Archive for 10/22/12



***** အချစ်တစ်ခုတည်း *****

 ပန်းကလေး တစ်ပွင့်ကြောင့်
ကမ္ဘာကြီးတစ်ခုလုံး
မမွှေးနိုင်ပါဘူး.......
ချစ်သူ
နှင်းကလေး တစ်စက်ကြောင့်
ကမ္ဘာကြီးတစ်ခုလုံး
မအေးမြ နိုင်ပါဘူး
ချစ်သူ
ပိုးစုန်းကြူးလေးရဲ့
အလင်းရောင်ကြောင့်
ကမ္ဘာကြီးတစ်ခုလုံး
မထွန်းလင်း စေနိုင်ပါဘူး
ချစ်သူ.......
လောကကြီးမှာ ဘယ်အရာမှ
တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ပေမယ့်
ငယ့်အတွက်တော့
နင့်ရဲ့
အချစ်တစ်ခုတည်းနဲ့ကို့ဘဝ
ပြည့်စုံနိုင်ပါတယ် ချစ်သူရယ်...... ။ ။

အချစ်တစ်ခုတည်း

Posted by : လက်တွဲဖော် 0 Comments

တစ်ခါတစ်လေ နင့်ကို တမင်မဆက်သွယ်ပဲ ပစ်ထားကြည့်တယ် ...
နင်များငါမရှိရင် မနေနိုင်ပဲ။ ငါ့ကို စပြီးဆက်သွယ်မလားလို့ပါ
ဒါပေမယ့် စမ်းသပ်တိုင်း နင်မရှိရင် ငါမနေနိုင်ဘူးဆိုတာ ပိုပြီး သေချာလာတယ် ။

တစ်ခါတစ်လေ

Posted by : လက်တွဲဖော် 0 Comments

ချစ်သူ နင့်ဘက်ကပြောင်းလဲနေတယ်ဆိုတာသတိထားမိရဲ့လား ...

တစ်ချိန်က ငါ အသံကျယ်ကျယ်ပြောတော့ ပွင့်လင်းတယ်တဲ့ အခုတော့ နင့်ကိုရန်လိုတယ်လို့ထင်နေပြီ

တစ်ချိန်က ငါ နင့်ကိုဘယ်သူနဲ့မှစိတ်မချပဲသ၀န်တိုတော့ အဲ့လောက်တောင်ချစ်တာပဲလားတဲ့ အခုတော့ အလကားနေရင်း စွပ်စွဲနေတယ်လို့ထင်နေပြီ

တစ်ချိန်က ငါ စိတ်ကောက်ပြီးဖုန်းချရင် မရမချင်းပြန်ခေါ်ပြီးလေပြေသွေးတယ် အခုတော့ မက်စေ့လေးတစ်ကြောင်းပို့တယ် ... ( နင့်ဘက်ကဖုန်းအရင်ချတာနော် ) တဲ့

နင့်ဘက်ကပြောင်းလဲနေတယ်

Posted by : လက်တွဲဖော် 0 Comments

တကယ့်အချစ်ဆိုတာ
အချိန်ကို အောင်နိုင်ရတယ်
နှစ်လရက်တွေကို ထိန်းထားနိုင်ရတယ်
ခွဲခွာခြင်းကို ကြံ့ကြံ့ခံနိုင်ရတယ်
လွမ်းဆွတ်ခြင်းကို တောင့်ခံနိုင်ရတယ်


ပါးစပ်က ချစ်တယ် ချစ်တယ်ပြောပြီး သင်နဲ့တဖြေးဖြေးဝေးဝေးသွားရင် ဒါဟာ လိမ်ညာတာပဲ
တကယ်ချစ်တယ် တကယ်ချစ်တယ်ဆိုပြီး ဘာဆင်းရဲဒုက္ခမှမခံနိုင်ရင် ဒါဟာ လှည့်စားတာပဲ
တကယ့်အချစ်ဆိုတာ နောက်ဆုံးရလဒ်နဲ့ အဖြေထုတ်တယ်
အဖြေထုတ်စရာမရှိရင်တော့ ဒါဟာ ချစ်ခဲ့ဖူးတာပဲရှိမယ်
တကယ်ချစ်တာမှ မဟုတ်ခဲ့တာ....

တကယ့်အချစ်ဆိုတာ

Posted by : လက်တွဲဖော် 0 Comments

လွမ်းတယ် ဆိုတဲ့ စကားထက် ပိုလွမ်းတယ် ...
ချစ်တယ် ဆိုတဲ့ စကားထက် ပိုချစ်တယ်...
တခါတလေကျရင် ခံစားချက်ကို ဖော်ပြဖို့ စကားလုံးဆိုတာတွေနဲ့ မလုံလောက်တော့ဘူး...
နှလုံးသားထဲကထွက်လာတဲ့ အနက်ရှိုင်းဆုံးခံစားချက်အတွက် သက်သေပြဖို့ ထိုက်တန်တဲ့ စကားလုံးမရှိနိုင်ပါဘူး ...
ဒါကြောင့် ငါ့နှလုံးသားရဲ့ခံစားချက်ကို မင်းနှလုံးသားနဲ့ခံစားပြီးဘာသာပြန်လှည့်ပါ ...
ငါနဲ့ရင်ခုန်သံချင်းထပ်တူညီရင်တော့ မင်းနားလည်နိုင်မှာပါ ...

လွမ်းတယ် ဆိုတဲ့

Posted by : လက်တွဲဖော် 0 Comments

 
ဒါလေးကတော့ Love Test လေးပါ ...
စာရွက်လေးထဲမှာ အဖြေကိုရေးထားပြီး နောက်မှ ဖြေရှင်းချက်လေးနဲ့ ပြန်တိုက်ကြည့်ကြနော် ...
ကဲစပါပြီ ...

အခု မင်းရဲ့ချစ်သူအိမ်ကို လမ်းလျှောက်နေတယ်လို့ စိတ်ကူးထားလိုက်ပါ ...

၁)
မင်းကအခုမင်းရဲ့ချစ်သူအိမ်ကိုလမ်းလျှောက်ပြီးသွားနေပါတယ်။ မင်းချစ်သူရဲ့အိမ်ကိုသွားဖို့ လမ်းနှစ်လမ်းရှိတယ်တဲ့။
တစ်လမ်းကတော့ - ဖြောင့်ဖြောင့်တန်းတန်းသွားရမယ့်လမ်းလေးပါ။ မင်းချစ်သူရဲ့အိမ်ကို မြန်မြန်ရောက်သွားနိုင်တယ်။ ဒါပေမယ့် လမ်းမှာ ဘာမှလဲမရှိဘူး။ ပျင်းဖို့ကောင်းတဲ့လမ်းလေးပေါ့။
နောက်တစ်လမ်းကတော့ - ကွေ့ပတ်ပြီးတော့သွားရမယ်။ လမ်းမှာတော့ စိတ်ဝင်စားစရာအပြည့်ပေါ့။ ရှုခင်းလေးတွေလဲလှတယ်။ ဒါပေမယ့် မင်းချစ်သူရဲ့အိမ်ကိုရောက်ဖို့ အချိန်တော့နဲနဲကြာလိမ့်မယ်တဲ့။
ကဲ ...
မင်းဘယ်လမ်းကိုရွေးမလဲ? တိုတဲ့လမ်းလား / ရှည်တဲ့လမ်းလား?

၂)
သွားနေရင်း လမ်းခရီးတစ်နေရာမှာ နှင်းဆီပန်းခင်း နှစ်ခင်းကိုတွေ့လိုက်ရတယ်တဲ့။ ပထမတစ်ခင်းက အဖြူရောင်နှင်းဆီတွေပဲ ပွင့်နေကြတယ်။ ဒုတိယတစ်ခင်းက အနီရောင်နှင်းဆီတွေပဲပွင့်နေတယ်တဲ့ ..။
မင်းက အဲဒီ့နှင်းဆီပန်းတွေထဲက ၁၀ပွင့်ကို မင်းချစ်သူကိုလက်ဆောင်ပေးဖို့ခူးသွားမယ်လို့စိတ်ကူးလိုက်တယ်။
မင်းဘယ်အရောင်ကိုဘယ်နှစ်ပွင့်စီယူသွားမယ်စိတ်ကူးလဲ။
(အဖြူနဲ့အနီ အရောလဲ ရသလို .. အကုန်အဖြူ အကုန်အနီဆိုလဲ ရပါတယ်)

၃)
နောက်ဆုံးမှာ မင်းချစ်သူရဲ့အိမ်ကိုရောက်သွားပါပြီ။ တံခါးဘဲလ်ကို တီးလိုက်တော့ အိမ်အကူအဒေါ်ကြီးက ပြန်ထူးသတဲ့။
မင်းအိမ်ထဲကိုဝင်လိုက်တယ်။ ချစ်သူက စာဖတ်ခန်းမှာ စာဖတ်နေတယ်တဲ့။
အိမ်အကူအဒေါ်ကြီးကို မင်းချစ်သူကိုခေါ်ပေးဖို့ပြောမလား / မင်းဟာမင်း မင်းချစ်သူကို သွားခေါ်မလား။

၎)
ပြီးတော့ မင်းက မင်းချစ်သူရဲ့အခန်းဆီတက်သွားတယ်တဲ့။ အခန်းထဲမှာ ဘယ်သူမှမရှိဘူး။ မင်းယူလာတဲ့ နှင်းဆီတွေကို မင်းချစ်သူအခန်းထဲက ပြတင်းပေါက်ဘောင်မှာပဲဖြစ်ဖြစ် အိပ်ယာပေါ်မှာပဲဖြစ်ဖြစ် တင်ထားလို့ရနိုင်တယ်။
မင်းဘယ်မှာထားခဲ့မလဲ။ အိပ်ယာပေါ်လား / ပြူတင်းပေါက် ဘောင်မှာလား။

၅)
မင်းချစ်သူနဲ့ စကားကောင်းနေလိုက်တာ အချိန်တော်တော်လင့်သွားပါပြီ။ ဒါကြောင့် ပြန်ဖို့နောက်ကျနေတော့ ချစ်သူအိမ်မှာပဲ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။
ကဲ... အခုတော့ .. အိပ်ယာဝင်ဖို့အချိန်ရောက်ပါပြီ။ မင်းနဲ့မင်းချစ်သူဟာ တစ်ခန်းစီ အိပ်ကြပါတယ်။ မင်းမနက်နိုးလာတဲ့အခါမှာ မင်းချစ်သူရဲ့အခန်းကိုသွားပြီး ချစ်သူကိုသွားကြည့်တယ်။ အခန်းထဲကို ၀င်လိုက်တဲ့အချိန်မှာ ..
မင်းချစ်သူဟာ နိုးနေပြီလား / အိပ်နေတုန်းလား။

၆)
အခု အိမ်ပြန်ဖို့အချိန်ရောက်ပါပြီ။ အပြန်လမ်းမှာ ထုံးစံအတိုင်းပဲ လမ်းနှစ်သွယ်ကိုပြန်ရွေးရပါဦးမယ်။ လျှင်လျှင်မြန်မြန်ပြန်နိုင်ပေမယ့် ပျင်းဖို့ကောင်းတဲ့လမ်းကို အပြန်လမ်းအဖြစ်ရွေးမလား။ နဲနဲကြာနိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ လမ်းလေးကိုပဲ

အပြန်လမ်းအဖြစ်ရွေးမလား။
.
.
.
ကဲပြီးပါပြီ.. အဖြေတွေနဲ့ရှင်းလင်းချက်တွေကို ဖတ်လို့ရပါပြီ .. (^_^) ..
.
.
.
၁)
မင်းချစ်သူဆီကိုသွားဖို့ ဘယ်လမ်းကိုရွေးချယ်လိုက်ပါသလဲ?
အဲဒီ့လမ်းတွေက မင်းရဲ့ ချစ်ကျွမ်းဝင်နိုင်မှု အနေအထားကိုဖော်ပြနေပါတယ်။
လမ်းတိုလေးကိုရွေးလိုက်မယ်ဆိုရင် လူတစ်ယောက်ကို လျှင်လျှင်မြန်မြန် လွယ်လွယ်ကူကူနဲ့ ချစ်သွားတတ်တဲ့ စိတ်မျိုးရှိတဲ့သူပါ။
လမ်းအရှည်ကိုရွေးလိုက်ရင်တော့ မင်းဟာ လူတစ်ယောက်ကိုချစ်မိသွားနိုင်ဖို့ အချိန်တော်တော်ယူရတယ်တဲ့။ လွယ်လွယ်ကူကူနဲ့ချစ်သွားလေ့ရှိတဲ့သူမျိုးလဲ မဟုတ်ပါဘူး။

၂)
ချစ်သူအတွက်နှင်းဆီပန်းလေးတွေကိုခူးသွားတဲ့အခါ အရောင်ရွေးချယ်မှုအတွက်ပါ။
အနီရောင်နှင်းဆီအရေအတွက်ဟာ မင်းရဲ့ ချစ်သူအပေါ်မှာ မင်းပေးဆပ်လိုတဲ့ နှုန်းထားပါပဲ ..။
အဖြူရောင်နှင်းဆီအရေအတွက်ဟာ မင်းရဲ့ ချစ်သူဆီကနေ ပြန်ရဖို့မျှော်လင့်ထားတဲ့ နှုန်းထားပါပဲ ..။
ဥပမာ - အနီရောင် ၉ ပွင့်နဲ့ အဖြူရောင် ၁ပွင့် ယူမယ်လို့ဆုံးဖြတ်ထားရင် .. မင်းဟာ မင်းချစ်သူကို ၉၀% လောက်ပေးဆပ်မယ် .. ဒါပေမယ့် သူ့ဆီက ၁၀%လောက် ပြန်ရဖို့ မျှော်လင့်ထားတယ်တဲ့ ။

၃)
ဒီမေးခွန်းဟာမင်းရဲ့ ချစ်မှုရေးရာတွေအပေါ်မှာ ဖြေရှင်းတဲ့သဘောထားကို ပြသပါတယ်။
အကယ်၍ မင်းဟာ အိမ်အကူအဒေါ်ကြီးကတဆင့် ချစ်သူကိုခေါ်ခိုင်းမယ်ဆိုရင်..
မင်းဟာ ချစ်သူနဲ့ ပြဿနာတစ်ခုခုဖြစ်ရင် ကြားထဲကနေ ၀င်ပြီး စေ့စပ်ဖြန်ဖြေပေးမယ့်သူကို အမြဲတမ်းအကူအညီတောင်းတတ်လိမ့်မယ်။ ပြောရရင်တော့ မင်းဟာ ပြဿနာတစ်ခုဖြစ်လာရင် ရှောင်လွဲတတ်တဲ့စိတ်မျိုးရှိတဲ့သူပါ။
အကယ်၍မင်းချစ်သူကိုမင်းကိုယ်တိုင်သွားခေါ်မယ်ဆိုရင်တော့ မင်းဟာတဲ့တိုးကျတဲ့သူပါတဲ့။ အကယ်၍ပြဿနာတစ်ခုဖြစ်လာရင် မျက်နှာချင်းဆိုင်ရင်ဆိုင်တယ်၊ သေချာဖြေရှင်းတယ်။ မှန်မှန်ကန်ကန်နဲ့ အဆင်ပြေသွားဖို့ကြိုးစားတယ်

၎)
နှင်းဆီပန်းတွေကိုဘယ်နားထားမလဲ။ ပြတင်းပေါက်ဘောင်ပေါ်မှာလား၊ အိပ်ယာပေါ်မှာလား။
ဒီလိုနေရာထားမှုဟာ မင်းချစ်သူကို မင်းဘယ်လောက် တွေ့မြင်ချင်လဲဆိုတာကို ရည်ညွှန်းပါတယ်။
အိပ်ယာပေါ်မှာတင်ထားလိုက်မယ်ဆိုရင် မင်းချစ်သူအပေါ် စိတ်ချလက်ချထားနိုင်ဖို့တော့ လိုအပ်နေသေးပါတယ်။ မင်းဟာ မင်းချစ်သူကိုနေ့တိုင်းတွေ့ချင်နေတယ်တဲ့ .. ဖြစ်နိုင်ရင်ပေါ့လေ ..။
ပြတင်းပေါက်ဘောင်ပေါ်မှာတင်ထားမယ်ဆိုရင်တော့ မင်းချစ်သူကို အမြဲတမ်းတွေ့နေရဖို့မမျှော်လင့်ထားဘူးတဲ့။ ချစ်သူနဲ့မတွေ့ရလဲ အဆင်ပြေပြေနေနိုင်တယ်ဆိုပဲ ..။

၅)
မင်းချစ်သူကို နိုးနေတာနဲ့မြင်လား / အိပ်နေတာနဲ့မြင်သလား။
အကယ်၍ အိပ်နေတယ်လို့ မြင်တယ်ဆိုရင်တော့ မင်းဟာ မင်းချစ်သူသဘောကျနေတာကို လက်ခံပေးနိုင်ပါတယ်တဲ့။ နားလည်ပေးနိုင်တဲ့သဘောပါပဲ။
တကယ်လို့ နိုးနေတယ်လို့ မြင်တယ်ဆိုရင်တော့ မင်းဟာ မင်းချစ်သူကို မင်းစိတ်ကြိုက်ပုံစံကို ပြောင်းလဲဖို့ မျှော်လင့်ထားတယ်တဲ့။

၆)
နောက်ဆုံးတစ်ခုပါ ...။
မင်းရဲ့အိမ်အပြန်လမ်းကိုရွေးချယ်မှုပါပဲ..။
အဲဒီ့ရွေးချယ်မှုဟာ မင်းရဲ့ ချစ်သက်တမ်းရှည်ကြာမှုကို ရည်ညွှန်းပါတယ်။
တိုတဲ့လမ်းကိုရွေးမိရင် မင်းရဲ့အချစ်ရေးဟာ လွယ်လွယ်ကူကူနဲ့ပဲ ပျက်စီးသွားနိုင်တယ်တဲ့။
ရှည်တဲ့လမ်းကိုရွေးမိရင်တော့ မင်းဟာ မင်းရဲ့အချစ်ရေးကို အချိန်ကြာကြာဆက်လက်တည်တံ့ဖို့ ကြိုးစားမယ့်သူပါတဲ့။

ကဲ .. မှန်လား မှားလား ..။ မှားတယ်ဆိုရင်လည်း အပျော်လို့သဘောထားလိုက်ကြပါနော်..။

Love Test

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -