Archive for 02/17/13

နွေးထွေးတဲ့ပွေ့ဖက်မှုတခုက ချစ်သူကိုလုံခြုံစေတယ်
ညစ်နွမ်းတဲ့ပွေ့ဖက်မှုတခုကကျ ချစ်သူရဲ့ဘဝကိုကိုစွန်းထင်းစေတယ
နားလည်ပေးတဲ့စကားတခွန်းက ချစ်သူကိုအားတက်စေတယ်
အပြစ်တင်တဲ့စကားတခွန်းကကျ ချစ်သူကိုသိမ်ငယ်သွားစေတယ်
အားပေးတဲ့စကားတခွန်းက ချစ်သူကိုခွန်အားဖြစ်စေတယ်
လစ်လျူရှူတဲ့စကားတခွန်းကကျ ချစ်သူကိုစိတ်အားငယ်စေတယ်

ဂရုစိုက်တဲ့အပြုအမူတခုက ချစ်သူကိုကြည်နူးစေတယ်
အမှတ်တမဲ့အပြုအမူတခုကကျ ချစ်သူကိုဝမ်းနည်းစေတယ်
တွဲခေါ်တတ်တဲ့လက်တစုံက ချစ်သူကိုဘဝမှာရင်ဆိုင်ရဲစေတယ်
ချန်ထားတတ်တဲ့လက်တစုံကကျ ချစ်သူကိုဘဝမှာကြောက်ရွံ့စေခဲ့တယ်လေ
ဒုက္ခတွေအမျိုးမျိုးထဲက
ချစ်သူရဲ့လက်ကိုမလွှတ်တမ်း ဆုပ်ကိုင်ထားတဲ့လူတယောက်
အပြစ်တွေလုပ်တဲ့အခါ
အပြစ်တင်တာထက် နားလည်မှုပေးတတ်တဲ့လူတယောက်
စိတ်ဓာတ်ကျအားငယ်တဲ့အခါ
ဂရုတစိုက်နဲ့အားပေးတတ်တဲ့လူတယောက်
အဲဒီလိုလူတယောက်ဟာ ချစ်သူအပြင်
ဘဝမှာသင့်တော်တဲ့လက်တွဲဖော်တယောက်ပါပဲ
အခက်အခဲဖြစ်ချိန်ရှောင်ပြေးတတ်သူ ၊ ဒုက္ခတွေ့ချိန်ချန်တတ်သူ ၊
အမှားလုပ်ချိန် အပြစ်တွေသာပြောတတ်သူ
အဲဒီလိုဆိုရင်တော့ သင်ဟာချစ်သူသာဖြစ်ထိုက်ပြီး
လက်တွဲဖော်ဖြစ်ထိုက်ဖို့တော့အများကြီးလိုပါသေးတယ်
သင်ရော
သင့်ချစ်သူအတွက်ဘယ်လိုလက်တွဲဖော်မျိုးဖြစ်နေပြီလဲ.................
သေချာစဉ်းစားကြည့်ပါ သူငယ်ချင်း..................

သေချာစဉ်းစားကြည့်ပါ သူငယ်ချင်း..

Posted by : လက်တွဲဖော် 0 Comments
ငါတို့ ရန်သူ တိုင်းပြည်ကို အချုပ်ခြာအာဏာ
ထိပါးပြီးမငြိမ်မသက်ဖြစ်အောင် ကြံဆောင်သူ
တစ်မျိုးထဲသာဖြစ်သည်...

ငါတို့ တာဝန် စစ်တိုက်ရန် လေ့ကျင့်ရန် ပြည်သူ့ 
အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရန်...

ငါတို့ ဟာ သွေးနဲ့ ရေးခဲ့တဲ့
လွတ်လပ်ရေး ကိုကာကွယ်နိုင်ဖို့ ......

အချုပ်ခြာအာဏာ ထိပါးစော်ကားမှုတွေကို
မျိုးဆက်သစ်တွေ အဖြစ် လက်ဆင့်ကမ်းပြီး

အသက်နဲ့ ခန္ဒာ စွန့် ပြီး စစ်တိုက်ဖို့ မည်သည့်
အချိန်မဆို စစ်သားတွေအဖြစ် ရှိနေတယ်..

ငါတို့ သည် တိုင်းပြည်အတွက်
စည်းရိုးတစ်ချောင်းစီ ဖြစ်ရမည်

နိုင်ငံနဲ့ လူမျိုး အပေါ်တွင်

ခွေးတစ်ကောင်ကဲ့သို့ သစ္စာရှိ၏
နွားတစ်ကောင် ကဲ့သို့ ရုန်းပေး၏
ခြင်္သေ့တစ်ကောင်ကဲ့သို့ ရဲရင့်ပြမည်

ခိုတစ်ကောင်လို ငြီးငြူမပြ
တိုင်းပြည်အတွက် ဘယ်တော့အခါမှ
ဆီစမ်းပြီး မှ နှမ်းဖြူးလိမ့်မည် မဟုတ်

ငါတို့ သည် စစ်တိုက်ရန်လေ့ကျင်ရန်
ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်ရန်

သွေးနှင့် ချွေးကို ပေးးပြီး အမိန့် တာဝန် နဲ့ 
အမိမြေ မျက်နှာကို သာကြည့်မဲ့သူ

ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်တွက်
ငါ၏ အသက်ကို စွန့် လွတ်ရန် ဝန်မလေး

တိုင်းပြည်အတွက် ငါတို့ အရိုး စည်းရိုးထိုး

ကာသင့်လျင် ကာပါမည်..... ။



လေးစားစွာဖြင့်
ဖိုးသားလေး

တိုင်းပြည်အတွက်

Posted by : လက်တွဲဖော် 0 Comments
ယောက်ျားလေးတွေသိထားသင့်သော(၁၂)ချက်

(၁) ဦးနှောက်ရှိတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်ပြီး သူ့ကို ရင်သားမရှိ(ကြီး)ဘူးလို့ အပြစ်မဆိုပါနဲ့။

ရင်သားရှိတဲ့မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို ဦးနှောက်မရှိဘူးလို့ အပြစ်မဆိုပါနဲ့။

ဦးနှောက်လည်းရှိ၊ ရင်သားလည်းရှိ(ကြီး)တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို သဘောထား မပြည့်ဝဘူးလို့ အပြစ်မဆိုပါနဲ့။ လောကကြီးမှာ ခြောက်ပစ်ကင်းတဲ့ ယောက်ျားမရှိသလို ခြောက်ပစ်ကင်းတဲ့မိန်းမလည်း မရှိပါဘူး။

(၂) မိန်းမတွေကို သင့်ဗိုက်ထဲက သံကောင်မဟုတ်ဘူး။ သူ့ကို သင်ချစ်တယ်၊ မချစ်ဘူးဆိုတာကို သင်မပြော၊ သင်မပြဘဲနဲ့ သူသိနိုင်မှာ မဟုတ်ဘူး။

(၃) မိန်းကလေးတွေ ချွဲနွဲ့တဲ့အချိန် သူ့ကိုလျစ်လျူမရှူလိုက်ပါနဲ့။ သူ့ချွဲနွဲ့တာကို လျစ်လျူရှူရင် သူ့ကို သင်အရေးမစိုက်ဘူး၊ သင်ရင်ထဲမှာ သူမရှိဘူးလို့ သူထင်လိမ့်မယ်။

(၄) ကာမဆိုတာ မိန်းကလေးတွေအတွက် ယောက်ျားလေးတွေ ထင်ထားသလောက် အရေးမပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်သူချစ်တိုင်း သူလိုအပ်တယ်၊ သူ့ကို ပြည့်ဝစေမယ်လို့ မယူဆလိုက်နဲ့။ ဒီလိုထင်ခြင်းက သင်ဟာ ကာမကို သူ့ထက်ပိုကြိုက်တယ်လို့ သူထင်လိမ့်မယ်။

(၅) သူအင်္ကျီအသစ်ဝတ်ထားရင် သင့်လျော်တဲ့ချီးမွမ်းစကားကို ပြောပေးပါ။ အင်္ကျီက ဟိုက်လိုက်တာ၊ ပါးလိုက်တာ၊ တိုလိုက်တာလို့ပဲ အပြစ်မဆိုတတ်ပါနဲ့။ တကယ်လို့ ပါးပါး၊ ဟိုက်ဟိုက်၊ တိုတိုလေးဝတ်ထားရင် "ဒီအင်္ကျီ ခင်ဝတ်တာလှတယ်။ ဒါပေမယ့် မောင့်ကိုပဲ ၀တ်ပြရမယ်နော်"လို့ ပြောပါ။ ထက်မြက်တဲ့သူ သင့်အပြောကို သဘောပေါက်ပါလိမ့်မယ်။

(၆) "မင်း ဘာနားလည်လို့လဲ? ငါ့ကိစ္စမှာ မင်းဝင်မပါနဲ့" လို့ မကြာခဏ မပြောပါနဲ့။ မိန်းကလေးမှာလည်း မိမိကိုယ်ကိုယ်လေးစားမှု (Self-respect)ဆိုတာရှိတယ်။ သူအရမ်းချစ်တဲ့ ယောက်ျားလေးရှေ့မှာပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ်လေးစားမှု သူ့မှာရှိတယ်။

(၇) သူတစ်ယောက်ထဲ နေနေတဲ့အချိန် သူ့ကိုလွတ်လပ်ခွင့်ပေးပါ။ "နင် ဒီနေ့ ဘာဖြစ်နေတာလဲ? ထူးဆန်းလိုက်တာ" လို့ မပြောပါနဲ့။ သူငြိမ်နေတဲ့အချိန် သူ့ကိုပွေ့ဖက်ပေးထားလိုက်ပါ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ မေးခွန်းတွေ မထုတ်ပါနဲ့။

(၈) သူ့မှာလည်း လိင်ကွဲသူငယ်ချင်းတွေ ရှိလိမ့်မယ်။ စိတ်တူ သူငယ်ချင်းတွေရှိလိမ့်မယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့... မိန်းကလေးတွေဟာ ချစ်သူနဲ့သူငယ်ချင်းကို ယောက်ျားလေးတွေထက်တောင် ရှင်းရှင်းလင်းလင်း ခွဲထားတတ်ကြတယ်။

(၉) အပြင်ထွက်လည်ရင် သင်တစ်ယောက်တည်း မကြာခဏ မသွားပါနဲ့။ သဘောထားကြီးပြီး မိမိကိုယ့်ကိုယ်ဘယ်လောက်ပဲ ယုံကြည်မှုရှိတဲ့မိန်းကလေးပဲဖြစ်ဖြစ် သူနဲ့သင် အတူမသွားချင်လို့၊ သူ့ကိုစိတ်ကုန်နေပြီလို့ သူထင်တတ်တယ်။

(၁၀) မနာလို၊ ၀န်တိုတယ်ဆိုတာ မိန်းကလေးရဲ့မွေးရာပါ အတတ်ပညာဖြစ်တယ်။ သင့်အပေါ် မ၀န်တိုတတ်တဲ့မိန်းကလေးဆိုတာ သင့်ကိုတကယ်မချစ်လို့ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေက ၀န်တိုတာများလေ စိတ်ထိခိုက်၊ ခံစားရလေမို့ နောက်ဆုံးမှာ သူချစ်တဲ့သင့်ကို ခွဲသွားနိုင်ပါတယ်။

(၁၁) မိန်းကလေးတွေ လိုအပ်တဲ့အချစ်က ယောက်ျားလေးတွေလိုအပ်တဲ့အချစ်နဲ့ တူတူဖြစ်တယ်။ ဒါကြောင့် အချစ်တွေလိုအပ်တဲ့သူကို "လွန်ကဲ"တယ်လို့ အပြစ်မဆိုပါနဲ့။

(၁၂) ခိုးစားတဲ့ကိုယ့်ချစ်သူ/ယောက်ျားကို ခွင့်လွတ်နိုင်တဲ့မိန်းကလေးက အနည်းစုဖြစ်တယ်။ ကိုယ့်မိန်းကလေးကို အနည်းစုထဲထည့်ဖို့ မမျှော်လင့်ပါနဲ့။ တကယ်လို့ သူခွင့်လွတ်နိုင်ရင် မျှတတဲ့နည်းလမ်းနဲ့ သူလည်း ခိုးစားလိမ့်မယ်။

မူရင်းလင့်-- http://share.youthwant.com.tw/sh.php?id=31022827&do=D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ယောက်ျားလေးတွေသိထားသင့်သော(၁၂)ချက်

Posted by : လက်တွဲဖော် 0 Comments
ကောင်းကင်မှာ ကြယ်လေးတွေကြွေသွားတာမြင်တိုင်း

ငါဆုတောင်းနေမိပါတယ် နင်ငါ့အနားက ထွက်မသွားပါစေနဲ့ လို့ ပေါ့

ဒါပေမဲ့ ချစ်သူရယ် နင်က ငါပိုင်ဆိုင်ထားတဲ့ အရုပ်လေးမှမဟုတ်တာ

ငါ့ကိုမချစ်တော့တဲ့ တစ်နေ့ ကျရင် နင်ထွက်သွားမယ်ဆိုတာ

ငါသိနေခဲ့ပါတယ် ဒါပေမဲ့ ငါနဲ့ အဝေးဆုံးကိုရောက်သွားခဲ့မယ်ဆိုရင်လဲ

ငါ့ကို နင်ချစ်ခဲ့ဖူးတယ် ဆိုတာကိုတော့ အမှတ်ရနေပေးပါနော် ချစ်သူ.....





khin myo aye

ငါ့ကို နင်ချစ်ခဲ့ဖူးတယ်

Posted by : လက်တွဲဖော် 0 Comments
မိန်းကလေးက ချစ်တယ်လိုပြောလိုက်တာနဲ ကောင်းလေးတကယ်မထင်နဲ

နောက်နေ့ သူဘာတွေပြောင်းလွဲသွားနိုင်တယ်ဆိုတာကိုဘုရားကလွဲပြီးဘယ်သူမှမသိဘူး
!!!ကိုယ်က သူကိုဘယ်လောက်ချစ်တယ်ဆိုတာကို

တန်းဖိုးထားတတ်တဲသူဆိုတော့ ကောင်းသား............

ချစ်ကို အချစ်နဲယူရတယ်လိုတော့ပြောကြတယ်....အခုခဏ်မှာ အဲစကားလုံးတွေက

သိမ့်ကိုမှားနေပါပြီနော်.........

ချစ်ကြီးတဲသူတွေ သတိထားရအောင်သတိလေးနဲနဲပေးတာပါ......နော်

သူကို တကယ်ချစ်ရင်သူနောက်ကလိုက်........

သူရဲမာယာကိုသိချင်ရင်....သူရဲစကားလေသံကိုနားထောင်

သတိတော့ထားပေါ့နော်.............ကောင်လေး

ကောင်းလေးတကယ်မထင်နဲ

Posted by : လက်တွဲဖော် 0 Comments
*စိတ်ကူးပေါက်သလို လျှောက်လုပ်တတ်တဲ့ငါက
နောက်တစ်ယောက် ကောက်တွဲတာ
အဆန်းတော့မဟုတ်ပါဘူး.....

*ဒါပေမယ့်
နင့်ဘက်ကို စဉ်းစားမိတဲ့အချိန်
လန့်ဖျပ်ပြီး ကျကွဲသွားတဲ့ ငါ့နှလုံးသားက
ရစရာမရှိအောင် မွစာကြဲသွားလိမ့်မယ်လို့
မထင်ခဲ့မိတာ အမှန်ပဲ.....

*ဘယ်ယောက်ျားကိုမှ မချစ်ဘူး လို့
ကိုယ့်ကိုယ်ကို လက်မ ထောင်နေခဲ့တဲ့ ငါက
နင့်ကိုမှ မုန်းလို့မရအောင် ချစ်နေခဲ့မိမယ်လို့
ဘယ်သူက ထင်မှာတဲ့လဲ.....

*ကိုယ်ကသာ အပြတ်သားနိုင်ဆုံးသူလို့
တစ်သက်လုံး ထင်နေခဲ့သမျှ
ငါ့ချစ်သူ ♥ နင် ♥တစ်ယောက်ကို
မပြတ်နိုင်အောင် ချစ်နေခဲ့မယ်လို့

*သြော်....
တကယ်ကို မထင်ခဲ့ပါလားနော်....



^Chuu Lay^

Heart Canteen

ဒါပေမယ့်

Posted by : လက်တွဲဖော် 0 Comments
ယောက်ျားလေးများမဖတ်ရ ..တိန်...
====================

♚ မိန်းကလေးတွေဟာ ရင့်ကျက်မှုမရှိကြဘူး ...
သူတို့ကို ဂရုစိုက်တာ, အလေးပေးတာ, အာရုံစူးစိုက်တာကို အမြဲ ခံချင်ကြတယ် ..

♚ သူတို့ဟာ စိတ်ခံစားမှုလည်း ပြင်းထန်ကြတယ် ...
ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးအတွက်တောင် မျက်ရည်ကျတတ်ကြတယ် ...

♚ သူတို့က ရှေ့နေတွေနဲ့လည်း တူသေးတယ် ...
မှန်တဲ့ကိစ္စကို အမှားလုပ်နိုင်ပြီး မှားတဲ့ကိစ္စကိုလည်း အမှန်လုပ်နိုင်ကြတယ် ....

♚ သူတို့ဟာ ဟန်ဆောင်လည်းကောင်းကြတယ် ...
ရင်ထဲမှာ ငိုနေရင်တောင် အပြင်မှာ ပြုံးနေတတ်ကြတယ် ..


ဒါပေမယ့် ယောကျာ်းလေးတွေဟာ

✮ ခွင့်လွှတ်နိုင်စွမ်းရှိတယ် ...

✮ ချစ်ခင် ကြင်နာတတ်တယ် ...

✮ ဂရုစိုက်တတ်ကြတယ် ...

✮ ယုံကြည်လေးစားမှုလည်း ရှိကြတယ် ...


ယောက်ကျာ်းလေးတစ်ယောက်က သင့်ကို သူ့ချစ်သူအဖြစ် ရွေးချယ်လိုက်တယ်ဆိုရင် .. (များသောအားဖြင့်) အဲ့ဒါဟာ တစ်ဘ၀လုံးစာ အတွက်ပါပဲ ♥♥♥

We Love True

ယောက်ျားလေးများမဖတ်ရ

Posted by : လက်တွဲဖော် 0 Comments
ချစ်သူဆိုတာ ကမ္ဘာ့ အချောလှဆုံးမိန်းကလေးမဟုတ်ဘူး
သင့်အပေါ်ဆိုးနွဲ့သလိုလိုနဲ့ မိုးချုပ်အိမ်ပြန်မရောက်သေးတဲ့အခါ
မြန်မြန်ပြန်ဖို့ သတိပေးတတ်တဲ့
သနပ်ခါးပါးကွက်ကြားလေးလည်းဖြစ်နိုင်တယ်

ချစ်သူဆိုတာ ကမ္ဘာ့အကောင်းမွန်ဆုံးယောကျာ်းလေးမဟုတ်ဘူး
သင့်အပေါ်ရိုးမြေကျစိတ်နဲ့ သစ္စာထားနိုင်တဲ့
ညစ်ကျယ်ကျယ်ကောင်လေးတစ်ယောက်လည်းဖြစ်နိုင်တယ်

အကောင်းဆုံးချစ်သူဆိုတာ အမြင်တတ်ဆုံးလူဆီမှာရှိပါတယ်

'စိန်' ကိုတန်ဖိုးကြီးတယ်လို့ သတ်မှတ်ခဲ့လို့ တန်ဖိုးကြီးနေရတာပါ
မဟုတ်ရင်တော့ 'အရောင်လက်လက်ကျောက်ခဲလေးတစ်လုံး'ဆိုတာထက်
ပိုခဲ့မှာမဟုတ်ဘူးလေ

'သတ်မှတ်ခြင်း'က အဓိကကျနေတဲ့ ဒီကမ္ဘာမှာ
သင့်ချစ်သူရဲ့'တန်ဖိုး'ဆိုတာ
သူတစ်ပါးမျက်လုံးတွေပေါ်မှာ တွက်ချက်ရတာမဟုတ်ပါဘူး
သင့်နှလုံးသားပေါ်မှာ အရာရာအဖြေထုတ်ရခြင်း ဖြစ်ပါတယ်....။








(Pan)

ချစ်သူဆိုတာ

Posted by : လက်တွဲဖော် 0 Comments
ငါတို့ ရန်သူ တိုင်းပြည်ကို အချုပ်ခြာအာဏာ
ထိပါးပြီးမငြိမ်မသက်ဖြစ်အောင် ကြံဆောင်သူ
တစ်မျိုးထဲသာဖြစ်သည်...

ငါတို့ တာဝန် စစ်တိုက်ရန် လေ့ကျင့်ရန် ပြည်သူ့ 
အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရန်...

ငါတို့ ဟာ သွေးနဲ့ ရေးခဲ့တဲ့
လွတ်လပ်ရေး ကိုကာကွယ်နိုင်ဖို့ ......

အချုပ်ခြာအာဏာ ထိပါးစော်ကားမှုတွေကို
မျိုးဆက်သစ်တွေ အဖြစ် လက်ဆင့်ကမ်းပြီး

အသက်နဲ့ ခန္ဒာ စွန့် ပြီး စစ်တိုက်ဖို့ မည်သည့်
အချိန်မဆို စစ်သားတွေအဖြစ် ရှိနေတယ်..

ငါတို့ သည် တိုင်းပြည်အတွက်
စည်းရိုးတစ်ချောင်းစီ ဖြစ်ရမည်

နိုင်ငံနဲ့ လူမျိုး အပေါ်တွင်

ခွေးတစ်ကောင်ကဲ့သို့ သစ္စာရှိ၏
နွားတစ်ကောင် ကဲ့သို့ ရုန်းပေး၏
ခြင်္သေ့တစ်ကောင်ကဲ့သို့ ရဲရင့်ပြမည်

ခိုတစ်ကောင်လို ငြီးငြူမပြ
တိုင်းပြည်အတွက် ဘယ်တော့အခါမှ
ဆီစမ်းပြီး မှ နှမ်းဖြူးလိမ့်မည် မဟုတ်

ငါတို့ သည် စစ်တိုက်ရန်လေ့ကျင်ရန်
ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်ရန်

သွေးနှင့် ချွေးကို ပေးးပြီး အမိန့် တာဝန် နဲ့ 
အမိမြေ မျက်နှာကို သာကြည့်မဲ့သူ

ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်တွက်
ငါ၏ အသက်ကို စွန့် လွတ်ရန် ဝန်မလေး

တိုင်းပြည်အတွက် ငါတို့ အရိုး စည်းရိုးထိုး

ကာသင့်လျင် ကာပါမည်..... ။



လေးစားစွာဖြင့်
ဖိုးသားလေး

လွတ်လပ်ရေး ကိုကာကွယ်နိုင်ဖို့ ....

Posted by : လက်တွဲဖော် 0 Comments
ငါ သတိရနေသလို နင့်ကိုသတိရစေချင်ပေမဲ့
ငါ့လိုတော့ အချိန်တိုင်း သတိမရလိုက်ပါနဲ့ နော်..

ငါလွမ်းနေတတ်သလို နင့်ကိုလွမ်းနေစေချင်ပေမဲ့
ငါ့လို မျိုးတော့ အချိန်တိုင်း မလွမ်းလိုက်ပါနဲ့ နော်

ငါအရမ်းချစ်သလို နင့်ကို လဲချစ်စေချင်ပေမဲ့
ငါ့ထက်တော့ နည်းနည်းလေးလျှော့ချစ်ပေးပါနော်

ငါသတိရလို သာ နင် သတိရနေခဲ့မယ် ဆိုရင်
ငါလွမ်းသလိုသာ နင် လွမ်းနေခဲ့မယ် ဆိုရင်
ငါချစ်သလို သာ နင် ချစ်နေခဲ့မယ် ဆိုရင်

အချစ်ဆိုတာ ဘယ်လောက်ထိ စိတ်ပင်ပန်းတယ်
ဘယ်လောက်ထိ နာကျင်မှု ပေးဆပ်နိုင်မှု တွေ နဲ့ 
ဘ၀တစ်ခုလုံးအထိ စိုးမိုးထားတယ်ဆိုတာ သိခဲ့ရင်
နင်ခံနိုင်ရည်မရှိပဲ ငါ့အနားက ထွက်ပြေးသွားမိမှာစိုးလို့ ပါချစ်သူရယ်.......





khin myo aye

ထွက်ပြေးသွားမိမှာစိုးလို့ ပါချစ်သူရယ်.......

Posted by : လက်တွဲဖော် 0 Comments
သင်ချစ်တဲ့ ကောင်မလေးတစ်ယောက်ကို
"ချစ်တယ်"လို့ဖွင့်ပြောဖို့ ဘယ်တော့မှ မတွေဝေပါနဲ့!!

သင်သာဖွင့်မပြောရင် သင်တို့နှစ်ယောက် ဘယ်တော့မှ နီးစပ်မှာ မဟုတ်ပါဘူး ...

ဘာလို့လဲဆိုတော့ ...

သင်ချစ်နေတာက ချစ်တယ်လို့ စပြောခွင့်မရှိတဲ့ "မြန်မာ မိန်းကလေး" တစ်ယောက်ဖြစ်နေလို့လေ ♥ ♥ ♥


♚TT♚

ချစ်တယ်လို့

Posted by : လက်တွဲဖော် 0 Comments
အလောင်းလေး တစ်လောင်းမြေခလို့
လွတ်နေတဲ့ အိပ်ကပ်လေး
ရင်ခွင်ပိုက်ထားတဲ့မိသားစုပုံလေးတစ်ပုံ
တမ်းတတဲ့စိတ်နဲ့ သူသေခဲ့ရတယ်

အမိအိမ်နဲ့ ခွဲခွာလာတာ နှစ်တွေကြာခဲ့ပြီလေ
အိမ်ပြန်မရောက်နိုင်တော့တဲ့
သူ့ခန္တာလေးမြေခလို့ မြုပ်ပေးသူမရှိ
ကျီးထိုးထိုး လဒဆွဲဆွဲ

သူချစ်ခဲ့ဖူးတဲ့ ကျည်တစ်တောင့်
နှလုံးသားထဲ သိမ်းထားတယ်

သူလွမ်းခဲ့ရတဲ့ အမိအိမ်လေး သူပြန်ရောက်တော့
အဝတ်လေးတစ်စုံကိုဖက်ငိုနေတဲ့
သူ့ မိဘနဲ့ ကိုယ်ဝန်သည်ဇနီး
သူ နားမလည်စွာ ငေးကြည့်မိနေတုန်း

သူ တပ်ရောက်မှသိလိုက်ရတဲ့ အသိ
သူချစ်မြတ်နိုးစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့
တပ်မတော် နှင့် သူ သက်ဆိုင်ခြင်း
မရှိတော့ဘူးဆိုတဲ့ အမိန့်တစ်ခု

ဒါဟာသူ့အတွက် နောက်ဆုံးသော
အမိန့် နာခံခြင်းပေလော......။


ကျဆုံးသွားသော တပ်မတော်သားများအား
အစဉ်လေးစားဦးညွတ်လျက်

ရေးသားသူ - လမ်းပြ ကြယ်

Photo- Harmlock.

အစဉ်လေးစားဦးညွတ်လျက်

Posted by : လက်တွဲဖော် 0 Comments

ဘယ်လောက်ပဲ အမှားတွေများများ...
တိကျတဲ့ စကားလေးတစ်ခွန်းနဲ့ အမှားကို အမှန်မြင်စေတဲ့သူ...
~သူ့ ကိုဘယ်လောက် အော်အော် ငေါက် ငေါက်...
မျက်တောင်လေးပုတ်ခတ် ပုတ်ခတ် လုပ်ပြီး အပြုံးလေးနဲ့ တုန့် ပြန်တတ်သူ...
~ ချိန်းထားတဲ့အခါတိုင်း... အနည်းနဲ့ အများ နောက်ကျတဲ့အခါ
စူပုတ်ပုတ်လေး လုပ်နေတတ်ပေမယ့်... ဒီထက်ပိုပြီး စိတ်မကောက်တတ်တဲ့သူ...
~ အိမ်က ဘယ်လောက်ပဲ ဆူဆူ ... ဘယ်လောက်ပဲ တင်းကျပ်ထားပါစေ...
အချိန်တန်ရင် ရင်ခွင်ထဲ မရောက် ရောက်အောင် ... ပြေးလာတတ်သူ
~ ရာသီဥတု အေးအေး ပူပူ... ကိုကိုနဲ့ ဆိုရင်
ကမ္ဘာပတ် မယ် အတူလို့  အမြဲပြောတတ်တဲ့သူ...
~ နှစ်ယောက်အတူ ချိန်းတွေ့ တဲ့အခါ...
ဖုန်းတွေ အဆက်မပြတ်လာလည်းးးး မေးခွန်းလေးတစ်ချက် မဟ တတ်တဲ့သူ...
~ မတွေ့ ဖြစ်တဲ့နေ့ တွေဆို...အချိန်မှန်ဖုန်းဆက်
သူမရှိလည်း အစားနဲ့ အအိပ် မှန်စေချင်တဲ့ သူ...
~ ဝမ်းနည်းလာတဲ့ အချိန်တိုင်းးး ကလေးလေး တစ်ယောက်လို ...
ရင်ထဲ တိုးပြီးးး အရမ်းငိုတတ်တဲ့သူ...
~ ဘယ်သူတွေ ချစ် ချစ် မချစ် ချစ်...
ကိုကို့ အချစ်နဲ့  ပြည့်စုံပြီလို့ ... သူ့ နဖူးလေး နမ်းတိုင်း တဖွဖွပြောတတ်တဲ့သူ...
~~( အဲ့တာ ကျွန်တော့် အိမ်မက်ထဲက ချစ်သူ )~~

အိမ်မက်ထဲက ချစ်သူ

Posted by : လက်တွဲဖော် 0 Comments
ကန်တော်ကြီးအရိပ် ဘယ်အေးနိုင်မလဲ
နေပူကျဲတဲ သွားမိတာကိုး ။
ရန်ကုန်မြို့က ဘယ်နှစ်သိမ့်နိုင်မလဲ
အရာအားလုံးက ရန်ကုန်ကို ဗဟိုမပြုခဲ့ပါ။
ဒီနေ့ လည်း အနီးဆုံးအင်းလျား .....
ကန်ဘောင်မှာ ပျော်ပျော်ကြီး လှမ်း ....
ဘယ် ပြီးရင် ညာကို ရွေ့ / ညာ ပြီးရင် ဘယ် ဟေ့ ...ဘယ် ပြီးရင် ညာ ကို ပြောင်း
မိန်းကလေးဘက်က အမြင်တွေစောင်းးးး
စိတ်ကူးတွေ ဟောင်းလောင်းပွင့် ....
မနက်ဖြန် ဘုရားမှာ စနေထောင့်ပန်း
လှူမယ်

မနက်ဖြန်

Posted by : လက်တွဲဖော် 0 Comments

  1. ငါက အရမ်းရူပ်ပါတယ်... ရည်းစားတွေအများကြီးထားခဲ့ဖူးတယ်
    ဒါပေမယ့်...
    နင့်အတွက် ငါက ချစ်သူကောင်းတစ်ယောက်ဖြစ်ခွင့်မရှိတော့ဘူးတဲ့လား...
    မှားခဲ့ဖူးတယ်...
    အကြိမ်တွေမနည်းဘူးမှားခဲ့မိတာ နောက်ဆုံးအနေနဲ့ အမှန်ကန်ဆုံးကြိုးစားခွင့်တော့ပေးပါ...
    ရူးခဲ့ဖူးတယ်...
    အချစ်အတွက်ရူးရူးမိုက်မိုက်ဖြစ်ခဲ့ဖူးတယ် တည်ငြိမ်တဲ့အချစ်တစ်ခုအတွက်ရပ်တည်ခွင့်ပေးပါ...
    ပေးဆပ်ခဲ့တယ်...
    ငါအမြဲတမ်းပေးဆပ်ခဲ့တာအရာမထင်ခဲ့သမျှ နင့်အတွက်တော့အကောင်းဆုံးဖြစ်ခွင့်ပေးပါ...
    မေ့ထားပြီးပြီ...
    အတိတ်ကအရာအားလုံး နေ့ သစ်တို့ နဲ့ ဆေးကြောပြီး ရိုးသားတဲ့အချစ်နဲ့ ချစ်ခွင့်ပေးပါ...
    အကြိမ်ကြိမ်ရူံးခဲ့သမျှ...
    နောက်ဆုံးအနေနဲ့  နင့်ရဲ့ ဘေးမှာ ယုံကြည်စွာ နားခိုခွင့်ပေးပါ ချစ်သူ~ ♥ ^.^
    ErOs KiKi ~

နောက်ဆုံးအနေနဲ့ 

Posted by : လက်တွဲဖော် 0 Comments
"စိတ်မညစ်နဲ့ နော်...." တဲ့
ငါ စိတ်ညစ်နေမှာ နင် စိုးရိမ်သတဲ့လား..
နင်.......ငါ့ကို စိတ်ညစ်အောင် လုပ်မိနေသလား..
အရင် ပြန်တွေးကြည့်လိုက်ပေါ့...

"မငိုနဲ့ နော်...." တဲ့
ငါ ငိုမှာ နင် မကြိုက်ဘူးတဲ့လား..
နင်......ငါ့ကို မျက်ရည်ကျအောင် လုပ်မိနေသလား..
အရင် ပြန်ဆန်းစစ်ကြည့်ပေါ့...

"စောစောအိပ်နော်..."တဲ့
ငါ အိပ်ရေးပျက်မှာ နင် စိတ်ပူနေသတဲ့လား..
နင်.......ငါ့အိပ်ပျက်ညတွေကို ဖန်တီးနေမိသလား..
အရင် ပြန်စဉ်းစားကြည့်ပေါ့.....

..
..
..
စိတ်ချပါ ချစ်သူ...
ငါ စိတ်ညစ်အောင်..နင်ပဲလုပ်နိုင်တယ်..
ငါ့ကို နင်တစ်ယောက်တည်းပဲ နှိပ်စက်နိုင်တယ်..
နင် တားမြစ်သမျှ.. ငါ နင့်စိတ်ကြိုက်နေပါ့မယ်..
ငါ့ရင်ထဲက ခံစားချက်တွေ နင် မမြင်အောင် သိုဝှက်ထားပါ့မယ်...

ငါ့ရဲ့ အရာရာတိုင်းမှာ နင်သာ ဖန်ဆင်းရှင်ပါ...



^Chuu Lay^

Heart Canteen

"စိတ်မညစ်နဲ့ နော်....

Posted by : လက်တွဲဖော် 0 Comments
ယောက်ကျားလေးအတော်များများက
အလန်းလေးတွေကြိုက်တယ်.
(ကိုယ့်ချစ်သူမဟုတ်တောင် ဓာတ်ပုံဆိုသွားကြည့်တတ်ကြတယ်မလား)

မိန်းခလေးအတော်များများကလည်း
ခပ်ဖြောင့်ဖြောင့်ကောင်လေးတွေဆို သဘောကျတယ်
(သူတို့လည်း ကိုယ့်ချစ်သူမဟုတ်တောင် မသိမသာသွားကြည့်တတ်တာပဲ)

ဒါပေမဲ့ ချစ်တော့မယ်ဆိုရင်တော့
အဲဒီလို အလန်းတွေ အဖြောင့်တွေပဲကြည့်ပြီးချစ်ရင်
တချိန်စိတ်ညစ်ရတတ်တယ် စိတ်ပူစိုးရိမ်ရတတ်တယ်..

အဲဒါထက် စိတ်ကိုချစ်နိုင်အောင်ကြိုးစားသင့်တယ်
စိတ်ကိုချစ်နိုင်မှ တသက်လုံးချစ်နိုင်မယ်
ချစ်စရာကောင်းတဲ့စိတ်နေစိတ်ထား ကြင်နာမှု ဂရုစိုက်မှု ၊ သစ္စာရှိမှုအဲဒါတွေရှိမှ
ကိုယ့်ကိုတသက်လုံးပျော်ရွှင်စေနိုင်တယ်

စိတ်ကချစ်စရာမကောင်းပဲ ရုပ်ပဲချစ်စရာကောင်းရင်တော့
အဲဒီအချစ်ဟာ အများဆုံးခံတနှစ် နှစ်နှစ်ပဲ
အဲဒါကြောင့် အချောအလှကြိုက်တဲ့ လူတွေဟာပိုပြီးအချစ်မှာကံမကောင်းဖြစ်တတ်တယ်



ခင်မင်လျက်
ကောင်ကလေး

အလန်းလေးတွေကြိုက်တယ်.

Posted by : လက်တွဲဖော် 0 Comments

ငါမာနမကြီးတတ်ပါဘူး ...

ဒါပေမယ့် နင့်ဘေးမှာရှိနေတဲ့ မိန်းကလေးတွေကိုတော့ ဟန်ဆောင်ပြီးတောင် ပြုံးမပြချင်ဘူး!!


❥ ငါအတ္တမကြီးတတ်ပါဘူး ...

ဒါပေမယ့် ငါချစ်တဲ့နင်က တစ်ခြားတစ်ယောက်ကို ငါ့ထက်ပိုပြီး ဦးစားပေးနေတာကို မမြင်ချင်ဘူး!!


❥ ငါကပ်စေးမနဲတတ်ပါဘူး ...

ဒါပေမယ့် ငါချစ်တဲ့နင့်ကိုတော့ ဘယ်သူနဲ့မှ ခွဲဝေပြီး မချစ်ချင်ဘူး!!


☂ Thu Thu Lay ☂

ငါမာနမကြီးတတ်ပါဘူး ...

Posted by : လက်တွဲဖော် 0 Comments
တောင်းပန်မှုတွေရဲ့နောက်မှာ နာကျင်မှုတွေမပါနေခဲ့ရင် ............



အချစ်တခုရဲ့ နောက်မှာ ကြေကွဲစရာပုံပြင်တွေမရှိနေခဲ့ရင်............


သံယောဇာဉ်ကြိုးတွေ ခိုင်မြဲရက်နဲ့ မာနတွေမပြိုင်နေခဲ့ရင်............



နားလည်မှုတွေရှိရက်နဲ့ နားလည်အောင် ကြိုးစားခဲ့ရင် ............



အကွာအဝေးဆိုတဲ့ အတိုင်းအတာကို မေ့ပစ်လို့ရခဲ့ရင် ............



ဝမ်းနည်းစရာစရာအဖြစ်တွေကို ခံစားမသိရှိခဲ့ရင် ............



သေချာတယ် အချစ်က ပျော်ရွှင်ဖွယ်အတိဖြစ်ခဲ့မှာပါ............





✿✿✿Poem✿✿✿

ပျော်ရွှင်ဖွယ်အတိဖြစ်ခဲ့မှာပါ..

Posted by : လက်တွဲဖော် 0 Comments
လူတွေအများကြီးရှိရက်နဲ့
တစုံတယောက်ထဲဆီကပဲ ဂရုစိုက်မှုကိုလိုချင်နေတာ
မိုက်မဲမှုတခုလား

လူတွေအများကြီးရှိရက်နဲ့
တစ်စုံတစ်ယောက်ထဲနဲ့ပဲ စကားပြောချင်နေတာ
မိုက်မဲမှုတစ်ခုလား

လူတွေအများကြီးရှိရက်နဲ့
ကိုယ့်ကိုအရေးမလုပ်တဲ့တစ်စုံတစ်ယောက်ကိုပဲ
အရေးလုပ်ချင်နေတာမိုက်မဲမှုတစ်ခုလား

လူတွေအများကြီးရှိရက်နဲ့
ခက်ခက်ခဲခဲ လူတစ်ယောက်ကိုမှချစ်မိတာရော
မိုက်မဲမှုတစ်ခုလား

အဲဒီလိုဆိုရင် လူတယောက်ထဲကို
နှစ်နှစ်ကာကာချစ်တာမိုက်မဲမှုတစ်ခုပါပဲ
ဘာလို့လဲဆိုတော့ သိပ်လိမ်မာပါးနပ်တဲ့လူတွေက
ကိုယ့်ကိုနာကျင်စေမဲ့လူမျိုးဆို အစကတည်းကချစ်ဖို့စိတ်မဝင်စားကြဘူး

နာကျင်ရက်နဲ့ဆက်ချစ်ရင် သင်ဟာလူမိုက်စာရင်းဝင်သွားပြီ




ခင်မင်လျက်
ကောင်ကလေး
17-02-13

မိုက်မဲမှုတခုလား

Posted by : လက်တွဲဖော် 0 Comments
  1. ✿ သင့်ကို သ၀န်မတိုတတ်တဲ့ချစ်သူဟာ သင့်အပေါ်တကယ်ချစ်လို့ နားလည်ပေးတာ မဟုတ်ဘူး ...

    ဘယ်လောက်ပဲ တည်ငြိမ်ရင့်ကျက်တဲ့သူဖြစ်ပါစေ အချစ်နဲ့ပတ်သက်ရင်တော့ သ၀န်တိုတတ်ကြတယ်!!

    ✿ သင်ပူဆာသမျှ ၀ယ်ပေးတဲ့ချစ်သူဟာ သင့်အပေါ် အရမ်းချစ်လို့ အလိုလိုက်တာ မဟုတ်ဘူး ...

    သင့်ကိုတကယ်ချစ်တဲ့သူဆိုတာ သင်တောင်းသမျှ မ၀ယ်ပေးပေမယ့် အသုံးနဲ့ အဖြုန်းခွဲခြားတတ်အောင် သင်ပေးတတ်တယ်!!

    ✿ သင့်ကို ငိုကြွေးအောင်လုပ်ပြီးမှ မျက်ရည်သုတ်ပေးတတ်တဲ့ ချစ်သူဟာ သင့်ကို တကယ်ချစ်တာမဟုတ်ဘူး ....

    သင့်ကိုတကယ်ချစ်တဲ့သူဆိုတာ သင့်ကို ဘယ်တော့မှ ငိုအောင် မလုပ်ဘူး!!


    ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

    သင့်ကို တကယ်ချစ်တဲ့သူဆိုတာ ...

    ✿ ရန်ဖြစ်တိုင်း သူ့ဘက်က စခေါ်ဖို့ ၀န်မလေးဘူး ...

    ✿ သူမှားမှားမှန်မှန် တောင်းပန်ဖို့လည်း ၀န်မလေးဘူး ...

    ✿ သင့်ကို ဒေါသထွက်နေတဲ့အချိန်မှာတောင် သူ့မျက်ဝန်းတွေက နူးညံ့နေတတ်တယ် ...

    ✿ ဘယ်လောက်ပဲ တည်ငြိမ်ရင့်ကျက်နေပါစေ သင့်ရှေ့ရောက်ရင် ကလေးတစ်ယောက်လို ဖြစ်သွားတတ်တယ် ...



    ♚Thu Thu Lay♚

တကယ်ချစ်တဲ့သူဆိုတာ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -