Archive for 09/18/12

သူငယ်ချင်းတယောက်က ပြောတယ်
အရွယ် ရုပ်ရည် အလုပ်အကိုင် နဲ့ နင်အတွက်
နင့်လူတယောက်ရဲ့ လျှစ်လျှူရှုမူကို ခံပြီး
ဝေးကွားခြင်းကို ရင်မှာပိုက်
ဘယ်တော့ မှနင့်ကိုတမ်းတခြင်းမရှိတာကိုခံစား
အဝေးကနေ သစ္စာရှိစွာ ထိန်းသိမ်းပြီး
လူတယောက်ကိုချစ်နေရတာ နင်အတွက် အသက်ရှင်ရတဲ့ ရက်တွေခဲယဉ်းလိုက်တာတဲ့
ပြန်ပြောဖြစ်တယ်
ငါ့ သူရဲ့ လျှစ်လျုရှုမူကိုနားလည်
ဝေးကွာခြင်းကိုသည်းခံ
ငါ့ အတွက်မရှိနိုင်တဲ့ အချိန်ကို မေ့ပြီး
သူ့တယောက်ထဲကိုပဲ သစ္စာရှိနေခြင်းဟာ
ငါ့အသက်ရှင်နေထိုင်မူအတွက် ဘုရားပေးထားတဲ့လက်ဆောင်တခုပါပဲလို့
သူငယ်ချင်းက ပြောတယ်
အောင်မလေးတော်တဲ့
ချစ်သူ နင်ကို ငါ့ သူများတွေလက်လန်ရတဲ့ အထိချစ်တယ်.............

လက်လန်ရတဲ့ အထိချစ်တယ်

Posted by : လက်တွဲဖော် 0 Comments
ချစ်မိတဲ့အခါ...

သတ်မှတ်ချက်တွေပယ်ဖျက်

ဖြစ်သမျှနဲ့ကျေနပ်မိတယ်...။

ချစ်မိတဲ့အခါ

မာနတွေခ၀ါချလို့
ချစ်သူအတွက်ရူိုကျိုးခဲ့တယ်...။

ချစ်မိတဲ့အခါ

ရယူပိုင်ခွင့်နဲ့အနာဂတ်ရောင်ခြည်တွေ

ပျက်သုဉ်းသွားလည်း

ရင်ခုန်ခြင်းနဲ့ကျေနပ်ခဲ့တယ်...

ချစ်မိတဲ့အခါ

အရာအားလုံးကစွန့်ခွာသွားမယ်ဆိုလည်း

ချစ်သူရှိရင်တစ်ကိုယ်တည်းလဲနေရဲတယ်...။

ဒီလိုနဲ့နောက်ဆုံးချစ်မိသွားတဲ့အခါ

အမြင့်မြတ်ဆုံးချစ်ခြင်းတွေကို

နားလည်မှုအပြည့်နဲ့

ချစ်ရသူကိုပေးချင်တယ်..

ချစ်မိတဲ့အခါ...

Posted by : လက်တွဲဖော် 0 Comments
မခံနိုင်တဲ့  ဒီအသည်းကိုပဲ စကားလုံးတွေနဲ့  နင်ဖဲ့ ဖဲ့ ခြွေတယ် ယဲ့ ယဲ့ လေးကျန်တော့တာတောင် နောက်ဆုံးပြောလိုက်တဲ့  စကားတခွန်းကို သဲ့ သဲ့ လေး ကြားလိုက်သေးတယ် ငါနင့်ကိုမချစ်ဘူးတဲ့ …

ငါနင့်ကိုမချစ်ဘူးတဲ့ 

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -