Posted by : လက်တွဲဖော်
Saturday, November 24, 2012
❤ ဘာကြောင့် ငါ့ message တွေကို အရင်လို ချက်ချင်း reply မလုပ်တော့တာလဲ??
❤ ဘာကြောင့် ငါစိတ်ဆိုးရင် အရင်လို ပြာပြာသလဲ မချော့တော့တာလဲ??
❤ ဘာကြောင့် ငါ့အပေါ် အရင်လို ဂရုမစိုက်တော့တာလဲ??
❤ ဘာကြောင့် ငါတစ်ခြားလူအကြောင်းပြောရင်
❤ ဘာကြောင့် နင့်ဆီက"တောင်းပန်ပါတယ်" ဆိုတဲ့ စကားကို ခဏခဏကြားလာရတာလဲ??
❤ ဘာကြောင့် ငါနဲ့ဖုန်းပြောတဲ့အခါ မလုံမလဲတွေ ဖြစ်လာရတာလဲ??
❤ ဘာကြောင့် နင့်သူငယ်ချင်းပါဆိုတဲ့ ကောင်မလေးရဲ့အကြောင်းပဲ ခဏခဏပြောလာရတာလဲ??
❤ ဘာကြောင့် နင်နဲ့ငါက သူစိမ်းအဆန်ဆုံး ချစ်သူတွေ ဖြစ်လာရတာလဲ??
အဲ့မေးခွန်းတွေရဲ့ အဖြေတွေကို ငါမသိပါဘူး ... သိလည်းမသိချင်ဘူး!!
ဒါပေမယ့် ငါသိတာတစ်ခုတော့ရှိတယ်
အဲ့ဒါက ...
✂ နင်ငါ့ချစ်သူအဖြစ် ဆက်ပြီး ရှိမနေသင့်တော့ဘူး!! ✂
❥ အရင်လို နင်နဲ့ ဖုန်းပြောခွင့် မရှိတော့ပေမယ့်
နင့်ဖုန်းနံပါတ်ကို ယောင်ယောင်ပြီး နှိပ်မိနေတုန်းပဲ ...
❥ နင်နဲ့ message တွေ အပြန်အလှန်ပို့ခွင့် မရှိတော့ပေမယ့်
နင့် message အဟောင်းတွေ ငါ့ Inbox ထဲမှာ ပြည့်နေတုန်းပဲ ..
❥ နင်တင်လိုက်တဲ့ Photo တွေ Status တွေက ငါ့အတွက် မဟုတ်တော့ပေမယ့်
နင့် Wall ထဲ ၀င်ဝင်ပြီး ကြည့်မိနေတုန်းပဲ ...
❥ နင့် နှလုံးသား ငါ့အတွက် မဟုတ်တော့ပေမယ့်
ငါနင့်ကို ချစ်နေတုန်းပဲ ...
❥ နင့်အတွေးတွေထဲမှာ ငါမရှိတော့ပေမယ့်
ငါနင့်ကို လွမ်းနေတုန်းပဲ ...
❥ နင်ငါ့ဆီ ပြန်မလာဘူးဆိုတာ သိနေပေမယ့်
..
..
..
..
..
..
..
..
..
..
..
..
ငါနင့်ကို စောင့်နေတုန်းပဲ ...
♥ ငါနင်ပို့ထားတဲ့ SMS အဟောင်းတွေ ပြန်ဖတ်နေမိတဲ့ အချိန်မှာ နင်ကတော့ သူ့ကိုချစ်တဲ့အကြောင်း စာစီနေလောက်ပြီပေါ့ …
♥ ငါနင့်ဓာတ်ပုံအဟောင်းတွေ ပြန်ကြည့်ပြီး တွေ့ချင်စိတ်ကို ထိန်းချုပ်နေရတဲ့အချိန်မှာ နင်ကတော့ သူ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေလောက်ပြီ
♥ နင်ငါ့ဆီပြန်လာမလားလို့ မျှော်နေမိချိန်မှာ နင်ကတော့ သူနဲ့ ရှေ့ဆက်မယ့်အနာဂတ်အကြောင်း ပြောနေလောက်ပြီပေါ့
သန်းခေါင်ယံအချိန်မှာ ကောင်လေးတစ်ယောက် သူ့သူငယ်ချင်း ကောင်မလေးဆီကို ဖုန်းခေါ်လိုက်တယ် ...
ကောင်မလေး >>> ဟာ ... ဒီအချိန်ကြီး ဘာလို့ဖုန်းဆက်တာလဲ?? ငါအိပ်တောင်ပျော်နေပြီ ... တော်ပြီဟာ ပြန်အိပ်တော့မယ်!!
( စိတ်ထဲမှာတော့ __ ငါအဲ့လိုပြောလို့ တကယ်ဖုန်းမချလိုက်နဲ့နော် ... ငါနင်နဲ့စကားတွေ အများကြီးပြောချင်တယ် )
ကောင်လေး >>> မအိပ်သေးပါနဲ့ဦး ... ငါအိပ်လို့မပျော်ဘူး ... အဲ့ဒါကြောင့် နင်နဲ့ ဖုန်းပြောမလို့!!
ကောင်မလေး >>> ဟင့်အင်း! အရမ်းညဥ့်နက်နေပြီ ... နင်အိပ်မပျော်ရင် တခြားကောင်မလေးတစ်ယောက်ကို message ပို့ကြည့်ပေါ့!! နင်ကြိုက်နေတဲ့ ကောင်မလေးကိုလေ ... သူနင်နဲ့ဖုန်းပြောချင်ပြောမ
( မပို့ပါနဲ့ဟာ ... တခြားဘယ်ကောင်မလေးကိုမှ message မပို့နဲ့... ဖုန်းလည်းမဆက်ပါနဲ့!! )
ကောင်လေး >>> အင်း ကောင်းသားပဲ!! ဒါဆိုခဏစောင့် ငါစာရိုက်လိုက်ဦးမယ်!!
ကောင်မလေး >>> အမ်!!
( တော်တော်စိတ်ပျက်ဖို့ကောင်း
ခဏအကြာမှာ .....
ကောင်လေး >>> ရပြီ!! ငါသူ့ဆီ SMS ပို့လိုက်ပြီ!!
ကောင်မလေး >>> အင် .. ကောင်းပါတယ်!! အယ် ခဏလေး ... ငါ့ဆီ Message တစ်စောင်ဝင်လာတယ်!!
ကောင်လေး >>> ဟုတ်လား?? အရင်ကြည့်လိုက်လေ ... ငါဖုန်းကိုင်ထားမယ်!!
ကောင်မလေး Message ကိုကြည့်လိုက်တဲ့အခါ တွေ့ရတာကတော့ ...
" ကျေးဇူးပြုပြီး ငါနဲ့ ဖုန်းဆက်ပြောပေးပါလား ... ငါက နင်နဲ့ပဲ စကားတွေအများကြီးပြောချင်တာ
☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁
သင်သာ အဲ့ကောင်မလေးနေရာမှာဆိုရင် ဘယ်လိုခံစားရမလဲ?? အရမ်းပျော်သွားမှာပဲနော်!!
( မျက်နှာလေးလည်း ပူပြီး နီရဲသွားမယ်ထင်တယ် xD )

Post a Comment