖေါ်ဝါရီ ၂၉

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -