Archive for 01/25/13

ငါ့အတွက် ၂၅ကျပ်ဖိုးလောက်ကိုတန်ဖိုးမထားတဲ့လူကို ငါ့က၁၅၀၀ပေးပီး
ချစ်မိတယ်နော်...........
တန်ဖိုးမရှိတဲ့မစ်ကောလေးတောင် ပေးဖို့အချိန်မရှိတဲ့ မင်းအတွက် ငါ့ရဲ့
တစ်မီနစ်ကို၅၀တန်တဲအချိန်တွေကိုပေးပီးဖုန်းပြောမိတယ်နော်
တစ်နေ့၂၄ရှိတာကို မအားဘူးတဲ့စကားလေးနဲ့ အချိန်တွေကိုဖျောက်ပြနိုင်တဲ့
မျက်လှည့်ဆရာမကိုမှ ရတဲ့အချိန်တိုလေးအတွင်းမှာ သတိရမိနေသေးတယ်
ဖုန်းဝင်တာကိုမကိုင်ပဲ ဆိုင်းလန့် လုပ်ထားတဲ့ မင်းအကျင့်ကိုမသိပဲ သူမအားလို့ပါလားဆိုတဲ့အသိလေးနဲ့ ဖြေသိပ့်မိနေတယ်
တစ်ခါတစ်လေဖုန်းဝင်ကိုကိုင်ပီး ဘီးစီး လုပ်ထားတက်သေးတယ်နော်
တော်ပါသေးတယ် ဧရိယာပြင်ပမဖြစ်တာကိုပဲ ကျေးဇူးတင်မိနေတာပါ
ဘာလို့လဲဆိုတော့အဝင်ခေါ်ဆိုခွင့်လေးရှိနေသေးတာကို


ပုံ
မိုးယံကြယ်
တစ်ယောက်သောသူအတွက် ကူးယူခွင့်ပိတ်ပင်ပါသည်.

ငါ့အတွက်

Posted by : လက်တွဲဖော် 0 Comments
နင့်မှာ ငါ့အပြင် တခြားချစ်သုအသစ်တစ်ယောက်ရနေပြီလို့ ပတ်ဝန်းကျင်က ဘေးလူတွေ ပြောလာခဲ့ရင် ..
## ငါ့နားတွေ ချက်ချင်းပိတ်ပစ်လိုက်မယ် ##


ငါမဟုတ်တဲ့ နင့်ရဲ့ချစ်သူအသစ်နဲ့ နင် တွဲသွားခဲ့တာ ငါမြင်ခဲ့ရင် ..
## ငါ့အကြည့်တွေ လွှဲပစ်လိုက်မယ် ##


နင်နဲ့နင့်ချစ်သူ ပျော်ရွှင်ကြည်နူးနေတာမသိပဲ နင့်အနားကို ငါ အမှတ်တမဲ့ရောက်ရှိလာခဲ့မိရင် ..
## ငါ့ခြေလှမ်းတွေကို ချက်ချင်းနောက်ပြန်ဆုတ်ပေးထားမယ် ##


တကယ်လို့ ..
တကယ်လို့ပေါ့လေ ..

နင်က သူ့ကိုပဲ နင့်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တယ်ဆိုရင် ..
## နင်တို့ မင်္ဂလာပွဲကို ငါကိုယ်တိုင်လာရောက် ဂုဏ်ပြုပေးပါ့မယ် ##

* ဘယ်လိုအခြေအနေပဲရောက်ရောက် နင်အမြဲ စိတ်ချမ်းသာနေတာကိုပဲ ငါက မြင်ချင်ခဲ့တာလေ *





{ မယ်ပိုး }
< Heart Canteen >

တကယ်လို့ .

Posted by : လက်တွဲဖော် 0 Comments
သံယောဇဉ်ဖြစ်တော့မယ်ဆိုရင်>>>

သူကသင့်အတွက်
တယောက်တည်းသောတွယ်တာစရာလူဖြစ်တယ်

သင်ကတော့သူ့အတွက်
တယောက်တည်းသောတွယ်တာစရာလူမဟုတ်ဘူး
သူ့မှာသင့်လိုတခြားတွယ်တာစရာလူတွေအများကြီးရှိတယ်

ဘယ်လောက်ပဲအထီးကျန်နေပါစေ
သံယောဇဉ်များတဲ့လူတွေနဲ့ခင်မင်မိရင်စိတ်မနှစ်မိစေနဲ့
သူကကိုယ့်အတွက် တဦးတည်းသောတွယ်တာစရာလူဖြစ်ပေမဲ့
ကိုယ်ကျတော့သူ့အတွက်တဦးတည်းသောတွယ်တာစရာလူမဟုတ်တဲ့အခါ
ဝမ်းနည်းရတတ်တယ်

တခါတလေအထီးကျန်လို့တစုံတယောက်ကိုခင်တွယ်တယ်
အဲဒီလိုခင်တွယ်ပြီးသွားကာမှပိုပြီးအထီးကျန်သွားရတတ်တယ်ဆိုတာကို
သင်သတိထားမိဖို့လိုတယ်လေ~~




ခင်မင်လျက်
ကောင်ကလေး
၂၅/ဇန်နဝါရီ/၂၀၁၃

သူကသင့်အတွက်

Posted by : လက်တွဲဖော် 0 Comments
အလွမ်းရဲ့ ရှိုက်သံအောက်မှာ
ခေါ်သံလေးများ ထွက်လာမလား ..

ကိုယ်လည်ပင်းကို နင်းသတ်နေတဲ့ ရက်တွေ ပိုများလာတော့
သတိရရင်းခြင်းက
ထွက်ပေါက်ကို အထပ်ထပ်ပိတ်တယ်

တစ်ခါတရံ ပြက္ခဒိန်ပေါ်က
ရက်ကျန်တွေကို ကျော်ဖြတ်
ကမ္ဘာ အပြင်ဘက်ထိအောင် ပြေးထွက်ချင်မိရဲ့ 

ငါ ငါ ......
မင်းကို တမ်းတမိတဲ့ စိတ်က
ကိုယ့်ကိုယ်ကိုတောင် သူစိမ်းဆန်နေတယ်

ပြန်လာပါလို့ 
ခေါ်သံတွေ သူမကြားနိုင်တော့
လွမ်းပါတယ် စကားသံတွေလဲ
သူမသိနိုင်တော့
အရမ်းချစ်ပါတယ်လို့  ကိုယ့်လက်ခမိုးကိုပဲ
ရူးသွပ်စွာ နမ်းမိလိုက်တယ် ....

မွန်းကြပ်မှုအောက်က ရုန်းမထွက်နိုင်တဲ့
ခံစားချက်တွေအတွက်
ယနေ့ 
မနက်ဖြန်
သန်ဘက်ခါ
ငါ့မှာ နင်ကလွဲပြီး ကုလို့ မရတဲ့ ဝေဒနာတွေ
ဖွင့်ပြခြင်တယ် .......



" NaingNaing "

ပြန်လာပါလို့ 

Posted by : လက်တွဲဖော် 0 Comments

ရုစိုက်ပါဆိုတာထက်..
နင့်ကို ငါအမြဲဂရုစိုက်သွားမှာပါဆိုတဲ့ကြင်နာမူကို..
လိုချင်မိတာပေါ့။

သ၀န်မတိုပါနဲ့ဆိုတာထက်..
နင့်တစ်ယောက်တည်းကိုပဲချစ်တာပါဆိုတဲ့ခံယူမူကို..
နားထောင်ချင်မိတာပေါ့..။

စိတ်မကောက်ပါနဲ့ဆိုတာထက်..
ယုံကြည်မူတွေထပ်ပြီတည်ဆောက်ကြမယ်ဆိုတဲ့နားလည်မူကို..
ကြားချင်မိတာပေါ့...။

ချစ်သူရယ်
အချစ်ဆိုတာ အပြန်လှန် ဂရုစိုက်မူ၊ လေးစားမူ၊ ညှိနိုင်းမူ ၊ ယုံကြည်မူတို့ကို
အခြေခံထားခြင်းပဲလေ...။


မင်းအလင်္ကာ

အခြေခံထားခြင်း

Posted by : လက်တွဲဖော် 0 Comments
အများကြီးမမျော်လင့်ပါဘူး
တူတူသွားခဲ့ဘူးတဲ့ နေရာလေးကိုနောက်တခေါက် ထက်သွားချင်သေးတယ်
အများကြီးမမျော်လင့်ပါဘူး
တူတူနေခဲ့ဘူးတဲ့ နေရာလေးကို နောက်တခါရောက်ချင်သေးတယ်
အများကြီးမမျော်လင့်ပါဘူး
ချစ်သူမင်းကို ချစ်နေခြင်သေးတယ်။
ငါရင်ခုန်ခဲ့တဲ့ မင်းကိုယ်သင်းနံ့
မင်းအနမ်း မင်းရဲ့ ယုယ မှူတွေကို ငါ မူပိုင် ပိုင်ချင်တယ် ချစ်သူ

အများကြီးမမျော်လင့်ပါဘူး

Posted by : လက်တွဲဖော် 0 Comments
အချစ်ဆိုတာ...
အမြှင့်တနေရာမှ ခုန်ချရသလိုပဲ...။

ဦးနှောက်က" ကောင်းတဲ့အကြံဥာဏ်မဟုတ်ဘူး"လို့ပြောနေပေမယ့်...
နှလုံးသားက "မင်းပျံသန်းနိုင်တယ်"လို့တိုက်တွန်းနေတုန်းပဲ...။







မင်းအလင်္ကာ

အချစ်ဆိုတာ...

Posted by : လက်တွဲဖော် 0 Comments
နင့်မှာ ငါ့အပြင် တခြားချစ်သုအသစ်တစ်ယောက်ရနေပြီလို့ ပတ်ဝန်းကျင်က ဘေးလူတွေ ပြောလာခဲ့ရင် ..
## ငါ့နားတွေ ချက်ချင်းပိတ်ပစ်လိုက်မယ် ##


ငါမဟုတ်တဲ့ နင့်ရဲ့ချစ်သူအသစ်နဲ့ နင် တွဲသွားခဲ့တာ ငါမြင်ခဲ့ရင် ..
## ငါ့အကြည့်တွေ လွှဲပစ်လိုက်မယ် ##


နင်နဲ့နင့်ချစ်သူ ပျော်ရွှင်ကြည်နူးနေတာမသိပဲ နင့်အနားကို ငါ အမှတ်တမဲ့ရောက်ရှိလာခဲ့မိရင် ..
## ငါ့ခြေလှမ်းတွေကို ချက်ချင်းနောက်ပြန်ဆုတ်ပေးထားမယ် ##


တကယ်လို့ ..
တကယ်လို့ပေါ့လေ ..

နင်က သူ့ကိုပဲ နင့်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တယ်ဆိုရင် ..
## နင်တို့ မင်္ဂလာပွဲကို ငါကိုယ်တိုင်လာရောက် ဂုဏ်ပြုပေးပါ့မယ် ##

* ဘယ်လိုအခြေအနေပဲရောက်ရောက် နင်အမြဲ စိတ်ချမ်းသာနေတာကိုပဲ ငါက မြင်ချင်ခဲ့တာလေ *





{ မယ်ပိုး }
< Heart Canteen >

ငါ့အပြင်

Posted by : လက်တွဲဖော် 0 Comments
တချို့ကောင်မလေးတွေ
သင့်ချစ်သူထက်အဆပေါင်းများစွာချောချင်ချောမယ်
ဒါပေမဲ့သွားပြီးစိတ်ကစားဖို့မကြိုးစားပါနဲ့

တချို့ကောင်လေးတွေလည်း
သင့်ချစ်သူထက် ပိုပြီးပြည့်စုံချင်ပြည့်စုံနေလိမ့်မယ်
ငါ့ချစ်သူသာဖြစ်ရင်ဆိုပြီး သွားမတွေးပါနဲ့

ဘယ်သူဘယ်လောက်ပဲချောချော
ဘယ်သူဘယ်လောက်ပဲပြည့်စုံနေပါစေ
အဲဒီလူဟာ သင့်ကိုမချစ်ဘူးဆိုတဲ့အချက်တချက်ထဲနဲ့တင်
သင့်အတွက်ဘာမှအသုံးမဝင်တဲ့လူတယောက်ဖြစ်သွားပါပြီ

ကိုယ့်ချစ်သူဟာ
တခြားကောင်မလေးတွေလာက်ချောချင်မှလည်းချောမယ်
တခြားကောင်လေးတွေလောက်ပြည့်စုံချင်မှလည်းပြည့်စုံမယ်
ဒါပေမဲ့သင့်ကိုအရမ်းချစ်တဲ့အချက်တချက်ထဲနဲ့တင်
သင့်အနားမှာနေဖို့ထိုက်တန်နေပြီလေ ....။ ။




ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
07-09-12,05:23PM

တချို့

Posted by : လက်တွဲဖော် 0 Comments

ချစ်သူနှစ်ယောက် လမ်းခွဲပြီးနောက် ၁ လအကြာမှာ ကောင်လေးကကောင်မလေးကို ပြန်ဆက်သွယ်ပြီး စကားတွေပြောဖြစ်ခဲ့ကြတယ်။။

ကောင်လေး.. ။ ။ ဟိုင်း..
ကောင်မလေး ။ ။ ဟိုင်း.....

ကောင်လေး ။ ။ နင်အရမ်းချောလာတယ်နော်...
ကောင်မလေး ။ ။လူအချို့လည်းငါအရမ်းလှလာတယ်လိုပြောကြပါ
တယ်။

ကောင်လေး ။ ။အင်း နင်ကလှတယ် ယဉ်တယ် ပြီးတော့ ... နင့်အခု
လက်ရှိချစ်သူက အရမ်းကံကောင်းတဲ့သူပဲ ဖြစ်မှာပေါ့
နော်။
ကောင်မလေး ။ ။ ငါ့မှာ အခုချစ်သူမရှိပါဘူး.....။

ကောင်လေး ။ ။နင်တစ်ယောက်ယောက်နဲ ချစ်သူမဖြစ်ချင်ခဲ့ဘူးလား။
ကောင်မလေး ။ ။ ဖြစ်ချင်ခဲ့တာပေါ့..။။

ကောင်လေး ။ ။ဒါဖြစ်ဘာလို နင်အခုထိချစ်သူမထားသေးတာလဲ..
နင့်ကိုကြိုက်မယ့်သူမရှိပါဘူးလို့တော့ ငါ့ကိုမလိမ်နဲ
နော်..။။
ကောင်မလေး ။ ။ ကောင်လေးတစ်ချို့တော့ ငါ့ကို ချစ်တယ်လို့ ပြော
ကြပါတယ်။။

ကောင်လေး ။ ။ဘယ်လိုလူမျိုးတွေလဲ..
ကောင်မလေး ။ ။လူကောင်းလေးတွေပါပဲ။။။

ကောင်လေး ။ ။ ဒါဖြင့်ဘာလို နင်လက်မခံလိုက်တာလဲ။။
ကောင်မလေး ။ ။ ငါစိတ်ထဲမှာ နင်အမြဲရှိနေလိုပါ့... ။

ကောင်လေး. ။ ။ ငါ..... ???????
ကောင်မလေး ။ ။ ဟုတ်တယ် ငါ့နင့်ကို့ အခုထိချစ်နေတုန်းပဲ..။

ကောင်လေး ။ ။ :) .. ငါလည်းနင့်ကိုချစ်နေတုန်းပါပဲ...
i love you :)
ကောင်မလေး ။ ။ i love you .......too .. :)

လမ်းခွဲပြီးနောက်

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -