Archive for 10/19/12



ခွန်ဆန်လောနဲ့ နန်းဦးပြင်(ရှမ်းပုံပြင်လေးပါ)


ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။ တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတ

စ်ရွာအရောက်မှာတော့ မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။ အသံလေးက တအားနားထောင်လို့ကောင်းတော့
အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလဲ တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။ သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ ဒါ့အပြင် လပေါင်းများစွာကြာတော့ နန်းဦးပြင်ကိုလဲ လွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေးဆီပြန်လာပြီး အပြန်မှာတော့ တစ်ခါတည်း လက်ထပ်ခေါ်ဆောင်လာပါတော့တယ်။

အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူက လုံးဝသဘောမတူပေမဲ့ ခွန်ဆန်လောရှေ့မှာတော့ သမီးရင်းပမာချစ်ပြပြီး နောက်ကွယ်မှာ နှိပ်စက်ပါတော့တယ်။ တစ်နေ့ ခွန်ဆန်လော ကုန်ကူးသွားတော့တယ်။ မိထွေးက ခွန်ဆန်လောလဲ မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။ စားမဲ့ ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှ့ပ်ပြီး ကျွေးတာတို့ ၊ လှေကားတွေမှာ နန်းဦးပြင်ခြေရှအောင် ၀ါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက်ပါတော့တယ်။ နန်းဦးပြင်ခမျာ ခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလဲ သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ်ထင်ပြီး ဒီတစ်ခါ ခရီးသွားတာ နည်းနည်းကြာသတဲ့။ နောက်ဆုံး နှိပ်စက်မှု့ဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ်ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။

လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးက အသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေးမှာ တင်ထားခဲ့ရပြီး မိဘရှိရာရပ်သို့ ဆက်ထွက်ခွာလာရပြန်တယ်။ အဲဒီကလေးလေးဟာ ဥသြငှက်လေးဖြစ်သွားပြီး အဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ “ဥသြ “လို့ အသံထွက်ကြားပေမဲ့ ကျွန်မတို့ ရှမ်းတိုင်းရင်းသားတွေနားမှာတော့ “ပေါ့ဝေ့ “(အဖေရေ)လို့ ခေါ်သံကြားရပါတယ်။ တကယ်လဲ ကျွန်မသေချာနားထောင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။

နန်းဦးပြင်တစ်ယောက် မိဘအိမ်အရောက်မှာတော့ နှိပ်စက်မှု့ဒဏ် ၊ ခရီးပင်ပန်းဒဏ် ၊ ရင်သွေးဆုံးရှုံးရတဲ့ဒဏ်စတဲ့ ဒဏ်ချက်ပေါင်းများစွာကြောင့် အိပ်ရာထဲလဲသွားပါတော့တယ်။ အဲဒီချိန်မှာ ခွန်ဆန်လောတစ်ယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ပြောပြမှု့တွေကြောင့် အကြောင်းစုံသိရပြီး ချက်ချင်းပဲ နန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေလို့ သေဆုံးသွားပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူက လိုက်လာခဲ့ပြီး သူက ရှေးအဆိုအရ စုန်းကဝေအတတ်ကိုလဲ တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ၀ါးလုံးတစ်ချောင်းခြားလိုက်တယ်တဲ့။ သေတာတောင် လိုက်ခွဲသေးတယ်နော်။ သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့တက်သွားပြီး ပေါင်းစုံမိပြီး ကြယ်လေးအဖြစ် ဖြစ်တည်သွားပေမဲ့ ပေါင်းဆုံခွင့်မရရှာပါဘူး။ သူတို့နှစ်ဦးကြား ( ကြယ်နှစ်လုံးကြားထဲ) ကြယ်တစ်လုံး ၀င်ရောက်တားဆီးနေတယ်လေ။ အခုကောင်းကင်မှာ မြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။ တစ်ဘက်တစ်ချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီး အလယ်ကတော့ မိထွေးရဲ့တားဆီးလိုက်တဲ့ ကြယ်ပေါ့။ ညမိုးကောင်းကင်မှာ ထွန်းလင်းနေပေမဲ့ အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတဲ့ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်း သနားနေရဆဲပေါ့။။။။။
ကန္တာရမိုးစက်များ
ခွန်သမ်လော နှင့် နန်းဦးပေ ငယ်ငယ်တုန်းက မေမေ စီက ကြားရတဲ့ပုံပြင်တွေထဲက ခုထိ ရင်ထဲ စွဲးညှိကျန်ရစ်ခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်

sipaw Generation. (သီပေါသား/သူများ)

ခွန်ဆန်လောနဲ့ နန်းဦးပြင်

Posted by : လက်တွဲဖော် 0 Comments


 
နင့်ချစ်သူက ငါ့ထက်အစစ အရာရာ
သာတယ်ဟုတ်လားချစ်သူ
ငါလက်ခံပေးလိုက်ပါတယ် ........
ဒါပေမဲ့ သူ့ အချစ်က ငါ့အချစ်ကို
မမှီနိုင်ဘူးဆိုတာ သိလာတဲ့တစ်နေ့ 
အဲ့ဒီအမှန်တရားကို နင်သာပြန်လက်ခံပေးလိုက်ပါ .......

***ငါကြားဖူးတဲ့အချစ်နဲ့  ကြုံရတဲ့အချစ် နဲနဲတော့ကွဲလွဲနေတယ်***

အရာရာ သာတယ်

Posted by : လက်တွဲဖော် 0 Comments


အချစ်တစ်ခုတည်မြဲဖို့ အတွက်
နင့်ဘက်က သစ္စာရှိအောင်နေ
ငါလဲသစ္စာရှိအောင်နေမယ်လို့ မပြောဘဲ
ငါတို့ နှစ်ယောက်ရဲ့ သစ္စာတရားနဲ့ အချစ်ကို
စစ်မှန်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ

ထာဝရ မြုပ်ထားလိုက်ရအောင်တွေးကြည့်လိုက်ပါ ..........

***ငါကြားဖူးတဲ့အချစ်နဲ့  ကြုံရတဲ့အချစ်နဲနဲတော့ ကွဲလွဲနေတယ်**

စစ်မှန်မှု

Posted by : လက်တွဲဖော် 0 Comments

ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်လို့ ဝမ်းနည်းမနေပါနဲ့ 
ကိုယ့်အတွက် ၁၅၀၀ ဆိုတဲ့ အချစ်တစ်ခုပဲ ဆုံးရှုံးသွားတာပါ
ကိုယ့်ဘေးနားမှာ ၅၂၈ ဆိုတဲ့ချစ်ခြင်းတရားများစွာ ပိုင်ဆိုင်ခွင့်ရှိနေတုန်းပ
ချစ်သူက အချစ်စစ်နဲ့ ချစ်နိုင်ဖို့ ခက်ခဲနေတဲ့အချိန်ကျရင်
ကိုယ့်ဘေနားမှာ ဖေးမကူညီပေးမဲ့ သူငယ်ချင်းတစ်ယောက်တော့ အမြဲရှိနေတုန်းပါ


.....ခေတ်လူငယ်.....

(ချစ်သူကမျက်ရည်ကိုကျစေတယ် ကျလာတဲ့မျက်ရည်ကို
သူငယ်ချင်းကသုတ်ပေးတယ် - လွန်းထားထား)

အချစ်စစ်နဲ့ ချစ်နိုင်ဖို့ 

Posted by : လက်တွဲဖော် 0 Comments

Msg တစ်စောင် Reply ပြန်ဖို့ အတွက် 25 ကျပ်ဘဲကုန်ပါတယ်ဟာ
မင်းငါ့ကို 25 ကျပ်ဖိုးလောက်တောင်တန်ဖိုးမထားဘူးနော်

ဖုန်းဆက်ချင်ပေမဲ့ မင်းနဲ့ စကားပြောရင် စကားလုံး မသုံးတတ်တဲ့ငါ့အတွက်
ရှုံးထွက်ကစားစရာ မလိုဘဲ အဆုံးသတ်သွားမဲ့ငါ့အဖြစ်ကို မင်းကအပြုံးမပျက်ပဲ အမုန်းတွေ သုံးလျက်နိုင်တယ်နော်

.....ခေတ်လူငယ်....

25 ကျပ်ဖိုး

Posted by : လက်တွဲဖော် 0 Comments

အချစ်ကိုအဓိပ္ပါယ် များစွာဖွင့်ဆိုကြတယ်

ငါနားလည်ထားတဲ့ အချစ်ကနင်ဘဲ......

နင်စကားပြောရင်လည်း အဲ့ဒါငါ့အတွက်အချစ်ပဲ.....


နင်ပြုံးလိုက်ရင်လည်း အဲ့ဒါငါ့အတွက်အချစ်ပဲ.....

နင်လမ်းလျှောက်ရင်လည်း အဲ့ဒါငါ့အတွက်အချစ်ပဲ.....

နင်ဘာလုပ်လုပ် ငါ့အတွက်

အချစ်တွေပဲ ပေါ်ထွက်နေတော့

သက်ဆုံးတိုင် နင့်တစ်ယောက်ထဲကိုဘဲ

ချစ်နေပါရစေ...........

....ခေတ်လူငယ်...

ငါနားလည်ထားတဲ့ အချစ်

Posted by : လက်တွဲဖော် 0 Comments

 
ငါမလွမ်းဘူးတဲ့သူမဟုတ်ပါဘူး အရင်တုန်းက
ကောင်မလေးတွေ လွမ်းခဲ့ဘူးပါတယ်
အဲ့လိုပြောလို့  စိတ်ဆိုးသွားရင်
ခွင့်လွှတ်ပေးပါကွာ ငါမလိမ်တတ်လို့ ပါ
ဒါပေမဲ့
နင်ကငါ့ဘဝအတွက် အလွမ်းဆုံးဆိုတာ
ဝန်ခံပါရစေ ငါမလိမ်တတ်ဘူးလို့ 
မင်းကိုပြောခဲ့ပြီးပြီနော်

.....ခေတ်လူငယ်.....

ငါမလွမ်းဘူးတဲ့သူ

Posted by : လက်တွဲဖော် 0 Comments

စိတ်ချပါ နင့်ချစ်သူ

ရသွားခဲ့ရင်တောင်

နင့်လိုအပ်ချက်လေးတွေကို


အဝေးကနေနင်မသိအောင်

တိတ်တိတ်လေးပျော်ရွှင်စွာ

ဖြည့် ဆီးပေးမဲ့သူပါဟာ........

နင်ပျော်ရင် ငါအလိုလို

ပျော်သွားတာက

ဘုရားကပေးတဲ့

ငါ့အတွက် ဘဝမှာ

အကောင်းဆုံးဆုလာဒ်တစ်ခုဘဲ............

.....ခေတ်လူငယ်..

စိတ်ချပါ နင့်ချစ်သူ

Posted by : လက်တွဲဖော် 0 Comments


အဓိပ္ပာယ်မဲ့နေတဲ့

နေရက်များကို

ငါတစ်ယောက်ထဲ



အထီးကျန်စွာ

ဖြတ်သန်းရင်း

နင်ပေးထားခဲ့တဲ့

အလွမ်းတွေကို

ခလုတ်မတိုက်မိအောင်

ကျော်လွှားနေရတယ်.......

ကျေးဇူးပြုပြီး

ထွက်ခွာခွင့်ပေးပါ

ငါ့ကို......နင့်ရဲ့ 

အလွမ်းရေဒါထဲက.......

.....ခေတ်လူငယ်..

အလွမ်းတွေ

Posted by : လက်တွဲဖော် 0 Comments

အာဒမ်သာစာရေးတတ်ခဲ့ရင် ဧဝ ကိုစာပေးမလား
သို့ မဟုတ်
စကားနဲ့ ဖွင့်ပြောမလားဆိုတာ ငါစိတ်မဝင်စားခဲ့ပေမဲ့
အခုကိုယ်တိုင်ကြုံတွေ့ လာမှ
အချစ်ဆိုတာကို တစ်မျိုးမျိုးနဲ့ ပုံဖော်ပြနိုင်ခဲ့တဲ့

အာဒမ်ကို အားကျလာမိခဲ့တယ်

{အချစ်ဆိုတာ တစ်ယောက်ထဲပုံဖော်လို့ ရပေမဲ့ တစ်ဖက်လူ နားလည်အောင် ဖော်ထုတ်ပြရအုံးမယ်လေ ....... သင်ချစ်တဲ့သူကိုဖွင့်သာပြောလိုက်ပါ သင့်ရင်ထဲက အမှန်တရား အတွက်ဘယ်အရာကမှ သက်သေမပြပေးနိုင်ဘူး}

....ခေတ်လူငယ်....

အချစ်ဆိုတာ

Posted by : လက်တွဲဖော် 0 Comments

ငါနင့်ကို အကြိမ်ကြိမ်အခါခါ

မုန်းလိုက်တိုင်း

ငါ့ရင်ထဲမှာ နင့်အတွက်


အချစ်တွေ အကြိမ်ကြိမ်အခါခါ

တိုးလာတာ ငါဘာတွေများ

ဆုတောင်းမှားခဲ့လို့ လဲ............

.....ခေတ်လူငယ်

ဆုတောင်းမှားခဲ့လို့ 

Posted by : လက်တွဲဖော် 0 Comments

အချစ်က ချိုချို ခါးခါး
ငါချစ်နေအုံးမှာဘဲ

အချစ်က လေပြေဖြစ်ဖြစ် မုန်တိုင်းဖြစ်ဖြစ်
ငါချစ်နေအုံးမှာဘဲ


အချစ်က အားဆေးတစ်ခွက်ဖြစ်ဖြစ် အဆိပ်တစ်ခွက်ဖြစ်ဖြစ်
ငါချစ်နေအုံးမှာဘဲ

အချစ်က ဘဝတက်မဲ့လမ်းဖြစ်ဖြစ် ဘဝပျက်မဲ့လမ်းဖြစ်ဖြစ်
ငါချစ်နေအုံးမှာဘဲ

အချစ်က နာကျင်မူဖြစ်ဖြစ် ကြင်နာမူဖြစ်ဖြစ်
ငါချစ်နေအုံးမှာဘဲ

ဘာလို့ လဲဆိုတော့
ငါချစ်နေတဲ့သူက "နင်" ဖြစ်နေလို့ လေ ♥ ♥ ♥

ှ.....ခေတ်လူငယ်...

ငါချစ်နေအုံးမှာဘဲ

Posted by : လက်တွဲဖော် 0 Comments

နင့်ကို ချစ်နေတဲ့ သူတွေက နင့်အတွက် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ပြောနေချိန်မှာ

နင့်အတွက်လိုအပ်ချက်လေးတွေကို တစ်ယောက်တည်းနာကျင်စွာ

တိတ်တိတ်လေးဖြည့်ဆည်းပေးနေတဲ့ နင့်ကိုအရမ်းချစ်တဲ့သူတစ်ယောက် နင့်အနားမှာအမြဲရှိနေတာ


သတိထားမိရဲ့ လား ......

.....ခေတ်လူငယ်....

နင့်ကိုအရမ်းချစ်တဲ့သူ

Posted by : လက်တွဲဖော် 0 Comments

ဘယ်ရုပ်ရှင်ရုံမှာ ဘယ်ကားတင်လဲဆိုတာ မမေးပါနဲ့ 

ဘယ်လမ်းလေးက လမ်းလျှောက်ရတာ သာယာလဲ မမေးပါနဲ့ 

ဘယ်ဆိုင်မှာ အစားအသောက် ကောင်းလဲ မမေးပါနဲ့ 


ဘယ်ခုံတန်းလျားလေးက ရူခင်းကောင်းပြီး နှစ်ယောက်ထဲထိုင်လို့ ကောင်းလဲ မမေးပါနဲ့ 

ဘယ်ရေမွှေးအနံ့ လေးက သင်းပျံ့ ပြီးမွှေးလဲ မမေးပါနဲ့ 

"မင်း"ချစ်သူက ဘယ်သူလဲ ဆိုတာတောင် မမေးပါနဲ့ 

ငါအရာရာ ဘာမှ မသိတော့လို့ ပါ ...........

.....ခေတ်လူငယ်

မမေးပါနဲ့ 

Posted by : လက်တွဲဖော် 0 Comments

မင်းရဲ့ အရိပ်တောင်

အလင်းရှိမှာ မင်းအနားမှာ နေနိုင်တာပါ

ငါ့စိတ်ကတော့ အချိန်တိုင်း


မင်း အ နား မှာ အ မြဲ ရှိ နေ ပါ တယ်

.....ခေတ်လူငယ်.

မင်းရဲ့ အရိပ်

Posted by : လက်တွဲဖော် 0 Comments

♥ချစ်သူနှစ်ဦး ၏ အပြန်အလှန် လက်ဆောင် ပေးတက်စေဖို့♥

1 ။ ( ကိုယ့်ကို အမြဲ သတိရနေပါ )

အလှစိုက်သစ်ပင် ---------- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

ဦးထုပ် ---------- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

2 ။ (မင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆုတောင်းပေးနေမယ် )

စက္ကူ ကြိုးကြာရုပ် တစ်ထောင် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့
လက်ဆောင်ပေးရန်

စက္ကူ ရောင်စုံ ကြယ်ပွင့် တစ်ထောင် မိန်းကလေး မှ ယောကျာင်္းလေး သို့
လက်ဆောင်ပေးရန်

3 ။ (ကိုယ့်ကိုမေ့လိုက်ပါတော့ = ချစ်သူအဖြစ်မှ ပြတ်စဲ လိုသည့်အခါ = )

မီးခြစ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်

ပြာခွက် ---- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

4 ။ ( အနေဝေးလို့ မေ့မသွားနဲ့နော် = ရက်လရှည်များခွဲခွါရရင် = )
ဒိုင်ယာရီစာအုပ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဘောလ်ပင် ----- မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

5 ။ (ဂုဏ်ယူပါတယ် =ချစ်သူ၏ အောင်မြင်မှု့ တစ်ခု အတွက် =)
ဓာတ်ပုံမှန်ဘောင်လှလှလေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဝိုင်ပုလင်း ----- မိန်းကလေးမှ ယောကျာင်္းလေး သို့
လက်ဆောင်ပေးရန်

6 ။ (လွမ်းခဲ့ရသမျှ မေ့ပစ်ကြစို့ =ငိုကြွေးခဲ့သော ကာလ များ ပြီးဆုံးပြီ )
လက်ကိုင်ပုဝါ ----- ယောကျာင်္းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
စားပွဲတင်ပြက္ခတိန် ----- မိန်းကလေး မှယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်

7 ။ (ချစ်သူကိုစိတ်ဆိုးပြေအောင်ချော
့တဲ့ အခါ )
အ၀ါရောင်ပန်းပွင့် ပန်းစည်း ----ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
သီချင်းဓာတ်ပြာ အယ်ဘမ်----- မိန်းကလေးမှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

8 ။ (ကွယ်ရာမှာ သစ္စာမ ဖောက်နဲ့နော် )
ကြည့်မှန်သေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
သော့ချိတ်လေး ----- မိန်းကလေးမှယောကျာင်္လေးသို့ လက်ဆောင်ပေးရန်

9 ။ ( လက်ထပ်ချင်ပြီ )
လက်စွပ်တစ်ကွင်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
လက်ပတ်နာရီ ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

10 ။ ( ကိုယ့်ကို သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့ )
နှုတ်ခမ်းနီ ဆိုးဆေး----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
အင်္ကျီ အ၀တ်အစား -----မိန်းကလေး မှ ယောကျာင်္းလေးသို့ လကိဆောင်ပေးရန်

11 ။ (တို့နှစ်ယောက် အချစ် တည်တံ့ခိုင်မြဲ ပါစေ )
ဖဲ ကြိုးလှလှလေးချည်ထားတဲ့ပန်းစည်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ချောကလက်ဘူး ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

12 ။ ( ချစ်တာကို ဖွင့်ပြောဖို့ မ၀င့်မရဲဖြစ်နေရင် )
အမွှေးပွပွ ၀က်ဝံရုပ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့လက်ဆောင်ပေးရန်
ရေမွှေး ပုလင်း ----- မိန်းကလေး မှယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

လက်ဆောင် ပေးတက်စေဖို့♥

Posted by : လက်တွဲဖော် 0 Comments

၁ ။ မိမိချစ်သူက ရှော့ပင်ထွက်ချိန်သည့်အခါတွင် အကြောင်းအမျိုးမျိုးပြ ပိုက်ဆံ မရှိလို့အချိန်မအားလို့ စသဖြင့် (အမှန် က သူငယ်ချင်းများနှင့် ဘီယာသောက် ၊ ဘောလုံးပွဲကြည့်ရန် ) မိမိချစ်သူကိုငြင်းပယ်တတ်ခြင်း ။
၂ ။ ချစ်သူရှေ့တွင် အလိုက်ကမ်းဆိုးမသိ ကွမ်းစား ခြင်း ဆေးလိပ်သောက်ခြင်း ဖြင့် ချစ်သူ အား ရော ဂါတိုးစေခြင်း ။
၃ ။ မိမိချစ်သူက အချော့ခံချင်၍ အသေးအဖွဲကိစ္စလေးကအစ စိတ်ကောက်သည့်အခါ နားလည်မှုမပေးပဲ ပြဿ နာ အကြီးကြီးရှာတယ် ဘာမှမဟုတ်တာလေးနဲ့ စိတ်ကောက်တယ် ဟု အထင်လွဲခြင်း ။
၎ ။ မိမိချစ်သူက စိတ်အားငယ်သည့်အခါတွင် အားပေးဖော်မရပဲ မင်းမျက်နှာကြီးကလည်း အမြဲစိတ် ပျက်နေ တဲ့ပုံကြီးပဲ ငါနဲ့တွဲရတာပျော်တော့ဘူးလားဟု ဘုဂလန့်စကားများပြောဆိုခြင်း ။
၅ ။ မိမိချစ်သူက အမှတ်တရလက်ဆောင်ပစစ္စည်းအသေးအဖွဲလေးများ လဲလိုသည့်အခါတွင် အရေးမကြီး တဲ့အ လုပ်တွေပါကွာ စိတ်ထဲက ချစ်နေရင်ပြီးတာပါပဲဟု ငြင်းပယ်တတ်ခြင်း ။
၆ ။ မိမိချစ်သူကိုပေးရမည့်အချိန်ထက် ဘောလုံးပွဲနှင့် မိမိအလုပ်များကို သာ အချိန်ပေးနေတတ်ခြင်း ။
၇ ။ မိမိချစ်သူက ရှေ့ရေးအတွက် အလေးအနက်ထားတိုင်ပင်သည့်အခါတွင် ပေါ့ပျက်ပျက်ဖြင့် အလေးမထားသလို အချိန်တန်ရင်နွားပိန်ကန်ပါလိမ့်မယ်ကွာ နောက်တော့လည်း ဖြစ်လာမှာပေါ့ စသဖြင့် ဆင်ခြေဆင်လက်ပေးတတ်ခြင်း ။
၈ ။ မိမိချစ်သူက လုပ်ဖော်ကိုင်ဖက် အမျိုးသားများနှင့် အလုပ်သဘောအရဆက်ဆံမှုရှိသည့်အခါမျိုးတွင် နားလည်မပေးနိုင်ပဲ နင်ငါ့ကွယ်ရာမှာ တခြားဘဲနဲ့ကြိတ်ပုန်းခုတ်နေတာလားဟု သံသယထား စွပ်စွဲတတ်ခြင်း ။
၉ ။ မိမိချစ်သူက အကြောင်းတစုံတခုကြောင့် စိတ်ကောက်နေသည့်အချိန်တွင် မိမိက ( ဘာကြောင့်ပဲ မှားမှား ယောင်္ကျားလေးဖက်က အရင်စချော့ရမည် ) ဟူသော မူကို လက်ကိုင်မထားပဲ ယောင်္ကျားတန်မဲ့ မိန်း ကလေးနှင့်အပြိုင်စိတ်ဆိုးစိတ်ကောက်တတ်ခြင်း ။
၁၀ ။ မိမိချစ်သူက မိမိအား တခြားအမျိုးသမီးများနှင့် မိန်းကလေးသဘာဝ သ၀န်တိုသောအခါများတွင် အော် ဒါ မိန်းကလေးသဘာဝပါလား ငါ့ကို ချစ်ရှာတာပဲလေဟု နားလည်မပေးပဲ နင်င့ါကို မယုံဘူးလား ငါ့အချစ်ကို စော်ကားတယ် စသဖြင့် ရန်စကားပြောဆိုခြင်း ။
၁၁ ။မိမိချစ်သူက မိမိအတွက် အလှပဆုံး ပြင်ဆင်လာသည့်အခါတွင် အော် သူလှတာလေးကို ငါ့ကို ကြည့်စေ ချင်ပါလား ဟု ဖြည့်စွက်မတွေးပဲ နင်ငါရှိနေတာတောင် တခြားဘဲတွေကြောင်အောင် ဘာလို့ အလှပြင်လာတာလဲ စသဖြင့် ပြဿနာရှာခြင်း ။
၁၂ ။ မိမိချစ်သူက တစ်ဖက်က PCO ဖုန်းပြောနေသည့်အခါတွင် မိမိက အားမနာလျှာမကျိုး အရည်မရအဖတ်မရ ဖုန်းဘေလ်တတ်အောင် ပြောဆိုခြင်း ။
၁၃ ။ မိမိချစ်သူက Facebook တွင်တခြားအမျိုးသား သာမန်သူငယ်ချင်းများသို့ သွားလည်သည့်အခါတွင် ထိုအမျိုး သားများအား အကြောင်းမရှိအကြောင်းရှာ ရန်သွားစတတ်ခြင်း ။
၁၄ ။ မိမိချစ်သူက အတူသုံးချင်၍ ဂျီမေလ်းပါ့စ၀ပ်တောင်းသည့်အခါတွင် ကိုယ်ကြူထားတာပေါ်သွားမှာစိုး၍ အကြောင်း အမျိုးမျိုးပြ ငြင်းပယ်တတ်ခြင်း ။
၁၅ ။ မိမိချစ်သူက ဘယ်မှာရောက်နေတာလဲဟု မေးသောအခါတွင် (ဘီယာဆိုင်တွင်ရောက်နေပါက Toilet ထဲ အမြန်ပြေးသွား၍ အေး ငါထမင်းဆိုင်မှာ ဟ ထမင်းစားနေတုန်းပဲ ) ( မာဆတ်ရောက်နေပါက အင်း ခဏလေးနော် ချစ်ရေ ကိုယ်ပုတီးစိပ်နေလို့ ) စသဖြင့် လိမ်ညာပြောဆိုတတ်ခြင်း ။
၁၆ ။ မိမိချစ်သူ၏ ဖေ့ဘုတ်စာမျက်နှာကို လာလည်သလိုလိုနှင့် သူ့သူငယ်ချင်းများအား လှည့်ပတ် ၍ အရောဝင်ခင်မင်၍ ကြုံရင် ကြုံသလို ကြူတတ်ခြင်း ။
၁၇ ။ မိမိချစ်သူက ကဗျာရေးသူစာရေးသူဖြစ်ပါက ကွန်မန့်ပေးဖော်မရပဲ အင်တာနက်သုံး၍ ကွန်နက်ရှင်ကျခြင်း လိုင်း မကောင်းခြင်းများကို အကြောင်းပြကာ ဒိုတာခုတ်ခြင်းဖြင့်အချိန်ကုန်နေတတ်ခြင်း ။
၁၈ ။ မိမိချစ်သူနှင့်ရှော့ပင်အတူထွက်သည့်အခါမျိုးတွင် ကိုယ်တော့ ဒီဟာလေးကြိုက်လာတာ ချစ်ရဲ့လက်ဆောင် အနေနဲ့ဝယ်ပေးပါလားဟင် ဟင် ..ဒီဖိနပ်လေးက ကိုယ်နဲ့သိပ်လိုက်မှာပဲ ကိုယ့်ကို လက်ဆောင် မပေးချင်ဘူးလားဟင်စသဖြင့် အားမနာတမ်းပူဆာတတ်ခြင်း ။
၁၉ ။ မိမိချစ်သူက ရေခြားမြေခြားတွင် ရှိနေ၍ မိမိအားမမြင်နိုင်သောအခါမျိုးတွင် ( သူမမြင်ရသော အလုပ် ကိစ္စနှင့်တခြားအကြောင်း ပြချက် များစွာကို အရင်းပြုကာ) အင်တာနက် ချက်တင်ထိုင်ရန်ပျက်ကွက်ခြင်း ။
၂၀ ။ မိမိချစ်သူက မိမိနှင့်တွေ့ဆုံရန်ချိန်းဆိုပြီးမှ ကိစ္စတစ်ခုခုကြောင့်ပျက်ကွက်ခြင်း ( မိန်းကလေးကျန်းမာရေး ၊ ဖျားနာခြင်း ) ဆိုလျှင် ချိန်းထားတာ အလေးအနက်ထားပြီးမလာဘူးဟု တစ်ဖက်လူပြဿနာကို အရင်မစုံစမ်းပဲ မိမိကအရင်ပြဿနာရှာတတ်ခြင်း ။
ကိုပုရိသတို့အတွက်လည်း ရှောင်ရမယ့်အချက်တွေပြောမယ်ဆိုရင် ပြောကုန်မယ်ထင်ပါဘူး ။
                          
                 
              www.thettantvillage.com
                       သက်တန့်ချို

ချစ်သူရှိသောအမျိုးသားများ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -