Archive for 04/11/12
ူသူ.ရဲ့အနီးဆုံးမှာ ရှိနေချင်ခဲ့တဲ့ ဆန္ဒတစ်ခုက
သူ.ဘ၀အတွက် ဆူးတစ်ချောင်းဖြစ်စေခဲ့မယ်ဆိုရင်
အဲဒီဆူးကို ကိုယ်တိုင်ပဲ နှုတ်ပစ်လိုက်ပါ့မယ်........
သူအရမ်းချစ်တာကို လိုချင်ခဲ့တဲ့ ဆန္ဒတစ်ခုက
သူ.ဘ၀အတွက် ရူးစေခဲ့မယ်ဆိုရင် အဲဒီအစား
ကိုယ်တိုင်ပဲ အရူးခံလိုက် ပါ့မယ်..........
ဆုပ်မိလို.လည်း စူးခဲ့ပြီးပြီ.........
စားမိလို.လည်း ရူးခဲ့ပြီးပြီ.........
င်္င်္ဘာအတွက်နဲ.မှလည်း နောင်တမ၇ချင်တော့ပါဘူး
ရှိပါစေတော့.........
ကောင်မလေး မင်းကို ငါသနားတယ်...
ကောင်မလေး မင်းက ငါ့ကို Gmail တောင်းပြီး လာ Add တယ်...
ကောင်မလေး မင်းက ငါတတ်ထားတဲ့ပညာတွေကို လာမေးတယ်...
ကောင်မလေး...မင်းသိချင်တာ မှန်သမျှကို ငါရှင်းပြခဲ့ပါတယ်...
ကောင်မလေးက တစ်ဆင့်တက်ပြီး ကိုယ်ရေးကိုယ်တာတွေ လာမေးတယ်...
ကောင်မလေးကို ငါဖြေနိုင်တာပဲ ဖြေခဲ့ပါတယ်...
ကောင်မလေးက ငါ Online ရောက်တတ်တဲ့အချိန်ဆို ၀င်လာပြီး ငါ့ကို စကားလာပြောတယ်...
ကောင်မလေးပြောသမျှ ငါ နားထောင်ပေးခဲ့ပါတယ်...
ကောင်မလေးက တစ်ဆင့်တက်ပြီး ငါ့ကို ဘယ်လောက်တန်ဖိုးထားကြောင်း၊ ငါ့ကို ဘယ်လောက် သံယောဇဉ်ရှိကြောင်း လာပြောတယ်...
ကောင်မလေးကို ငါ ခင်တယ်ဆိုတာက လွဲလို့  အပိုမပြောခဲ့ပါဘူး...
ကောင်မလေးက ငါနဲ့ အထင်လွဲအောင် လူတကာလိုက်ပြောနေမှန်း ငါ ပြန်ကြားခဲ့ပါတယ်...
ကောင်မလေး ငါနဲ့ ချစ်နေသယောင်ယောင်၊ လူတကာအထင်မှားအောင် နေနေမှန်း ငါသိခဲ့ပါတယ်...
ကောင်မလေး မင်းမသိသေးတဲ့အကြောင်းက ငါ့မှာ ငါ့အသက်ထက် တန်ဖိုးထားတဲ့ ချစ်သူရှိနေတယ်ဆိုတာပဲ...
ကောင်မလေး မင်းမသိသေးတာက ငါဟာ ငါ့ချစ်သူကလွဲပြီး ဘယ်သူ့ ကိုမှ မချစ်ဘူးဆိုတာပဲ...
ကောင်မလေး မင်းမသိသေးတာက ငါဟာ မင်းထက် ဥာဏ်ပညာရှိတယ်... အသိဥာဏ်ရှိတယ်ဆိုတာပဲ...
ကောင်မလေး မင်းမသိသေးတာက မင်းရေးသမျှ ငါ့ချစ်သူကို ပေးဖတ်တယ်ဆိုတာပဲ...
ဒါကြောင့် ကောင်မလေး မင်းကို ငါသနားတယ်...
မှတ်ချက်။ ။ Online အချစ်ဆိုတာ ဒီလိုလေး ရှိတတ်ပါလားလို့  မိန်းခလေးတွေ သိထားအောင်လို့ ပါ...
လွမ်းဧကရီ
၁၀-၀၄-၂၀၁၂
ညနေ ၅း၂၀ နာရီ
ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1118276&xgs=1&xg_source=msg_share_post#ixzz1rk1pv7rf
ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)
... ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)
ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်
ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)
ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)
ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကို
မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)
ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)
ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)
ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)
အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
သတိထားပြီး အမျိုးသားများ လွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့
ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1115731&xgs=1&xg_source=msg_share_post#ixzz1rk1VHXH8
ကောင်မလေးက ဆံပင်ရှည်ရှည် နဲ့ လိုက်ဖက်တဲ့ အရပ်အရှည်ရှည်ကိုပါ ပိုင်ဆိုင်ထားတယ်..
ချောတာလည်း တော်တော်လေးကို ချောမောလှပတယ်..
ကြိုက်ချင်သူ ကိုလူပျိုတွေကလည်း ပေါလိုက်တာမှ လွန်ရောပေါ့..
ကောင်မလေးက ရုံးဌာနတစ်ခုမှာ တာဝန်ထမ်းဆောင်တယ်..
ကွန်ပျူတာနဲ့ပတ်သက်ရင်လည်း တော်တော် ကျွမ်းကျင်တယ်..
အသက်အရွယ်နဲ့ ပြောရရင်တော့ ကောင်မလေးက (၂၉)ရှိပြီ..
ကောင်မလေးက ကွန်ပျူတာ ကျွမ်းကျင်တော့ ရုံးမှာ စာရေးမဆိုပေမယ့် ကွန်ပျူတာပဲ ကိုင်ရတယ်..
ကောင်မလေး ကွန်ပျူတာမှာ အင်တာနက် ချိတ်ထားတယ်..
ကောင်မလေး အင်တာနက်အသုံးပြုရင်းနဲ့ အချိန်တွေ ကြာလာတော့ ကိုကိုနဲ့ တွေ့ဆုံမိတယ်..
အင်တာနက်ကနေ ကောင်မလေး နဲ့ ကိုကို တစ်ယောက်နဲ့ တစ်ယောက် ဖေးဖေးမမ နဲ့
သူငယ်ချင်းလို ခင်မင်ရာကနေ.. သံယောဇဉ်တိုးလို့ ချစ်သူဘ၀ရောက်ခဲ့တယ်.. အွန်လိုင်း ချစ်သူ ဖြစ်ခဲ့ကြတယ်ပေါ့.. ကိုကိုက မန္တလေးကပါ.. ကိုကိုကလည်း ချောတယ်..
ကိုကို့မှာလည်း အလုပ်ရှိတယ်.. ကိုကိုက ကျောက်ပွဲစားတဲ့ .. ကိုကိုက ကျောက်ပွဲစားဆိုတော့ အပြောလည်း ကောင်းတာပေါ့နော်.. ကောင်မလေးတို့ဆီမှာ ကျောက်မျက် ပြပွဲရှိတိုင်း ကိုကို , ကောင်မလေးဆီ အမြဲလာတယ်..
ဒီလိုနဲ့ ကိုကိုရဲ့ အပြောမှာ ကောင်မလေး နစ်မြောပြီး ကိုကို့ကို ကောင်မလေး
ပိုပိုပြီး သံယောဇဉ်တွေ တိုးလာခဲ့တယ်..
ကိုကိုက ကောင်မလေးကို လက်ထပ်မယ်တဲ့..
ကိုကို , ကောင်မလေးကို လက်ထပ်မယ်လို့ ပြောပြီး မန္တလေးပြန်သွားတာ
ရက်ပိုင်းလောက်နေတော့ကောင်မလေးရှိတဲ့ အဆောင်ကို
ကိုကိုရဲ့ အမျိုးသမီးဆိုသူက လာသောင်းကျန်းသွားတယ်..
ကောင်မလေး , ဘာလုပ်ရမလဲ.. ကောင်မလေး သိထားတဲ့ ကိုကိုက လူပျိုဆိုပြီး..
ကောင်မလေးကို ကိုကို ညာသွားတယ်.. ခုတော့ ဘာဆက်လုပ်ရတော့မလဲ..
ကောင်မလေး လမ်းခွဲလိုက်ပါပြီ.. ကောင်မလေး မသိခဲ့လို့ပါ..
ကောင်မလေးက ကိုကိုသာ အိမ်ထောင်သည်ဆိုတာ သိရင် ကိုကို့ကို ကောင်မလေး မချစ်ခဲ့ပါဘူး..
လက်လည်း ခံဖြစ်မှာ မဟုတ်ပါဘူး.. ကောင်မလေးက မိန်းကလေးလေ..
ကောင်မလေးလည်း ရှက်တတ်ပါတယ်.. ပြီးတော့ ကောင်မလေး သူများအိမ်ထောင်ရေးကို
မဖျက်ဆီးလိုဘူး.. ကောင်မလေး ကြောက်တယ်..
ဒါပေမယ့် ကောင်မလေး အကြောင်းကို ကောင်မလေး အိမ်က မိဘတွေ သိသွားပြီး
ကိုကိုနဲ့ ထပ်တွေ့မှာစိုးလို့ ကောင်မလေးကို အလုပ်ကနေပါ ထွက်ခိုင်းပစ်တယ်..
ကောင်မလေးဘ၀မှာ ပညာတစ်ခုပေါ့နော်..ကောင်မလေး သေတဲ့အထိ မှတ်သားထားလိုက်ပြီ..
ကောင်မလေးသာ အသိ မစောခဲ့ရင် ကောင်မလေး သူများအိမ်ထောင်ရေးကို ဖျက်ဆီးလိုက်သလို
ဖြစ်ပြီး.. ကောင်မလေးလည်း နောင်တရ, ရမှာ..
ကောင်မလေးပြောပြချင်ပါတယ်.. ကောင်မလေးအရွယ်နဲ့ ညီမလေး/မောင်လေးအရွယ်
သူငယ်ချင်းတွေကို အွန်လိုင်းအချစ်ဆိုတာ တစ်ခါတစ်လေ ယုံကြည်လို့ရသလို.. တစ်ခါတစ်လေမှာ ကောင်မလေးလို အဖြစ်မျိုး နဲ့ တိုးတဲ့သူတွေ အများကြီး ရှိမှာပါ..
အွန်လိုင်းကနေ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် စဉ်းစားပါ..
လွယ်လွယ်ကူကူ နဲ့ မယုံကြည် မိပါစေနဲ့..
အပြင်မှာတွေ့ပြီးမှ လေ့လာပါ..
မိမိဘက်ကလည်း ရိုးသားသလို တစ်ဖက်လူရဲ့ စိတ်ထားကကော ရိုးသားရဲ့လားဆိုတာ
စုံစမ်းပါ.. လေ့လာပါ.. ပြီးမှ အိမ်ထောင်မှု တစ်ခု ပြုဖို့ ဆုံးဖြတ်ပါလို့..
ဒီပိုစ့်လေးကလေ ရွှေလေး သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ကို
တင်ပြပေးထားတာပါ.. နောက်ဆုံးတော့ ရွှေလေး သူငယ်ချင်းလည်း အလုပ်က ထွက်ပြီး
နာမည်ပျက်သွားတာပဲအဖတ်တင်လိုက်တယ်လေ..
ရွှေလေး ဒီပိုစ့်ကို ရေးရမလား , မရေးရဘူးလား စဉ်းစားရင်းနဲ့ နောက်ဆုံးတော့
သူငယ်ချင်းတွေအတွက် ပညာပေးအနေနဲ့ တင်ဆက်ပေးခဲ့တာပါ..
ရွှေလေးက စာရေးဆရာတော့ မဟုတ်ပါဘူး.. ရွေလေး အရေးအသား မကောင်းတာကို ၀န်ခံပါတယ်.. ပြီးတော့ ရွှေလည်း ရုံးစာရေးမဆိုတော့ ရုံးအလုပ်လုပ်ရင်း စာရေးရတဲ့ အချိန်မှာ လိုအပ်ချက်တွေ ရှိနေပါလိမ့်မယ်.. အဲဒီအတွက် ရွေလေး ရေးတဲ့ ပိုစ့်တွေမှာ စာတွေ အဆီအလျော် မတည့်တာတို့ လိုရင်းကို မရောက်တာတို့ ကိုယ်လိုရာကို တန်းရေးလိုက်တာတို့ ဖြစ်သွားတတ်ပြီး.. စာဖတ်ရတာ အဆက်အစပ် မရှိသို ဖြစ်နေပါလိမ့်မယ်.. ရွှေ ရေးရင်းနဲ့ ကြိုးစားသွားပါ့မယ်.. လောလောဆယ်တော့ ဒီလိုလေးပဲ သည်းခံပြီး ဖတ်ပေးပါဦးနော်..
ရွှေက စာရေးပေးရင်း ပိုစ့်တစ်ခု ကနေ ရသတစ်ခုခု ပေးစွမ်းနိုင်လိုက်ရင်ကို ကျေနပ်ပါတယ်..
ရွှေလေး ပိုစ့်တွေမှာ ကွန်မန့်တစ်ခုပဲ တက်လို့ အဲဒီကွန်မန့်ကလည်း ကောင်းတယ်လို့ ပြောသည် ဖြစ်စေ / မပြောသည်ဖြစ်စေ ပျော်တယ်..
တစ်ခါတစ်လေ ကွန်မန့် တစ်ခုမှ မတွေ့ရရင်တောင် ကြည့်ရှုသူ ဦးရေလေးကို
ကြည့်ပြီးတော့ ပျော်တယ်..
ဘာလို့လည်း ဆိုတော့ ရွှေလေးရေးထားတဲ့စာလေးကို ၀င်တော့ ဖတ်ပေးသွားကြတယ် ဆိုတာကို
သိရလို့ပေါ့..
နောက်လည်း ဖတ်ရှု အားပေး ဝေဖန်ပေးပါဦးနော်..
ကြိုးစားရေးပါ့မယ်..
လိုအပ်တာလေးတွေကိုလည်း ထောက်ပြပေးပါဦး.လို့ တောင်းဆိုပါတယ်..
သူငယ်ချင်းအားလုံး ပျော်ရွှင်ကျန်းမာကြပါစေလို့
တောင်းဆုပြုလျှက်
လေးစားစွာဖြင့်
ရွှေလေး
ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1115548&xgs=1&xg_source=msg_share_post#ixzz1rk19uGK9
၁ ။ သူမရဲ့ မျက်ဝန်းတွေကြောင့် (သို့မဟုတ် ) သူမရဲ့ နှုတ်ခမ်းတွေကြောင့် (သို့မဟုတ်) သူမရဲ့ ခန္ဓာကိုယ်အလှကြောင့် ချစ်တာဆိုရင် - အဲဒါအချစ်မဟုတ်ပါဘူး ။ တပ်မက်မှု တဏှာသာလျှင်ဖြစ်လိမ့်မယ် ။
၂ ။ သူမရဲ့ ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်မှုကြောင့် (သို့မဟုတ် ) သူမရဲ့ ဘ၀အရည်အသွေးတွေကြောင့် ချစ်တာဆိုရင် - အဲဒါအချစ်မဟုတ်ပါဘူး လေးစားသဘောကျခြင်းသာဖြစ်တယ် ။
၃ ။ သင်ထွက်ခွာဖို့ ကြိုးစားတိုင်း သူမအကြိမ်ကြိမ်ငိုကြွေးခဲ့လို့ ချစ်မိတာဆိုရင် - အဲဒါအချစ်မဟုတ်ပါဘူး သနားဂရုဏာသက်ခြင်းသာဖြစ်တယ် ။
၎ ။ သူမဟာ သင့်ကို စာကျက်ဖို့ နဲ့ အိပ်ဖို့မေ့နေအောင်တောင် ဖမ်းစားနိုင်ခဲ့လို့ ချစ်မိတာဆိုရင် - အဲဒါအချစ်မဟုတ်ပါဘူး ရူးသွပ်စွဲလမ်းမှုသာဖြစ်တယ် ။
၅ ။ အချစ်ဆိုတာ သင်ဘာကြောင့် သူ့ကိုဘယ်အချိန်မှာ စွဲလမ်းသွားရသလဲဆိုတာ သင်ကိုယ်တိုင် တောင်မသိနိုင်တဲ့အရာတစ်ခုပေါ့ ။ အချစ်မှာ - - - သူ့အကြောင်းပြချက်နဲ့သူရှိတယ် - - ပြီးတော့ အဲဒီအကြောင်းပြချက်ကိုလည်း ဘယ်သူမှ တိတိကျကျမသိကြဘူး ။
ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1113972&xgs=1&xg_source=msg_share_post#ixzz1rk0LhITw
ဖိနပ်ကို အမျိုးမျိုးသော ဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံးဖိနပ်က ငှက်ပျောရွက်နဲ့ လုပ်တာဖြစ်နိုင်သလို တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက စင်ဒရဲလားရဲ့ လက်လက်ထနေတဲ့ ဖိနပ်လည်းဖြစ်နိုင်တယ်။ ဘယ်လိုဖိနပ်မျိုးဖြစ်ဖြစ် အဓိက,က ခြေထောက်နဲ့တော်ဖို့၊ ကိုက်ညီဖို့ဖြစ်ပြီး ဘယ်လို အိမ်ထောင်ရေးမျိုးဖြစ်ဖြစ် အဓိက,က စည်းချက်ညီဖို့နဲ့ သဟဇာတဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။ ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။ ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။ ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။ ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊ မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။ စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲ တာရှည်ခိုင်မြဲစေပါတယ်။ ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။ ပေါ့ပါး၊ တက်ကြွပြီး ကြော့ရှင်းတယ်။ ဒါပေမယ့် ပြောင်ချောတဲ့ အကခွင်ကြမ်းပြင်ကခွါတာနဲ့ ဒီလိုဖိနပ်မျိုးက စီးလို့အသုံးမဝင်တော့သလို စီးရတာလည်း ခက်သွားပါတယ်။ စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။ လှမ်းတဲ့ခြေလှမ်းနောက် ထပ်ကြပ်မခွါလိုက်ပြီး စောင့်ရှောက်တယ်။ အောင်မြင်မှုတွေ ဆွတ်ခူးတယ်။ ဒါပေမယ့် စီးပွါးရေးပြေးလမ်းက ခွဲထွက်သွားတာနဲ့ စီးလို့မကောင်းတော့ပါဘူး။ အသက်ကြီးတဲ့ယောက်ျားနဲ့ အသက်ငယ်တဲ့မိန်းမတို့ရဲ့ အိမ်ထောင်ရေးက ခုံမြင့်ဖိနပ်ဖြစ်တယ်။ ခရီးဝေးအတွက် စီးလို့မသင့်လျော်ပေမယ့် ကြည့်ရတာထူးခြားတယ်။ အသက်ကြီးတဲ့မိန်းမနဲ့ အသက်ငယ်တဲ့ယောက်ျားတို့ရဲ့ အိမ်ထောင်ရေးက ညအိပ်ဖိနပ်နဲ့တယ်။ ကြည့်ရတာ ရယ်ချင်စရာကောင်းနေပေမယ့် စီးရတာအဆင်ပြေတယ်။ ချွတ်ရတာလည်း လွယ်ကူတယ်။ ဒီလိုဖိနပ်မျိုးကို အိမ်မှာပဲစီးရအဆင်ပြေတယ်။ အပြင်စီးထွက်ရင် လူပြောစရာဖြစ်တယ်။ ပွင့်လင်းတဲ့အိမ်ထောင်ရေးက လွှာချင်းဖိနပ်(sandal)နဲ့တူတယ်။ ရာသီမရွေး စီးလို့ရတယ်။ ခံစားချက်တွေ ပူနွေးစေတဲ့နွေရာသီမှာ ခြေထောက်ကို အေးမြစေတဲ့လွှာချင်းဖိနပ်ကို စီးထားနိုင်ပြီး ခံစားချက်တွေ အေးခဲ့တဲ့ဆောင်းရာသီမှာ ဖိနပ်ကိုချွတ်ထားလို့ရပါတယ်။ ဖောက်ပြန်တဲ့အိမ်ထောင်ရေးက အိမ်နေစီးဖိနပ်နဲ့တူတယ်။ စီးလို့ကောင်းတယ်၊ လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့် အပြင်စီးထွက်လို့မရဘူး၊ လမ်းမကြီးပေါ်လျှောက်လို့မရဘူး။ ခရီးဝေးဝေးသွားလို့ မဖြစ်ဘူး။ ငွေမက်တဲ့အိမ်ထောင်ရေးက နိုင်ငံခြားကလာတဲ့ ထိပ်ချွန်ဒီဇိုင်းဆန်းတဲ့ ဖိနပ်မျိုးနဲ့တူတယ်။ ကြည့်ရတာ လှပပေမယ့် စီးလို့မကောင်းဘူး။ စီးလိုက်တာနဲ့ စီးရအဆင်မပြေဘဲ ခြေထောက်နာတတ်တယ်။ အတင်းအကျပ်လုပ်တဲ့ အိမ်ထောင်ရေးက သံဖိနပ်နဲ့တူတယ်။ ကြီးလေးပြီး ရှေ့ကိုလျှောက်လှမ်းဖို့ ခက်ခဲစေတယ်။ ချွတ်ပစ်လည်း ခြေကြော၊ ခြေရိုးတွေကို နာကျင်စေတယ်။ အသားတွေကို ပွန်းပဲ့စေတယ်။ အားရကျေနပ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကိုရွေးချယ်တာက စီးလို့ကောင်းတဲ့ ဖိနပ်တစ်စုံကို ရွေးယူတာနဲ့တူတယ်။ အဓိက,က ခြေထောက်ရဲ့အတိုင်းအတာနဲ့ ဖိနပ်အတိုင်းအတာ ကိုက်ညီဖို့ဖြစ်တယ်။ ဘယ်လိုခြေထောက်မျိုးက ဘယ်လိုဖိနပ်မျိုး စီးရင်သင့်တော်မလဲဆိုတာ သိဖို့လိုလိမ့်မယ်။ သက်တောင့်သက်သာရှိတဲ့ ဖိနပ်က ခြေထောက်ကို မပွန်းပဲ့စေဘူး။ ဒါပေမယ့် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တိုင်းလှပရမယ်လို့ မဟုတ်ပါဘူး။ ဖိနပ်စီးရတာ အဆင်ပြေမပြေ စီးတဲ့ခြေထောက်ကပဲသိပါတယ်။ ခရီးဝေးသွားရင် ဖိနပ်စီးမှားမှာကို လူတိုင်းကြောက်ကြတယ်။ အိမ်ထောင်ပြုရင် လူတိုင်းအနိုင်ကျင့်ခံရမှာကို ကြောက်ကြတယ်။ ဖိနပ်က ခြေထောက်ကိုအရမ်းပွန်းပြီး နာကျင်စေခဲ့ရင် ဖိနပ်အောက်ခြေ မပါးခင်၊ ခြေထောက်လည်း မထိခိုက်ခင် သင့်လျော်တဲ့အသစ်တစ်ရံကို ပြောင်းလဲသင့်ပါတယ်။ ကိုယ်နဲ့မသင့်လျော်တဲ့ အဖိုးတန်ဖိနပ်ကို စီးထားတာဟာ ကိုယ့်ကိုနာကျင်အောင် လုပ်တာနဲ့တူတယ်။ သူတစ်ပါးက ကိုယ့်ရဲ့တန်ဖိုးကြီးလှပတဲ့ဖိနပ်ကို တွေ့မြင်နိုင်တယ်ဆိုပေမယ့် စီးထားတဲ့ကိုယ့်ခြေထောက် နာကျင်တာကို ကိုယ်ပဲသိပါတယ်။ ခြေထောက်က ဖိနပ်ထက်အရေးပါပါတယ်။ ဒါပေမယ့် တချို့က တန်ဖိုးကြီးလှပတဲ့ ဖိနပ်ကြောင့် ဒီအချက်ကို မေ့ခဲ့ကြတယ်။ ရေခဲစကိတ်စီးရင် စကိတ်စီးဖိနပ်ကို စီးရတယ်။ နှင်းတောကြားမှာ နှင်းဖိနပ်ရှည်ကို စီးရတယ်။ ခရီးဝေးသွားရင် ခရီးသွားဖိနပ်ကို စီးရတယ်။ လောကကြီးမှာ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်တွေအများကြီး ကိုယ်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။ ခြေထောက်က တစ်စုံပဲရှိတာမို့ ကိုယ့်ခြေထောက်နာစေတဲ့ဖိနပ်မျိုး အရွေးမမှားစေချင်ပါဘူး။ အသက်အရွယ် အကန့်အသတ်တစ်ခုထိ ခြေထောက်တွေ ရှည်လျားကြီးထွားနိုင်ပါတယ်။ ဒါပေမယ့် ဖိနပ်တွေက မပြောင်းလဲပါဘူး။ ခြေထောက်နဲ့ဖိနပ် ဘယ်အရာက အင်အားကြီးသလဲ? ခြေထောက်ကြီးတယ်လို့ ထင်ပါတယ်။ ဖိနပ်ရိအောင်၊ ပွန်းအောင် ခြေထောက်ကပဲ လုပ်နိုင်ခဲ့ပါတယ်။ အသက်အရွယ်တစ်ခုမှာ ခြေထောက်ဆက်မကြီးထွားတော့တဲ့ အချိန်က ကျွန်မတို့ ရင့်ကျက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့သင့်လျော်တဲ့ ဖိနပ်တစ်မျိုးကို ရွေးဖို့အချိန်ကျပါပြီ။ ခြေထောက်တစ်ဖက်က ယောက်ျားဆိုရင်၊ နောက်တစ်ဖက်က မိန်းကလေးဖြစ်ပါလိမ့်မယ်။ ဖိနပ်က အဲဒီခြေထောက်နှစ်ဖက်ကို တစ်စုံဖြစ်အောင် အတူတကွ ပေါင်းစည်းလိုက်ပါတယ်။ ပြီးတော့ ဘဝခရီးဆုံးခန်းတိုင်ထိ လျှောက်လှမ်းကြရပါတယ်။ ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်ကမှ ပိုဝေးတဲ့ခရီးကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
►