Archive for 01/31/12

တကယ်လို့ တစ်နေ့နေ့မှာ ... လူတစ်ယောက်ဟာ သင့်အနား မပြန်လာခဲ့တော့ဘူးဆိုရင် သင်မခွဲနိုင်သူတစ်ယောက် သင့်ကိုခွဲသွားတဲ့အခါ ဝမ်းမနည်းပါနဲ့.... အချိန်က အမှန်ကန်ဆုံးလူတစ်ယောက်ကို သင့်အနားခေါ်ဆောင်လာပါလိမ့်မယ် အဲဒီလို ခေါ်ဆောင်မလာခင် သင်လုပ်ထားရမှာက သင့်ကိုယ်သင် ကောင်းကောင်းဂရုစိုက်နေဖို့ပါပဲ....

သင့်ကိုယ်သင်

Posted by : လက်တွဲဖော် 0 Comments
^အချိန်က အမှန်ကန်ဆုံးလူတစ်ယောက်ကို သင့်အနားခေါ်ဆောင်လာပါလိမ့်မယ် *_*
တကယ်လို့ တစ်နေ့နေ့မှာ ...
လူတစ်ယောက်ဟာ သင့်အနား မပြန်လာခဲ့တော့ဘူးဆိုရင်
သင်မခွဲန...ိုင်သူတစ်ယောက် သင့်ကိုခွဲသွားတဲ့အခါ
ဝမ်းမနည်းပါနဲ့....
အချိန်က အမှန်ကန်ဆုံးလူတစ်ယောက်ကို သင့်အနားခေါ်ဆောင်လာပါလိမ့်မယ်
အဲဒီလို ခေါ်ဆောင်မလာခင် သင်လုပ်ထားရမှာက
သင့်ကိုယ်သင် ကောင်းကောင်းဂရုစိုက်နေဖို့ပါပဲ....
.
See More
အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာလည်း လိုအပ်တယ်။ အချစ်ကို ချစ်တတ်ဖို့ပဲ လိုပါတယ်။

အမှန်ကန်ဆုံးလူတစ်ယောက်

Posted by : လက်တွဲဖော် 0 Comments
သေလောက်အောင်ချစ်ဖို့ ... မလိုပါဘူး ။ ( သစ္စာရှိဖို့လိုတယ် ) ပြောစကားတွေနားထောင်နေဖို့ ... မလိုဘူး ။ ( နှစ်ဦးပေါင်းပြဿနာတွေဖြေရှင်းဖို့လိုတယ်) တလွဲသတ္တိတွေရှိနေစရာမလိုဘူး ။ ( မိသားစုအတွက်ရဲရင့်ဖို့လိုမယ်) ဒီဂရီတွေ မြောက်များစွာ ရဖို့မလိုဘူး ။ ( လိမ္မာပါးနပ်ဖို့လိုတယ် ) ၀င်ငွေတွေ ဒလဟောဝင်နေဖို့မလိုဘူး ။ ( ရောင့်ရဲတင်းတိမ်နိုင်ဖို့လိုမယ် ) နှုတ်က တစ်ဖွဖွ ချစ်ပြဖို့မလိုဘူး ။ ( ဂရုစိုက်ကြင်နာတတ်ဖို့တော့လိုမယ် )

မလိုပါဘူး

Posted by : လက်တွဲဖော် 0 Comments
တစ်နဲ့တစ်ပေါင်းရင် နှစ်ရတာဟုတ်ပေမဲ့ရေစက်လေးတွေပေါင်းကြည့်တော့ရေတစ်စက်နဲ့ရေတစ်စက်ပေါင်းတဲ့ အခါမှာတော့နှစ်စက်မရဘူး။ ရေတစ်စက်ပဲရတယ်နော်။ အဲ့ဒီလိုပဲ အယူအဆတစ်ခုဟာရှေ့နောက်ဆီလျော်ညီညွတ်နေပေမဲ့ လက်တွေ့ဘ၀မှာမမှန်နှိင်မဖြစ်နှိင်တာမျိုးရှိတတ်ပါတယ်။တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ်။ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။ မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကိုတစ်ခါမှ မတွေးခဲ့မိဘူး။လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းတယ်။တစ်နေရာစီမှာရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက် တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာဘာကြောင့်ငါတို့တွေ့ဆုံခဲ့ကြသလဲ? ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ....ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်းအဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ်။ တောထဲမှာ မင်းသားလှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။တွ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား? အဲဒီတွေ့ဆုံခြင်းမှာနင်ရှိခဲ့တယ်၊ငါရှိခဲ့တယ်။ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် ....တွေ့ဆုံခြင်းပါတဲ့။ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေရှိခဲ့ကြတယ်ဆိုတာကိုအထိမ်းအမှတ် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူအများရဲ့ တွေ့ဆုံခြင်းမှာနှုတ်ဆက်ခြင်း၊အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။ တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာလမ်းဖြတ်ကူးသလိုပဲပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။ နှုတ်ဆက်ဖို့ဆိုတာဝေးလို့ သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာကျန်ရစ်ခဲ့တယ်။ တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက်ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။ ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊အကြင်နာတွေ ပိုပါစေ။ ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့။ အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊အပြုံးတွေနဲ့ ခွဲခွါကြမယ်။အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့....

အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊အပြုံးတွေနဲ့ ခွဲခွါကြမယ်

Posted by : လက်တွဲဖော် 0 Comments
နေနဲ့လနှုတ်ဆက်နေတဲ့အချိန်မှာ ငါတောင်းဆုတစ်ခု ခြွေပါရစေ မနက်ဖြန်တွေများစွာမှာ မင်းမပါပဲ ငါမလျှောက်ချင်ဘူး မင်းစကားနဲ့ အသက်ရှင်ချင်တယ် ..

မင်းစကားနဲ့

Posted by : လက်တွဲဖော် 0 Comments
(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကို သူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ… ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရနိုင်ဘူး။ (၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။ (၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။ သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။ (၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။ (၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် …. မေးပါရစေ…. စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား! (၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။ (၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။ (၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ ဖြစ်တယ်။ တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ ခွဲမထွက်သွားချင်လို့ ဖြစ်တယ်။ တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူအလေးမထားတော့လို့ဖြစ်တယ်။ (၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ အဲဒီသဘောတရားက ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ မချစ်မိနိုင်ဘူး။ (၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့… ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်ပါတယ်။ ကိစ္စလေးတစ်ခုကို မေ့တာနဲ့ သင့်ကို သူမချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်ပါနဲ့။ (၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားတွေက မဟုတ်ဘူး။ (၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ဘူး။ သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။ (၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့ လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။ (၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်းရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။ (၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။ (၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ သင့်ကို နောင်တရစေလိမ့်မယ်။ (၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။ (၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ဘူး။ (၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကိုမချစ်လေ ဖြစ်တယ်။ (၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး… စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာတွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားနဲ့။ (၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့….. သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။ (၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။ ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။ (၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။ (၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင် သေးစေပါတယ်။ (၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။ လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။ (၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူ့ရဲ့စိတ်များတယ်၊ တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့ မခန့်မှန်းနိုင်ဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို သူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။ (၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။ (၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။ (၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။ မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။

“မိန်းကလေးတိုင်းဖတ်သင့်တဲ့ စကားလက်ဆောင် ၂၉ ခွန်း”

Posted by : လက်တွဲဖော် 0 Comments
တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........ "ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ" ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က "ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား"ဟု မေးလိုက်လေ၏ ။ နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ ဘုရားသခင်ကဆက်ပြောပြသည်.... ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး.... "ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ်"ဟု ဖန်တီးနေရင်းမှ ရှင်းပြသည်။ ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ "လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ"ဟု ပြောပြီးခေါင်းခါနေပြန်၏ ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ... "ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား"ဟု ထပ်မေးပြန်၏ "ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်" ဟု ဘုရားသခင်က ဆက်ပြောပြန်၏ "ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ" "..........." "နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ်" နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ "နူးညံ့လွန်းလှချည်လား" "ဟုတ်တယ် နူးညံ့တယ်...ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်" "သူမကတွေးတတ်လား"ဟု နတ်သမီးကမေးလိုက်ပြန်ပါသည်။ "တွေးတတ်ယုံတင်မကပါဘူး....အကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်" နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏ "ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး" "ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်" "ဘာအတွက်လဲ" "သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ" ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။ "သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်" ဟုဆိုလိုက်သည်။ ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည်။ "ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ်။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်" "သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်" "အဲ့ဒီလောက်တောင်ပဲလား" "ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် " "အို...." "သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး" "သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်" နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ "သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့  သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်" "............" "အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်" "ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်" "ဘယ်လို" နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏ "ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ" "ဘာချို့ ယွင်းချက်လဲ" "သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှု့ တွေကို မေ့နေတတ်တယ်" "ဟင်" "နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"ဟု ပြောပြီးသူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။

မိန်းကလေးတွေ မမေ့ကြနဲ့နော်...... :)

Posted by : လက်တွဲဖော် 0 Comments
၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေးတယ်ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရတယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင်တတ်ကြသည်။ ၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့ လှည့်စားလို့ရတယ်။ ၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့် ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ်များတယ်လို့ ထင်ကြတယ်။ ၄) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာ စိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဥာဏ် ရချင်လို့ မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကို နားထောင်ပေးမယ့်လူ ရှိဖို့ပါပဲ။ ၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကို စာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။ ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာ မရှိအောင် စာတွေ အများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။ ၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။ ၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲ သုံးတယ်။ ၈) အချစ်ရေးမှာ အဆင်ပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး (ပြန်တွေးပြီးရင်ခုန်နေလို့)။ အချစ်ရေး အဆင်မပြေတဲ့ ယောက်ျားလေးတွေက အလုပ်ကို စိတ်ဝင်မစားကြဘူး။ ၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။ ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန်မြေပုံကို ကြည့်တတ်ကြတယ်။ မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။ ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်း ကြော်လှော်နေလို့ရတယ်။ ၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂၀ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။ ၁၁) ယောက်ျားလေးတွေရဲ့ ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့ အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့ အစိတ်အပိုင်းရှိတယ်။ ဒါကြောင့် ယောက်ျားလိင်တူ ချစ်ကြိုက်နှုန်းဟာ မိန်းကလေးလိင်တူ ချစ်ကြိုက်နှုန်းထက် များခြင်းဖြစ်တယ်။

ယောက်ျားနဲ့မိန်းမ

Posted by : လက်တွဲဖော် 0 Comments
အချစ်မှာ တဏှာ ၊ လောဘ ဆိုတာတွေမရှိဘူး ……. ပေးဆပ်စွန့်လွှတ်ရဲမှလည်း အချစ်စစ်လို့မခေါ်ဘူး ……. လိုချင်တပ်မက်မှုတွေကင်းပြီး ဖြူဖြူစင်စင်လေးချစ်နိုင်မှ အချစ်သန့် တာ ……. အချစ်စစ်ဖို့ထက် အချစ်သန့်ဖို့ က အရေးကြီးတယ် ……. ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အားလုံး အချစ်သန့်သန့်နဲ့ချစ်နိုင်ကြပါစေ လို့ …………………….

အချစ်သန့်သန့်

Posted by : လက်တွဲဖော် 0 Comments
စတွေခဲ့တာ တစ်နှစ်ကျော် မောင် ပြောင်းလဲလာသည်
"မမ".."မောင်" ချစ်တယ်နော်တဲ့ နောက်တတ် ပြောင်တတ် စတတ်သည့်
´"မမ.". ကို "မောင်" စနေတယ် နောက်ပြောင်ကျီစယ်နေတာ ထင်မိသည်..

ချစ်တာများ လွယ် မှ လွယ် ပေးနင့်လက်ကို .. "မမ"
ခြစ်တာ သက်သေပြမယ်နော်…ပြောပြောဆိုဆို.. မောင့်လက်ကိုဆွဲ၍ လက်သည်းရှည်နှင့် ကုတ်ခြစ်မိသည်.. အားးးးနာလိုက်တာ…မမရာမောင့်ကို


တကယ်လုပ်ရက်တယ်နော် အေးလေ မောင်ရယ် ဒါအစပဲရှိသေးတယ်လေ နောက်ဆို.......
.""မမ""ကို ချစ်ရင်ဒီထက်နာမှာ သိလား.. ဒါ မောင့်ကို နမူနာပြတာပါ …ဒါနောက်တာမဟုတ်ဘူးနော်.. မောင်.. မချစ်နဲ့နော် ဘယ်မိန်းမလေးမှ မချစ်နဲ့နော်သိလားနော်…
ဟောဗျာ………
"မမ.".ကို "မောင်ချစ်တာ ဒီထက်နာကျင်ရင်လည်း မောင်
အဲ့ဒီနာတာလေးပဲ ခံလိုက်တော့မယ်နော်.. မမရယ်ပြန်ချစ်ပါနော်.."
ရော့ မကြေနပ်သေးရင် နောက်လက်တစ်ဖက်
"မမ"စိတ်ချမ်းသာသလို ကုတ်ခြစ်ပေတော့နော်….."မမ" ကို မှ"မောင် "ချစ်ပဲ
မနေနိုင်တာ .တကယ်ဆို အချစ်ပဲလိုတယ်လေနော်….. "မမ" ကိုချစ်မိသွားတာ
မောင့် စိတ်ပြောင်းလဲသွားတာ."မမ"ရဲ့ ပွင်းလင်းဖော်ရွှေတာကို

ချစ်လို့ပါ မမ နော် နည်းနည်းလေးဖြစ်ဖြစ် မောင့် ကို စိတ်ချမ်းသာအောင်
ပြန်ချစ်နော်………

"မောင်၏ ညူကလ**ယားတိုက်စစ်ကို မမ ..အတတ်နိုင်ဆုံးဝှေ့ပတ်၍

ရှောင်တိန်းနေရသည် ရင်ထဲမှာတော့ မောင့် ကို
စတွေ့သိတည်းက ချစ်မိနေတာလေ"….
မောင်ကတော့ သိမှာမဟုတ် ခုမှ ဘာစိတ်ကူးပေါက်ပြီး ချစ်ရေး ဆိုတာလည်း နားမလည်ခဲ့ မောင်နဲ့ စကားပြောဆို ရယ်မော နောက်ပြောင်နေရတာကို "မမ".စိတ်ချမ်းသာခြင်းဖြစ်နေမိသည်

အင်းပါမောင်ရယ်… ခဏစောင့်ကြည့်မယ်နော်…ချစ်တယ် ပြောတဲ့လူတိုင်း.. "မမ.".ပြန်မချစ်
တတ်ဘူးမောင်ရဲ့နော်.. မောင်လည်းသိသားနဲ့
"မမ"အကြောင်းကိုနော်…….

အင်းပါ…..မမသဘော.. မမ စိတ်ချမ်းသာပြီးရော မောင့်ကိုတော့ပြန်ချစ်နော်….

မမရဲ့ ပုံစံက ရဲရဲတင်းတင်းနေထိုင်၍…ပြောစရာရှ
ိ အားမနာတတ် ဆံပင်ကလည်းအတိုနဲ့ ဆံပင်ရှည်လာရင် စိတ်ရှုပ်တတ်တယ်ဆိုပြီး ဆံပင်ကိုအရှည်မထားတတ် ပုခုန်းထက် ဘယ်တော့မှ မကျော်ပေ .အလုပ်မရှိ ဒီံဆံပင်တိုတိုလေးကို ၃ရက်တစ်ခါ ခေါင်းလျှော်လာတတ်သည်…
"မမ"ရာ
ခေါင်းခဏခဏမလျှော်ပါနဲ့ ခဏခဏ ဖျားနာနေတာ
ပြောမိလျှင် မောင်ရာ….ဒီဆံပင်က.တိုတိုလေး ရေ
ချက်ချင်းခြောက်ပါတယ်နော်.အနံ
အသက် ကို" မမ"မ ကြိက်ဘူး လူလူခြင်း ကပ်ထိုင်လို့ အနံ့ရရင် "မမ "အော်ဂလီဆန်တတ်တယ်
ကိုယ့် ကို ကိုယ် လည်း "မမ"သန့်ရှင်းနေမှ မွှေးနေ မှ "မမ" စိတ်ထဲ
အနံကို ထူးထူးခြားခြား အာရုံခံတတ်သလားပဲစိတ်ထဲလည်း ရွံရှာတတ်သည် "မမ" အင်္ကျီလက်ပြတ်ဝတ်တာ သဘောကျတယ်..လက်ရှည်ကစိတ်ရှုပ်
တယ်
"မမ".. စိတ်ထဲမှာ တော်တော်ကသိကအောင့်နိုင်တယ်..
ဟန်ဆောင်ရတာမှန်သမျှကို

ဟန်ဆောင်ပီးပြောခဲ့ တာ မှန်သမျှ ကို ပြောသာပြောခဲ့ တာ
ရင်ထဲက စိတ်က လက်မခံဘူး ..ကိုယ့် ဘာသာ ကိုယ်ပြန်ချဉ်နေတတ်တယ်
စိတ်ကအဲ့လို "မမ"ကို မြင်ရင် စကားပြောမိရင်
ပြောချင်တာ ပြောတတ်လို့  တော်တော်တန်တန် လူတွေက
သွေးပျက်တယ်… အထင်သေးတယ် ဒါပေမဲ့"မမ "ပြောတာ ဖြစ်နေတာတွေကိုပဲ ပြောတာလေ အဖြစ်မှန်တွေလေနော် "မမ"က ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်း ရှင်သန်နေထိုင်ချင်တာ

မောင်…".မမ"ကိုချစ်တာ တော်တော် သည်းခံနေရတယ်ထင်တယ်.မိန်းမပေါပါတယ်ဟာ
သွား ဘယ်သူ့ဖြစ်ဖြစ် ချစ်လိုက်နော်……
"မမ" ပြောမိတယ်…..။စိတ်ထဲကတော့ ဘယ်ပါ ပါ့မလည်း

"မမ"ကို မောင် တန်ဖိုးထားစေ့ချင်တာလေ ချစ်တယ်ဆိုတာ နီးတာ ဝေးတာ
မဆိုင်ဘူးထင်မိလို့ပြောမိတယ.်..
..
အတူတူ နေနေထိုင်နေမှ မဟုတ်ဘူးလေနော်…..တကယ်လို့အတူတူ
မရှိချိန်ကြရင်
မောင်.."မမ"ကို အနေဝေးလို့ သွေးအေးပြီး မချစ်ရင်ဆိုတဲ့ အတွေး
ဖြန့်ကြက်မိတော့ ချက်ချင်း အဖြေမပေးဖြစ်တာပါ။

"မမ" အဖြေ မပေးဖြစ်လိုက်တာမှန်တယ် ခု ကောင်မလေး တစ်ယောက်နဲ့ ချစ်သူ

ဖြစ်နေတယ်ဆိုပြီး မောင်နဲ့ မမတို့ သူငယ်ချင်း စိုင်းနောင် "မမ"ကိုလာပြောတယ်
တော်တော်ကို မိန်းမပီသတယ် သိမ်မွေ့တယ် အက်ျီဝတ်တာကလည်း
လက်ရှည်လေး လက်စကလေးတွေပဲဝတ်တာ ဆံပင်အရှည် ကြီး
သနတ်ခါးပါးကွက်ကြားလေးနဲ့ ချစ်စရာလေး "မမ"ရာ "မောင်မောင်"တော့
ကံကောင်းတယ်သိလားးး
"မမ "ချစ်ရဲ့သားနဲ့ အချိန်ဆွဲနေတော့ ဟိုကောင် "မောင်မောင်"

သူများနောက်ပါသွားတာပေါ့တဲ့ ခု မောင်မောင်တွဲနေတဲ့ ကောင်မလေးက
အေးဆေးတည်ညိမ်တယ် သူ့ ကို မြင်ရင် သူနဲ့  စကားပြောမိရင်
အထင်ကြီးလေးစားဖို့ကောင်းတယ် စကားပြောလည်း နူးညံတယ် ချိုသာ
ပြေပြစ်တယ် မြင်သူတိုင်းကလည်း သူ့ကိုချစ်တယ် ။
"မမ"ရေ "မောင်မောင်"တော့ ခုတွဲနေတဲ့ ကောင်မလေးနဲ့ ယူဖြစ်မယ်ကြားတယ်။
စိုင်းနောင် တစ်ယောက် မောင်မောင့် ကောင်မလေးအကြောင်း ပြောဆိုနေတာကို
နားထောင်နေရင်း
"မမ" …ဟန်ဆောင်ပြုံးနေရပါတယ် အေးပါ စိုင်းနောင်ရယ် နင့်တောင်သူ့ကို
ကြိုက်မိနေဦးမယ်ဟာနော် သတိထားနေပေါ့နော် တော်ကြာ မောင်မောင့်ရည်းစား

စိုင်းနောင်နဲ့ညားဆိုပြီး ငါ အော်ဆိုနေရမယ်နော် သူကံကောင်းတာပေါ့
ငါတို့သူငယ်ချင်း မောင်မောင်နဲ့ သူ့
ကောင်မလေးလိုက်တာပေါ့….နင်နဲ့ေ
တာ့လိုက်ဘူးနော်
"မမ" ….စနောက်လိုက်တာကို စိုင်းနောင်တစ်ယောက် စိတ်ဆိုးပြီး
မျက်နှာကြီးက ဒေါသတွေထွက်လို့
"မမ" နော်… ငါ့ကို နင် ပေါက်ကရတွေ တအားပြောတာ ဒါကြောင့် ကျန်ရစ်တာ
တော်သေးတယ် ဟိုကောင် မောင်မောင် ကံကောင်းတယ် သိလား မမ နင်နဲ့လွဲလို့
နော် ပြောပြောဆိုဆို စိုင်းနောင် ဒေါသထွက်ပြီး ပြန်သွားတယ်…..

"မမ" …
ရယ်မောကျန်ခဲ့တယ် သူ့ကိုစနောက်နေပေမဲ့ မမရင်ထဲမှာ.... နင့်နင့် သည်းသည်း
တစ်စုံတခုက ရင်ဝကိုထိုးချလိုက်သလို " မမ" ရင်ဘတ်တွေအောင့်ပြီး
စူးရှနာကျင်နေတယ်..
"မမ" စိုင်းနောင်ပြန်သွားမှ နှတ်ခမ်းကိုက် ကျနေ တဲ့ မျက်ရည်ကို
မညာမတာ ပွတ်သုတ်ပြစ်တယ် နောက်ထပ် မကျနဲ့နော် ဒီမျက်ရည် ဒါနောက်ဆုံးနော်
လုံးဝထပ်မကျရဘူးဆိုပြီး ကိုယ်ကိုကိုယ် သတိပေးပြီး
စိတ်ကို ခက်ထန်အာင် မွေးမြူရင်း အံ တင်းတင်းကြိတ်လိုက်မိပါတယ်။
"မောင်မောင်"ရေ နင်က ငါ့ရင်ထဲမှာ ချစ်သူအဖြစ်ကနေ

သူငယ်ချင်းအဖြစ်ပြောင်းလိုက်ပြီ
နော် ငါ နင့်အတွက် နေရာလေးတစ်နေရာ
တိတ်တိတ်လေးပေးထားတာ ခုတော့ ငါ ဖျက်လိုက်ပြီ သူငယ်ချင်းရေ။

မောင်မောင်နဲ့ မတွေဖြစ်တော့တဲ့နောက်ပိုင်း အေးဆေးငြိမ်သက်နေတဲ့ "မမ"

အခု "မောင်မောင့်"အကြောင်းပြန်ကြား
ရပြန်တယ် စိုင်းနောင် နဲ့ တွေ့တော့
"မမ"ကိုပြောစရာ ပါလာတယ်…. ဟိုကောင်"မောင်မောင် "သူ့"မိန်းမ"
သူ့ကို အခု ပြစ်ထားခဲ့ပီ နောက် တစ်ယောက် နောက်လိုက်သွားတယ် ခုဒီကောင်
တော်တော်စိတ်ထိခိုက်နေတယ်။

"မမ".... ကြားကြားခြင်း တော်တော်စိတ်မကောင်းဖြစ်သွားတယ် ပြီးတော့မှ
ဟက်ဟက် ပက်ပက် ရယ်မော လိုက်မိတယ်.........
စိတ်မကောင်းပါဘူး သူငယ်ချင်းးးး မိန်းမလေး တစ်ယောက်ကို
အပြောအဆို သိမ်မွေ့ နူးညံ အ၀တ်အစား လုံလုံခြုံခြုံ ၀တ်တိုင်း
အေးဆေးတည်ငြိမ်တယ် ထင်နေတဲ့ နင့်ကိုလေ ငါ မပြောဖြစ်လိုက်တဲ့ စကားလေး
ပြောပြလိုက်ချင်တာ သိလား လူတစ်ယောက်မှာ အတွင်းစိတ်ထားက အဓိကပေါ့
"မောင်မောင်ရယ် "ဘယ်လိုဝတ်စား နေထိုင်နေထိုင် သူ့ရဲ့ စိတ်ထား
အတွင်းဖောက်ပြန်နေရင် ဘယ်လိုလုပ်မလည်း ဆိုတာ အစထဲက
နင်သိသင့်တာပေါ့ "မောင်မောင်ရယ်"…နင် နဲ့ငါ အတူတူ အိမ်ထောင်တစ်ခု

ထူထောင်ရင် ဒီလိုအဖြစ်မျိုးတွေ ငါတွေ့နေ မြင်နေကြားနေရတော့ ချက်ခြင်း
ချစ်သူဆိုတဲ့ဘ၀ကို အိမ်ထောင်ဆိုတဲ့ လောကကို မပြောင်းလဲမိတာပါ
ငါကဘ၀ကို ပေါ့ပေါ့ပါးပါး ရိုးရှင်းစွာ နေထိုင်ချင်ယုံ သက်သက်ပါဟာ
ခုတစ်ကြိမ်လည်းးး ငါ စိတ်မကောင်းစွာနဲ နင့်အတွက့်  ရင်ထဲ
နင့်နင့်သည်းသည်း ခံစားရင်း
မျက်ရည်တစ်ပေါက် ငါ မသိလိုက်တဲ့အချိန်မှာပဲ ငါ့မျက်ဝန်းကနေ တဆင့် ငါ့
ပါးပေါ်ကို ခုန်ဆင်းလိမ့်ကျလာတယ် ………..
ငါလေနင့်အတွက် စိတ်မကောင်းပါ ဘူး မောင်မောင်။


♥♥ငါ မပြောဖြစ်လိုက်တဲ့ စကားလေး တစ်ခွန်းက စိတ်အတွင်း မဖောက်ပြန်တာ

အဓိကပါ မောင်မောင်ရယ်. ရုပ်ရေ အ၀တ်အစား အနွဲ့အမြူ ခယာတာ
အပေါ်ယံ ဟန်ဆောင်ထားမှု့ဆိုတာကို နင်သိသင့်ပါတယ်...မောင်မောင်ရယ်
်♥♥♥………

ချစ်သူ ရည်းစားဘ၀မှာ လူတိုင်း ချစ်သူ၏ စိတ် အတွင်းအကျင့်စရိုက်

မခန့်မှန်းနိုင်ပါဘူးနော် ဒါကြောင့် ငါ စောင့်ကြည့်မိတာပါ မောင်မောင်
…နင်ကို ချက်ချင်း အဖြေမပေးတာကလည်း
အိမ်ထောင်ရေးဆိုတာ မမြင်ရဘူး ဘ၀မှာ ထင်သလောက် မလွယ်ဘူး

ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း သိနိုင်လား မထင်မှတ်တာတွေ ဖြစ်တတ်ပါတယ်
"မောင်မောင်"....………..
ငါလေနင့်အတွက် စိတ်မကောင်းပါ ဘူး မောင်မောင်။


Waiting of a princess

ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း♥မ..မ♥

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -