Archive for 08/13/12


(မေးခွန်းနံပါတ်၁ ကော်ဖီကောင်းကောင်းတစ်ခွက်ရဖို့ အချိန်၇နှစ်စောင့်ရတယ် ၀ီစီကီကောင်းကောင်းတစ်ခွက်ရဖို့ အချိန်နှစ်နှစ်စောင့်ရတယ် ကန်စွန်းပလိန်းတစ်ခွက်ရဖို့ ဆယ်ငါ့မိနစ်စောင့်ရတယ် နှလုံးသားအတုတစ်ခုကိုတွေ့ရဖို့ မျက်တောင်တစ်ခတ်စာပဲစောင့်ရတယ် ဒါပေမယ့် အချစ်စစ်ကို ရဖို့ အချိန်ဘယ်လောက်စောင့်ရလဲ (မေးခွန်းနံပါတ်၂) အချစ်ဆိုတာ အစကတည်းက ကိုယ့်ရင်ထဲမှာရှိနေတဲ့အရာလား ဒါမှမဟုတ်....လူတစ်ယောက်ကိုတွေ့ တော့မှပေါက်ဖွားရှင်သန်လာတဲ့အရာလား သူ့ကြောင့်အချစ်ဆိုတာဖြစ်ပေါ်လာတာလား။ (မေးခွန်းနံပါတ်၃) လူတစ်ယောက်ကိုကြိုက်ပြီးမှချစ်သွားတာလား ဒါမှမဟုတ်ချစ်ပြီးမှကြိုက်သွားတာလား အကြိုက်နဲ့အချစ်က ဘယ်ဟာက အရင်ဖြစ်သလဲ ဘယ်လိုရောဆက်ဆပ်နေတယ်လို့ထင်လဲ..... (မေးခွန်းနံပါတ်၎) ချစ်သူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေအပြည့်အ၀ရှိခဲ့ရင် ဘယ်တော့မှ မဝေးဘူးလို့ထင်မိသလား အရာရာအဆင်ပြေသွားပြီ လို့ထင်မိသလား.... (မေးခွန်းနံပါတ်၅) လူတစ်ယောက်ကောင်းတယ် ဆိုးတယ်ဆိုတာကို ပတ်ဝန်းကျင်အမြင်နဲ့ဆုံးဖြတ်မှာလား ဒါမှမဟုတ် ကိုယ့်ရဲ့အမြင်နဲ့ ဆုံးဖြတ်မှာလား ဒါမှမဟုတ် ကိုယ့်ရဲ့အမြင်နဲ့ဆုံးဖြတ်မှာလား........ (မေးခွန်းနံပါတ်၆) လူတစ်ယောက်ကိုနားလည်ရတာနဲ့ ခွင့်လွတ်ရတာဘယ်ဟာက ပိုခက်လဲ (မေးခွန်းနံပါတ်၇) ဗယ်လင်တိုင်းဒေးရယ်.......... ကိုယ့်ချစ်သူက ကိုယ့်ကို အဖြေပေးတဲ့နေ့(သို့) ကိုယ့်ချစ်သူကို ကိုယ်က အဖြေပေးလိုက်တဲ့နေ့ ချစ်သူတွေစဖြစ်နဲနေ့ကို နှစ်ပတ်လည်ကြုံလာတဲ့နေ့..(Anniversary Day) အဲ့ဒီနေ့နှစ်ခုမှာ ဘယ်နေ့က ကိုယ့်အတွက် အဓိပ္ပယ်ပိုရှိလဲ (မေးခွန်းနံပါတ်၈) လူတစ်ယောက်ကို တစ်ကယ်ချစ်တယ်ဆိုရင် ကိုယ့်ရဲ့မကောင်းတဲ့အချက်တစ်ချို့တစ်လေကို အဲ့ဒီလူအတွက်ပြောင်းလဲပစ်နိုင်တယ်ဆိုတာ တစ်ကယ်လား................ (မေးခွန်းနံပါတ်၉) တစ်ခါတစ်လေမှာ တစ်ချို့အချစ်တွေက လှည့်ဖြားတတ်တယ် လူတစ်ယောက်ကို တစ်ကယ်ချစ်တယ်ထင်ပြီးမှမချစ်တာမျိုးပေါ့ လူတစ်ယောက်ကို တစ်ကယ်ချစ်မချစ်ဘယ်လိုသိနိုင်မလဲ... (မေးခွန်းနံပါတ်၁၀) လူတစ်ယောက်ကို တစ်ကယ်ချစ်မိတယ်ဆိုရင် ယုံကြည့်ခြင်းက ကပ်ပါသွားတတ်လား သူငယ်ချင်းတို့လည်း ဒီအဖြေကို ကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့အတိုင်းခံစားကြည့်ကြပါနော်။

~~~အချစ်မေးခွန်းလွှာ~~

Posted by : လက်တွဲဖော် 0 Comments

(၁) ပထမဆုံး ကိုယ့်ပုံစံကို ပြောင်းလဲချင်စိတ်တွေပေါက်လာတာပါပဲ။ အရပ်ပုတဲ့လူက ရှည်ချင်လာတယ်။ အသားမည်းတဲ့ လူက ဖြူချင်လာတယ်။ အ၀တ်အစား ၀တ်တာအဆီအငေါ်မတည့်ဖြစ်ရင်သူ့ ရှေ့ ကျမှ ပိုရှက်မိတယ်။ ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်လို့ ထင်လာမိတယ်။ ကိုယ်ရဲ့ မကောင်းကွက်တွေကိုသိသွားမှာ ကိုယ့်ကို အထင်သေးသွားမှာ သေမလောက်ကြောက်တယ်။ (၂) သူ့ လိုအပ်တာကို ဖြည့်ဆည်းပေးချင်စိတ်တွေဖြစ်လာတယ်။ သူလိုချင်တာမှန်သမျှ ပိုက်ဆံရှိရှိမရှိရှိအကုန်ဝယ်ပေးချင်တော့တာပဲ။ ကိုယ်ပေးတာလေးတစ်ခုသူကြိုက်တယ်ဆိုရင် ၀မ်းသာမိတယ်။ သူက ကိုယ့်ကို အားကိုးတာကို သဘောကျတယ်။ (၃) သူ့ အပေါ်ပိုပွင့်လင်းလာတယ်။ သူ့ ကို ကိုယ့်အကြောင်းတွေမမေးဘဲပြောပြချင်မိတယ်။ ကိုယ်ချစ်တဲ့သူကို ယုံကြည်တဲ့ စိတ်ကြောင့် ကိုယ်သူငယ်ချင်းတွေကို မပြောပြမိတာတွေ၊ တခြားလူတွေကို ဖုံးကွယ်ထားတာတွေတောင်ပြောပြမိတယ်။ ကိုယ်လုပ်တဲ့အသေးအမွှားလေးတွေက အစ တခုတ်တရပြောပြမိနေတယ်။ (၄) တိုက်ဆိုင်မှုလေးတွေမှာ ပျော်တတ်တယ်။ သူနဲ့ ကိုယ်နဲ့ တိုက်ဆိုင်မှုတစ်ခုခုရှိတယ်ဆိုရင် အရမ်းပျော်တယ်။ ဥပမာ သူကော်ဖီကြိုက်လို့ ကိုယ်ကော်ဖီကြိုက်တယ်ဆိုတာမျိုး။ ကြောင်ချစ်တတ်တာတူတာမျိုးပေါ့။ အမှတ်တရလေးတွေကို တမင်ဖန်တီးချင်စိတ်ပေါက်လာတယ်။ (၅) သူ့ အနားမှာနေချင်တယ်။ သူ့ မျက်နှာလေးကို စက္ကန့် တိုင်းနီးပါးကို မြင်ချင်မိတယ်။ သူမသိဘဲနဲ့ လည်း ခိုးကြည့်ချင်တယ်.။ သူနဲ့  လမ်းလျှောက်ရတာ ပျော်တယ်။ သူနဲ့ အခုပဲ လမ်းခွဲတာတောင် ချက်ချင်းပြန်တွေ့ ချင်စိတ်တွေ ဖြစ်လာတယ်။ (၆) သူ့ ကိုအကာအကွယ်ပေးချင်စိတ်တွေပေါ်လာတယ်။ သူ့ ကို နေပူနေတာတောင် ကိုယ့်အတွက်တစ်ခုခု အကြီးအကျယ်စိုးရိမ်စရာလိုမျိုးဖြစ်နေတယ်။ လမ်းကူးတဲ့ အခါကိုယ့်ကိုယ်ကိုထက်သူ့ ကို သတိထားမိနေတာမျိုးဖြစ်နေတတ်တယ်။ (၇) သူ့  ရင်ထဲမှာတစ်ယောက်ယောက် ကြိုရှိနေမှာ၊ရည်းစားရှိနေမှာကိုစိတ်ပူတယ်။ သူနဲ့ ခင်မင်တဲ့ ကောင်လေးတစ်ယောက်အကြောင်းကြားမိတဲ့အခါမျိုးမှာ ရင်ထဲမှာပူ သွားတယ်။ သူ့ မှာရည်းစားရှိမရှိကို မဖြစ်မနေစုံစမ်းတော့မယ်။ (၈) သူပျော်စေချင်တယ်။ သူရီရင်လောကကြီးတစ်ခုလုံးလှသွားတယ်။ ရီစရာတွေလျှောက်ပြောတယ်။ အချစ်ရဲ့ လူရွှင်တော်ကြီးဖြစ်ချင်လာတယ်။ သူ့ ကိုစ တယ်။ သူ့ နဲ့ ရန်ဖြစ်တမ်းကစားရတာပျော်တယ်။ သူ စိတ်ဆိုးမှာလည်း စိုးရီမ်မိတယ်။ ကိုယ်ရဲ့ အပျော်တွေအားလုံးကိုလည်း သူနဲ့ အတူပဲ ခံစားချင်တယ်။ (၉) သူနဲ့ ပတ်သက်ရင်အစိုးရီမ်ကြီးလာတယ်။ ချိန်းထားရင်လွဲသွားမှာစိုးတယ်။ တွေ့ ရမယ့်နေ့ မတွေ့ ရမှာစိုးတယ်။ သူကိုယ့်ကို တုံ့ ပြန်လာမယ့်အဖြေဟာဘာလဲဆိုတာ စိတ်မောရတယ်။ (၁၀) သူ့ အကြောင်းတွေးမိတာ ခဏ ခဏ ရှိပြီဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိနေတယ်။ မလုံမလဲ စိတ်လည်းဖြစ်နေတယ်။ လူတွေကိုလည်းဘာမှ မဆိုင်ဘဲနဲ့ သူ့ ကောင်းကြောင်းတွေလျှောက်ပြောမိတယ်။ လူတွေက သူနဲ့ စ ရင်ရှက်ပေမယ့် ရင်ထဲမှာ ၀မ်းသာပီတိဖြစ်မိတယ်။ (၁၁) ချစ်ရင်အပြစ်မမြင်ဘူးဆိုတာ ဟုတ်မယ်။ သူ့ ကို ကြံဖန်အကောင်းမြင်တယ်။ အရမ်းတော်တယ်လို့ ထင်မိတယ်။ သူ့ အားနည်းချက်ကိုကျ ကြံဖန်သနားနေတယ်။ သူ့ ကောင်းကြောင်းကိုတစ်ယောက်ယောက်က ပြောရင် ကိုယ်က ၀မ်းသာရုံလောက်တင်မကဘူး ကိုယ့်ကို ချီးကျူးခံရတဲ့အတိုင်း ဘာမဆိုင်ညာမဆိုင်ဝင်ပြီး ဂုဏ်ယူမိတယ်။ (၁၂) တစ်လောကလုံးကို သူနဲ့ ဆက်စပ်တွေးနေမိတယ်။ မိန်းကလေးတွေကို တွေ့ ရင်သူ့ ကိုသတိရတယ်။ သူပြောဖူးတဲ့ စကားလေးတွေကို အကြောင်းတိုက်ဆိုင်တိုင်းပြန်ကြားနေတယ်။ သူကြိုက်တတ်တဲ့ ပစ္စည်းလေးတွေကို ဂရုတစိုက်ရှိနေမိတယ်။ ဥပမာ..သူကြိုက်တတ်တဲ့ စာအုပ်လေးတွေမြင်ရင် သူ့ ကိုသတိရတယ်။ ဟော ..ဒီစာ ဖတ်ရင်းနဲ့ တောင် သူ့ ကို သတိရမိသွားတယ်။

မိန်းကလေးတစ်ယောက်ကိုချစ်မိရင်…

Posted by : လက်တွဲဖော် 0 Comments

၁။ ငါ နင့်ကို ဒီလောက်ချစ်တာ....နင် ငါ့ကို နည်းနည်းပြန်ချစ်ရင် ငါသေပျော်ပါပြီဟာ.... ၂။ နင် ထမင်းမချက်တတ်ဘူးဆိုလဲ ငါ့ဘေးနားမှာနေပြီး...ငါချက်တဲ့ ထမင်းကို နှစ်ယောက်အတူတူစားကြမယ်လေ.... ၃။ ဒီကမ္ဘာမှာ နင့်မိဘတွေ ပြီးရင် နင့်ကို ငါ့လောက် ချစ်တာ ဘယ်သူရှိလဲ....... ၄။ နင်ကလဲ ရိုးလိုက်တာ...နောက်ဆို ဘာပဲဖြစ်ဖြစ် ..ငါ့နောက်မှာပဲ နေနော်... သိရဲ့လား.... ၅။ နင့်ရဲ့နာမည်က ငါ့နှလုံးသားထဲမှာ ရေးထွင်းပြီးသားပါဟာ...တခြားကောင်မလေးတွေကို စိတ်မ၀င်စားပါဘူး.... ၆။ နင် အဲဒီမှာပဲ ရပ်နေနော်...ဘယ်မှ မသွားနဲ့... ငါ အခုလာကြိုမယ်.... ၇။ နင်ငါ့ကိုချစ်တယ်ဆိုတဲ့စကားအမြဲ ကြားချင်တယ်..မှတ်ထားပေးနော်... ၈။ နင့်ကို ငါ့ရဲ့ ဘေးမှာ တစ်သက်လုံး အတူရှိနေစေချင်တယ်.... ၉။ လောကကြီးမှာ ကောင်းတဲ့အရာမှန်သမျှ...ငါရသလို...နင့်မှာလဲ ရှိစေရမယ်.... ၁၀။ နင် ငါ့အတွက် အိမ်သန့်ရှင်းရေးလုပ်ပေးသလို...ငါလဲ နင်လျှောက်မဲ့လမ်းကို ရှင်းလင်းပေးထားမယ်လေ... ၁၁။ နင့်ကို ချစ်တယ်ဆိုတာ ငါ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ပဲနော်...ဘယ်သူမှ တရားမ၀င် နင့်ကို ပြောဆိုခွင့် မပေးနိုင်ဘူး ၁၂။ နင်လိုချင်တာ...ငါ့မှာရှိရင် ကျိန်းသေ နင့်ကို ပေးမှာပါ....နင် ငါ့အနားက မထွက်သွားပါနဲ့နော်.... ၁၃။ အခု မင်္ဂလာဆောင်စရိတ်တွေ သက်သာတယ်ကြားတယ် ငါတို့ မင်္ဂလာဆောင်ရအောင် ငါ့ကိုလက်ထပ်ခွင့်ပေးပါ ၁၄။ ဘ၀ဆိုတာ ဒီလောက် ရှည်လျားတာ... နင် ငါ့ကို သုံး လေး နှစ် စောင့်ခိုင်း တာ ဘာအရေးလဲ... ၁၅။ ငါကိုယ်တိုင် နင့်ကို ကံကောင်းခြင်းတွေ ပေးမယ်...တခြားသူတွေကို စိတ်မချပါဘူး.... ၁၆။ မင်းတို့ ငါ့ချစ်သူကို အနိုင်မကျင့်ကြနဲ့နော်..ငါကလွဲလို့ မင်းတို့မှာ ပြောပိုင်ခွင့်မရှိဘူး... ၁၇။ နင်စောင့်နေနော်...တနေ့ကျရင် ငါ့ကလေးရဲ့ မေမေ လုပ်ရမှာ.... ၁၈။ နင့်ကိုယ်နင် သေချာ စောင့်ရှောက်ပါ...မဟုတ်ရင် နင့်ကို တစ်သက်လုံးစောင့်ရှောက်ခွင့် ငါ့ကို ပေးနော်... ၁၉။နင့်ကို သတိရတဲ့အခါ...ငါ နင့်ကို အမြဲရှာနေမိတယ်... ၂၀။ ငါ နင့်ကို ကံကောင်းခြင်းတွေ ပေးတာ...ဘယ်သူမှ တားလို့ မရဘူးဆိုတာ နင်သိလား.... ၂၁။ ငါတောင် အပြစ်မတင် ရက်တဲ့ လူကို...ဘယ်သူက အနိုင်ကျင့်လို့ရမှာလဲ.... ၂၂။ ဘယ်လို အချိန်ပဲဖြစ်ဖြစ်...နင့်မှာ လက်ထပ်ချင်တဲ့သူရှိရင် ငါ့ကိုပြောပါ... ငါနင့်ကို စွန့်လွှတ်ပေးပါ့မယ်... •♫♪ မှတ်ချက်... အထက်ပါ စကားများမှာ... မိမိတကယ်ချစ်သော မိန်းကလေးကိုသာ ပြောရန်ဖြစ်ပါတယ်...ღ•♫♪

မိန်းကလေးတွေ အတွက်

Posted by : လက်တွဲဖော် 0 Comments

(၁) ငါငို၇င် နင်မှားတယ် မမှားတယ်ဆိုတာ အသာထား၊ ယောကျာ်းလေးပီပီ အ၇င်လာချော့ပါ။ (၂) ငါမင်းကို၇စ်နေတယ်၊ ၇ှူပ်နေတယ်ဆိုတာ မင်းးကိုပိုဂရုစိုက်စေချင်လို့ပါ။ (၃) တခါတလေ အပြင်သွား၇င် သပ်သပ် ၇ပ်၇ပ်လေး ၀တ်လာပါ။ (၄) ငါက အချောဆုံး အလှဆုံး မဟုတ်ပါဘူး။ ဒါပေမယ့် ချစ်ဖို့ကောင်းတယ်.. နူးညံ့ သိမ်မွေ့ တယ်လို့ပြောတာလေးတော့ကြားချင်တာပေါ့။ (၅) ငါတို့နှစ်ယောက်ချစ်သူဖြစ်တဲ့၇က်၊ ထူးခြားတဲ့၇က်၊ အမှတ်တ၇ဖြစ်တဲ့၇က်၊ မွေးနေ့၇က်တွေကိုတော့ မင်းသိသင့်တယ်။ (၆) တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်တော့ ဆက်ပါလားး။ဖုန်းပြောပီးမှ အိပ်သွား၇တာက ငါ့အတွက် ကြည်နူးစ၇ာလေးပါ။ (၇) မင်းချောဖို့ ၇ုပ်ဖြောင့်ဖို့ မလိုပါဘူး။ သန့် နေ၇င် ကိုယ့်စတိုင်လ် နဲ့ ကိုယ်နေ၇င် ကျေနပ်ပါတယ်....။ (၈) ငါ့သူငယ်ချင်းတွေကို မင်းလက်ခံနိုင်အောင် ကြိုးစားပါ။ (၉) နှစ်ယောက်သားချိန်းတွေ့  တဲ့ အခါမှာ ငါက ဘယ်သွားမလဲလို့ မေး၇င် ကြိုက်တဲ့ နေ၇ာ သွားလို့ မပြောပါနဲ့။ အဲ့ဒါက အလိုလိုက်တာ မဟုတ်ဘူး။ ငါ့နဲ့ ချိန်းတွေ့  တာကို စိတ်မပါသလို ငါခံစား၇လို့ပါ။ (၁၀) မိန်းကလေး သူငယ်ချင်းတွေနဲ့  ၇င်း၇င်းနှီးနှီး မဆက်ဆံပါနဲ့ ။ ချစ်သူ၇ှိကြောင်းပြောပီး စည်းလေးတခုနဲ့ နေပါ။ (၁၁) ငါ့မှာယောကျာ်းလေးသူငယ်ချင်းတွေတော့၇ှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှူ့ ကို စည်းနဲ့မဟုတ်ပါဘူး။ တံတိုင်းနဲ့ ခြားထားတာပါ...။ (၁၂) ငါလည်း ၇ည်းစားဟောင်း ၊ အချစ်ဦး ၊ ကြိုက်ခဲ့ တဲ့ မင်းသားကိုတော့ တခါတလေ သတိ၇မိတာပေါ့။ ကလေးတုန်းကမို့ သတိ၇ပီး သဘောကျမိသွားတာပါ။ အခုကစပီး နောင် ကို ဆက်ချစ်သွားမှာက မင်းကိုလေ .............။ (၁၃) ငါ့ကိုချစ်တယ်လို့  မကြာခဏ ပြောပေးပါ။ မပြော၇င် မချစ်တော့ဘူးလားဆိုပီး တွေးနေတတ်လို့ပါ....။ (၁၄) ငါစိတ်ဆိုးလို့ ငါ့ကို နောက်လာမ၇ှာပါနဲ့ ။ ဖုန်းမဆက်နဲ့ လို့ပြောတာတွေက မင်းကို လာ၇ှာခိုင်းးး ဖုန်းဆက်ခိုင်းတာပါ။ (၁၅) ငါတို့တွဲလာတာကြာပီ ဆိုပေမယ့်လည်းးး မင်းဆီက မထင်မှတ်တဲ့ suprise လေးတော့ လိုချင်တာပေါ့..။ (၁၆) shopping ထွက်တာ မိန်းကလေးတွေ၇ဲ့  သဘာဝပါ။ ဒါကို အပြစ်မပြောပါနဲ့ ။ တခါတလေမှာ ငါ့ကိုခေါ်ပီး လိုက်ဝယ်ပေးပါလား......။ (၁၇) ငါကြိုက်တယ်လို့ပြောတဲ့ အ၇ာအားလုံးဝယ်ပေးစ၇ာ မလိုပါဘူး .။ အမှတ်တ၇ ဖြစ်စေတဲ့ နေ့တွေမှာ တစ်ခု နှစ်ခုလောက် ၀ယ်ပေး၇င် ကျေနပ်ပါတယ်....။ မင်းစိတ်ထဲမှာ ငါ့အတွက် ၇ှိနေတာ သိ၇င် လုံလောက်ပါတယ်...................။

မိန်းကလေးဆိုတာ..............

Posted by : လက်တွဲဖော် 0 Comments

(၁) ငါငို၇င် နင်မှားတယ် မမှားတယ်ဆိုတာ အသာထား၊ ယောကျာ်းလေးပီပီ အ၇င်လာချော့ပါ။ (၂) ငါမင်းကို၇စ်နေတယ်၊ ၇ှူပ်နေတယ်ဆိုတာ မင်းးကိုပိုဂရုစိုက်စေချင်လို့ပါ။ (၃) တခါတလေ အပြင်သွား၇င် သပ်သပ် ၇ပ်၇ပ်လေး ၀တ်လာပါ။ (၄) ငါက အချောဆုံး အလှဆုံး မဟုတ်ပါဘူး။ ဒါပေမယ့် ချစ်ဖို့ကောင်းတယ်.. နူးညံ့ သိမ်မွေ့ တယ်လို့ပြောတာလေးတော့ကြားချင်တာပေါ့။ (၅) ငါတို့နှစ်ယောက်ချစ်သူဖြစ်တဲ့၇က်၊ ထူးခြားတဲ့၇က်၊ အမှတ်တ၇ဖြစ်တဲ့၇က်၊ မွေးနေ့၇က်တွေကိုတော့ မင်းသိသင့်တယ်။ (၆) တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်တော့ ဆက်ပါလားး။ဖုန်းပြောပီးမှ အိပ်သွား၇တာက ငါ့အတွက် ကြည်နူးစ၇ာလေးပါ။ (၇) မင်းချောဖို့ ၇ုပ်ဖြောင့်ဖို့ မလိုပါဘူး။ သန့် နေ၇င် ကိုယ့်စတိုင်လ် နဲ့ ကိုယ်နေ၇င် ကျေနပ်ပါတယ်....။ (၈) ငါ့သူငယ်ချင်းတွေကို မင်းလက်ခံနိုင်အောင် ကြိုးစားပါ။ (၉) နှစ်ယောက်သားချိန်းတွေ့  တဲ့ အခါမှာ ငါက ဘယ်သွားမလဲလို့ မေး၇င် ကြိုက်တဲ့ နေ၇ာ သွားလို့ မပြောပါနဲ့။ အဲ့ဒါက အလိုလိုက်တာ မဟုတ်ဘူး။ ငါ့နဲ့ ချိန်းတွေ့  တာကို စိတ်မပါသလို ငါခံစား၇လို့ပါ။ (၁၀) မိန်းကလေး သူငယ်ချင်းတွေနဲ့  ၇င်း၇င်းနှီးနှီး မဆက်ဆံပါနဲ့ ။ ချစ်သူ၇ှိကြောင်းပြောပီး စည်းလေးတခုနဲ့ နေပါ။ (၁၁) ငါ့မှာယောကျာ်းလေးသူငယ်ချင်းတွေတော့၇ှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှူ့ ကို စည်းနဲ့မဟုတ်ပါဘူး။ တံတိုင်းနဲ့ ခြားထားတာပါ...။ (၁၂) ငါလည်း ၇ည်းစားဟောင်း ၊ အချစ်ဦး ၊ ကြိုက်ခဲ့ တဲ့ မင်းသားကိုတော့ တခါတလေ သတိ၇မိတာပေါ့။ ကလေးတုန်းကမို့ သတိ၇ပီး သဘောကျမိသွားတာပါ။ အခုကစပီး နောင် ကို ဆက်ချစ်သွားမှာက မင်းကိုလေ .............။ (၁၃) ငါ့ကိုချစ်တယ်လို့  မကြာခဏ ပြောပေးပါ။ မပြော၇င် မချစ်တော့ဘူးလားဆိုပီး တွေးနေတတ်လို့ပါ....။ (၁၄) ငါစိတ်ဆိုးလို့ ငါ့ကို နောက်လာမ၇ှာပါနဲ့ ။ ဖုန်းမဆက်နဲ့ လို့ပြောတာတွေက မင်းကို လာ၇ှာခိုင်းးး ဖုန်းဆက်ခိုင်းတာပါ။ (၁၅) ငါတို့တွဲလာတာကြာပီ ဆိုပေမယ့်လည်းးး မင်းဆီက မထင်မှတ်တဲ့ suprise လေးတော့ လိုချင်တာပေါ့..။ (၁၆) shopping ထွက်တာ မိန်းကလေးတွေ၇ဲ့  သဘာဝပါ။ ဒါကို အပြစ်မပြောပါနဲ့ ။ တခါတလေမှာ ငါ့ကိုခေါ်ပီး လိုက်ဝယ်ပေးပါလား......။ (၁၇) ငါကြိုက်တယ်လို့ပြောတဲ့ အ၇ာအားလုံးဝယ်ပေးစ၇ာ မလိုပါဘူး .။ အမှတ်တ၇ ဖြစ်စေတဲ့ နေ့တွေမှာ တစ်ခု နှစ်ခုလောက် ၀ယ်ပေး၇င် ကျေနပ်ပါတယ်....။ မင်းစိတ်ထဲမှာ ငါ့အတွက် ၇ှိနေတာ သိ၇င် လုံလောက်ပါတယ်...................။

မိန်းကလေးဆိုတာ..............

Posted by : လက်တွဲဖော် 0 Comments

ညနေခင်းလေးတစ်ခု လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကိုဖြန်.ကြက်ထားတယ် ....... ရှည်လျားတဲ့လမ်းမ ထက်က စက်ဘီးလေးတစ်စီးပေါ်မှာ ကောင်လေးကကောင်မလေးကိုတင်နင်းလာတယ် ''ငါ့ကိုဘယ်အချိန်ထိချစ်မှာလဲ '' ကောင်လေးခါးကို ပွေ.ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကို ခပ်တိုးတိုးလေးမေးတယ် ။ မီးနီနေတုန်း ကောင်လေးက ကောင်မလေးကိုလက်တစ်ချောင်းထောင်ပြလိုက်တော့ ကောင်မလေးက ''တစ်သက်လုံးလား'' လို.ပြောတော့ ............ ကောင်လေးက "" နင့်ကိုငါဒီလိုအဖြေမျိုး ပေးမှာမဟုတ်ဘူး ဒီလိုအဖြေမျိုးပေးမှာမဟုတ်ဘူး ။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်တလိုပဲ ..... ပြန်စဉ်းစားလိုက်ပါဦး "" ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း '' ဒီလိုဆိုရင်တစ်ရက်လား "" '' ဟား . . ဟား .. ငါတို.ချစ်တာတောင် 2 လကျော်နေပြီ ။ တစ်ရက် တစ်ပတ် တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ "" ကောင်လေးအပြောမှာ ကောင်မလေး ရောယောင်ရယ်ရင်း "" တစ်ခဏတော့မဟုတ်ရပါဘူးနော် "" လို. အသံကျယ်ကြီးနဲမေးတယ်။ ကောင်မလေးအပြောကြောင့်စက်ဘီးလဲမတတ် ကောင်လေးအော်ရယ်မိတယ်။ ကောင်မလေး ရဲ့ ဒီလိုရွှတ်နောက်နောက် အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကိုကောင်လေး သိပ်ချစ်တယ် ။ '' ဒီလိုဆိုရင် တစ်နှစ်လား '' ကောင်လေးခေါင်းခါပြလိုက်တယ် ။ '' ဒီလိုဆိုရင် နှစ်တစ်ရာကွာ .... ငါ့ကိုနှစ်တစ်ရာချစ်၇င်ရပြီ ''' ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမဲ့ မျက်နှာပေါ်မှာ အပျော်ရိပ်တွေသမ်းနေတယ် '' နှစ်တစ်ရာ ....... မတိုလွန်းဘူးလားကွာ ။ နှစ်တရာနဲ့ ငါနင့်ကိုချစ်လို.မ၀နိုင်ဘူး '' ကောင်လေးရဲ့စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ် ။ '' အဖြေကို သိချင်နေပြီလား '' ကောင်လေးဖြေချင်နေပြီ ။ '' ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ '' ကောင်မလေးလည်းအဖြေကိုကြားချင်နေပြီ ။ ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း ''' နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ.အထိ ငါချစ်နေမယ် ''' ကောင်လေးစကားကြောင့် ကောင်မလေးငေးငိုင်သွားတယ် ။ နင်ငါ့ကိုမချစ်တော့တဲ့ တစ်နေ.အထိ ငါချစ်နေမယ် ............ အဲဒီတစ်နေ.က ဘယ်လောက်ကြာနိုင်မလဲ ........တိုနိုင်တလို .ရှည်နိုင်တယ် ။ ထာဝရ တစ်ခဏ လည်းဖြစ်နိုင်ပေမဲ့ တိကျတဲ့အဖြေ ဖြစ်ပါတယ် ။။။။။။။။

ငါ့ကိုဘယ်အချိန်ထိချစ်မှာလဲ

Posted by : လက်တွဲဖော် 0 Comments

(၁) တကယ်လို့ ငါနဲ့ နင့်မေမေ ပင်လယ်ထဲကျသွားရင် နင်ဘယ်သူ့ကိုအရင်ကယ်မလဲ? (၂) ငါ့ကို ဒါဝယ်ပေးနိုင်မလား? (၃) နင်ရော ဘာစားချင်လဲ? (၄) ဒီနေ့က ဘာနေ့လဲ နင်သိရဲ့လား? (၅) နင့်ဘေးမှာ မိန်းကလေးရှိတယ်မဟုတ်လား? (ဖုန်းထဲမှာ) (၆) တကယ်လို့ ငါရုပ်ဆိုးသွားရင်၊ ဝသွားရင် ငါ့ကိုချစ်ဦးမှာလား? (၇) ဘယ်အင်္ကျီဝတ်ရင် ငါနဲ့ပိုလိုက်မလဲ? (၈) ငါ ဝလာလား? (၉) နင်က ငါ့ကိုနှစ်သက်တာလား? ချစ်တာလား? (၁ဝ) နင်ငါ့ကို သတိရနေလား?

မိန်းကလေးတွေရဲ့အမေးဆယ်ခွန်း

Posted by : လက်တွဲဖော် 0 Comments

တချို့မိန်းကလေးတွေက ချစ်သူရှာရင် ဒီလိုသတ်မှတ်ထားတတ်တယ်
ကြင်နာရမယ်၊ တိုးတက်လိုစိတ်ရှိရမယ်၊ အာရုံစူးစိုက်မှုရှိရမယ်၊ ငွေကြေးရှိရမယ်.. တဲ့
ဒီလိုကောင်းတဲ့ယောက်ျားမျိုးက လူတွေလုလို့ ကုန်ကုန်ပြီ။
ဒီလောကမှာ အရာရာပြည့်စုံ ခြောက်ပစ်ကင်းတဲ့လူမျိုး
သင...့်အရွေးကိုခံဖို့ စောင့်နေမှာ မဟုတ်ဘူး။
ယောက်ျားဆိုတာ ကောင်းကွက်တစ်ကွက်နှစ်ကွက်ရှိတာနဲ့ မဆိုးဘူးလို့ ဆိုရမယ်
ကြင်နာတတ်တဲ့ ယောက်ျားကို တိုးတက်လိုစိတ်ရှိအောင် သင်လှုံ့ဆော်တတ်ရတယ်
တိုးတက်ကြိုးစားတဲ့ယောက်ျားကို အာရုံစူးစိုက်မှုရှိအောင် သင်ထိန်းသိမ်းတတ်ရတယ်
အာရုံစူးစိုက်မှုရှိတဲ့ယောက်ျားကို ငွေကြေးချမ်းသာလာတဲ့ထိ
သင်စောင့်နိုင်ရတယ်
ပြီးပြည့်စုံတဲ့ ယောက်ျားဆိုတာ
(၁) စောင့်ပြီးမှ ရလာတာ
(၂) ထိန်းသိမ်းပြီးမှ ရလာတာ
(၃) သည်းခံပြီးမှ ရလာတာဖြစ်တယ်။

ပြီးပြည့်စုံတဲ့ ယောက်ျားဆိုတာ

Posted by : လက်တွဲဖော် 0 Comments

တခါတုန်းပေါ့ကွယ် ဘု၇င်ကြီးတပါးကမေးတယ်..................မင်းတို့မူးမတ်တွေထဲမှာ မိန်းမမကြောက်တဲ့သူ ရှိလားတဲ့ မူးမတ်တွေက ပြန်မဖြေနိုင်ကျဘူး အဲ့တော့ဘု၇င်ကြီးကနောက်နေ့ကျ၇ငိ တိုင်းသူပြည်သားတွေကိုဆင့်ခေါ်မယ်ဆိုပြီး မိန်းမကြောက်တဲ့ လူဝင်၇န်နေရာနဲ့ မိန်းမ မကြောက်တဲ့သူ ၀င်၇န်နေရာဆိုပြီး နေရာ၂ခုခွဲထားလိုက်တာပေါ့ အဲတာနဲ့နောက်နေ့လဲရောက်ရောတိုင်းသူပြည်သားတွေရောက်လာကြတယ်လေ အဲဒီလူတော်တော်များများက မိန်းမကြောက်တဲ့နေရာမှာဘဲ ၀င်ဝင်၇ပ်နေကြတော့ ဘု၇င်ကြီင်္းကတော့ဟာသွားပြီပေါ့ သူတို့လဲငါ့လိုပါဘဲလားပေါ့..........အဲ့ဒီအချိန်မှာ မိန်းမ မကြောက်တဲ့ဘက်ကို လူတစ်ယောက်ထဲဝင်နေတာကိုသွား တွေ့တော့ ဘု၇င်ကြီးက ဟ... ဒီလူပေါ့အတော်သတ္တိရှိတာဘဲပေါ့ မိန်းမကို လုံးဝမကြောက်တက်ဖူးပေါ့ သူမှာဘာနည်းလမ်းရှိမလဲပေါ့ အဲတာနဲ့ဘုရင်ကြီးကသွားမေးရော......... ခင်ဗျားကဘာနည်းတွေဆောင်ထားလို့ မိန်းမမကြောက်တာလဲပေါ့ ဘု၇င်ကြီးတောင် အား.....ဘုရားဘုရား လို့တောင်တသွားလေတဲ့ (သူပြောလိုက်တာက..........- ) အရှင်မင်းကြီးခငိဗျား.............ကျနော်မျိုးရဲ့မိန်းမက မှာလိုက်တယ်ဘုရား..........လူတွေနဲ့ ရောရောမနေရဖူးဆို လို့ လူတွေမရှိတဲ့ဒီဖက် အခြမ်းမှာ လာရပ်နေတာပါဘုရားတဲ့ (ငါ့ကောင်တွေလဲ အဲ့လိုလုပ်ရဖူးနော် .....ဟဲဟဲ)......

ယောက်ကျားတွေ မိန်းမကြောက်သလားတဲ့

Posted by : လက်တွဲဖော် 0 Comments

ဇနီးသည်လေးဦး
ဇနီးသည်လေးဦး


အရမ်းကိုချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးဆီမှာ ဇနီးလေးယောက်ရှိပါတယ် ။ ကုန်သည်ကြီးက စတုထ္ထမြောက်
 
ဇနီးကိုအချစ်ဆုံးပဲ ဒါကြောင့်သူ့ရဲ့အဖိုးထိုက်တန်တဲ့ဝတ်ရုံကို ဆင်မြန်းစေပြီး သိမ်မွေ့နူးညံ့စွာ ပဲဆက်ဆံ တယ်
 
။ ကုန်သည်ကြီးက ဒီ ၄ ယောက်မြောက်ဇနီးကို အရမ်းဂရုစိုက်ပြီး ဘာမှတော့မပေးဘူး ဒါပေမဲ့ ပေး မယ်ဆို
 
ရင်လည်း အကောင်းဆုံးကိုပေးလေ့ရှိတယ် ။


ကုန်သည်ကြီးဟာ တတိယမြောက်ဇနီးကိုလည်း လွန်စွာ ချစ်မြတ်နိုးတယ် ။ သူမကို ပိုင်ဆိုင်ရခြင်း အတွက် အမြဲ
 
ဂုဏ်ယူလေ့ရှိပြီး သူ့သူငယ်ချင်းတွေကိုလည်း တတိယမြောက်ဇနီးလေးကိုကြွားလေ့ရှိတယ် ။ ကုန်သည်ကြီးက
 
ဒီဇနီးလေး တခြားယောင်္ကျားတွေနဲ့ ထွက်ပြေးသွားမှာကိုလည်း အရမ်းကြောက်လန့်နေခဲ့တယ် ။


ဒါ့အပြင်ကုန်သည်ကြီးဟာ ဒုတိယမြောက်ဇနီးကိုလည်း ချစ်မြတ်နိုးပါတယ် ။ သူမဟာ အရ်ကိုးစဉ်းစားတွေးခေါ်
 
တတ်တယ် စိတ်လည်းရှည်ပြီး ကုန်သည်ကြီးရဲ့ လူယုံတစ်ယောက်လည်းဖြစ်ပါတယ် ။ ကုန်သည်ကြီး
 
အနေနဲ့ ခက်ခဲတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရပြီဆိုရင် ဒုတိယဇနီးဆီကိုသွားပြီး အကူအညီတောင်းခံလေ့ရှိတယ် ။
 
ဒုတိယ ဇနီးက ကုန်သည်ကြီးကို ကူညီပြီး ပြဿနာတွေကို ကူညီဖြေရှင်းပေးလေ့ရှိတယ် ။


ကုန်သည်ကြီးရဲ့ ပထမဆုံးဇနီးကတော့ တော်ဝင်အမျိုးအနွယ်ဖြစ်ပြီး ကုန်သည်ကြီးရဲ့ ဥစ္စာဓနတွေနဲ့
 
အိမ်ကြီးကို ထိမ်းသိမ်းစောင့်ရှောက်ရတယ် ။ ဒါပေမယ့်လည်း ကုန်သည်ကြီးက ပထမဇနီးကိုတော့မချစ်ပါဘူး ။
 
သူမက သူ့ကို နက်ရှိုင်းစွာ ချစ်ပေမယ့်လည်း ကုန်သည်ကြီးကတော့ အမြဲပဲ ဆူညံစွာ ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိ
 
တယ် ။


တစ်နေ့မှာ ကုန်သည်ကြီးနေမကောင်းဖြစ်တယ် ။ နေမကောင်းတာဟာ တဖြည်းဖြည်း အဲဒီရက်ကစလို့ ရှည်ကြာ
 
လာတယ် ။ မကြာခင်သူသေဆုံးတော့မယ်ဆိုတာကိုလည်း သူ့ကိုယ်သူသိနေခဲ့တယ် ။ ကုန်သည်ကြီးက သူ့ဘ၀ သူပြန်
 
စဉ်းစားပြီး တွေးနေတယ် ။ “ ငါ့မှာ ငါနဲ့အတူနေတဲ့ဇနီးလေးယောက်ရှိတယ် ဒါပေမယ့်
 
ငါသေတဲ့ အခါ ငါတစ်ယောက်တည်းနေရတော့မယ် ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ !! ”

ဒါကြောင့် သူက စတုထ္ထမြောက်ဇနီးကိုမေးတယ် ။ “ ငါမင်းကိုအချစ်ဆုံးပါပဲ မင်းကို အသစ်လွင် ဆုံးအ၀တ်
 
အစားတွေပေးဝတ်ခဲ့တယ် အထူးပဲကြင်နာဂရုစိုက်ခဲ့တယ် အခုငါ သေရတော့မယ် မင်းငါနဲ့တမလွန်ကို အတူ
 
အဖော်အဖြစ် လိုက်ခဲ့နိုင်မလား ” “ ဟင့်အင်း ” စတုထ္ထမြောက်ဇနီးက တစ်ခွန်းထဲဖြေပြီး
 
ဘာစကား မှမပြောတော့ပဲလှည့်ထွက်သွားခဲ့တယ် ။


သူမအဖြေက ကုန်သည်ကြီးရဲ့နှလုံးသားကို ဓါးနဲ့လှီးခွဲလိုက်သလို နာကျင်ခဲ့ရတယ် ။ ၀မ်းနည်း သွားတဲ့ကုန် သည်ကြီး
 
က တတိယဇနီးကိုမေးတယ် ။ “ ဇနီးအားလုံးထဲမှာ ငါမင်းကိုအချစ်ခဲ့ဆုံးပါပဲ အခုငါသေတော့ မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တ
 
မလွန်ကို လိုက်ခဲ့နိုင်မလား ” တတိယဇနီးကပြန်ဖြေတယ် “ ဒီမှာနေရတဲ့ ဘ၀ကပိုကောင်းပါတယ် ရှင်သေသွားပြီးရင်
 
ကျွန်မမှာ နောက်အိမ်ထောင်ပြုဖို့ရှိသေးတယ် ” အဖြေကိုကြား လိုက်ရတဲ့အခါ ကုန်သည်ကြီးရဲ့ နှလုံးသား
 
 
ဟာ နာကျင်သွားပြီးအေးစက်သွားတယ် ။


ပြီးတော့ ဒုတိယဇနီးကိုသူဆက်မေးတယ် ။ “ ငါအကူအညီလိုတဲ့အခါတိုင်းမင်းဆီကိုလာခဲ့တယ် မင်းဟာ အမြဲငါ့ပြဿနာ
 
တွေ ကိုကူညီဖြေရှင်းပေးခဲ့တယ် အခု ငါသေရတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင် မလားဟင် ”
 
“ စိတ်မကောင်းပါဘူးရှင် ဒီတစ်ကြိမ်တော့ကျွန်မရှင့်ကို မကူညီနိုင်တော့ပါဘူး အလွန်ဆုံးရှင့် ကို စိတ်အားတက်
 
အောင်ပဲ ကျွန်မကူညီပေးနိုင်ပါ့မယ် ” အဖြေစကားက မိုးကြိုးပစ်ချလိုက် သလိုပါပဲ ကုန်သည်ကြီးဟာ တုန်လှုပ်ခြောက်ခြား
 
သွားခဲ့တယ် ပြီးအစာရေစာလည်းမ၀င်တော့ဘူး ။

အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ် ။ “ ကျွန်မရှင်နဲ့အတူလိုက်ခဲ့မယ် ရှင်ဘယ်ကိုသွား
 
သွားဘာတွေ ပဲဖြစ်ဖြစ်ကျွန်မရှင်နဲ့လိုက်ခဲ့ပါ့မယ် ”ကုန်သည်ကြီးက လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ပထမဆုံး ဇနီးဖြစ်လို့နေ
 
တယ် ။ သူမက ကလည်းပိန်ကပ်နေတယ် အစာရေစာချို့တဲ့နေသလိုပါပဲ ။ အံသြစွာနဲ့ကုန် သည်ကြီး ကပြော
 
ခဲ့တယ် ။ “ ငါအသက်ရှင်စဉ်မှာ မင်းကို ငါ ဒီထက်ပိုပြီး ဂရုစိုက်သွားတော့မယ် ”

###########################

တကယ်တော့ ကျွန်တော်တို့ ဘ၀တွေမှာ ဇနီးလေးယောက်စီရှိပါတယ် ။

၁ ။ စတုထ္ထဇနီးကတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပါ ။ ခန္ဓာကိုယ်ကိုဘ ယ်လိုပဲကောင်းအောင် လှအောင်
 
တောက် ပနေအောင်ပြုပြင်ဖန်တီးနေပေမယ့်လည်း ကျွန်တော်တို့သေဆုံးတဲ့အခါစွန့်ခွာခဲ့ရမှာပါပဲ ။

၂ ။ တတိယဇနီးကတော့ ကျွန်တော်တို့ ပိုင်ဆိုင်မှုစည်းစိမ်တွေပါ ။ ကျွန်တော်တို့သေတဲ့အခါ
 
အဲဒီစည်း စိမ်တွေကလည်းတခြားလူတွေနဲ့အတူပါသွားလိမ့်မယ် ။

၃ ။ ဒုတိယဇနီးကတော့ ကျွန်တော်တို့မိသားစုနဲ့ သူငယ်ချင်းတွေပါ ။ ကျွန်တော်တို့ ဘယ်လောက် ပဲရင်းနှီး တယ်
 
ပြောပြော ကျွန်တော်တို့အသက်ရှင်နေစဉ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ် ။ သူတို့က အသက်ရှင်နေစဉ်မှာ
 
ရဲရင့်အောင် စိတ်အားတက်ကြွအောင်ပဲဆောင်ရွက်ပေးနိုင်ပါလိမ့်မယ် ။


၎ ။ ပထမဆုံးဇနီးကတော့ ကျွန်တော်တို့ရဲ့စိတ်အတွင်းသဏ္ဍန်ပါပဲ ။ ကျွန်တော်တို့တကယ်ပိုင်ဆိုင်တဲ့အရာပေါ့
 
အရာဝထ္ထုပစ္စည်းစည်းစိမ်တွေ နဲ့ အာရုံငါးပါးနောက်ကျွန်တော်တို့ ကောက်ကောက်ပါအောင် လိုက်ပြီး စိတ်ရင်း
 
သဏ္ဍန်ကို လစ်လျှူရှုထားပေမယ့်လည်း ကျွန်တော်တို့ စိတ်တွင်းသဏ္ဍာန် ကတော့ကျွန်တော် တို့နဲ့အမြဲအတ
 
ူရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ် အတူလိုက်ပါနေမှာဖြစ်ပါတယ် ။

ဇနီးသည်လေးဦး

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -