Archive for 01/08/13
သင့်ရဲ့ချစ်သူဆိုတာ
ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တတ်ပါစေ
သူဟာ သင့်ရဲ့ဂရုစိုက်မှုကိုလိုချင်တဲ့သူပါ
ဘယ်လောက်ပဲ ရပ်တည်နိုင်တဲ့လူဖြစ်ပါစေ
သူဟာ သင့်ပခုံးကိုမှီခိုချင်တဲ့သူပါ
ဘယ်လောက်ပဲ နားလည်ပေးတတ်သူဖြစ်ပါစေ
တခါတရံသူဟာ သင့်ကိုစိတ်ကောက်ချင်သူပါ
ဘယ်လောက်ပဲ ရင့်ကျက်တဲ့လူဖြစ်ပါစေ
တခါတရံ သူဟာသင့်အပေါ်ကလေးဆန်ချင်သူပါ
လူကြီးတယောက်လို ဘယ်လိုပဲရပ်တည်နိုင်ပါစေ
ချစ်သူဆိုတာ သင်ဂရုမစိုက်ပဲထားတဲ့အခါ
ကလေးတယောက်လိုဝမ်းနည်းကြေကွဲနေတတ်သူပါ.... ♥ ♥ ♥
►