Archive for 11/24/12


❤ ဘာကြောင့် ငါ့ message တွေကို အရင်လို ချက်ချင်း reply မလုပ်တော့တာလဲ??

❤ ဘာကြောင့် ငါစိတ်ဆိုးရင် အရင်လို ပြာပြာသလဲ မချော့တော့တာလဲ??

❤ ဘာကြောင့် ငါ့အပေါ် အရင်လို ဂရုမစိုက်တော့တာလဲ??


❤ ဘာကြောင့် ငါတစ်ခြားလူအကြောင်းပြောရင် အရင်လို သ၀န်မတိုတော့တာလဲ??

❤ ဘာကြောင့် နင့်ဆီက"တောင်းပန်ပါတယ်" ဆိုတဲ့ စကားကို ခဏခဏကြားလာရတာလဲ??

❤ ဘာကြောင့် ငါနဲ့ဖုန်းပြောတဲ့အခါ မလုံမလဲတွေ ဖြစ်လာရတာလဲ??

❤ ဘာကြောင့် နင့်သူငယ်ချင်းပါဆိုတဲ့ ကောင်မလေးရဲ့အကြောင်းပဲ ခဏခဏပြောလာရတာလဲ??

❤ ဘာကြောင့် နင်နဲ့ငါက သူစိမ်းအဆန်ဆုံး ချစ်သူတွေ ဖြစ်လာရတာလဲ??


အဲ့မေးခွန်းတွေရဲ့ အဖြေတွေကို ငါမသိပါဘူး ... သိလည်းမသိချင်ဘူး!!

ဒါပေမယ့် ငါသိတာတစ်ခုတော့ရှိတယ်

အဲ့ဒါက ...

✂ နင်ငါ့ချစ်သူအဖြစ် ဆက်ပြီး ရှိမနေသင့်တော့ဘူး!! ✂

❥ အရင်လို နင်နဲ့ ဖုန်းပြောခွင့် မရှိတော့ပေမယ့်
နင့်ဖုန်းနံပါတ်ကို ယောင်ယောင်ပြီး နှိပ်မိနေတုန်းပဲ ...

❥ နင်နဲ့ message တွေ အပြန်အလှန်ပို့ခွင့် မရှိတော့ပေမယ့်
နင့် message အဟောင်းတွေ ငါ့ Inbox ထဲမှာ ပြည့်နေတုန်းပဲ ..


❥ နင်တင်လိုက်တဲ့ Photo တွေ Status တွေက ငါ့အတွက် မဟုတ်တော့ပေမယ့်
နင့် Wall ထဲ ၀င်ဝင်ပြီး ကြည့်မိနေတုန်းပဲ ...

❥ နင့် နှလုံးသား ငါ့အတွက် မဟုတ်တော့ပေမယ့်
ငါနင့်ကို ချစ်နေတုန်းပဲ ...

❥ နင့်အတွေးတွေထဲမှာ ငါမရှိတော့ပေမယ့်
ငါနင့်ကို လွမ်းနေတုန်းပဲ ...

❥ နင်ငါ့ဆီ ပြန်မလာဘူးဆိုတာ သိနေပေမယ့်
..
..
..
..
..
..
..
..
..
..
..
..
ငါနင့်ကို စောင့်နေတုန်းပဲ ...


♥ ငါနင်ပို့ထားတဲ့ SMS အဟောင်းတွေ ပြန်ဖတ်နေမိတဲ့ အချိန်မှာ နင်ကတော့ သူ့ကိုချစ်တဲ့အကြောင်း စာစီနေလောက်ပြီပေါ့ …

♥ ငါနင့်ဓာတ်ပုံအဟောင်းတွေ ပြန်ကြည့်ပြီး တွေ့ချင်စိတ်ကို ထိန်းချုပ်နေရတဲ့အချိန်မှာ နင်ကတော့ သူ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေလောက်ပြီပေါ့ …

♥ နင်ငါ့ဆီပြန်လာမလားလို့ မျှော်နေမိချိန်မှာ နင်ကတော့ သူနဲ့ ရှေ့ဆက်မယ့်အနာဂတ်အကြောင်း ပြောနေလောက်ပြီပေါ့ 



သန်းခေါင်ယံအချိန်မှာ ကောင်လေးတစ်ယောက် သူ့သူငယ်ချင်း ကောင်မလေးဆီကို ဖုန်းခေါ်လိုက်တယ် ...

ကောင်မလေး >>> ဟာ ... ဒီအချိန်ကြီး ဘာလို့ဖုန်းဆက်တာလဲ?? ငါအိပ်တောင်ပျော်နေပြီ ... တော်ပြီဟာ ပြန်အိပ်တော့မယ်!!

( စိတ်ထဲမှာတော့ __ ငါအဲ့လိုပြောလို့ တကယ်ဖုန်းမချလိုက်နဲ့နော် ... ငါနင်နဲ့စကားတွေ အများကြီးပြောချင်တယ် )


ကောင်လေး >>> မအိပ်သေးပါနဲ့ဦး ... ငါအိပ်လို့မပျော်ဘူး ... အဲ့ဒါကြောင့် နင်နဲ့ ဖုန်းပြောမလို့!!

ကောင်မလေး >>> ဟင့်အင်း! အရမ်းညဥ့်နက်နေပြီ ... နင်အိပ်မပျော်ရင် တခြားကောင်မလေးတစ်ယောက်ကို message ပို့ကြည့်ပေါ့!! နင်ကြိုက်နေတဲ့ ကောင်မလေးကိုလေ ... သူနင်နဲ့ဖုန်းပြောချင်ပြောမှာပေါ့ ..

( မပို့ပါနဲ့ဟာ ... တခြားဘယ်ကောင်မလေးကိုမှ message မပို့နဲ့... ဖုန်းလည်းမဆက်ပါနဲ့!! )

ကောင်လေး >>> အင်း ကောင်းသားပဲ!! ဒါဆိုခဏစောင့် ငါစာရိုက်လိုက်ဦးမယ်!!

ကောင်မလေး >>> အမ်!!

( တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ ကောင်စုတ်ပဲ!! :( )

ခဏအကြာမှာ .....

ကောင်လေး >>> ရပြီ!! ငါသူ့ဆီ SMS ပို့လိုက်ပြီ!!

ကောင်မလေး >>> အင် .. ကောင်းပါတယ်!! အယ် ခဏလေး ... ငါ့ဆီ Message တစ်စောင်ဝင်လာတယ်!!

ကောင်လေး >>> ဟုတ်လား?? အရင်ကြည့်လိုက်လေ ... ငါဖုန်းကိုင်ထားမယ်!!

ကောင်မလေး Message ကိုကြည့်လိုက်တဲ့အခါ တွေ့ရတာကတော့ ...

" ကျေးဇူးပြုပြီး ငါနဲ့ ဖုန်းဆက်ပြောပေးပါလား ... ငါက နင်နဲ့ပဲ စကားတွေအများကြီးပြောချင်တာ ... အရမ်းချစ်တယ် ကောင်မလေးရယ်♥♥♥ " တဲ့!!


☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁

သင်သာ အဲ့ကောင်မလေးနေရာမှာဆိုရင် ဘယ်လိုခံစားရမလဲ?? အရမ်းပျော်သွားမှာပဲနော်!!
( မျက်နှာလေးလည်း ပူပြီး နီရဲသွားမယ်ထင်တယ် xD )
 




ဘာကြောင့်

Posted by : လက်တွဲဖော် 0 Comments

ချစ်သူနှစ်ယောက် ဖုန်းထဲမှာ ရန်ဖြစ်နေကြတယ်!!

ကောင်မလေး : နင်ငါ့ကို မချစ်တော့ဘူးမလား?? နင်အသစ်တွေ့နေပြီဆိုတာ ငါသိတယ်!!

ကောင်လေး : နင်လည်းငါ့ကိုမချစ်တော့ဘူးမလား
?? ငါသိပါတယ် :(

ကောင်မလေး : အေ ဟုတ်တယ် .. နင်နဲ့ငါလမ်းခွဲရအောင်!! နင်လည်းနင်ကြိုက်တဲ့သူနဲ့တွဲလို့ရတာပေါ့ ..

ကောင်မလေးက ပြောပြီးတာနဲ့ ဖုန်းချလိုက်တယ်! ကောင်လေးက ဖုန်းကို ချက်ချင်းပြန်ခေါ်တယ်!! ကောင်မလေးကလည်း မနေနိုင်ဘဲ ကောင်လေးဆီ ဖုန်းပြန်ခေါ်လိုက်တယ် …

☎ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်!! ☎

( သူတကယ် အသစ်တွေ့နေပြီထင်တယ် ~ ငါအခုပဲဖုန်းချလိုက်တယ် ဖုန်းကအခုပဲ မအားတော့ဘူး … အရမ်းရက်စက်တာပဲ ) ကောင်မလေးကတွေးပြီး ရှိုက်ငိုလိုက်တယ်!!

အဲ့ဒီအချိန်မှာပဲ ကောင်လေးဆီက ဖုန်းပြန်ဝင်လာတယ် …

ကောင်မလေး : ခုနက ဘယ်ကောင်မဆီဖုန်းဆက်နေလို့ နင့်ဖုန်းက မအားရတာလဲ??

ကောင်လေး : ♥ နင့်ဆီကိုလေ ♥ ငါလည်း နင်တခြားကောင်ဆီ ဖုန်းဆက်နေတယ်ထင်တာ … ( ကောင်လေးက မျက်ရည်ဝဲနေရင်း ပြောလိုက်တယ် )

ကောင်မလေး : Awwwwwwwwwwwwww ♥ :)

ကောင်လေး : ငါနင့်ကို အရမ်းချစ်တယ် … ငါတို့ရန်မဖြစ်တော့ဘူးနော် ♥

ကောင်မလေး : အင်း! ငါလည်းနင့်ကို အရမ်း အရမ်းချစ်တယ် ♥



❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"သံသယ" ဆိုတာ ချစ်သူတွေကြားမှာ အပူလောင်ဆုံး အရာတစ်ခုပါ ... ဒါပေမယ့် အဲ့ဒီ သံသယတွေ ကင်းရှင်းသွားတဲ့ အချိန်ကတော့ ချစ်သူတွေအတွက် ပျော်ရွှင်ကြည်နူးရဆုံး အခိုက်အတန့်လေးပါပဲ :)



♚ Thu Thu Lay ♚

ရန်ဖြစ်နေကြတယ်!!

Posted by : လက်တွဲဖော် 0 Comments

ဘာ ဖြစ်လို့ ဖျားတာလဲလို့  မမေးချင်ဘူး
ဘာဆေးသောက်ထားလဲလို့ ပဲ ငါမေးချင်တာပါ

ဘာတွေ သ၀န်လိုက်တိုနေတာလဲလို့ စိတ်မဆိုးချင်ဘူး
နင်မကြိုက်ရင် ငါဆင်ခြင်ပါ့ မယ်လို့ြေ
ဖချင်တာပါ

ဘာလို့  ပြသနာတက်အောင်နေတာလည်း လို့  မဆူချင်ဘူး
ငါတို့  ဘယ်လိုလုပ်ရင်ပြေလည်နိုင်မလဲဆိုတာကိုပဲ တိုင်ပင်ချင်တာပါ

ဖုန်းဆက်နော်လို့  ငါ မမှာချင်ဘူး
အမြဲတမ်းစောင့် နေမှာလေ လို့  ပဲ ဖြေချင်တာပါ

ဘာလို့  မက်ဆေခ်ျ့ မပို့ တာလဲလို့  အပြစ်မတင်ချင်ဘူး
အချိန်မရလို့ လားလို့ ပဲ မေးချင်တာပါ

ကြားဖူးတဲ့ စကားလေးလို ပေါ့ 
နင့် က နင့်အတွက် နင့် အတွက်လို့ စဉ်းစားနေချိန်မှာ
ငါ့ ကတော့  ငါ့ အတွက် ဆိုတာတောင်မေ့ နေတယ်လေ

(ပုံရိပ်စစ်)

ဘာ ဖြစ်လို့ 

Posted by : လက်တွဲဖော် 0 Comments

ယုံကြည်တယ်ဆိုတာ
ချစ်တဲ့ စိတ်နဲ့ ဖုံးကွယ်ထားတဲ့  အတိုင်းအတာ တခုထိပါ
ကတိတွေ ပေးပြီး ဖောက်ဖျက်နေသမျှ
သံသယတွေ ၀င်ဝင်လာတာ မဆန်းဘူး.............

ခွင့် လွှတ်တယ်ဆိုတာ
နားလည်မှု့ တွေနဲ့  ကြည်ဖြူနိင်တဲ့  အခိုက်အတန့် လေးတခုထိပါ
တခါမကတဲ့  အကြိမ်ကြိမ် မကြိုက်တာလုပ်နေသမျှ
စိတ်ဆိုး ဒေါသထွက်လာတာ မဆန်းဘူး.................

စိတ်ချရတယ်ဆိုတာ
တားမြစ်ချက်ကိုလိုက်နာနေတာမဟုတ်ပဲ အလိုမရှိတာကို အလိုက်သိသိရှောင်ရှားတဲ့ အပြုအမှုလေးတခုပါ
ငြင်းချက်တွေထုတ်ပြီး လုပ်ချင်ရာလုပ်နေသမျှ
ရန်တွေဖြစ် ပြဿနာတွေတက်နေတာ မဆန်းဘူး.................

နားလည်မှု့ 
ယုံကြည်မှု့ ဆိုတာ
အပြောတော့  လွယ်တယ်
တကယ်တမ်း အဲစကားတွေနဲ့  နင်အသက်ရှူတာမ၀ရင်
လွတ်လပ်ခွင့် ပေးပါတယ်
ငါ သိပ်ရင်မောရလို့ ပါ

(ပုံရိပ်စစ်)
credit- ori photo

ယုံကြည်တယ်ဆိုတာ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -