Archive for 03/02/13
ယောက်ကျားလေးတယောက်သင့်အပေါ်
ဘယ်လောက်စိတ်ရှည်လဲသိချင်ရင်
သူ့တို့အလုပ်ရှုပ်တဲ့အချိန် နဲနဲလေးရစ်ကြည့်ပါ
ဘယ်လောက်သင့်ကိုစိတ်ရှည်နိုင်လဲဆိုတာ သိပါလိမ့်မယ်
မိန်းခလေးတယောက် သင့်အပေါ်
ဘယ်လောက်သည်းခံနိုင်သလဲသိချင်ရင်
သူတို့စိတ်ညစ်တဲ့အချိန် မဆိုစလောက်လေးရစ်ကည့်ပါ
ဘယ်လောက်သင့်အပေါ်သည်းခံနိုင်သလဲဆိုတာ သိပါလိမ့်မယ်
လူတစ်ယောက်သင့်အပေါ်ဘယ်လောက်စိတ်ရှည်တယ်
သည်းခံတယ်ဆိုတာသာမာန်အချိန်မှာတော့မသိသာဘူး
အလုပ်ရှုပ်ချိန် ၊ စိတ်ညစ်တဲ့အချိန်မှသိသာတယ်
ယောက်ကျားလေးတယောက် အလုပ်ရှုပ်နေချိန်တောင်
သင့်အပေါ်စိတ်ရှည်လက်ရှည်ချစ်နိုင်တယ်ဆိုရင်
မိန်းခလေးတယောက်ကလည်း စိတ်ညစ်ချိန်တောင်
သင့်အပေါ် သည်းခံနိုင်တယ်ဆိုရင်သူဟာ
တကယ်သင့်ကိုနားလည် သည်းခံနိုင်တဲ့လက်တွဲဖော်တယောက်ပဲ
ဘာလို့လဲဆိုတော့ ယောက်ကျားလေးအတော်များများက
အလုပ်ရှုပ်ချိန်စိတ်မရှည်တတ်ကြသလို
မိန်းခလေးအတော်များများကလည်းစိတ်ညစ်တဲ့အချိန်
နားလည်သည်းခံပေးဖို့ခက်ခဲတတ်ကြတယ်လေ
မှတ်ချက် ။ ။အမြဲတော့အလုပ်ရှုပ်တဲ့အချိန် ၊ စိတ်ညစ်တဲ့အချိန်မရစ်ပါနဲ့
သိချင်ရုံသက်သက်ဆိုလုံလောက်ပါတယ်
ခင်မင်လျက်
ကောင်ကလေး
28-02-13,06:27pm

နားလည်သည်းခံပေးဖို
_ အရမ်းကလေးဆန်ပြီး အရမ်းစိတ်ကောက်တတ်သည့် သူမကို ကျွန်တော်လွမ်းသည် ။
_ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နှုတ်ခမ်းမွှေးရေးတေးတေးလေးရှိသည့် သူမ နှုတ်ခမ်းဆူဆူလေးကိုလည်း ကျွန်တော်လွမ်းသည် ။
_ အရမ်းသဝန်တိုတတ်ပြီး ကျွန်တော့်ကိုဘယ်သူနဲ့မှစိတ်မချတတ်သော ကောင်မလေးတစ်ယောက်ကို ကျွန်တော်လွမ်းသည် ။
_ သူမရဲ့မုန့်ဖိုးလေးတွေကို အသည်းအသန်ခြစ်ကုတ်စုဆောင်းပြီး အမြဲတမ်း ကျွန်တော့်အတွက် လက်ဆောင်လေးတွေဝယ်လာပေးတတ်သော သူမလေးကို ကျွန်တော်လွမ်းသည် ။
_ လူတွေကြားထဲ သူမလက်လေးကိုဆွဲပြီးလမ်းလျှောက်ကြသည့်အခါ .. အပြင်ထွက်လည်ကြတိုင်း ကျွန်တော့်သူငယ်ချင်းတွေနှင့်သူမကိုအလေးအနက်ထားပြီးမိတ်ဆက်ပေးသည့်အခါ အရမ်းပျော်ရွှင်ကြည်နူးနေတတ်သော သူမကို ကျွန်တော်လွမ်းသည် ။
_ သူမလိုချင်တဲ့ပစ္စည်းလေးတွေ အရုပ်လေးတွေတွေ့တိုင်း သူမလောက်မချမ်းသာသည့်ကျွန်တော့်ကိုစဉ်းစားပေးပြီး ထိုအရုပ်လေးတွေကို ငေးရုံပဲငေးကြည့်နေတတ်သည့် သူမကိုကျွန်တော်လွမ်းသည် ။
_ အခြေအနေ အကြောင်းကြောင်းကြောင့် သူမနှင့်ကျွန်တော်ဝေးနေကြရသော်လည်း ကျွန်တော့်အပေါ် စိတ်မပျက်သွားဘဲ သစ္စာရှိရှိချစ်နေပေးသည့် သူမလေးကို ကျွန်တော် အမှန်တကယ်လွမ်းနေပါသည် ။ ။
{ မယ်ပိုး }
< Heart Canteen >

အရမ်းစိတ်ကောက်တတ်သည့် သူမ
❥ နင်သိပါတယ် ...
ငါနင့်ကို စိတ်ကောက်တဲ့အခါတိုင်း နင်စိတ်ညစ်မှာစိုးလို့ ငါပဲအမြဲပြန်ချော့ခဲ့တယ် ဆိုတာကို!!
❥ နင်သိပါတယ် ...
အရာရာတိုင်းမှာ အနိုင်လိုချင်တဲ့ငါက နင်နဲ့ပတ်သက်ရင် အမြဲ အရှုံးပေးခဲ့တယ် ဆိုတာကို!!
❥ နင်သိပါတယ် ...
နင်စိတ်ဆိုးပြီး ငါ့ကိုအော်တိုင်း ငါဝမ်းနည်းလွန်းလို့ ကလေးတစ်ယောက်လို ငိုကြွေးတတ်တယ် ဆိုတာကို!!
ဒါပေမယ့် ....
❥ နင်မသိပါဘူး ...
နင့်ဆီက ဂရုစိုက်မှုကို မျှော်လင့်မိတိုင်း ငါဘယ်လောက် နာကျင်ရတယ် ဆိုတာကို!!
❥ နင်မသိပါဘူး ...
နင်ချော့တာခံချင်လို့ စိတ်ကောက်တိုင်း စိတ်မရှည်သလို အပြစ်တင်တတ်တဲ့ နင့်စကားတွေကြောင့် ငါဘယ်လောက် ခံစားရတယ် ဆိုတာကို!!
❥ နင်မသိပါဘူး ...
ငါ့ခံစားချက်တွေကို ဥပေက္ခာပြုပြီး နင့်ကိုဆက်ချစ်နေရတာ ငါ့အတွက် ဘယ်လောက်ပင်ပန်းတယ် ဆိုတာကို!!
★ Thu Thu Lay ★
( Heart Canteen )

နင်သိပါတယ် ...
ငါနင့်ကို ခဏခဏ အရမ်းလွမ်းတယ်လို့ 
ပြောနေတတ်တာ အပိုတွေလို့ နင်ထင်နေရင်
ရတယ်ထားလိုက်တော့ အဲ့တာ အပိုတွေလို့ 
ငါနင့်ကိုအရမ်းဂရုစိုက်နေတတ်တာက
အရမ်းကိုအဖြစ်သည်းတယ်လို့ နင်ထင်နေရင်
ရတယ်ထားလိုက်တော့ ငါအဖြစ်သည်းနေတာ
နင့်ကိုငါမဟုတ်တဲ့တစ်ခြားတစ်ယောက်
ပိုင်ဆိုင်သွားမှာဆိုးလို့ ငါနင့်ကိုပိုင်ဆိုင်ချင်တာက
အတ္တတွေပါဆိုရင် ရတယ်ထားလိုက်တော့
ငါနင့်အတွက်ဆို အရမ်း အတ္တကြီးတယ်
ဒါပေမဲ့ ငါအခုလိုအပိုတွေလုပ်နေတတ်တာ
အဖြစ်သည်းနေတတ်တာ..အတ္တကြီးနေတတ်တာတွေက
ငါနင့်ကိုအရမ်းချစ်လို့ ဆိုတာကိုတော့ ငါမပြောလဲ
နင်နားလည်နေတတ်ရမယ်နော် ချစ်သူ...........
khin myo aye

နင်နားလည်နေတတ်ရမယ်နော်
အချစ်ကိုပညာပေးခြင်း
အချစ်ဆိုတာ ရယူခြင်းလဲဟုတ်သလို
စွန့် လွှတ်ခြင်းဆိုလဲ မှန်တယ်
အချစ်ဆိုတာ ချစ်နေခြင်းလဲဟုတ်သလို
မေ့သင့်တဲ့အချိန်ဆို မေ့ပစ်ရမှာပါပဲ ..... ။
အချစ်ဆိုတာ ပေးဆပ်ခြင်းလဲဟုတ်သလို
တခါတလေ တကိုယ်ကောင်းဆန်ခြင်းဆိုလဲ မှန်တယ်
အချစ်ဆိုတာ သတိရခြင်းလဲဟုတ်သလို
တခါတရံ မေ့ဖျောက်ထားရမှာပဲ ..... ။
နေတတ်သလိုနေမယ်ဆိုရင် ဘ၀ကပျော်စရာတွေချည်းပါပဲ
အချစ်ကြောင့် ပျော်ရွှင်တတ်သလို အချစ်ကြောင့်ဝမ်းမနည်းတတ်ဘူး
အချစ်ကိုမမုန်းတတ်သလို အချစ်ကြောင့်လဲအမုန်းမခံချင်ဘူး
အဲ့ဒီတော့ သံယောဇဉ်ဆိုတဲ့နှောင်ကြိုးကိုလဲ တွယ်တာစရာမလိုဘူး ..... ။
လူတစ်ယောက်ကို အရမ်းကြီးမချစ်မိပါစေနဲ့ 
အရမ်းကြီးချစ်မိရင် အရမ်းကြီးခံစားရမယ်
အစကတည်းက နှစ်နှစ်ကာကာမချစ်တတ်အောင်ကြိုး စားထားတယ်
ဒီတော့ကံကြမ္မာအလှည့်အပြောင်းနဲ့ ကြုံလာတဲ့အခါ
ခံစားစရာမလိုတော့ဘူးပေါ့ ..... ။
ဘ၀ဆိုတဲ့အချိန်တိုလေးမှာ အချစ်ကြောင့်အချိန်တွေကို
အနစ်မွမ်းမခံသင့်သလို အချစ်ကြောင့်ဆုံးရှုံးမှုတွေမကြုံရပါစေနဲ့ 
အချစ်ကြောင့် ပျော်ရွှင်ပါ သို့ ပေမယ့် အချစ်ကြောင့်ဘ၀မဆုံးပါစေနဲ့ 
အချစ်ကိုချစ်ပါ ကြင်နာပါ သို့ ပေမယ့် ဘ၀တစ်လုံးနဲ့ လောင်းကြေးမထပ်ပါနဲ့ 
ကံကြမ္မာဆိုတဲ့အလှည့်အပြောင်း အချစ်ရဲ့စိတ်တစ်ခုကြောင့်
ဘ၀တစ်ခုလုံး စုပ်ပြတ်သွားစေနိုင်တယ် ..... ။ :)
အချစ်ဆိုတာ ရယူခြင်းလဲဟုတ်သလို
စွန့် လွှတ်ခြင်းဆိုလဲ မှန်တယ်
အချစ်ဆိုတာ ချစ်နေခြင်းလဲဟုတ်သလို
မေ့သင့်တဲ့အချိန်ဆို မေ့ပစ်ရမှာပါပဲ ..... ။
အချစ်ဆိုတာ ပေးဆပ်ခြင်းလဲဟုတ်သလို
တခါတလေ တကိုယ်ကောင်းဆန်ခြင်းဆိုလဲ မှန်တယ်
အချစ်ဆိုတာ သတိရခြင်းလဲဟုတ်သလို
တခါတရံ မေ့ဖျောက်ထားရမှာပဲ ..... ။
နေတတ်သလိုနေမယ်ဆိုရင် ဘ၀ကပျော်စရာတွေချည်းပါပဲ
အချစ်ကြောင့် ပျော်ရွှင်တတ်သလို အချစ်ကြောင့်ဝမ်းမနည်းတတ်ဘူး
အချစ်ကိုမမုန်းတတ်သလို အချစ်ကြောင့်လဲအမုန်းမခံချင်ဘူး
အဲ့ဒီတော့ သံယောဇဉ်ဆိုတဲ့နှောင်ကြိုးကိုလဲ
လူတစ်ယောက်ကို အရမ်းကြီးမချစ်မိပါစေနဲ့ 
အရမ်းကြီးချစ်မိရင် အရမ်းကြီးခံစားရမယ်
အစကတည်းက နှစ်နှစ်ကာကာမချစ်တတ်အောင်ကြိုး
ဒီတော့ကံကြမ္မာအလှည့်အပြောင်းနဲ့ ကြုံလာတဲ့အခါ
ခံစားစရာမလိုတော့ဘူးပေါ့ ..... ။
ဘ၀ဆိုတဲ့အချိန်တိုလေးမှာ အချစ်ကြောင့်အချိန်တွေကို
အနစ်မွမ်းမခံသင့်သလို အချစ်ကြောင့်ဆုံးရှုံးမှုတွေမကြ
အချစ်ကြောင့် ပျော်ရွှင်ပါ သို့ ပေမယ့် အချစ်ကြောင့်ဘ၀မဆုံးပါစေနဲ့ 
အချစ်ကိုချစ်ပါ ကြင်နာပါ သို့ ပေမယ့် ဘ၀တစ်လုံးနဲ့ လောင်းကြေးမထပ်ပါနဲ့ 
ကံကြမ္မာဆိုတဲ့အလှည့်အပြောင်း အချစ်ရဲ့စိတ်တစ်ခုကြောင့်
ဘ၀တစ်ခုလုံး စုပ်ပြတ်သွားစေနိုင်တယ် ..... ။ :)
အချစ်ကိုပညာပေးခြင်း
လူတစ်ယောက်ကို
ကိုယ့်ဘဝထဲမှာစောစောစီးစီးနေရာမပေးမိစေနဲ့
တချို့လူတွေကခင်မင်ဖို့ကြိုးစားကြတယ်
ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်သူတို့ကိုယ့်အနားကထွက်သွားတယ်
တချို့လူတွေကချစ်ခွင့်ရဖို့ကြိုးစားတယ်
ချစ်ပြီးတော့ကိုယ့်အပေါ်သွေးအေးသွားကြတယ်
လူတစ်ယောက်ကို
ကိုယ့်ရင်ထဲမှာစောစောစီးစီးနေရာမပေးမိစေနဲ့
စောစောစီးစီးတွယ်တာတဲ့လူ ၊ စောစောစီးစီးချစ်မိတဲ့သူ
စောစောစီးစီးနေရာပေးမိသူတွေဟာစောစောစီးစီးပဲဒဏ်ရာရတတ်တယ်
ပြီးတော့ခက်ခက်ခဲခဲနဲ့
ကိုယ့်ရင်ထဲက သူတို့ကိုပြန်ထုတ်ရတတ်တယ်လေ ။ ။
ခင်မင်လျက်
ကောင်ကလေး
01-03-13,06:35PM

ငါ့ကိုယ်ငါ ထက် နင့်ကို ချစ်မိလို့
နင့်ကို ငါမုန်းတယ်
ငါ့ဘ၀ထဲ နင်မရှိရင် မဖြစ်လို့
နင့်ကို ငါချစ်တယ်
နင့်အပြုမှုတိုင်းက ငါ့ကိုစွဲလမ်းစေလို့
နင့်ကို ငါလွမ်းတယ်
ဘယ်သူမှ နင့်လောက် ငါ့အပေါ်မှာ နားလည်မပေးနိုင်လို့
နင့်ကို ငါသဘောကျတယ်
နင်နဲ့ အတူရှိတိုင်း ငါ့ကို လုံခြုံမှု ရှိစေလို့
နင့်ကို ငါအမြဲ အတူနေချင်တယ်
နင်က ငါ့ရဲ့ ကမ္ဘာတစ်ခုဖြစ်လို့
နင့်ကို ငါမရှိမဖြစ်လိုအပ်တယ်
Credit by - ရင်ထဲကမှန်ကလေး

ခင်မင်သလောက် သူငယ်ချင်းတွေကို စာရင်းလုပ်ကြည့်သောအခါ..
မိန်းခလေးတွေလိုချင်တဲ့ ဘ၀လက်တွဲဖော်ဆိုတာ
☻ဖခင်တစ်ယောက်လိုလည်း ကာကွယ်ပေးတက်ရမယ်
☻မိခင်တယောက်လိုလည်း ကြင်နာတက်ရမယ်
☻အကိုတယောက်လိုလည်း ငဲ့ညှာတက်ရမယ်
☻သူငယ်ချင်းတယောက်လို နားလည်ပေးတက်ရမယ်
☻ချစ်သူတယောက်လိုလည်း ယုယတက်ရမယ်
☻ခင်ပွန်းတယောက်လိုလည်း ဂရုတစိုတ်လေးနဲ့သစ္စာရှိရမယ်
ယောက်ကျားလေးတွေလိုချင်တဲ့ ဘ၀လက်တွဲဖော်ဆိုတာ
☻ဖခင်တယောက်လိုလည်း လမ်းပြပေးတက်ရမယ်
☻မိခင်တယောက်လိုလည်း ကြင်နာတက်ရမယ်
☻အမတယောက်လိုလည်း နွေးထွေးတက်ရမယ်
☻သူငယ်ချင်းတယောက်လိုလည်း နားလည်ပေးတက်ရမယ်
☻ချစ်သူတယောက်လိုလည်း ချွဲနွဲ့တက်ရမယ်
☻ဇနီးတယောက်လိုလည်း မိန်းမပီသရမယ်
သူငယ်ချင်းတို့ရော အဲ့လိုလူမျိုးကို သဘောကျလား..အဲ့အချက်တွေနဲ့ ပြည့်စုံတဲ့လူကိုရတယ်ဆိုရင်တော့ ကံကောင်းတာပေါ့နော့..။
ခင်မင်လျှက်
မနောဖြူ

ဘ၀လက်တွဲဖော်ဆိုတာ
အရမ်းချစ်တဲ့  ကောင်လေးတွေက
တကယ်ချစ်တဲ့  အခါ မျက်ရည်နဲ့ ချစ်တက်ကြတယ်.............................
အရမ်းချစ်တဲ့  ကောင်မလေးတွေက
တကယ်ချစ်တဲ့  အခါ ဘ၀နဲ့ ချီပြီး ပေးဆပ်ကြတယ်......................
အရမ်းချစ်တဲ့  ကောင်လေးတွေက
အနေဝေးတဲ့  အခါ သတိရနေမူ့ ကို သ၀န်တိုမှူ့  နဲ့  လွမ်းကြောင်းသက်သေပြတယ်...........
အရမ်းချစ်တဲ့ ကောင်မလေးတွေက
အနေဝေးတဲ့  အခါ သစ္စာရှိနေပေးဖို့  တဖွဖွပြောရင်း သတိရနေမှု့ကို သက်သေပြုတယ်...
အရမ်းချစ်တဲ့  ကောင်လေးတွေက
ချစ်သူ မကြိုက်တဲ့  အရာမှန်သမျှနဲ့  ချစ်သူပြောစကား အကုန်နားထောင်ကြတယ်...............
အရမ်းချစ်တဲ့  ကောင်မလေးတွေက
ချစ်သူမနှစ်သက်မဲ့  အရာမှန်သမျှ မလုပ်မိအောင်ရှောင်ကျဉ်ကြတယ်..................
အရမ်းချစ်တဲ့  ကောင်လေးတွေက
သူအရမ်းချစ်တဲ့  ကောင်မလေးနဲ့  အတူတူနေဖို့  အနာဂတ်ကိုဆွေးနွေးတယ်
အရမ်းချစ်တဲ့ ကောင်မလေးတွေက
သူအရမ်းချစ်တဲ့ ကောင်လေးရဲ့  အနာဂတ်မှာ ပါရမီဖြည့်  ဖို့  အသင့် ရှိနေလိမ့် မယ်...........
ဘ၀မှာ အချစ်ဆုံးသူနဲ့  တဘ၀လုံးလျှောက်လှမ်းရမဲ့  ခရီးက
တွဲလက်လေးတွေခိုင်မြဲ ပြီးတော့  နားလည်မူ့ တွေအပြည့် ရှိနေမယ်ဆို၇င် သာယာပြည့် စုံပျော်ရွှင်ဖို့  ကောင်းပါတယ်လေ.................
Friend (Share)
မူရင်း-http://kinkskymay/-poem.blogspot.com/2013/02/blog-post_9648.html

ကောင်းကင်ပေါ်က ကြယ်လေးတွေဆိုတာ ကောင်းကင်ကြီးပေါ်မှာအမြဲတည်ရှိနေနိုင်တာမှမဟုတ်တာ ။
နေ့ဘက် ကောင်းကင်ကြီးကပြာ .. နေကသာတဲ့နေ့မှာမှ ညဘက်မှာကြယ်ထွက်နိုင်သလို ..
နေ့ဘက်မိုးတွေအုံ့မှိုင်းပြီး ရာသီဥတုမသာယာတဲ့နေ့မျိုးမှာဆို ညဘက်ကြယ်မထွက်တတ်ဘူးလေ ။
ဒါပေမယ့် ..
ဘယ်လိုပဲဖြစ်ဖြစ် ..
ကြယ်လေးတွေကတော့ အမြဲကောင်းကင်ကြီးနဲ့အတူရှိနေတာပဲမဟုတ်လား ??
အဲဒီအတိုင်းပဲ ..
နင်နဲ့ငါဟာ ချစ်သူတွေဆိုပေမယ့် အမြဲတမ်း ရန်မဖြစ်ပဲ တည့်နေနိုင်ကြတာမှမဟုတ်တာ ။
နင် စိတ်မကြည်တဲ့အချိန်မှာ ငါ့ကို အမြဲတမ်းအလိုလိုက်မပေးနိုင်သလို ..
ငါစိတ်မကြည်တဲ့နေ့မှာဆိုလည်း နင့်ကို နားလည်မှုအပြည့်အဝမပေးနိုင်ဘူးလေ ။
ဒါပေမယ့် ..
ဘယ်လိုပဲဖြစ်ဖြစ် ..
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ..
နောက်ဆုံးမှာတော့ နင်နဲ့ပဲ မခွဲအတူရှိနေချင်တယ် ။

ကောင်းကင်ပေါ်က ကြယ်လေး
တစ်ခါတစ်လေမှာ လောကကြီးကို အော် ဟစ်ပြီး ပြောလိုက်ချင်တယ်
ဘာကြောင့်ကျွန်တော်ကိုမှ ရက်စက်ရတာလဲ လို့ 
တစ်ခါ တစ်လေမှာ လူတွေ ကို အော် ဟစ်ပြီးမေးလိုက်ချင်တယ်
ဘာကြောင့် ကျွန်တော်ကို မုန်းရတာလဲ လို့ 
တစ်ခါတစ်လေမှာ ချစ်သူကို အော် ဟစ်ပြီးမေးလိုက်ချင်တယ်
ဘာကြောင့် ငါ့ ကိုမချစ်ရတာလဲလို့ 
တစ်ခါတစ်လေမှာတော့ ;;;;;;;;
ဖေဖေ နဲ့ မေမေကို တိုးတိုးလေးဘဲ မေးလိုက်ချင်တယ်
ဘာကြောင့် ကျွန်တော့်ကို စိတ်ချထားခဲ့တာလဲလို့ လေ ...
Written by ကောင်လေး
http://www.facebook.com/thelkwelkglay
အေးချမ်းမွန်မှ <_အသဲကွဲ ကောင်လေး_> တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
message ပေးပို့မှုအပေါ်အထူးကျေးဇူးတင်မိပါသည်

တစ်ခါတစ်လေမှာ
မင်းရဲ့  ဖြူစင်တဲ့ အကြင်နာတွေကို ခံစားနိုင်ခွင့်ရလို့ ငါပျော်တယ်
မင်းရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ခွင့် ရလို့ ငါပျော်တယ်
မင်းရဲ့ နွေးထွေး တဲ့ ရင်ခွင်ထဲမှာ ခိုနားခွင့်တွေပေးလို့  ငါပျော်တယ်
ငါ့ရဲ့ ကမ္ဘာလေးထဲကို မင်းဝင်ရောက်ပြီး ပျော်ရွှင်စရာတွေဖန်တီးပေးတဲ့
အတွက်လဲ ငါအရမ်းကို ပျော်ရွှင်ရနေတယ် ချစ်သူ
မင်းနဲ့ တွေ့ ဆုံခွင့်ရခဲ.တဲ့အတွက်တစ်ခါတရံမှာ ငါလေငါ့ဘေးနားက
သူတွေအားလုံးကို မေ့နေခဲ့ပြီးမင်းရဲ့ အချစ်တွေကြောင့် ငါအရမ်းကို
ပျော်ရွင်နေမိတယ် ချစ်သူရယ်............

အကြင်နာတွေကို
အချစ်ဆိုတာ....
အရမ်းဆန်ကျယ်တယ်ဆိုတာ မင်းနဲ့တွေ့မှ
သိလာရတာပါ ချစ်သူ...
တခါမှအပြင်မှာမတွေ့ဖူးသေးတဲ့ မင်းကို
ငါတိုးတိုးလေးရင်ခုန်မိပြီး တိတ်တိတ်လေး
ချစ်နေမိတယ် ချစ်သူ...
မင်းရဲ့စကားသံလေးကိုယ် အချိန်တိုင်း
ကြားချင်နေမိတယ်...မင်းအမြဲပြောခဲ့တဲ့
စကားလေးတွေကိုယ်လဲ အမိန့်တခုလို ငါ
လိုက်နာတတ်နေမိတယ်...
သေချာနေပါပြီ ငါကျရူံးတော့မယ်ဆိုတာ...
မင်းဆီကတနေ့ထွက်ကျလာမဲ့စကားလုံးတွေဟာ
ငါ့ရဲ့မျှော်လင့်ချက်တခုဖြစ်ပါစေလို့ ဆုတောင်းရင်း
သေချာတာတခုကတော့ ငါ့ရင်ခုန်သံတွေအခု
မင်းကြောင့်ဖျားနာနေပြီ ဆိုတာပါပဲ ချစ်သူရေ...
ကောင်မလေးတယောက်တောင်းထားတဲ့ ကဗျာလေးပါ
အဆင်ပြေနိုင်ပါစေနော...:)
phoe phyu

မိန်းကလေးတွေ ရင့်ကျက်တဲ့ ယောက်ျားလေးကို ရွေးချယ်ရတဲ့ အကြောင်းရင်းများ...
၁။ အားငယ်တဲ့အချိန်မှာ စိတ်ဓာတ်မကျအောင် အားပေးနိုင်လို့ပါ...
၂။ ကံကောင်းခြင်းတွေ အတူတူမျှဝေခံစားတတ်ပြီး..ဒုက္ခသောကတွေကို အတူတူ ခံစားနားလည်ပေးလို့ပါ...
၃။ သူ့ရှေ့မှာ ကလေးဆန်ဆန် ဆိုးနွဲ့လို့ ရလို့ပါ...
၎။ အမူအရာတွေ ပြောစကားတွေက ရင့်ကျက်ပြီး သဘာဝကျလို့ပါ...
၅။ လူ့ဘ၀ရဲ့ ဇာတ်လမ်းအစုံ အလင်နဲ့ ...အတွေ့အကြုံတွေ သူ့မှာ ကြွယ်ဝနေလို့ပါ...
၆။ နှလုံးသားကို လွယ်လွယ် မကစားတတ်လို့ပါ...
၇။ ကတိလွယ်လွယ်မပေးတတ်သလို ပေးပြီးသားကတိကိုလဲ ဖြစ်အောင် လုပ်တတ်လို့ပါ...
(ဇေယျာ)

မိန်းကလေးတွေ
ငါသာ အချစ်ရဲ့ အဝေးမှာနေနိုင်ခဲ့မယ်ဆိုရင်.........
ငါ့ရဲ့ အချိန်တွေကိုလဲ င့ါစိတ်တိုင်းကျ ဖြတ်သန်းနိုင်မယ်
သူငယ်ချင်းတွေနဲ့ အတူတူ လျှောက်လည်ရင်းနဲ့ လဲ ပျော်ရွှင်နိုင်မယ်
အချစ်နဲ့ ပါတ်သက်တဲ့ အလွမ်းအဆွေးဆိုတာလဲ ငါနဲ့ ကင်းဝေးနေမယ်
အချစ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ သ၀န်တိုမှုတွေ စိုးရိမ်ပူပန်မှုတွေလဲ
ငါ့အတွက်မလိုအပ်တော့ဘူးလေ
မိဘတွေရဲ့ အရိပ်အောက်မှာ ကလေးတစ်ယောက်လို ဆိုးနွဲ့ ရင်းနဲ့ လဲ
ငါ ပျော်ရွှင်နေရအုံးမှာပဲလေ
ငါ့ဘ၀ရဲ့ နေ့ ရက်တွေကို လွပ်လပ်ပေါ့ပါးစွာနဲ့ ငါဖြတ်သန်းနိုင်မှာ
သေချာပါတယ်....

အဝေးမှာနေနိုင်ခဲ့မယ်ဆိုရင်
ယုံကြည်ခဲ့ဖူးတဲ့ ကတိတွေ ပျက်သုန်းသွားလဲ
ငါ ခံနိုင်ရည်ရှိနေခဲ့တယ်.....
ကိုးကွယ်ခဲ့ဖူးတဲ့ အချစ် လွင့်ပျောက်သွားလဲ
ငါ ကျိတ်မှိတ် ပြုံးနေခဲ့ တယ်.....
တည်ဆောက်မယ်လို့ ရည်ရွယ်ထားတဲ့ ဘ၀တစ်ခု
ပျက်ဆီးသွားလဲ ငါ့ဘ၀ကို ငါ ဆက်လျှောက်နိုင်ခဲ့တယ်....
တကယ်တော့ အချစ်တစ်ခုနဲ့ အသက်ရှင်နေလို့ မရတဲ့
ဘ၀မှာ ထားခဲ့ရက်တဲ့ နင့်ကို ငါ ဘယ်လောက်ပဲချစ်နေပါစေ
ရင်ထဲမှာ တိတ်တိတ်လေး ငိုကြွေးနေယုံက လွဲပြီး
ငါ့ဘ၀အတွက် နေ့ ရက်ပေါင်းများစွာကို ဟန်ဆောင်မှုတွေနဲ့ 
ငါဖြတ်သန်းနေအုံးမှာပါ............

ရည်းစားမရှိသူ(မထားသူ) အများစုဟာ မချစ်တတ်လို့ မဟုတ်ပါဘူး...။
အချစ်ကို မလိုချင်တာလဲ မဟုတ်ပါဘူး...။
သူတို့ ကြောက်တာ အချစ်မဟုတ်ပါဘူး...။
အချစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုပါ...။
ကိုယ်တစ်ယောက်တည်းရဲ့စိတ်ကိုတောင် တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင် နားမလည်ပါဘူး...။
အခြားသူရဲ့စိတ်ကို နားလည်ဖို့ ဆိုတာ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုပါ...။
ကိုယ့်ကိုကိုယ်တောင် အမြဲပျော်ရွှင်အောင် မထားနိုင်လို့ စိတ်ရှုပ်ရတဲ့ကြားထဲမှာ
ကိုယ်မဟုတ်တဲ့သူတစ်ယောက်အတွက် ထပ်ပြီး စိတ်ရှုပ်မခံနိုင်ပါဘူး...။
ဒါပါပဲ နောက်ဆက်တွဲပြဿနာ ဆိုတာ...။ ။
မောင်မောင် (တောင်တွင်း)
Royal Hero Media

ရည်းစားမရှိသူ
လူတစ်ယောက်ကို ချစ်တယ်ဆိုတာ
အဲဒီလူမသိလဲငါတို့ချစ်လို့ရတယ်
လူတစ်ယောက် သတိရတာကိုလဲ
အဲဒီလူမသိအောင် နေလို့ရတယ်
လူတစ်ယောက်ကို လွမ်းရင်လဲ
အဲဒီလူမသိအောင် လွမ်းလို့ရတယ်
ဒါပေမယ့် လူတစ်ယောက်နဲ့ပတ်သတ်တဲ့
ငါတို့ရဲ့ အတိတ်ကိုတော့ ငါတို့မေ့လို့မရဘူး
အတိတ်မှာ ပူဆွေးမှု တွေ ပျော်ရွှင်မှုတွေ
အများကြီးကို ငါတို့မမှတ်ထားဘူး
မေ့ထားတယ်ဆိုရင်တော့ စိတ်ထဲမှာ မှတ်နေတတ်ပါတယ်
ဒါပေမယ့်လဲ လူတွေဟာဟန်ဆောင်ပြီ မနက်ဖြန်ဆိုတာကို ခရီးဆက်နေကြတာ
လူတိုင်းပါဘဲ မျက်ရည်နဲ့ ခရီးဆက်တဲ့သူနဲ့
အပြုံးနဲ့ ခရီးဆက်တဲ့သူ နှစ်မျိုးတော့ ကွဲပြားသွားတာပါ........
ဟန်ဆောင်ကောင်းတဲ့လောကကြီးမှာ တချို့အရာတွေကိုငါတို့ ဟန်ဆောင်တတ်မှ အဆင်ပြေလိမ့်မယ်
✿✿✿Poem✿✿✿

လူတစ်ယောက်
အချစ်စစ်ဖြင့်လေးလေးစားစားချစ်သောသူများမပြုသင့်သည့် ၁၅ ချက်
___________________________________________________
၁။ ကိုယ့်ချစ်သူရဲ့ ဆံပင် . ခန္တာကိုယ် . အ၀တ်အစား များကို ပျက်ရယ်ပြုခြင်း
၂။ ညစ်ညမ်းသော ဟာသများ ကို ချစ်သူ လက်ခံနိုင်သည့်အတိုင်းအတာထက် လွန်လွန်ကျုးကျုးပြောခြင်း
၃။ အခြားသူတစ်ယောက်နှင့် လက်ရှိချစ်သူအရှေ့တွင် ပေါ်တင်တွဲပြခြင်း
၎။ သစ္စာမဲ့သောအပြုအမူ များပြုလုပ်ခြင်း
၅။ မတည်နိုင်သော ကတိများ ပေးခြင်း
၆။ စိတ်ထဲမှာမရှိပဲ ချစ်သည်ဆိုသောစကားကို လက်လွှတ်စပယ်ပြောခြင်း
၇။ အမှန်ကို ဖုံးကွယ်ထားလို့ မရနိုင်တော့ပါလျှက် ဆက်လက်ဖုံးကွယ်ခြင်း
၈။ ချစ်သူအပေါ် စိတ်ပင်ပန်းအောင် ဖိအားများပေးခြင်း
၉။ တခြားသူတစ်ယောက် ဘယ်လိုချောမောကြောင်းကို ပြောပြခြင်း
၁၀။ သူ့ရဲ့အရင်ရည်းစားအကြောင်းနှင့်ပတ်သတ်ပြီး သူ့ကိုသရော်ခြင်း
၁၁။ နောက်ကွယ်တွင် မကောင်းပြောခြင်း
၁၂။ လိမ်ညာခြင်း
၁၃။ သူငယ်ချင်းများရှေ့တွင် အနိုင်ယူပြခြင်း
၁၄။ ကိုယ့်အမှားကို သူ့အမှားအဖြစ် ပြောင်းလဲပြီးရုန်းထွက်လိုခြင်း
၁၅။ လမ်းခွဲမည့်အကြောင်းကို ဟာသအနေနဲ့ပြောခြင်း
Like @ လွတ်လပ်ခြင်း For More

မပြုသင့်သည့် ၁၅ ချက်
သင့်ကိုမချစ်တော့လို့လမ်းခွဲချင်လာတဲ့လူဟာ
အပြစ်မျိုးစုံရှာပြီးလမ်းခွဲဖို့ကြိုးစားလာလိမ့်မယ်
အဲဒီအချိန်ဘယ်လိုသတိထားနေနေ ဘယ်လိုပဲအကောင်းဆုံးနေနေ
သင်ဘာလုပ်လုပ် အပြစ်တွေချည်းပဲ နောက်ဆုံးတော့သင့်ကိုသူလမ်းခွဲသွားတယ်
အဲဒီလိုတစ်စုံတစ်ယောက်က
သင့်အပေါ်ပြုမူနေပြီလား
အနေအထိုင်လည်းဆင်ခြင်မနေနဲ့ အကောင်းဆုံးလည်းကြိုးစားမနေနဲ့
တယောက်တည်းနေတတ်အောင်ပဲကြိုးစားတော့
ဘာလို့လဲဆိုတော့ သူ့စိတ်ထဲမှာသင့်ကိုလမ်းခွဲဖို့ဆုံးဖြတ်ချက်ချပြီးသွားပြီ
ခင်မင်လျက်
ကောင်ကလေး
02-03-13,08:47Pm

လမ်းခွဲချင်လာတဲ့လူ
ချစ်သူနှစ်ဦးကြားက အကွာအဝေးဆိုတာ
ရေခြား မြေခြား ဝေးကွာနေခြင်းမဟုတ်ဘူး
စိတ်ဓါတ်တူညီမှု့ မရှိနိုင်ခြင်းပဲဖြစ်နိုင်တယ်
ချစ်သူနှစ်ဦးကြားက ခိုင်မြဲခြင်းဆိုတာ
အချိန်ကြာမြင့်လာခြင်း မဟုတ်ဘူး
နားလည်မှု့ပေးနိုင်ခြင်းပဲ ဖြစ်နိုင်တယ်
ချစ်သူနှစ်ဦးကြားက နီးစပ်ခွင့်ဆိုတာ
ဖူးစာရေးနတ်ကြီးနဲ့လည်း မဆိုင်နိုင်ဘူး
သူတို့နှစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ပဲ ဆိုင်တယ်
အချစ်ဆိုတဲ့ အကွာအဝေးကို တိုင်းတာဖို့ဆိုတာ ပေတံ မလိုဘူး
မေတ္တာစစ်နဲ့ချစ်ဖို့ပဲ လိုတယ် မဟုတ်လား..။