Archive for 06/20/12


အိမ်မက် ကဗျာ သချာင်္ကိန်းဂဏန်း ၁ ကို ဟိုဘက်လှည့်ကြည့်ရင် မြန်မာအက္ခရာ င လို့ မြင်တယ်။ မြန်မာအက္ခရာ င ကို အပေါ်ကကြည့်ရင် မြန်မာစကားလုံး ပ လို့ မြင်ပြန်တယ်။ အဲဒီ မြန်မာစကားလုံး ပ ကိုပဲ အောက်ကိုမှောက်ကြည့်ရင် မြန်မာအက္ခရာ ဂ လို့မြင်ပြန်လေရော...။ ဘယ်ရူ့ထောင့်ကကြည့်ကြည့် ကိုယ့်ကိုကိုယ်မှန်တယ်လို့ပဲ မြင်တတ်ကြတာလူ့သဘာဝမှတ်လား ကိုယ့်ဘက်ကိုယ်ကြည့် ရင်တော့ ကိုယ်နာတာကို ပဲ ကိုယ့်မြင်တတ်ကြပြီး ကိုယ့်ခံစားရတာကိုပဲ ကိုယ်ရှေ့တန်းတင်နေတတ်ကြတာလဲ သဘာဝ။ တစ်ကယ်တော့ သူ့ဘက်ကိုယ့်ဘက်မျှတွေးတတ်ရင် ပြသာနာဆိုတာ မရှိသလောက်ရှားလာမှာပဲနော်။ ငါသာဒီလောက်ခံစားရရင် ငါ့နေရာမှာ သူဆိုရင်ရော ဆိုတဲ့အတွေးမျိုးတွေးတတ်ခဲ့ရင်.. ငါပေးတဲ့ဒါဏ်ရာတွေနဲ သူနာကျင်နေခဲ့ချိန်ဆိုတာတွေးတတ်ခဲ့ရင်.. ( ငါမှ သူမဟုတ်ဘဲ လို့ တွေးတတ်ခဲ့ရင်) အတ္တဆိုတာလဲ မရှိဘူး .. အမုန်းဆိုတာလဲ မရှိဘူး... ဒါဏ်ရာဆိုတာလဲ မရှိဘူး. နာကျင်ခြင်းဆိုတာလဲ မရှိဘူး.. နာကျည်ခြင်းဆိုတာလဲ မရှိဘူး.. မာနဆိုတာလဲ မရှိဘူး.. ခွင့်လွတ်ခြင်းတွေပဲ ရှိနေတော့မှာသေချာတယ်။ ♥♥♥ အိမ်မက်ကဗျာ ♥♥♥ — with Thitkhwa Nyo, Hell Lay, U Htet Min Khant, PoePoe Tin Shwe, Ze Ro, Came Seven, ကို လင်းခ, Aung Nyeinoo, Yoe Htet Phyu, Stevie Htet, Redcrazy Red, Cloudy Sky, Khay Lay and Tony Wu.

♥♥♥ အိမ်မက်ကဗျာ ♥♥♥

Posted by : လက်တွဲဖော် 0 Comments

အိမ်မက် ကဗျာ တကယ်လို့ နင်သာငါ့ဘေးမှာရှိရင် ညနက်သန်းခေါင်မှာ ငါမငိုတော့ဘူး တကယ်လို့ နင်သာငါ့ဘေးမှာရှိရင် ညအခါ အဖော်မဲ့မှာ ငါမကြောက်တော့ဘူး တကယ်လို့ နင်သာငါ့ဘေးမှာရှိရင် အခန်းထဲမှာတစ်ယောက်တည်းနေရတာကို ငါမကြောက်တော့ဘူး တကယ်လို့ နင်သာငါ့ဘေးမှာရှိရင် စိတ်ဆင်းရဲရလည်း တစ်ယောက်တည်းခံဖို့ ငါမကြောက်တော့ဘူး တကယ်လို့ နင်သာငါ့ဘေးမှာရှိနေသေးရင် အရင်ကလို ငါပျော်ရွှင်ရင် ပျော်ရွှင်နေဦးမှာပဲ တကယ်လို့ နင်သာငါ့ဘေးမှာရှိနေသေးရင် ငါ့ရင်တွေ အခုလောက်နာကျင်ချင်မှ နာကျင်လိမ့်မယ် တကယ်လို့ နင်သာငါ့ဘေးမှာရှိနေသေးရင် နင့်လက်ကို ငါမြဲမြဲတွဲထားလိုက်မယ် တကယ်လို့ နင်သာငါ့ဘေးမှာရှိနေသေးရင် မသွားပါနဲ့လို့ ငါတောင်းပန်ပါရစေ တကယ်လို့ နင်သာငါ့ဘေးမှာရှိနေသေးရင် ငါ့ကိုတစ်ယောက်တည်း ထားမသွားဘူးလို့ ကျေးဇူးပြုပြီးပြောပါ တကယ်လို့ နင်သာငါ့ဘေးမှာ ရှိနိုင်ခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ......... ငါ တကယ်.. တကယ်.. တကယ်ပဲ မျှော်လင့်တယ် နင်ဟာ ငါ့ဘေးမှာ.......... . — with Tony Wu, PoePoe Tin Shwe, Yoe Htet Phyu, Thitkhwa Nyo, Came Seven, Phyoe Wai Lwin, နဂါး မလေး, MC Tin Mÿo Lwin, Kon Twins, Aung Nyeinoo, Eain Way, John KO KO, လွမ်း ရိပ်, Eckali Apple, Mc Alex, အိမ် ကလေး, Hell Lay, U Htet Min Khant, Emc Sky, Ayuma Lay, Yemyintmo Hlaing and Aung Myat Fone.

အိမ်မက် ကဗျာ

Posted by : လက်တွဲဖော် 0 Comments

အိမ်မက် ကဗျာ မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင်...76 ချက်ထဲက ဘယ်နှချက် သင် လုပ်နိုင်သလဲ ၁။ facebook password ကို သူမကို ပြောပြပါ... ၂။ သူမကို မရက်စက်ပါနဲ့... ၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့... ၄။ သူမကို အနိုင်မကျင့်ပါနဲ့... ၅။ မညာပါနဲ့... ၆။ မရိုက်ပါနဲ့... ၇။ တစ်ခုခုနဲ့ ကောက်ပေါက်တာမျိုးမလုပ်ပါနဲ့.. .၈။ သူမဖုန်းကို မချပစ်ပါနဲ့.... ၉။ အသံကျယ်နဲ့  အော်ပြီး သူမကို စကားမပြောပါနဲ့... ၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့... ၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ့ အရာတွေ သူမနဲ့ အတူ မရှိပါစေနဲ့... ၁၂။ မလုပ်ချင်တဲ့ အရာကို အတင်းမခိုင်းပါနဲ့... ၁၃။ ရည်းစားဟောင်းမိန်းကလေးနဲ့ သူမကို နှိုင်းပြီး မပြောဆိုပါနဲ့... ၁၄။ မလုပ်တတ်တဲ့ အရာကို အပြစ်မပြောပါနဲ့... ၁၅။ သူမကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို မကျွေးပါနဲ့... ၁၆။ တခြားတစ်ယောက်က သူမထက် ပိုတော် ပိုကောင်းတယ်လို့ မပြောပါနဲ့... ၁၇။ အေးတဲ့ ရာသီမှာ သူမရဲ့ လက်ကလေးတွေကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ... ၁၈။ လမ်းသွားတဲ့အချိန်မှာ သူမလက်ကို မြဲမြဲကိုင်ထားပါ...မလွှတ်လိုက်ပါနဲ့... ၁၉။ လမ်းကူးတဲ့အခါ... သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပေးပါ... ၂၀။ သူမနဲ့ အတူတူ ဈေးဝယ်ထွက်တဲ့အခါ ပင်ပန်းလိုက်တာလို့ မပြောပါနဲ့... ၂၁။ ဈေးဝယ်ထွက်ရင် ပစ္စည်းကူသယ်ပေးပါ... ၂၂။ အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရလက်ဆောင်ပေးပါ... ၂၃။ သူမ ဆာလောင်တဲ့အခါ...သူမနဲ့ အတူတူ စားသောက်ပေးပါ... ၂၄။ ရန်ဖြစ်ရင် အရင်ဆုံး တောင်းပန်ပါ.... ၂၅။သူမ ကလေးဆန်တဲ့အခါ အဖော်ပြုပေးပါ... ၂၆။ နေမကောင်းတဲ့အခါ သတိတရ ဆေးတိုက်ပါ... ၂၇။ သူမ ဖုန်းဆက်ရင် ဆက်ဆက် ကိုင်ပါ... ၂၈။ နေမကောင်းတဲ့အခါ သူမဘေးမှာ နေပေးပါ... ၂၉။ ၀မ်းနည်းစရာနဲ့ သူမကြုံတဲ့အခါ...နှစ်သိမ့်ပေးပါ ၃၀။ သူမ ငိုတဲ့အခါ... နွေးထွေးစွာ ဖက်ထားပါ.. ၃၁။ သူမ မွေးနေ့ရောက်တဲ့ အခါ.. ပထမဆုံး သူမကို ပျော်ရွှင်စေသူဖြစ်ပါစေ... ၃၂။ သူမကို ပြောတဲ့ အတိုင်း ကတိတည်ပါ... ၃၃။ ဟန်းဖုန်းကို သူမကို ကြည့်ခွင့်ပေးပါ... ၃၄။ ကိစ္စရှိလို့ သူမခေါ်တဲ့အခါ...သွားနိုင်အောင်ကြိုးစားပါ... ၃၅။ ညဘက် ဖုန်းပိတ်မထားပါနဲ့... ၃၆။နေ့တိုင်း သူမကို ဖုန်းဆက်ပေးပါ.... ၃၇။ online ပေါ်ရောက်တဲ့အခါ...သူမ ရှိမရှိ အရင်သတိပြုပါ... ၃၈။ တနေရာကို သူမ တစ်ယောက်ထဲသွားတဲ့အခါ... သူမကို ဖုန်းဆက်ပြီး သတိထားသွားဖို့ ပြောဆိုပါ... ၃၉။ သူမ ကြိုက်ရင် ၀ယ်ပါစေ... ၄၀။ သူမကို သေချာစောင့်ရှောက်ပါ...နေမကောင်းမဖြစ်ပါစေနဲ့... ၄၁။ သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် စာရင်းထဲမှာ နံပါတ် ၁ ရှိပါစေ.... ၄၂။ သူမနဲ့ စိတ်တူကိုယ်တူရှိပါစေ... ၄၃။ သူမ မက်ဆေ့ခ်ျ ပို့ရင် ချက်ခြင်း ပြန်ပါ.... ၄၄။ သူငယ်ချင်းတွေရဲ့ ရှေ့မှာ သူမကို မျက်နှာသာပေးပါ... ၄၅။ လမ်းအတူတူသွားတဲ့အခါ သူမရဲ့ ဘယ်ဘက်မှာ နေပေးပါ... ၄၆။ ချစ်သူသက်တမ်းဘယ်လောက် ကြာပါစေ...အချစ်တွေ အမြဲ သစ်လွင် လန်းဆန်းနေပါစေ... ၄၇။ အန္တရာယ်ရှိရင် သူမကို မခိုင်းပါနဲ့... ၄၈။ မိုးရွာရင်... သူမကို ထီးဆောင်းပေးပါ... ၄၉။ သူမရဲ့ အကြိုက်ကို မှတ်ထားပေးပါ... ၅၀။ ပျော်ရွှင်တဲ့အခါ သူမနဲ့ အတူ မျှဝေခံစားပါ... ၅၁။ ၀မ်းနည်းစရာရှိရင် သူမကို အသိပေး တိုင်ပင်ပြောဆိုပါ... ၅၂။ သူငယ်ချင်းအားလုံးကို သူမနဲ့ မိတ်ဆက်ပေးပါ... ၅၃။ သူမကို ရယ်မောပျော်ရွှင်အောင် ထားပါ... ၅၄။ ပြောတဲ့အတိုင်း လုပ်ပါ... ၅၅။ တတ်နိုင်ရင် ဟင်းချက်သင်ပြီး သူမကို ကျွေးပါ.... ၅၆။ သူမကို ယုံကြည်ပေးပါ... ၅၇။ အမြင်သဘောထားချင်း မကြာမကြာ ဖလှယ်ပါ... ၅၈။ သူမအိပ်တဲ့အခါ စောင်ခြုံပြီး နွေးထွေးအောင်လုပ်ပေးပါ.... ၅၉။ သူမရဲ့ အတိတ်ကို နားလည်ပေးပါ... ၆၀။ သူမအတွက် လုံခြုံမှု ရှိပါစေ... ၆၂။ သူမစိတ်ဆိုးတဲ့အခါ ပျော်ရွှင်အောင် နှစ်သိမ့်ပြောဆိုပါ... ၆၃။ သူမ အလိုရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပေးပါ... ၆၄။ ချိန်းတွေ့တဲ့အခါ..သူမထက် စောရောက်ပါစေ... ၆၅။ ချိန်းတွေ့တဲ့နေရာမှာ သူမကို စောင့်ရတာ အရမ်းကြာလို့ ပြန်သွားတာမျိုး မလုပ်ပါနဲ့... ၆၆။ သူမနဲ့ အတူတူ အဖော်ပြု လည်ပတ်ပေးတဲ့အခါ...အချိန်မရှိဘူးလို့မပြောပါနဲ့...သူမသွားချင်တဲ့နေရာကို ရွေးချယ်ပါစေ... ၆၇။ အချိန်တိုင်း သူမကို သတိရ ပါစေ.... ၆၈။ တခြားမိန်းကလေးတစ်ယောက်ကို ၃ စက္ကန့်ထက် ပိုမကြည့်ပါနဲ့...မကြည့်တာအကောင်းဆုံးပါပဲ... ၆၉။ အိမ်ပြန်တဲ့အခါ သူမကို အိမ်ဝ အထိလိုက်ပို့ပေးပါ... သူမအိမ်ပေါ်ရောက်မှ ပြန်ပါ... ၇၀။ အိမ်ပြန်ပို့ပေးတဲ့အခါ ကောင်းသောညပါလို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့... ၇၁။ သူမလုပ်တဲ့အရာကို ကူညီလုပ်ပေးပါ... သပ်သပ်ရပ်ရပ် ကူညီလုပ်ဆောင်ပေးပါ... ၇၂။ စားကောင်းတဲ့ အစာကို သူမကို ကျွေးဖို့ သတိရပါ... ၇၃။ မနက်အိပ်ရာထဖို့ သူမကို နှိုးပေးပါ... ၇၄။ မနက်စာ ၀ယ်ကျွေးပါ... ၇၅။ဘ၀မှာ သူမကို အရေးကြီးဆုံးနေရာမှာထားပါ... ၇၆။ သူမဟာ သင့်ကြောင့် ကံအကောင်းဆုံး မိန်းကလေးဖြစ်ပါစေ... — with John KO KO, Tar Tay Lay, U Htet Min Khant, Tåë Tôñë Tôñë, Ayechann Nyein, Mc Alex, Cherry Lin, La Min Thant, Moe Kopaing, Yoe Htet Phyu, Tony Wu, Thitkhwa Nyo, Swan Pyae, Emc Sky, Sithu Win, Eckali Apple, June Prince, Came Seven, Htet Myat, အာမီ ရမ်, Mg Ga Tone, Kon Twins, Saw Tharx U, Aung Nyeinoo, PoePoe Tin Shwe, Snow Queen, Ag Teza, Hell Lay and Khay Lay.

အိမ်မက် ကဗျာ

Posted by : လက်တွဲဖော် 0 Comments

အိမ်မက် ကဗျာ ချစ်လိုက်တာလို့ ပြောလိုက်မိရုံနဲ ငါအနီးအနားက အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။။ ရင်ခွင်မှာ အလွမ်းတွေ ပန်းလိုဝေနေတာများ ဥယျာဉ်ကြီးတစ်ခုတောင် ဖြစ်ထွန်းနေလေ၇ဲ့ကွယ်..။ ချစ်လိုက်တာလို့ တိုးတိုးလေး ရည်ရွတ်မိလိုက်တိုင်း ရင်ခုန်သံတွေ ၀ုန်းဒိုင်းကြဲကုန်ကြတာများ ငါ ဖမ်းဆုပ်လို့တောင် မမှီလိုက်ဘူး ရင်ခွင်မှာ မြတ်နိုးခြင်းသံစဉ်တွေ ဆူညံနေလေရဲ့ကွယ်...။ ချစ်လိုက်တာလေ .... လို့ ကိုယ်ကြားရုံလေး ညဉ်းညူမိလိုက်တိုင်းသာ ချစ်သူဓါတ်ပုံလေးက စကားပြောတတ်ရင် ကိုယ်ဘယ်တော့မှ အဖော်မဲ့နေမှာမဟုတ်ဘူးပေါ့ကွယ်....။ ခုတော့ တစ်ကိုယ်ရေညဉ်းညူမိတဲ့ ခပ်တိုးတိုးစကားလုံးလေးတွေနဲသာ ကိုယ် ရူးလောက်အောင် လွမ်းနေရတာ ရူးနေလောက်အောင် ချစ်လိုက်ရတာလေ.. ♥♥♥ သိပ်ချစ်တာပဲ ချစ်သူရယ် ♥♥♥ — with Khay Lay, Swan Pyae, Htet Myat, Kon Twins, Khaing Lamin, Ayechann Nyein, Tony Wu, John KO KO, PoePoe Tin Shwe, Yukiko Mat Sushima, Jet Punk, Yoe Htet Phyu, La Min Thant, Hell Lay, Hein Z Linnz, နဂါး မလေး, Hanthar Han, Poe Hart Phyu, အာမီ ရမ်, Snow Venus, Aung Nyeinoo, BalLone Lay, Came Seven, Thitkhwa Nyo, June Prince and Cherry Lin.

အိမ်မက် ကဗျာ

Posted by : လက်တွဲဖော် 0 Comments

အိမ်မက် ကဗျာ အပြင်မှာ မိုးတွေတစ်အားရွာနေလေ၇ဲ့ ချစ်သူ ဘယ်ရောက်နေလဲဟင် ? နွေးထွေးစွာ အိပ်စက်နေရောပေါ့လေ.... အိပ်စက်ပါ ချစ်သူ .... နှစ်ခြိုက်စွာအနားယူပါကွယ်~~~ (ဝေးနေချိန်မှာ) ချစ်သူ အတွေး ... အရိပ် .... အမြင်.... တွေမှာ၊ ကိုယ့်တစ်ယောက်တည်းကိုပဲ ရှင်သန်ခွင့်ပေးပါ။ မင်းအိမ်မက်တိုင်းမှာ ကိုယ်ရှိနေသမျှ ကိုယ့်အိမ်မက်တိုင်းမှာ လဲ ချစ်သူရှိနေမှာပါ..။ ကိုယ့်နှလုံးသားကတော့ မင်းပြူသမျှ နုပြဖို့အတွက် လှပစွာ ရဲ့ဝံနေလိမ့်မယ် .. ယုံကြည့်ထားလိုက် နော်.... အိမ်မက်ကဗျာ — with Kon Twins, Thitkhwa Nyo, Came Seven, Khay Lay, အာမီ ရမ်, Khaing Lamin, Su Yee Linn, John KO KO, PoePoe Tin Shwe, Netcrazy Naungyoe, Aung Nyeinoo, La Min Thant, Yukiko Mat Sushima, Hein Z Linnz, Swan Pyae, Yoe Htet Phyu, Cherry Lin, Hanthar Han, စကက် ဂျူလာ, Eckali Apple, Tony Wu, Jet Punk, BalLone Lay, April Koko, Htet Myat, June Prince and Hell Lay.

အိမ်မက် ကဗျာ

Posted by : လက်တွဲဖော် 0 Comments

အိမ်မက် ကဗျာ ♥♥♥♥♥ ချည်နှောင်တတ်တဲ့ ချစ်သူ့  မျက်ရည် ♥♥♥♥♥ ~~~ မငိုပါနဲ ချစ်သူ ~~~ မြင်ရခဲတဲ့ မင်းမျက်ရည်ကငါ့ကို ဘယ်လောက်ဆွံအ သွားစေခဲ့လဲ မင်း ကိုယ်တိုင် သိ၇ဲ့လား ? ~~~ အဲဒီ ညနေခင်းမှာ သိလိုက်ရတယ် ငါတို့ အချစ်တွေ ခမ်းနားစွာနဲ ထပ်တူကျသွားခဲ့ပြီး ဆိုတာ ဘ၀ကြီး တစ်ခုလုံးထပ်တူကျ ဖို့တော့ ညီမျှခြင်းတွေ များတယ် အခက်အခဲတွေ များတယ်ဆိုတာ သိပါတယ် ငါလေ ဟောဒီလောကကြီးက အများကြီး မမျှော်လင့်ပါဘူး သစ္စာတရားနဲ ခမ်းနားနေတဲ့ ရင်ခွင်တစ်စုံရယ် အနမ်းတွေ ခြုံလွှမ်းထားတဲ့ အသိုက်အမြုံလေး တစ်ခုရယ်ပါ။ ~~~လိုအပ်ချက်တွေနဲ နေသာကျနေခဲ့တဲ့ ငါ့ဘ၀ထဲကို ဖြည်းဆည်းမှုတွေပေးပြီး ပျောက်ကွယ်သွားမှာ သေမှာထက်ကြောက်တယ် ချစ်သူ...။ ~~~ငါငိုရင် လိုက်ငိုတတ်တဲ့ငါ့ချစ်သူရေ မျက်ရည်နှစ်စင်၇ဲ့ တန်ခိုးဟာ ငါတို့ ချစ်ခြင်း၇ဲ့ ခိုင်မြဲမှု နှောင်ကြိုးတွေပဲ ဆိုတာကို တို့နှစ်ဦးလုံးလက်ခံမယ်ဆိုရင် ဝေးနေတဲ့ လွမ်းရက်တွေကို ဆွဲဖြဲပြီး ငါတို့နီးနီးလေး နေကြရအောင်နော်။ ♥♥♥အိမ်မက်ကဗျာ♥♥♥ — with Thitkhwa Nyo, BalLone Lay, Emc Sky, Khaing Lamin, Snow Queen, Yoe Htet Phyu, Moe Kopaing, နဂါး မလေး, Ayuma Lay, Came Seven, PoePoe Tin Shwe, Tony Wu, Htet Myat, Thiri Kyaw, အာမီ ရမ်, John KO KO, Hell Lay, La Min Thant, Kon Twins, Khin Sandy, ကို လင်းခ and Khay Lay.

အိမ်မက် ကဗျာ

Posted by : လက်တွဲဖော် 0 Comments

တကယ်လို့ နင်နဲ့ ဘာလို့ အတူနေချင်တာလဲလို့ ငါ့ကို မေးရင်.... ၁။ ငါ ၀မ်းသာတဲ့အခါ.... ချက်ချင်း နင့်ကို မျှဝေခံစားစေချင်လို့ပါ..... ၂။ ငါ ၀မ်းနည်းတဲ့အခါ... နင့်ရဲ့ အားပေးမှုကိုလိုအပ်လို့ပါ..... ၃။ ကောင်းမွန်လှပတဲ့ နေရာတစ်ခုကို တွေ့ရှိတဲ့အခါ...နင့်ကို အသိပေးပြောပြချင်လို့ပါ.... ၄။ ငါ ပထမဆုံး မျက်စိနှစ်ဖက် ဖွင့်တာနဲ့....နင့်ကို အရင်ဆုံးမြင်ချင်လို့ပါ.... ၅။ နင် ၀မ်းနည်းတဲ့အခါ....ငါ နင့်ကို ထွေးပွေ့ထားချင်လို့ပါ.... ၆။ နင်နဲ့အတူတူ ငါ့ဘ၀ရဲ့ နေ့ရက်တွေကို ဖြတ်သန်းချင်လို့ပါ.... ၇။ နင့်ရဲ့  အပြုအမူ အလေ့အထတွေကို တနေ့ကျရင် ငါ ကျင့်သားရနေဖို့ပါ.... ၈။ ၀မ်းနည်းတဲ့အခါ...နင်က ငါ့အတွက် ခွန်အားဖြစ်စေလို့ပါ.... ၉။ နင်က ငါ့ရဲ့ မိသားစုဝင်ဖြစ်သွားစေချင်လို့ပါ.... ၁၀။ ဘယ်လောက် အေးချမ်းတဲ့ ရာသီပဲဖြစ်ဖြစ် နင့်ရဲ့ ရင်ခွင်နဲ့ နွေးထွေးစေလို့ပါ.... ၁၁။ ညဘက် တိတ်ဆိတ်တဲ့အချိန် နင်နဲ့ အဖော်ပြုရင်း ကံကောင်းခြင်းကို ဖြစ်စေလို့ပါ.... ၁၂။ နင့်ရဲ့ နာမည်ကို ငါ့နှလုံးသားထဲမှာ တိတ်တိတ်လေး...အကြိမ်ပေါင်းများစွာ ရေးထိုးထားပြီးဖြစ်လို့ပါ..... ၁၃။ နင်ဟာ ငါအတူရှိနေချင်တဲ့ လူဖြစ်နေလို့ပါ.... ၁၄။ နင်ကံကောင်းတာ အမြဲ မျှော်လင့်သလို...နင့်ရဲ့ကံကောင်းခြင်းတွေဟာလဲ ငါ့ကြောင့် ဖြစ်စေချင်လို့ပါ.... ၁၅။ နင်ဟာ ငါ့ သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါ.... နင်ဟာ နင်ဖြစ်လို့... ငါဟာ ငါဖြစ်လို့.... ဒါကြောင့် ငါနင့်ကို ချစ်တယ်..

အိမ်မက် ကဗျာ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -