Archive for 01/27/13
(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။
(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။
(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။
(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။
(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။
(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။
(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။
(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ-
ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက
လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ
(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်
ဖြစ် သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။
(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့်
မှိန်းမသွားရဘူး။ တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့်
အချိန်အခါနဲ့ ကိုက်ညီရမယ်။ တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။
ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ်
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ
ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။
(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တ
အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး
ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။
ချစ်ဖို့မလောနဲ့ အချိန်ပေးပါ
ချစ်သူရည်းစားဖြစ်ပြီးတဲ့လူနှစ်
ဦးက ကိုယ်ဟာသူ့ရင်ထဲကချစ်သူ
ဟုတ်မဟုတ်ဆိုတာကိုသိဖို့ အချိန်တအောင့်လောက် လိုအပ်တယ်။
အဲဒီအချိန်တအောင့်က နှစ်ချီကြာနိုင်သလို တချို့က တစ်သက်၊ တစ်ဘဝအချိန်ကို
အသုံးပြုပြီးမှ တစ်ဘက်သားကို နားလည်ကြရတယ်။
အကြံ(၁)
pheromone နည်းနည်းလျော့ပါ အသိဉာဏ်များများပိုပါ
ချစ်နေချိန်မှာ မျက်စိနဲ့ သေချာလေ့လာရတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကိုလည်း
ကိုက်ညှိကြည့်ဖို့ လိုအပ်တယ်။ ချစ်စမှာ လူတွေက မျက်ကန်းဆန်ပြီး
တစ်ဘက်သားကို အကောင်းပဲမြင်တတ်ကြတယ်။ ဒါတွေက ချစ်နေချိန်မှာ
လူ့ခန္ဓာကထွက်တဲ့ pheromoneကြောင့် မျက်ကန်းဆန်စေတာဖြစ်တယ်။ pheromone
ကြောင့် ချစ်နေချိန်မှာ တစ်ဘက်သားရဲ့အလှ၊ အကောင်းကိုပဲမြင်ခဲ့တယ်။
ဒါကြောင့် "အချစ်မှာမျက်စိမရှိ"ဆိုတဲ့ စကားပေါ်လာခဲ့တာဖြစ်တယ်။
ချစ်သူဖြစ်ပြီး သက်တမ်းအနည်းငယ်အကြာမှာ pheromoneက ပုံမှန်အနေအထားကို
ပြန်ရောက်သွားတယ်။ ဒီလိုအနေအထားဖြစ်ဖို့ နှစ်ဝက်ကျော်လောက် ကြာတတ်တယ်။
အဲဒီအချိန်ကျရင် တစ်ဘက်သားကို ကိုယ်တစ်ကယ်ချစ်မချစ်၊
သင့်မသင့်တော်ဆိုတာကို လေ့လာဆန်းစစ်နိုင်တယ်။ ဒါပေမယ့် တချို့ချစ်သူတွေက
နှစ်ဝက်တောင်မခံဘဲ pheromone လျော့နည်းချိန်မှာ လမ်းခွဲကြရတယ်။ ဒါကြောင့်
အချစ်မှာ ချစ်ဖို့ သံစဉ်တွေလိုအပ်တယ်။ ချစ်စမှာ ဖြေးဖြေးချင်းနဲ့
ချစ်သံစဉ်တွေ အဆုံးထိ တီးခတ်သီဆိုနိုင်ဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင်
လှပတဲ့သီချင်းတစ်ပုဒ်က သံစဉ်ကြောင့်ပျက်သွားနိုင်တယ်။
အကြံ (၂)
သူနဲ့မတူချင်ရင် သူ့ကိုမချစ်ပါနဲ့
ချစ်နေချိန်မှာ အချင်းချင်း တူညီသက်ရောက်နိုင်ဖို့ တစ်ဘက်သားကအရေးပါတယ်။
တစ်ဘက်သားရဲ့ အပြောအဆို၊ နှစ်သက်တဲ့အစားအသောက်တွေကို မသိမသာနဲ့
ကိုယ်သင်ယူမိတတ်တယ်။ နောက်ဆုံးမှာ ရုပ်ပါဖြေးဖြေးဆင်လာတာကို တွေ့ရတယ်။
ဒါကြောင့် အခုချိန်မှာ ကိုယ်ဟာ "ကိုယ်နဲ့မတူချင်တဲ့ လူတစ်ယောက်"နဲ့ချစ်သူဖြစ်နေခဲ့ရ
။ သူ့ကို
ကိုယ်တကယ်ချစ်သလား?
တစ်ကြိမ်မှာတော့ ဇီဇာကြောင်တဲ့လူတစ်ယောက်နဲ့ ကျွန်မချစ်သူဖြစ်ခဲ့ဖူးတယ်။
သူနဲ့ နိုင်ငံခြားအတူ သွားလည်တဲ့အခေါက် မိတ်ဆွေတစ်ဦးအိမ်မှာ
ကျွန်မတို့ထမင်းအတူစားခဲ့ကြတယ်။
ကျွန်မကို ပန်းကန်ဆေးကူသင့်ကြောင်းပြတယ်။ မိတ်ဆွေအိမ်မှာ
ပန်းကန်ဆေးစက်ရှိပေမယ့် ကျွန်မရဲ့အကျင့်က
သူတစ်ပါးဂရုစိုက်စောင့်ကြည့်တာမ
ပန်းကန်တွေအများကြီးဆေးခဲ့ဖူးတယ
အဲဒီခရီးမှာ ကျွန်မတို့ အကြိမ်ကြိမ်ငြင်းခုန်ခဲ့ကြရတယ်။
တင်းမာနေတဲ့ သူ့မျက်ရိပ်မျက်ကဲကိုပဲ ကျွန်မကြောက်ကြောက်ရွံ့ရွံ့
ကြည့်ခဲ့ရတယ်။ ကိုယ့်နိုင်ငံပြန်ရောက်တာနဲ့ သူ့ကိုဖြတ်ပစ်မယ်လို့
စိတ်ထဲမှာတိတ်တိတ်လေး ကျွန်မဆုံးဖြတ်လိုက်တယ်။
သူရဲ့ချစ်သူမဖြစ်ချင်တော့တဲ့အပြ
မကြည့်ချင်ခဲ့တော့ဘူး။
အဲဒီတစ်ခေါက်မှာ အချစ်ကို စိတ်အစွဲအလမ်းနဲ့ပဲ ချစ်လို့မရမှန်း
ကျွန်မသိလိုက်ရတယ်။ "ခရီးဝေးမှ မြင်းရဲ့ခံနိုင်အားကိုသိတယ်။
ပေါင်းသင်းတာကြာမှာ လူ့စိတ်ကိုသိတယ်" ဆိုသလိုမျိုး
သူ့စိတ်ကိုလုံးလုံးသိပြီး သူနဲ့မတူချင်ခဲ့ရင် စောစောစီးစီး
လမ်းခွဲလိုက်ကြတာပိုကောင်းတယ်။ တကယ်လို့ သူ့ရဲ့အလေ့အထကို သိပြီးသည့်တိုင်
သူ့ကိုဆက်ချစ်နေသေးတယ်ဆိုရင် သူဟာ ကိုယ်တကယ်ပေးဆပ်သင့်သူဖြစ်ခဲ့ပါ
တယ်။
အကြံ (၃)
အခက်အခဲကြုံချိန်မှ အချစ်ရဲ့ရုပ်ပုံစစ်ကို မြင်ရတယ်
အချစ်ခရီးလမ်းက နေရောင်ခြည်ပဲ ထွန်းတောက်နေမှာမဟုတ်ပါဘူး။ တစ်ခါတလေ
မတော်တဆတွေနဲ့လည်း ကြုံရတတ်တယ်။ ဒါဟာ အချစ်ကိုစမ်းသပ်တဲ့ အကောင်းဆုံး
အခွင့်အရေးဖြစ်တယ်။ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရတယ် ဒါမှမဟုတ်
ကုမ္ပဏီက ရုတ်တရက် အရေးအကြောင်းရှိလာတယ် ဒီလိုမတော်တဆတွေက
အချစ်ကိုသက်ရောက်စေတတ်တယ်။ ဒီလိုအခက်အခဲကြုံချိန်
အမြဲတွေ့နေကြချစ်သူနှစ်ဦးက ခေတ္တခဏတော့ ခွဲကြရတယ်။ ဒီလိုအချိန်မှာ
ကိုယ့်ရဲ့လိုအပ်မှုကို ချစ်သူက ဘယ်လိုအကူအညီပေးသလဲ! အကြံပေးသလဲ! ဒါတွေက
ချစ်သူနှစ်ဦးရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးတတ်တယ်။
မတော်တဆဖြစ်ချိန် ကိုယ့်ကိစ္စကို သူ့ကိစ္စလိုသဘောထားပြီး
ကူညီဖြေရှင်းပေးတဲ့ချစ်သူ၊ ကိုယ့်လုံခြုံမှု၊ ကိုယ့်ပျော်ရွှင်မှုကို
ရှေ့တန်းတင်တတ်တဲ့ချစ်သူမျိုးကိ
ု ကျွန်မတို့က ယုံယုံကြည်ကြည်နဲ့
ချစ်သင့်ပါတယ်။ ချစ်ရတာလည်း တန်ပါတယ်။
တကယ်လို့ မတော်တဆဖြစ်ချိန် အလုပ်များတာကိုအကြောင်းပြပြီး
ကိုယ့်ကိုရှောင်ဖယ်တတ်တဲ့ချစ်သူ
"အဆင်ပြေလား?"ဆိုပြီး ကိုယ့်ဆီပြန်လာတတ်တဲ့ ချစ်သူမျိုးကိုတော့
ချစ်ရတာမထိုက်တန်ပါဘူး။
အကြံ (၄)
ပြောင်းလဲဖို့ အချိန်ပေးပါ
အချစ်ကိုစွန့်ခွါချိန် အလျှင်စလိုမလုပ်ဘဲ ပြောင်းလဲဖို့
သူ့ကိုအချိန်ပေးသင့်ပါတယ်။ အခုချိန် သူ့ဆီမှာ အားနည်းချက်တွေ
တပုံကြီးရှိတယ်ဆိုပေမယ့် ပြောင်းလဲပြုပြင်ဖို့ သူကိုယ်တိုင်
သင်ယူလိုစိတ်ရှိတယ်ဆိုရင် သူဟာ ကိုယ့်အတွက်အဖော်ကောင်းတစ်ယောက်
ဖြစ်နိုင်ပါတယ်။ ကျွန်မအဖေလိုမျိုး နုရွယ်စဉ်မှာ ဗွေရှုပ်ခဲ့တယ်။
အသက်ကြီးလာတော့ အိမ်အတွက်၊ မိသားစုအတွက် တစ်လျှောက်လုံး
ပေးဆပ်လာခဲ့တဲ့အမေကိုကြည့်ပြီး သူလည်းပြောင်းလဲလာခဲ့တယ်။
အမေကိုပြန်ပေးဆပ်တတ်ဖို့ သူသင်ယူခဲ့တယ်။ ဘဝတစ်လျှောက်မှာ သားသမီး၊
လင်ယောက်ျားအတွက် အရာရာကို ပေးဆပ်စတေးခံခဲ့တဲ့အမေက နောက်ဆုံးမှ
ကိုယ့်ကိုဂရုစိုက်တတ်တဲ့ လင်ကောင်းတစ်ယောက်ကိုရခဲ့တယ်။
သူ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ကောင်းဖြစ်ခဲ့တယ်။ အဖေ့အပေါ်ထားတဲ့
အမေရဲ့အချစ်က အမြစ်တွယ်ခိုင်မြဲခဲ့တယ်။ ငြင်းခုန်မှုတွေမပြတ်ရှိခဲ့တယ်ဆိ
Credit by: စိတ်ကူးပျော်ရာ
စာစုလေး....
ဒီ လို တဲ့ လား
သဝန်တွေသိပ်မတိုပါနဲ့ ချစ်သူ !!ငါနင့်ကိုလုံးဝယုံကြည်သလို နင်လည်း ငါ့ကို နည်းနည်းလောက်ဖြစ်ဖြစ် ယုံကြည်ပေးနိုင်တယ်မို့လား ??
ဒေါသတွေသိပ်မထွက်ပါနဲ့ ချစ်သူ !!
ကြားထဲကသွေးခွဲတတ်တဲ့ အလိမ်အညာဘေးစကားဆိုတာတွေက တစ်ချိန်ချိန်ရောက်ရင် ကွယ်ပျောက်သွားမှာပဲလေ ။ ။
မငိုပါနဲ့ ချစ်သူ !!
ဘယ်လိုပဲအခက်အခဲအတားအဆီးတွေရှိေ
{ မယ်ပိုး }
< Heart Canteen >
ဒီ လို တဲ့ လား
ဂတိသစ္စာတွေ တဲ့
ရှိခဲ့ကြတာပါပဲ..
အနေကြာလာတဲ့အခါ
ေ၀၀ါးသွားတာ ခက်တယ်..။
နားလည်မှု့တွေတဲ့
ပြောခဲ့ကြတာပါပဲ..
ရယူခြင်းတွေများလာတဲ့အခါ
ပြတ်စဲသွားတာ ခက်တယ်..။
မျှော်လင့်ချက်တွေတဲ့
ထားခဲ့ကြတာပါပဲ..
အဆီးအတားတွေရှိလာတဲ့အခါ
ရောင်ရဲသွားတာ ခက်တယ်..။
ချစ်ခြင်းတရားတွေတဲ့
တည်ဆောက်ခဲ့ကြတာပါပဲ..
ညီမျှခြင်းတွေ တွက်ချက်တဲ့အခါ
အတ္တတွေထုပ်ပိုးသွားတာ ခက်တယ်..။
ငါ့ ဘ၀လဲ
ဒီလိုပါပဲ..
မာယာတွေနဲ့ ကြုံရလွန်းတဲ့အခါ
ပါးနပ်သွားတာ ခက်တယ်..။
ငါ ...
အရင်လို မ "အ" တော့ဘူးဟာ..။
(လွမ်းဝေ)
ရှိခဲ့ကြတာပါပဲ..
အနေကြာလာတဲ့အခါ
ေ၀၀ါးသွားတာ ခက်တယ်..။
နားလည်မှု့တွေတဲ့
ပြောခဲ့ကြတာပါပဲ..
ရယူခြင်းတွေများလာတဲ့အခါ
ပြတ်စဲသွားတာ ခက်တယ်..။
မျှော်လင့်ချက်တွေတဲ့
ထားခဲ့ကြတာပါပဲ..
အဆီးအတားတွေရှိလာတဲ့အခါ
ရောင်ရဲသွားတာ ခက်တယ်..။
ချစ်ခြင်းတရားတွေတဲ့
တည်ဆောက်ခဲ့ကြတာပါပဲ..
ညီမျှခြင်းတွေ တွက်ချက်တဲ့အခါ
အတ္တတွေထုပ်ပိုးသွားတာ ခက်တယ်..။
ငါ့ ဘ၀လဲ
ဒီလိုပါပဲ..
မာယာတွေနဲ့ ကြုံရလွန်းတဲ့အခါ
ပါးနပ်သွားတာ ခက်တယ်..။
ငါ ...
အရင်လို မ "အ" တော့ဘူးဟာ..။
(လွမ်းဝေ)
နားလည်မှု့တွေတဲ့
ငါက နင့်ရဲ့ ကြည့်မှန်လေးတစ်ချပ်ပါ။
နင်ပျော်ရင် ငါပျော်ရမယ် ... နင်ငိုရင် ငါငိုရမယ်
အလိုလိုနေရင်း ငါ့ရင်ဘတ်ထဲ နင်ဘာလုပ်လုပ် အရိပ်လာထင်နေတယ်။
ဟိုတစ်နေ့က နင့်မျက်နှာရှူံမဲ့နေတော့
ငါမနေတတ်ဘူး ငါ့မျက်နှာပါ အလိုလိုနေရင်း မဲ့လာတယ်။
ရုတ်တရက် အချိန်အခါမဟုတ် မိုးရွာချသလို
နင်ပြုံးရယ်လာတော့ ငါလည်း မသိမသာလိုက်ရယ်မိတယ်
တကယ်ပါ ငါက နင့်ရဲ့ ကြည့်မှန်လေးတစ်ချပ်ပါ။
~ Su Nge~
~ Sixth Sense~

ချစ်လား မချစ်လား သိဖို့အတွက်
ချစ်လားမချစ်လားသိဖို့အတွက်အဖွဲ့သားအားလုံးကို နည်းလမ်း၁၂ခုဝေမျှပေးချင်ပါတယ်။ မှန်လားမမှန်လားတော့ကိုယ့်ဘာသာ စမ်းသပ်ကြည့်ကြပါနော်။
၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်းသင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့ အခါမှာသင်ခြေလှမ်းတွေနှေးနေလိ မ့်မယ်။
၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိ မ့်မယ်။
၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မ ယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။
၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ် ။ သင်စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်ေ နလိမ့်မယ်။ သင်မျက်နှာမှာအပြုံးတွေစိုးမိုးနေလိမ့်မယ်။
၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်း ရှိနေလိမ့်မယ်။
၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးေ နလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာ ကြောင့် သင်ဟာ နံပါတ် ၇ကျန်ခဲ့တာကိုသတိထားမိမှာမ ဟုတ်ဘူး။
၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ြ ပီးသင်ဟာသင်ကြိတ်ပြီးရယ်နေ လိမ့်မယ်။
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။ အသင့်နှလုံးသားထဲမှာရှိတဲ့ လူကိုချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ကိုယ့်ကို ကိုယ်စမ်းသပ်ကြည့်ကြပါနော် ။
သူငယ်ချင်းတစ်ယောက်ဆီက ရလို့ ပြန်မျှဝေလိုက်ခြင်းဖြစ်ပါသည်။
ရေးမိရေးရာလေးများ
အေးချမ်းမွန်မှ ရေးမိရေးရာလေးများ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အရမ်းချစ်တော့ လဲ အရာရာကို ဂရုစိုက်တတ်ပြီ
********************************
ငါ....
အဆိုတော် တစ်ယောက်မဟုတ်ပါဘူး....
ဒါပေမဲ့  နင်စေခိုင်းရင်....
ဂီတာတလက်နဲ့  သီးချင်းတပုဒ်ကိုတော့ ဆုံးအောင်ဆိုပေးနိုင်မယ်ထင်ပါတယ်............
ငါ.........
လူရွှင်တော် တစ်ယောက်မဟုတ်ပါဘူး....
ဒါပေမဲ့  နင်ရီမောချင်ရင်တော့ ....
ကြားဖူးနားဝ စကားလုံးတွေနဲ့  ဟာသပြောပေးနိုင်မယ်ထင်ပါတယ်.........
ငါ..........
မင်းသားတစ်ယောက်မဟုတ်ပါဘူး..........
ဒါပေမဲ့  နင်လိုအပ်ရင်တော့ 
ဆင်းရဲသားခန်းလည်း သရုပ်ဆောင်ပေးနိုင်မယ်ထင်ပါတယ်.................
ငါ.........
ဆရာဝန်တစ်ယောက်မဟုတ်ပါဘူး..............
ဒါပေမဲ့  နင်နေမကောင်းဖြစ်ရင်တော့ ......
ဆရာဝန်ထက်ပိုတဲ့  စိုးရိမ်မှု့တွေနဲ့  ဂရုစိုက်နေဖြစ်မယ်ထင်ပါတယ်.................
ငါ...........
ကဗျာ ဆရာတစ်ယောက်မဟုတ်ပါဘူး....
ဒါပေမဲ့  နင်ဖတ်ချင်ရင်တော့ ....
ရတုတစ်ပိုဒ်လောက် စပ်ပေးနိုင်မယ်ထင်ပါတယ်..................
တကယ်တော့  ငါ ....ဆိုတာ ဘာကောင်မှ မဟုတ်ပါဘူးချစ်သူ....
နင့်  အတွက်ဆိုရင်တော့ 
ငါ ရဲရင့်တဲ့  သူရဲကောင်းဖြစ်ချင်တာ အပြစ်တခုလား...
(ပုံရိပ်စစ်)

တိသစ္စာတွေ တဲ့
ရှိခဲ့ကြတာပါပဲ..
အနေကြာလာတဲ့အခါ
ေ၀၀ါးသွားတာ ခက်တယ်..။
နားလည်မှု့တွေတဲ့
ပြောခဲ့ကြတာပါပဲ..
ရယူခြင်းတွေများလာတဲ့အခါ
ပြတ်စဲသွားတာ ခက်တယ်..။
မျှော်လင့်ချက်တွေတဲ့
ထားခဲ့ကြတာပါပဲ..
အဆီးအတားတွေရှိလာတဲ့အခါ
ရောင်ရဲသွားတာ ခက်တယ်..။
ချစ်ခြင်းတရားတွေတဲ့
တည်ဆောက်ခဲ့ကြတာပါပဲ..
ညီမျှခြင်းတွေ တွက်ချက်တဲ့အခါ
အတ္တတွေထုပ်ပိုးသွားတာ ခက်တယ်..။
ငါ့ ဘ၀လဲ
ဒီလိုပါပဲ..
မာယာတွေနဲ့ ကြုံရလွန်းတဲ့အခါ
ပါးနပ်သွားတာ ခက်တယ်..။
ငါ ...
အရင်လို မ "အ" တော့ဘူးဟာ..။
(လွမ်းဝေ)
ရှိခဲ့ကြတာပါပဲ..
အနေကြာလာတဲ့အခါ
ေ၀၀ါးသွားတာ ခက်တယ်..။
နားလည်မှု့တွေတဲ့
ပြောခဲ့ကြတာပါပဲ..
ရယူခြင်းတွေများလာတဲ့အခါ
ပြတ်စဲသွားတာ ခက်တယ်..။
မျှော်လင့်ချက်တွေတဲ့
ထားခဲ့ကြတာပါပဲ..
အဆီးအတားတွေရှိလာတဲ့အခါ
ရောင်ရဲသွားတာ ခက်တယ်..။
ချစ်ခြင်းတရားတွေတဲ့
တည်ဆောက်ခဲ့ကြတာပါပဲ..
ညီမျှခြင်းတွေ တွက်ချက်တဲ့အခါ
အတ္တတွေထုပ်ပိုးသွားတာ ခက်တယ်..။
ငါ့ ဘ၀လဲ
ဒီလိုပါပဲ..
မာယာတွေနဲ့ ကြုံရလွန်းတဲ့အခါ
ပါးနပ်သွားတာ ခက်တယ်..။
ငါ ...
အရင်လို မ "အ" တော့ဘူးဟာ..။
(လွမ်းဝေ)
ငါ ...
ဒီနေ့ ကစပြီး ငါတို့  ကတိတခုလောက်တော့  ပြုကြရအောင်.....
အရင်စပြီး ရန်ဖြစ်ဖို့ ကြိုးစားတဲ့  သူက......
ပြန်လာရင်
အနမ်းတချက်ပိုပေးကြေး........
ဒီနေ့ ကစပြီးး ငါတို့  ကတိတခုလောက်တော့  ပြုကြရအောင်...
အရင်စပြီး စိတ်ဆိုးဖို့ ကြံရွှယ်တဲ့ သူက...............
ပြန်လာရင်
ချစ်တယ်လို့  အခွန်း တရာပိုပြောကြေး..............
ဒီနေ့ ကစပြီး ငါ့ တို့  ကတိတခုလောက်တော့  ပြုကြရအောင်...
အရင်စပြီး ဖုန်းပိတ်ဖို့  ရည်ရွယ်တဲ့ သူက...............
ပြန်လာရင်
ဖုန်းဘေတွေ ပြန်ပေးကြေး..............
ဒီနေ့ ကစပြီးး ငါတို့  ကတိတခုလောက်တော့  ပြုကြရအောင်...
အရင်စပြီး ငိုအောင်လုပ်တဲ့ သူက...............
ပြန်လာရင်
နားရွက်ဆွဲ ထိုင်ထ အခါတရာလုပ်ကြေး..............
ပင်ပန်းပါတယ်ချစ်သူရယ်....ငါတို့  ရန်မဖြစ်တော့ ဘူးလေနော်......

အဖော်ရှိတုန်းက အဖော်နဲ့ထိုင်တယ်
အဖော်မရှိတော့ တယောက်တည်းထိုင်တယ်
ဂရုစိုက်တဲ့လူရှိတုန်းက ဂရုစိုက်ခံတယ်
ဂရုစိုက်မဲ့လူမရှိတော့ ကိုယ့်ကိုကိုယ်ဂရုစိုက်တယ်
ချစ်တယ်ဆိုတုန်းက အကောင်းဆုံးချစ်တယ်
မချစ်တော့ဘူးဆိုတော့ အကောင်းဆုံးလွတ်လပ်ခွင့်ပေးလိုက်တယ်
တချို့အရာတွေကတောင်းပန်လို့မရဘူး
တောင်းဆိုလို့မရဘူး ရပ်တန့်လို့မရဘူး
ထွက်သွားမဲ့အရာကထွက်ကိုထွက်သွားမှာပဲ
နှစ်ယောက်ရှိစဉ်အကောင်းဆုံးနေ
တယောက်တည်းရှိလည်း အကောင်းဆုံးဖြစ်အောင်နေ
ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားတတ်ရင်
ကိုယ့်ကိုဘယ်သူကမှတသက်လုံးစိတ်ချမ်းသာအောင်ထားနိုင်မှာ မဟုတ်ဖူးမလား???
ခင်မင်လျက်
ကောင်ကလေး
၂၆/ဇန်နဝါရီ/၂၀၁၃

အကောင်းဆုံးချစ်တယ်
သင့်ကိုသံယောဇဉ်သိပ်မရှိတဲ့လူက သင့်ကိုမာနထားပြီး
သင်ခေါ်တာကိုစောင့်နေတဲ့လူမျိုးဖြစ်တယ်
သင့်ကိုတကယ် သံယောဇဉ်ရှိတဲ့လူကျတော့
သင်ခေါ်တာကိုမစောင့်ပဲ သူကအရင်ခေါ်တတ်တဲ့လူမျိုးဖြစ်တယ်
လူတယောက်ရဲ့သံယောဇဉ်အတိမ်အနက်ကိုလိုက်ပြီး
သင့်အပေါ်ဆက်ဆံတဲ့လူတွေ ပြောင်းလဲသွားတတ်ပါတယ်
လူတယောက် သင့်အပေါ်မာနထားနိုင်တယ်ဆိုတာ
သူကသင့်အပေါ် သံယောဇဉ်သိပ်မရှိသေးလို့ဖြစ်ပြီး
လူတယောက်အပေါ် သင် မာနထားနိုင်သေးတယ်ဆိုတာလည်း
အဲဒီလူအပေါ် သင်သံယောဇဉ်သိပ်မရှိသေးလို့ပါပဲ
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
15-Jan-13,05:25pm

သင်သံယောဇဉ်
မိန်းကလေးတစ်ယောက်ရဲ့ချစ်တဲ့စိတ်နဲ့  ယောင်္ကျားလေးတစ်ယောက်ရဲ့ချစ်တဲ့စိတ် ကွာခြားမှုလေးရှိတယ် ...
မိန်းကလေးတစ်ယောက်ကတကယ်ချစ်ပြီ ဆိုရင်ကိုယ်ချစ်သူကိုပန်းလေးတစ် ပွင့်လိုကိုယ်တစ်ယောက်တည်းပဲ ယုယ ထားချင်တယ် .....
ယောင်္ကျားလေးတစ်ယောက်ကတကယ်ချစ်ပြီဆိုရင် ကိုယ်မြတ်နိုးတဲ့ပစ္စည်းလေးတစ်ခလို သူများတွေလုယူမှာဆိုးလို့ ဖွက်ထားချင်တယ်
မိန်းကလေးတစ်ယောက်ကတကယ်ချစ်ပြီ
ယောင်္ကျားလေးတစ်ယောက်ကတကယ်ချစ်ပြ
့ဖွက်ထားချင်တယ်
ခဏခဏသွားကြည့်မိတယ်
မက်ဆေ့လေးများရောက်နေမလားလို့
ခဏခဏဖုန်းကိုကြည့်မိတယ်
ဖုန်းများဆက်လေမလားလို့
ခဏခဏမျှော်နေမိတယ်
သူများရောက်လာမလားလို့
လူတယောက် ကိုယ့်ကိုစိုးမိုးသွားတဲ့အခါ
သူအလုပ်ရှုပ်လို့ မက်ဆေ့မပို့နိုင်မှန်းသိလည်းမျှော်နေမိတယ်
မအားလို့ ဖုန်းမဆက်နိုင်မှန်းသိလည်း ဖုန်းကိုကြည့်နေမိတယ်
မလာနိုင်မှန်းသိလည်း စောင့်နေမိတယ်လေ
ဖြစ်ဖူးကြလား ???
ခင်မင်လျက်
ကောင်ကလေး
၂၁/ဇန်နဝါရီ/၂၀၁၃

ခဏခဏ
သင့်အပေါ် နားလည်မှုရှိတဲ့ သူက သင့်ရဲ့ အားနည်းချက်ကို ကြည့်ပြီး ချစ်တယ်...
သင့်အပေါ် နားမလည်တဲ့သူက သူ့ ရဲ့ လိုအပ်ချက်ကို ကြည့်ပြီး ချစ်တယ်....
သင့်ကို နားလည်သူက ကိုယ်ချင်းစာစိတ်နဲ့ နူးညံ့စွာ ချစ်တဲ့အတွက် သင် ကံကောင်းတယ်...
သင့်ကို နားမလည်သူက အတ္တနဲ့  ကြမ်းတမ်းစွာ ချစ်တဲ့အတွက် သင် ပင်ပန်းရတယ်...
တကယ်တော့ ဒီလောကမှာ....
အချစ်ထက် နားလည်မှုကို ရရှိဖို့ ပိုခက်ခဲပါတယ်...