Archive for 02/12/12
ချစ်သူများနေ့ (Valentine's Day)
ကမ္ဘာတွင် ချစ်သူများနေ့(Valentine's Day)ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး မှာရှိသော ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနှင့် အခြား
ချစ်သက်လက်ဆောင်များကို St. Valentine အမည်နှင့် အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါသည်။ သို့သော် St. Valentine ဆိုသည့် ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို
အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါသည်။
ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါသည်။ ယနေ့ခေတ် နားလည်ထားကြသော St. Valentine Day သည် ရှေးခေတ် ရောမရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက်
အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါသည်။
ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး
တစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့
ဥပဒေအပြင်ဘက် ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့ အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက
ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။
နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။
သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး
ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို
အထင်အရှား ပြဆိုနေပါတယ်။
ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆ အမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြော
စကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
သမိုင်းကြောင်း
ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြို ဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။
ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုပ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး Valentineသည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။ လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လ့  သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို
ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။ ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော် တတ်ကြပါတယ်။ လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွား ကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။ ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အမျိုးသမီးငယ် များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။
အဆိုပါ စုံတွဲ ရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။ အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန် မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့် တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။
Great Britain မှာတော့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများ အတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြား များ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေ ထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။
Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း
Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း…။
ကဲဖတ်ပြီးသွားပြီဆိုတော့ အနည်းအကျဉ်းတော့လေ့လာလို့ပြီးသွားပြီပေါ့.. အပြည့်အစုံမဟုတ်ရင်တောင်မှ အနည်းငယ် အသိတိုးသွားရင်
တော့ ကျေနပ်ပါပြီဗျာ.. ချစ်သူများနေမှာ ကိုချစ်ရတဲ့သူနဲ့ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ကျပါစေနော်...
Phoenix Lay@လေပြည်(09/12/2011---10:18 AM)

ချစ်သူများနေ့(Valentine's Day)
အသည်းကွဲတရုတ်အမျိုးသမီးရဲ့ ကြေကွဲချက်...
တရုတ်နိုင်ငံ၊ အရှေ့ မြောက်ပိုင်းဒေသ လျောင်နင်းပြည်နယ်၊ ရှန်ယန်းမြို့ တော်မှအသက် ၂၇
နှစ်အရွယ်ရှိ မင်းမေလီ အမည်ရှိ အမျိုးသမီးတစ်ဦးဟာ ချစ်သူရည်းစားက စွန့် ပစ်သွားခဲ့ တာ
ကြောင့် အသည်းကွဲကာ ဓါတ်ငွေ့ အိုးတစ်လုံးအားရှေ့ ချကာ၊ ခန္ဓာကိုယ်အား ဓါတ်ဆီဖြည့် ထား
သည့် ပုလတ်စတစ်ပုလင်းများဖြင့် ပါတ်ကာတိုက်ခေါင်မိုးပေါ်တက်ကာ နေထိုင်ပြခဲ့ ပါတယ်...
ထိုအမျိုးသမီးဟာ အဆောက်အဦးထိပ်ဆုံးကိုတက်သွားရုံသာမက ထိုနေရရှိ သေးငယ်သည့်
ကွန်ကရစ်ဘောင်ပေါ်တွင်တက်ပြီး မင်္ဂလာဝတ်စုံအားဝတ်ဆင်ပြီး ဓါတ်ဆီဖြည့် ထားသည့် ပု
လင်းများခါးတွင်ချိတ်ထားလျှက်ပင် ဘီယာတစ်ပုလင်းပြီးတစ်ပုလင်းသောက်ကာ စီးကရက်ပင်
သောက်ပြခဲ့ လိုက်ပါတယ်...
" သူမဟာဘီယာတစ်ကြိုက်မော့ လိုက်၊ ရယ်လိုက်၊ ငိုလိုက်နဲ့ ရှိနေပြီး ဓါတ်ဆီပုလင်းတွေပါတ်
ပြီးစီးကရက်ဖွာနေတာကိုက တစ်ကယ်ပဲအန္တရယ်ကြီးလှပါတယ်...အဲဒီမိန်းကလေးတော့ သူ့ 
ကိုယ်သူ မီးရှို့ ပြီးသေကြောင်းကြံမလား၊ တိုက်အောက်ကိုပဲ ခုန်ချပြီးသေမလား ပဲလို့ ထင်ခဲ့ ကြ
ပါတယ်..." လို့ မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်....
မီးသတ်သမားများက အောက်ဖက်တွင် ပိုက်ကွန်တစ်ခုခံပေးခဲ့ ကြပြီးထိုအမျိုးသမီးက ၎င်းတို့ 
အား သူမလက်ထပ်ပြီးတစ်ဘ၀လုံးအတူနေသွား၇န်ရည်ရွယ်ထားသည့် အမျိုးသားက သူမအား
စွန့် ခွာထားခဲ့ တယ်လို့ ပြောကြားခဲ့ ပါတယ်....
၎င်းတို့ ဟာ သူမကိုစိတ်သက်သာရာရအောင် ဖျောင်းဖျပြောဆိုဖြေသိမ့် နိုင်ခဲ့ ကြပါတယ်...
သူမအား မိဘများ၏နေအိမ်သို့ ပြန်ပို့ ပေးကာ အနားယူခိုင်းလိုက်ပြီး စိတ်ကျရောဂါအတွက် ကု
သမှုခံယူဖို့ သဘောတူတဲ့ အတွက် သူမအား တရားစွဲဆိုဖို့ လုပ်တော့ မှာမဟုတ်ပါဘူး...
အချစ်ကြီးတဲ့ တရုတ်အမျိုးသမီးတစ်ယောက်ပါပဲ....
Spurned Mingmei Li, 27, opted for an explosive cocktail including a gas canister and plastic bottles filled with petrol to drown her sorrows after her relationship broke up in Shenyang, capital of northeast China’s Liaoning province.
The young woman not only scrambled on to the the top of the building and balanced on a narrow concrete pillar in a wedding dress – but she also guzzled down several bottles of beer and smoked a cigarette with the petrol filled plastic drink containers tied to her waist.
A witness said: "She was tipping back the beer, and alternately laughing and then crying, with the lighted cigarette and the petrol bottles sloshing around it was really dangerous. We though she would either blow herself up or fall to her death."
Firemen rigged up a safety net below the woman - who told them the man she had planned to spend the rest of her life with had dumped her. But it wasn't needed as they managed to coax the young woman down. She was sent back to her family to sleep off her hangover and police have said she will not be charged after she agreed to have counselling for her depression. ကိုပီတာရဲ့အတွေးပုံရိပ်များ

တကယ်ပဲ မင်းမရှိယင်အသက်မရှင်ချင်တော့ တာလားကွယ်...

မင်းမရှိယင်အသက်မရှင်ချင်တော
ချစ်သူများနေ့ မှာချစ်ရတဲ့ သူတိုင်းပေါင်းကြဖို ဆုတောင်းပေးပါတယ် ချစ်သူများနေ အတွက်
သီချင်းတွေ ရွှေပြီးတော့ တင်ပေးတာပါ သီချင်းဟောင်းလေးတွေပါ ခံစားပေး ကြပါ နည်ပညာ
သမားတွေ ချစ်သူများနေ့မှာတော့ နည်းနည်းနားရအောင် Computer လဲမောနေပြီထင်တယ်
သူတိုတွေလဲ ချစ်သူးများနေ့မှာ သူချစ်တဲ့ သူနဲပျော်ခြင်နေမှာဘော့။
ခေါင်စဉ်---တွဲလက်များ
တေးဆို---ထူးအယ်လင်း နှင့် မိးမိးခဲ
ခေါင်စဉ်---ချစ်သူးများနေ့
တေးဆိုတော့ မသိဘူး
ခေါင်စဉ်---တကိုယ်တော် Valentine
တေးဆို---စိုင်းစိုင်း နှင့် Buuny Phyo
ခေါင်စဉ်---Valentine Day
တေးဆိုတော့ မသိဘူး