Archive for 02/17/12

လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။ စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်ဝတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ ရေးထားတာက "သင် တစ်ကြိမ်သာ လာရောက်ခွင့် ရှိသည်" တဲ့။ စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ အရောင်းကုန် ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ် တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့် အထပ်တစ်ထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောက်ျားလေးကို ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။ အမျိုးသမီး တစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့် ခင်ပွန်းလောင်း၊ လင်ယောက်ျား တစ်ယောက် ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။ (၁) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က (၂) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်သော အမျိုးသားများ တတိယထပ်ရဲ့ ဆိုင်းဘုတ်က (၃) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ရုပ်ရည် အထူးသန့်ပြန်သော အမျိုးသားများ "ဝိုးးးးးး" ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အမျိုးသမီးဟာ စတုတ္ထထပ်ကို တက်သွားပြီး စတုတ္ထထပ်ရဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တယ်။ (၄) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ "ဟိုက် ရှားပါး၊ ကြွေစမ်း။ ငါ ခြေထောက်တွေ မခိုင်တော့ပါလား" လို့ ရေရွတ်နေမိတယ်။ နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ အားသန်နေတယ်။ ဒီထက် ကောင်းတာတွေ အပေါ်ထပ်မှာ ရှိနိုင်တယ်လေ။ ပဉ္စမထပ်ရဲ့ ဆိုင်းဘုတ်က (၅) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန် ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ် မထင်။ သူရဲ့ အာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲဝဲ လည်နေတော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက နောက်တစ်ထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှုက ပိုကောင်းနိုင်သေးတာပေါ့။ ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်က (၆) လွှာ >> သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄ ၅၈ ၇၅၇) ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘာ အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောက်ျား စတိုးဆိုင်ကို ဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ်ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

လင်ယောက်ျား အရောင်းဆိုင်

Posted by : လက်တွဲဖော် 0 Comments
အားနည်းချက်ဆိုတာကို စမြင်လာတဲ့အချိန်ဟာ လမ်းခွဲခြင်းကို စတင်လာတဲ့အချိန်ပါပဲ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖို့ ကံတွေပါလာတယ် တစ်ယောက်နဲ့တစ်ယောက်ခွဲခွာဖို့ ကံတွေပါလာတယ်.. ၀လုံးလား သုညလား အမြင်တွေကွဲပြား တစ်ယောက်နဲ့တစ်ယောက်ငြင်းကြခုန်ကြရင်း လမ်းခွဲခြင်းဆိုတာ စတင်လာခဲ့တယ်… အခုထိဆုံနိုင်ခွင့် မရှိသေးတဲ့ တို့နှစ်ယောက်ဘ၀ ဒါကို အချစ်လို့ ယူဆခဲ့ကြတယ် .. အငွေ့ပျံ၍ ပျောက်ကွယ်သွားသောအရာများတွင် ချစ်ခြင်းတရားများ အဖော်လိုက်လေတော့ လမ်းခွဲခြင်းဆိုတာကိုလည်း မတားဆီးနိုင်တော့ဘူး .. အချစ်ကိုတိုင်းတာဖို့ ပေတံရှာမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်ခြင်းတရားတွေအနားက ထွက်ခွာသွားခဲ့တာ အဆုံးရလဒ်က လမ်းခွဲခြင်းသာ အချစ်မှာလောဘကြီးတော့ တကယ်ရင်မောရတယ်.. ဖိတ်မံတကာ စိတ်ကြံရာပြု နှလုံးသားကို အလှူပေး အဝေးကို ပြေးပါပြီ ချစ်တယ် ဆိုတာ ပုံပြင်ဖြစ်သွားပြီ ။ ခွဲခွာခြင်း၊ ဝေးကွာခြင်း ကင်းဝေးကြပါစေ...

ခွဲခွာခြင်း၊ ဝေးကွာခြင်း ကင်းဝေးကြပါစေ...

Posted by : လက်တွဲဖော် 0 Comments
အပျိုကြီးဖတ်စာ
က-ကောင်လေးငယ် ချစ်စဖွယ်။
ခ-ချစ်သူမြန်မြန်ယူ။
ဂ-ဂဏန်းတွက် တချက်ချက...်။
င-ငယ်ကျွမ်း တလို့ လွမ်း။
စ-စိပ်ပုတီး ချလို့ ညည်း။
ဆ-ဆံပင် အလွန်ပြင်။
ဇ-ဇရာထောင်း ကြည့် မကောင်း။
ဈ-ဈေးကွဲတွင် ရောင်းဖို့ ပြင်။
ည-ညအခါ ငိုချင်လာ။
တ-တိုးတိုးဖော် လိုပြီနော်။
ထ-ထောင်းထောင်းကြေ စိတ်ဓာတ်တွေ။
ဒ-ဒေါသ ထိန်းမရ။
န-နဖူးစာ လွဲခဲ့တာ။
ပ-ပူညံညံ လုပ်တတ်ပြန်။
ဖ-ဖွံ့ ဖွံ့ ဖြိုး အသားတိုး။
ဗ-ဗေဒင်မေး နောင်အရေး။
ဘ-ဘုတ်ဆုံမ ရှောင်ရှားကြ။
မ-မာယာစုံ သုံးလို့ ကုန်။
ယ-ယတြာများ ချေလို့ ထား။
ရ-ရွှင်အပြုံး ဟန်ဆောင်သုံး။
လ-လူလွတ်များ လာသာထား။
ဝ-၀မ်းစာရေးကြံလို့ တွေး။
သ-သံသရာ ရှည်လှတာ။
ဟ-ဟုတ်မှန်တာ လုပ်တော့မှာ။
အ-အထုပ်ပြင် စခန်းဝင်။
တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြပါ။

ယျော်းမြန်မြန်ရချင်သော်

Posted by : လက်တွဲဖော် 0 Comments
‎"GF" ဆိုတဲ့ အဓိပ္ပာယ်လေး သင့်ချစ်သူသိပါစေ....

ကောင်မလေးနဲ့ ကောင်လေးတစ်ယောက် စတင...်တွေ့ဆုံခဲ့ကြတယ်..
သူတို့နှစ်ယောက် ခင်မင်သွားပြီး မကြာမီမှာ ကောင်လေးက ကောင်မလေးကို
ပြောတယ် "ကောင်မလေးရေ GF ဆိုတာ ဘာလဲသိလား" တဲ့..
ကောင်မလေးက ခဏကြောင်သွားတယ်...ပြီးတော့ "မသိဘူးလေ အဲတာဘာလဲ"
လို့ ပြန်မေးလိုက်တယ်...ကောင်လေးက ပြုံးပြီးဖြေလိုက်တယ်...
"GF ဆိုတာ Good Friend" ပါတဲ့...

နောက်ကြာတော့ သူတို့နှစ်ယောက်ချစ်သူဖြစ်သွားတယ်..
အဲအခါမှာ ကောင်မလေးက ကောင်လေးကို ထပ်မေးတယ်..
"GF ဆိုတာ ဘာလဲ ခုသိပြီလား" တဲ့..
ကောင်မလေးက နားမလည်ဟန်နဲ့ ခေါင်းခါပြတယ်..
ကောင်လေးက ကောင်မလေးကိုရင်ခွင်ထည့်ပြီး...
"GF ဆိုတာ Girlfriend" ပါတဲ့...

အဲဒီနောက် လက်ထပ်ကာနီးမှာ ကောင်လေးက ထပ်မေးတယ်...
"GF ဆိုတာ သိပြီလား ချစ်သူ" တဲ့..
ကောင်မလေးက ရယ်ရယ်မောမောနဲ့ "Girlfriend" လေလို့ဖြေတယ်...
ကောင်လေးက ကောင်မလေးလက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ရင်း ပြန်ပြောတယ်...
"မဟုတ်ဘူး GF ဆိုတာ
ကိုယ့်အတွက်မင်းဟာ Great Future" ပါတဲ့...

အဲဒီလိုနဲ့ လက်ထပ်ပြီးလို့ ကလေးတွေရလာတော့..
ယောင်္ကျားဖြစ်သူက မိန်းမကို မေးတယ်...
"မိန်းမရေ GF ဆိုတာ ဘာလဲကွယ်"
မိန်းမက "ဒီတခါ ဘာဖြစ်သွားပြီလဲ ယောင်္ကျားရေ" လို့ ပြန်မေးလိုက်တယ်..
ယောင်္ကျားက ကလေးလေးကို ချီရင်း မိန်းမပခုံးလေးကို ဖက်လို့
"GF ဆိုတာ Gleeful Family ပါ" လို့ ဖြေလိုက်တယ်...

အဲဒီနောက် သားသမီးတွေလည်း အိမ်ထောင်ကျ
သူတို့နှစ်ယောက်လည်း အိုမင်းလာကြတာပေါ့....
အဲဒီအခါမှာ အဘိုးကြီးက အဘွားကြီးကို မေးတယ်..
"အဘွားကြီးရေ GF ဆိုတာ ဘာအဓိပ္ပာယ်လဲကွယ်" လို့မေးလိုက်တယ်...
အဘွားကြီးက အဘိုးကြီးပခုံးပေါ်မှီရင်း
"ပြောပါအုံး အဘိုးကြီးရယ်" လို့ အသံတိုးတိုးလေးနဲ့ ပြန်ပြောတယ်...
အဘိုးကြီးက အဘွားကြီး နဖူးလေးကို ကြင်ကြင်နာနာ နမ်းရင်း
"အဘွားကြီးက အဘိုးကြီးအတွက် Girl Forever ပေါ့ကွယ်" လို့ ဖြေလိုက်ပါတော့တယ် ....
See More
‎( ဤ page မှ post များကို မိမိတို့ wall ပေါ်တွင် လွတ်လပ်စွာ Share နိုင်ပါသည်.. လေးစားစွာဖြင့်-----By SNP)

"GF" ဆိုတဲ့ အဓိပ္ပာယ်လေး

Posted by : လက်တွဲဖော် 0 Comments
အချစ်ဆိုတာဘာလဲဟာ...ဆန်းကြယ်လိုက်တာနော်.
Titanic ဇာတ်လမ်းတွဲကို လူတော်တော်များများကြည့်ဖူးကြမှာပေါ့
သင်္ဘောကြီးပျက်ပြီးရေထဲ...နစ်သွားတဲ့အချိန် လူတွေကိုယ်လွတ်ရာပြေးတဲ့အခါ
တစ်ခုတည်းသောပျဉ်ပြားတစ်ချပ်ကို ကိုယ့်အချစ်ဆုံးချစ်သူ Roseအတွက်ထားပြီး
ကိုယ်ကိုယ်တိုင်ကတော့ အေးစက်နေတဲ့ရေထဲမှာ ခဲပြီးသေဆုံးသွားခဲ့တဲ့ Jack ကိုသနားမိလို့
ဇာတ်ကားကြည့်ရင်း မျက်ရည်ကျရတဲ့သူတွေ ဒုနဲ့ဒေးပေါ့။
ပရိတ်သတ်ကို မျက်ရည်ချူခဲ့တဲ့အဲ့ဒီဇာတ်ဝင်ခန်းမှာ ချစ်သူနှစ်ယောက်ပြောခဲ့တဲ့ နောက်ဆုံးစကားလေးကတော့........

Rose : ငါနင့်ကိုအရမ်းချစ်တယ် ။Jack ရယ်။.....
Jack :မင်းရေထဲမဆင်းနဲ့နော် Rose ။ လောကကြီးကိုမင်းနှုတ်ဆက်ရမယ့်အချိန်မဟုတ်သေးဘူး။
Rose :ငါအရမ်းချမ်းနေပြီ။......
Jack :Rose ကိုပြောမယ် ။သေချာနားထောင်ပါ။
မင်းဒီကနေထွက်ခွာရမယ်။ မင်းဆက်လက်အသက်ရှင်ပြီး
ရင်သွေးလေးတွေမွေးဖွားရမယ်။
ပြီးတော့ မင်းရဲ့ ဘ၀နောက်ဆုံးအချိန်မှာ မင်းဟာ နွေးထွေးတဲ့ကုတင်တစ်လုံးပေါ်က
အိုမင်းနေတဲ့ အဘွားကြီး တစ်ဦးအနေနဲ့ မင်းရှိနေရမယ်။
ဒီလိုအေးစက်နေတဲ့နေရာမျိုးမှာ မဟုတ်ဘူး။
ဒီလိုနေရာမျိုးမှာမဟုတ်ဘူး။
ဒီလိုအခြေအနေမျိုးမှာမဟုတ်ဘူး။
ကိုပြောတာနားလည်ရဲ့လား Rose ...........
Rose :ငါတစ်ကိုယ်လုံး ထုံကျင်နေလို့ ကိုယ့်ဟာကိုယ်တောင်မသိနိုင်တော့ဘူး။
Jack :သင်္ဘောပေါ်ကို တက်ခွင့်လက်မှတ်ရခဲ့တာဟာ ကိုယ့်ဘ၀မှာ ကံအကောင်းဆုံးဖြစ်ရပ်ပါပဲ။
ဒါကြောင့်မို့ ကိုယ်တို့နှစ်ယောက်တွေ့ခွင့်ရခဲ့တယ်။ အဲ့ဖြစ်ရပ်ကို
ကိုယ်အမြဲတမ်းအမှတ်ရနေမှာပါ။
မင်းကိုယ့်ကို ကတိတစ်ခုတော့ ပေးပါလား Rose ရယ်။
မင်းဆက်လက်ပြီးအသက်ရှင်နေပါ့မယ်လို့ ကို့ကို ကတိပေးပါနော်။
ဘာတွေပဲဖြစ်နေပါစေ။ ဘယ်လောက်ပဲ မျှော်လင့်ချက်ကင်းမဲ့သွားပါစေ၊
ဘ၀ကိုဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့နော်။
အဲ့ဒီကတိတစ်ခုတော့ပေးပါနော်။ ဘယ်တော့မှလည်း အဲ့ဒီကတိကိုမဖောက်ဖျက်ရဘူးနော်။
Rose :ကတိပေးပါတယ် Jack ရယ်။
Jack :ဘယ်တော့မှ ကတိမဖျက်ရဘူးနော်။
Rose :ဘယ်တော့မှ .....ဘယ်တော့မှ.....လုံးဝ........


(Jack ကတော့ အေးစက်နေတဲ့ ပင်လယ်ရေပြင်ထဲမှာ အသက်ပေးသွားပြီး
Rose ကတော့ သူ့ချစ်သူကို တစ်ချိန်က သူပေးခဲ့ဖူးတဲ့ကတိအတိုင်း ဆက်လက်ရှင်သန်သွားလေရဲ့)
See More

အချစ်ဆိုတာဘာလဲဟာ.

Posted by : လက်တွဲဖော် 0 Comments
ချစ်ကြိုက်ချိန်မှာ အဆုံးမရှိတဲ့ ချိုမြိန်အနမ်းကို လူတိုင်းတောင့်တကြတယ်။
ရန်ဖြစ်ြ...ကတော့ ဘာဖြစ်လို့ နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းနဲ့
အပြန်အလှန် ဝမ်းနည်းနာကျင်အောင် ပြောဆိုကြရသလဲ?

လက်တွဲတယ်၊ လက်တွဲဖြုတ်တယ်ဆိုတာ
အဲဒီလက်တစ်စုံဆီကပဲ ဖြစ်ခဲ့တာပါ။
.
See More
အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာလည်း လိုအပ်တယ်။ အချစ်ကို ချစ်တတ်ဖို့ပဲ လိုပါတယ်။
By: Nine Nine Sanay @ နိုင်းနိုင်းစနေအချစ် ခံစားချက်
လေးလေးနက်နက် မဟုတ်ဘဲနဲ့တော့
"ချစ်တယ်"ဆိုတဲ့စကားကို ခပ်လွယ်လွယ်မပြောပါနဲ့။
"နင့်က...ိုချစ်တယ်"လို့ နင်ပြောလိုက်တဲ့တခဏ ရူးသွပ်တဲ့လုပ်ရပ်တချို့ကို ငါလုပ်မိမှာစိုးလို့ပါ။
ဥပမာ-- နင့်ကို အရမ်းချစ်မိသွားတာမျိုး၊ နင့်ကို အရမ်းယုံကြည်သွားတာမျိုး......
.
See More
အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာလည်း လိုအပ်တယ်။ အချစ်ကို ချစ်တတ်ဖို့ပဲ လိုပါတယ်။
By: Nine Nine Sanay @ နိုင်းနိုင်းစနေ ^_^ တချို့ တချို့အတွက်....*_*
တချို့ကိစ္စ .. ရှင်းရှင်းလင်းလင်း သိစရာမလိုဘူး။
တချို့အချစ် .. နစ်နစ်ကာကာချစ်ဖို့...မလိုဘူး။
တချို့ခံစားချက် .. ပေါ်ပေါ်ထင်ထင် ထုတ်ပြစရာမလိုဘူး။
တချို့စွဲလမ်းမှု .. ပွင့်ပွင့်လင်းလင်း ဖော်ပြစရာမလိုဘူး။

ရှင်းရှင်းလင်းလင်းသိလေ ငါလဲပြိုရလေ
နစ်နစ်ကာကာချစ်လေ ငါကြေကွဲရလေ
ပေါ်ပေါ်ထင်ထင်ပြလေ ငါလှောင်ပြောင်ခံရလေ
ပွင့်ပွင့်လင်းလင်းပြလေ ငါနှုတ်ဆိတ်ရလေ

တချို့မျက်ရည် .. နင့်ကြောင့်ကျရတာ မထိုက်တန်ဘူး။
တချို့အပြုအမူ .. နင့်ကြောင့်ပြောင်းလဲရတာ မထိုက်တန်ဘူး။
တချို့ပစ္စည်း .. နင့်ကြောင့်ပစ်ထုတ်ရတာ မထိုက်တန်ဘူး။
တချို့စကား.. နင့်ကြောင့်ပြင်ရတာ မထိုက်တန်ဘူး။

နင့်အတွက်နဲ့ ကျတဲ့မျက်ရည် ငါ့ကိုမောပန်းစေခဲ့ပြီ
နင့်အတွက်နဲ့ ပြောင်းလဲတဲ့အပြုအမူ ငါ့ကိုနွမ်းလျစေခဲ့ပြီ
နင့်အတွက်နဲ့ ပစ်ထုတ်တဲ့ပစ္စည်း ငါ့ကိုနောင်တရစေခဲ့ပြီ
နင့်အတွက်နဲ့ ပြင်ရတဲ့စကား ငါ့ကိုငါပျောက်ဆုံးစေခဲ့ပြီ။
.
See More
အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာလည်း လိုအပ်တယ်။ အချစ်ကို ချစ်တတ်ဖို့ပဲ လိုပါတယ်။
By: Nine Nine Sanay @ နိုင်းနိုင်းစနေ
နာကျင်ဖူးမှ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကို သိတယ်။
ငိုဖူးမှ ...ရင်နာတာ ဘယ်လိုခံစားချက်လဲဆိုတာကို သိတယ်။
တုံး,အဖူးမှ စောင့်ထိန်းမှုနဲ့ စွန့်လွှတ်မှုကို အချိန်မီသိတယ်။
ချစ်ဖူးမှ ကိုယ့်ကိုယ်ကို ထိလွယ်၊ ရှလွယ်၊ ကြေကွဲလွယ်တယ်ဆိုတာကို သိတယ်။
တကယ်တော့ ဘဝမှာ မလိုတဲ့ခေါင်းမာမှုတွေ မလိုအပ်ခဲ့ပါဘူး။
တကယ် မဖြတ်ရက်နိုင်တဲ့အရာ မရှိခဲ့ပါဘူး။
.
See More
အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာ လိုအပ်သလို အချစ်တစ်ခုရှင်သန်ဖို့ အချစ်ကို ချစ်တတ်ဖို့လည်း လိုအပ်ပါတယ်။

အချစ် ခံစားချက်

Posted by : လက်တွဲဖော် 0 Comments
haha~~♥နင့်ဘာသာကြိုက်တဲ့သူနဲ့ကျုစမ်း...... ခကွေးရရစ်နဲ့မကလို့........ ခခွေးယပင့်နဲ့ခြစ်ခြစ်... နင်ဘာသာ... Remember You မကလို့ Miss You ပဲဖြစ်ဖြစ် Love You ပဲဖြစ်ဖြစ် Lone wa $ဂရုမစိုက်ဘူး.... ရှင်းလား..... !_!

ရှင်းလား.

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -