Archive for 01/23/12
သိပ်ချစ်တယ် အရမ်းချစ်တယ်
ငါ့ရင်တွေ ခုန်မိသွားလို့ စိတ်တွေပဲ ကစားသလား
မင်းကိုလေ ရင်ထဲကအချစ် မေတ္တာတည်တဲ့ အချစ်သစ်တွေနဲ့
နင် ငါ့ကို ချစ်သွားခွင့်ပြုပါနော်…….တဲ့….
မင်းရဲ့အလှ မင်းရဲ့အပြုံး တန်ဘိုးတွေထားကာ အချစ်စကား
အလှအပတရားတွေက ညီမျှလို့
ငါမင်းကို ရင်ခုန်တာ ဒီတစ်ချက်အတွက် အစဉ်အမြဲ
ရင်ထဲမှာ မြတ်မြတ်နိုးနိုး နင် ငါ့ကို ချစ်သွားခွင့်ပြုပါနော်…….တဲ့
မိန်းမတို့အိနြေ္ဒ ရွှေပေးလို့ပင်ဝယ်မရ မင်းဘ၀ရဲ့အလှ
လူကြီးအစ မိဘကမှ သိတတ်သူ မင်းလေးကို
ငါ့ဘ၀ရဲ့ ထာဝရ ပိုင်ဆိုင်ခွင့်ပြုပါ
ချစ်ကြိုးတွေကမ်းလှမ်း ရေတံခွန်စမ်းအမြင့်မှန်း
ငါလှမ်းလို့ လာခဲ့ပါမယ့် စောင့်ကြိုတော့ ချစ်တဲ့သူရယ်လို့
မင်းရင်ထဲက အချစ်စကား ယုံစားကာ ငါ့ဘ၀ အမှတ်အသားတို့ဖြစ်ကာ
နင် ငါ့ကို ချစ်သွားခွင့်ပြုပါနော်……တဲ့….
အလှအပတွေလည်း မခြယ်သ
ကြွားဝါလို့မနေ မာနတွေ ခ၀ါချ ပညာတွေ ကမ်းကုန်တတ်တဲ့
မင်းမှာမရှိတဲ့ မာန်မာန
ငါ့ရင်မှာ ထာဝရသိမ်းလို့ တစ်သက်လုံးအတွက်ဘ၀မှာ
နင် ငါ့ကို ချစ်သွားခွင့်ပြုပါနော်……တဲ့
မိတ်ကပ်တွေခြယ်သ အရောင်တွေပါတဲ့ နင့်မျက်နှာလေး
နှုတ်ခမ်းနီ အရဲသားနဲ့ ကော့စင်းတဲ့မျက်တောင်လေးက
မင်းအလှရဲ့ အရှင်သခင် မြတ်နိုးလှ ငါ့ဘ၀မှာ
မင်းကိုလေချစ်တာ အရူးအမူးကငါပါပဲလို့
ဖွင့်ကြွားကာ အချစ်စကားက
နင် ငါ့ကို ချစ်သွားခွင့်ပြုပါနော်…….တဲ့
မင်းချစ်တဲ့ ဒီအချစ် ကာလာတွေအမျိုးမျိုး
မရိုးနိုင်အောင် အရောင်တွေဆိုးလို့
ပိုးပန်းတာ ဒီတစ်သက်မှာ
ငါ့ချစ်သူ ဒီကမ္ဘာမှာ အလှဆုံးဟာ မင်းတစ်ယောက်တည်းပါလို့…..
ပြောခဲ့ကြအကြိမ်ကြိမ် ရင်တွေခုန်အောင်မလုပ်ပါနဲ့
မင်းခြေမှာ ၀ပ်ဆင်း ခြေတော်ရင်းမှာ ရောက်က
ငါဟာလေ နောင်တ ဒေါင်ကျကျပြားကျကျဘဝ
အလှဆိုတာ မရှိ ဘ၀ဆိုတဲ့အသိတွေက
ငါ့ရင်ကို ရိုက်ခတ် ကြမ်းတမ်းတဲ့စကားနဲ့တွေ့ရင်
အရင်က ချစ်စကား ရင်နင့်အောင် ပစ်ခွါသွားတာ
ဒါဟာ အချစ်လား…..လို့
ဟားတိုက်လို့ မရယ်ရုံတမယ် ကြံဖန်ကာတွေးမိရင်ဖြင့်
အရင်က တောင်းဆို နင် ငါ့ကို ချစ်သွားခွင့်ပြုပါနော်…..လို့
နောက်တခါ ထပ်မပြောကြေး
လောင်းကြေးတွေအခါခါထပ် ယူလို့တော့မသွားပါနဲ့
နင်ပြောတဲ့ အချစ် ပုံပြင်သာမှတ်လိုက်ပါတော့
ငါ့ပြောစကား နင်ကြား သေချာစွာမှတ်ထား
အရင်က ငါ…..မဟုတ်တော့ပါဘူး
နင် ငါ့ကို မေ့သွားလည်း…..ငါ နင့်ကို မေ့မထားပါရစေနော်……..တဲ့……