Archive for 03/14/12

"ဆောရီး"ကို အလွယ်တကူ မပြောပါနဲ့........>.br/> ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေ ဖြစ်တယ်။ ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်က ချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်... ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။ ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့အထိ မပျော်ရွှင်ခဲ့ဘူး။ ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။ တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ ကောင်လေးက ကပျာကယာရှေ့တက်ပြီး "နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်" လို့ တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို လှမ်းပေးတယ်။ စူနေတဲ့ကောင်မလေးရဲ့ နုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။ အဲဒီ "ဆောရီး" က ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်။ ကောင်လေးက ကောင်မလေးကို အမြဲစနောက်တတ်တယ်။ ကောင်မလေးငိုတဲ့အထိ သူအစသန်ခဲ့သလို ကောင်မလေးရယ်တဲ့အထိ သူချော့တတ်ခဲ့တယ်။ ကောင်လေးက ကောင်မလေးရဲ့စက်ဘီးကို အမြဲလေခိုးလျော့ပြီး တစ်နေရာမှာ ပုန်းနေတတ်တယ်။ ခြေမကိုင်၊ လက်မကိုင်မီဖြစ်နေတဲ့ ကောင်မလေးကို ချောင်းကြည့်ရင်း သူ့ဆီဆက်လာမယ့် ကောင်မလေးရဲ့ဖုန်းကို သူစောင့်နေခဲ့တယ်။ ပြီးတော့ ကောင်မလေးဆီက လေခိုးလျော့တဲ့သူခိုးကို ဆူပူကြိမ်းမောင်းသံတွေ နားထောင်ပြီး သူသဘောကျနေတတ်တယ်။ ဘာကြောင့်မှန်းမသိ ကောင်မလေးရဲ့ အဲဒီလိုအပြုအမှုကို သူအရမ်းနှစ်ခြိုက်ခဲ့တယ်။ ချောင်းကြည့်ရာကနေ ကောင်လေးထွက်လာပြီး အဝေးကအခုမှ ရောက်လာဟန်နဲ့ လေမရှိတဲ့စက်ဘီးကို ကူတွန်းပေးတတ်တယ်။ ဘေးက ပွစိပွစိရေရွတ်နေတဲ့ ကောင်မလေးကိုကြည့်ပြီး သူခိုးရယ်နေတတ်တယ်။ ပြီးမှ စိတ်မကောင်းဟန်နဲ့ "ဆောရီး.... ငါမှားသွားတယ်" လို့ တောင်းပန်တတ်တယ်။ ကျိန်ဆဲနေတဲ့ ကောင်မလေးနုတ်ခမ်းတွေ ပျော့ပျောင်းသွားပြီ နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို့ ကောင်လေးကို ဆုံးမတတ်တယ်။ ကောင်မလေးရဲ့ အဆုံးအမအောက်မှာ ကောင်လေးက ခေါင်းငုံ့လို့..... နေ့ရက်တွေကို ရယ်မောခြင်းနဲ့သူတို့အဆုံးသတ်ခဲ့ကြတယ်။ အဲဒီ "ဆောရီး" က ပျော်ရွှင်တဲ့ဆောရီးဖြစ်ပါတယ်။ ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး ကိုယ်စီအလုပ်ဝင်ကြတယ်။ ကောင်လေးကအလုပ်များပြီး နားရက်တွေ သိပ်မရှိခဲ့ဘူး။ ကောင်မလေးက သူ့ကိုဂရုမစိုက်ဘူးဆိုပြီး ကောင်လေးကို အပြစ်တင်တယ်။ နောက်တော့ ပထမဆုံးအကြိမ် သူတို့ရန်ဖြစ်ခဲ့ကြတယ်။ ကောင်မလေးငိုတော့ ကောင်လေးက "ဒါငါ့အလုပ်အတွက်" လို့ ဖြေရှင်းတယ်။ ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာသွားတယ်။ နောက်တော့လည်း ကောင်မလေးက မနေနိုင်ပါဘူး။ ကောင်လေးကို ပြန်ခေါ်ပြီး စစ်ပြေငြိမ်းကြောင်း လက်နက်ချတယ်။ နောက်ပိုင်းမှာ သူတို့မကြာခဏ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် လုပ်ခဲ့ကြတယ်။ ရန်ဖြစ်တိုင်းလည်း ကောင်မလေးဖက်ကစပြီး ပြေငြိမ်းတာချည်းပဲ။ အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန် မွေးနေ့ပွဲလုပ်ပေးမယ်လို့ ကောင်လေးက ကောင်မလေးကို ဂတိပေးတယ်။ မွေးနေ့မှာ ကောင်လေးအလာကို ကောင်မလေးစောင့်နေခဲ့တယ်။ ညနက်သန်းခေါင်အထိ၊ မိုးလင်းတဲ့အထိ စောင့်နေခဲ့တယ်။ မနက်နိုးလာတဲ့ ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းရာတွေ စွန်ထင်းလို့.... ကောင်လေးရောက်လာတော့ ကောင်မလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း "ဆောရီးနော်... နင့်ကို ငါလက်ထပ်ပါရစေ" ဆိုပြီး လက်စွပ်တစ်ကွင်းထုတ်ပေးတယ်။ အဲဒီ "ဆောရီး" က တစ်ဘဝစာကို တာဝန်ယူရဲတဲ့ဆောရီးဖြစ်ပါတယ်။ မင်္ဂလာဆောင် အတူနေပြီးတဲ့နောက် ကောင်လေးရဲ့အလုပ်အကိုင်တွေ ပိုတိုးတက်အောင်မြင်ခဲ့တယ်။ ကောင်မလေးက ကောင်လေးအတွက် နေ့တိုင်းချက်ပြုပ်၊ လျှော်ဖွပ်နဲ့ ကျွမ်းကျင်တဲ့အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့တယ်။ ကောင်မလေးက ဈေးသွားတိုင်း ငါးလေးတွေဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်တယ်။ "ဘာကြောင့်လဲ" လို့ ကောင်လေးမေးခဲ့ရင် ဘာမှပြန်မဖြေဘဲ သူပြုံးနေခဲ့တတ်တယ်။ တဖြေးဖြေး ကောင်လေးအိမ်ပြန်နောက်ကျလာတယ်။ ပြန်လာတိုင်းလည်း ရေမွှေးနံ့တစ်မျိုးမျိုးက ကောင်လေးကိုယ်မှာ ကပ်ငြိလာတတ်တယ်။ ဒါကို ကောင်မလေး မမေးခင် အကြောင်းအမျိုးမျိုးပြပြီး ကောင်လေးဖြေရှင်းတတ်တယ်။ အဲဒီကစ ကောင်မလေး စကားသိပ်မပြောတော့ဘူး။ အရင်ကလိုလည်း မသွက်လက်တော့ဘူး။ ဘယ်မှလည်း သိပ်မသွားတော့ဘဲ မရွှင်မပျနဲ့ အိမ်ထဲမှာပဲ အောင်းနေတတ်ခဲ့တယ်။ ခံစားချက်များတဲ့ ကိုရီးယားကားတွေကြည့်ပြီး ကောင်မလေးငိုနေတတ်တယ်။ နောက်ပိုင်း ကောင်လေးနောက်ကျပြန်လာတိုင်း သူ့ကိုယ်ပေါ်မှာ ရေမွှေးနံ့တစ်မျိုးပဲ ရတတ်တော့တယ်။ ကောင်မလေးဘာမှ မမေးခဲ့ပါဘူး။ ဒါကိုကောင်လေးက မလုံသလိုနဲ့ "ဆောရီး... ဒီနေ့ အလုပ်မှာ စားပွဲသောက်ပွဲရှိပြန်တယ်" လို့ ပြောတတ်တယ်။ အဲဒီ "ဆောရီး" က လိမ်ညာခြင်းအစရဲ့ဆောရီးဖြစ်ပါတယ်။ တဖြေးဖြေး အလုပ်အကြောင်းပြပြီး ကောင်လေး အိမ်မပြန်လာခဲ့တော့ဘူး။ အလုပ်အကိုင်ကောင်းလေ၊ ဘေးက မြှောက်ပင့်တဲ့လူများလေနဲ့ ကောင်လေးရဲ့နေ့ရက်တွေက မြှောက်ပင့်သံတွေကြားထဲမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကုန်ဆုံးခဲ့တယ်။ ကောင်မလေးကတော့ အိမ်ထဲအိမ်ပြင်တောင် အထွက်နည်းခဲ့တယ်။ ကိုယ့်ကိုယ်ကို အိမ်ထဲမှာ ပိတ်လှောင်ပြီးနေခဲ့တယ်။ အရင်တုန်းက ကောင်လေးနဲ့ပြောမကုန်နိုင်တဲ့ တီတီတာတာစကားလေးတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ကောင်မလေးက တစ်ယောက်ထဲ အဖော်မဲ့လို့ အထီးကျန်နေခဲ့ရတယ်။ ကောင်လေးကို "ဘယ်အချိန် ပြန်လာမလဲ?" လို့ မေးတိုင်း ကောင်လေးက အစာသီးနင်သွားတဲ့အသံနဲ့ "ဆောရီး... ငါအလုပ်များနေတယ်" လို့ ပြန်ဖြေတတ်တယ်။ ဖုန်းခွက်ကို မ***ယာချရင်း ကောင်မလေး စိတ်မကောင်းဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကောင်လေးဘယ်အချိန် အိမ်ပြန်လာမလဲဆိုတာကို သူမမေးခဲ့တော့ဘူး။ အဲဒီ "ဆောရီး"က ဝတ်ကျေတမ်းကျေပြောတဲ့ ဆောရီးဖြစ်ပါတယ်။ ရုပ်ရှင်တွေထဲကလိုမျိုး ကောင်မလေးက သူ့ကိုယ်သူ အလှစပြင်ခဲ့တယ်။ ကောင်လေးအိမ်မပြန်တာဟာ တစ်နေ့တစ်နေ့ အိုစာသွားတဲ့ သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီး အလှတွေ သူစပြင်ခဲ့တယ်။ ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်မှရနိုင်မယ်၊ တွန့်ဆုတ်နေလို့ မဖြစ်မှန်း သူသိခဲ့တယ်။ အဲဒီနေ့က ကောင်မလေးအလှတွေပြင်ပြီး ကောင်လေးဆီကို သွားခဲ့တယ်။ ဒါဟာ ကောင်လေးရဲ့အလုပ်ဆီ ပထမဆုံးအကြိမ် သူသွားခဲ့တာဖြစ်သလို နောက်ဆုံးအကြိမ်လဲဟုတ်ခဲ့တယ်။ ဓာတ်လှေကားခလုတ်ကို နှိပ်ပြီး ကောင်လေးအမြဲပြောတဲ့ "အလုပ်များတယ်" ဆိုတဲ့နေရာကို သူရောက်လာခဲ့တယ်။ ခမ်းခမ်းနားနားပြင်ထားတဲ့ ကုမ္ပဏီထောင့်တိုင်းကို သူလိုက်ကြည့်ခဲ့တယ်။ နေရာတိုင်းက လှပလို့နေတယ်။ ဝရန်တာကိုဖြတ်ပြီး ကောင်လေးရဲ့ရုံးခန်းဆီ သူရောက်လာခဲ့တယ်။ ရုံးခန်းတံခါးကို သူသာသာလေး တွန်းဖွင့်ကြည့်လိုက်တဲ့ တခဏ သူအံ့သြမင်သက်သွားမိတယ်။ သူ့မျက်စိရှေ့မှာ တွေ့ရတဲ့သူက သူ့ခင်ပွန်းမဟုတ်ခဲ့ဘူး... သူ့စက်ဘီးကို လေအမြဲခိုးလျော့တဲ့ နောက်တောက်တောက် ကောင်လေးမဟုတ်ခဲ့ဘူး... ငါးတွေဖမ်းပြီး ကန်ထဲထည့်ခဲ့တဲ့ ကောင်လေးလည်း မဟုတ်ခဲ့ဘူး.... တစ်ခြားမိန်းမတစ်ယောက်နဲ့ အကြည်ဆိုက်နေတဲ့ ယောက်ျား၊ သွေးသားတွေ ဆာလောင်နေတဲ့ အရိုင်းတိရစ္ဆာန်ဖြစ်နေခဲ့တယ်။ ကောင်မလေးကိုတွေ့တော့ ကောင်လေးက ကပျာကယာ ဖြေရှင်းဖို့လုပ်တယ်။ နေရာကနေ ကောင်မလေး ချက်ချင်းလှည့်ထွက်တော့ နောက်ကနေ ကောင်လေးအပြေးလိုက်တယ်။ အဲဒီညက မိုးတွေသည်းသည်းမည်းမည်း ရွာသွန်းလို့......... ကောင်လေးရဲ့အော်သံတွေကို ကောင်မလေး ဂရုမစိုက်ခဲ့တော့ဘူး။ "ဆောရီးပဲ.... နင့်ကိုပဲ ငါချစ်ပါတယ်ကွာ... နင့်ကိုပဲ ငါတကယ်ချစ်တာပါ" တဲ့။ ကောင်လေးရဲ့အော်သံတွေ မိုးသံနဲ့အတူ ရောထွေးလို့ ကောင်မလေးမကြားခဲ့ပါဘူး။ အဲဒီ "ဆောရီး" က လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်ပါတယ်။ ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တော့ဘူး။ ကောင်မလေးပျောက်နေခဲ့တယ်။ ကောင်မလေးမရှိတော့ ကောင်လေးရဲ့ကမ္ဘာက မှောင်မည်းလို့... အလုပ်လုပ်ချင်စိတ်လဲ မရှိတော့ဘူး။ နေ့ရက်တွေကို အရက်နဲ့ဖြတ်သန်းခဲ့တယ်။ ကောင်မလေးကို လိုက်ရှာချင်ပေမယ့် သူငယ်ချင်းမရှိတဲ့ ကောင်မလေးကို ဘယ်သွားရှာရမှန်း မသိခဲ့ဘူး။ ကောင်မလေးရဲ့တစ်ဦးတည်းသော သူငယ်ချင်းက သူပဲရှိခဲ့တာမို့ ဖုန်းအလာကို စောင့်နေဖို့ပဲ ကောင်လေးတတ်နိုင်ခဲ့တယ်။ ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့ ဖုန်းကို (၂၄)နာရီလုံးဖွင့်ပြီးစောင့်နေခဲ့တယ်။ ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက နှစ်ဝက်အထိကြာသွားခဲ့တယ်။ တစ်နေ့မှာ စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့တယ်။ ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့ နမူနာရုပ်ကြွလေးတွေပါတယ်။ ငါးတချို့က သစ်ရွက်လေးဘေးမှာ၊ တချို့က မြက်တွေကြားထဲမှာ ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့တယ်။ ဗူးထဲမှာ စာတစ်စောင်လည်းပါပြီး စာထဲမှာ ဒီလိုရေးထားပါတယ်။ "နင့်ကိုတွေ့ဖို့ ငါ့မှာ သတ္တိမရှိခဲ့ဘူး။ ငါပျော့ညံ့လွန်းလို့ဖြစ်မယ် ဒါမှမဟုတ် နင့်ကိုငါ လုံးဝမတွေ့ချင်လို့လည်းဖြစ်မယ်။ ငါ နေကောင်းတယ်။ နင့်ကိုခွဲပြီး ဘယ်လိုရှင်သန်ရမယ်ဆိုတာကို ငါသိခဲ့တယ်။ ငါ့ကိုယ်ငါ ဂရုစိုက်ကျွေးမွေးနိုင်ခဲ့တယ်။ နင့်အပြန်ကို ငါနေ့တိုင်း စောင့်စရာမလိုတော့ဘူး။ ဟင်းတွေ ပူပူနွေးနွေးချက်ပြီး အေးစက်သွားတဲ့အထိ ငါစောင့်စရာ မလိုခဲ့တော့ဘူး။ ဖုန်းလည်း ငါမသုံးတော့ဘူး။ နင့်အတွက်နဲ့ (၂၄)နာရီလုံး ဖုန်းကို ငါဖွင့်ထားစရာလဲ မလိုတော့ဘူး။ ငါ့ကိုယ်ငါ ဘယ်လိုကြင်နာရမယ်ဆိုတာကို ငါနားလည်သွားပြီ။ လှပတဲ့နေ့ရက်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို ငါသိသွားပြီ။ နင့်ကို ဘယ်လိုချစ်ရမယ်ဆိုတာကို ငါမေ့လိုက်နိုင်ခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့အချစ်တွေကို အနာတရဖြစ်အောင် နင်ဆော့ကစားခဲ့လို့ဖြစ်တယ်။ ကွာရှင်းစာချုပ်ကို ငါးကန်အောက်မှာ ငါဖိထားခဲ့တယ်။ နင်လက်မှတ်ထိုးပြီးရင် ဒီလိပ်စာအတိုင်း ငါ့ကိုပို့ပေးခဲ့ပါ။ ဆောရီးပဲ.... ငါစိတ်တွေပင်ပန်းနွမ်းနယ်သွားခဲ့ပါပြီ" လိပ်စာအတိုင်း ကောင်မလေးကို ကောင်လေးသွားရှာခဲ့တယ်။ ရင်ထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေးဆီက ခွင့်လွတ်ခြင်းတွေယူပြီး ကောင်မလေးမရှိရင် သူ့ဘဝ မရှင်သန်ရဲတဲ့အကြောင်းပြောဖို့ ကောင်လေးလိုက်သွားခဲ့တယ်။ ဒါပေမယ့် အိမ်တံခါးဖွင့်ပေးတဲ့သူက ကောင်မလေးကိုယ်တိုင် မဟုတ်ခဲ့ဘူး။ ကောင်လေးဆီက စာရေးပြီးတဲ့နောက် သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်လို့ ကောင်မလေးအဖေက စိတ်မကောင်းစွာပြောတယ်။ ကောင်လေးအသိတွေ ချာချာလည်ကုန်တယ်။ နောင်တတွေက တပွေ့တပိုက်နဲ့ သူ့တစ်သက်စာတောင် ထမ်းပိုးလို့ မနိုင်ခဲ့ပါဘူး။ တချို့ "ဆောရီး" က အဲဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။ ဘဝတစ်လျှောက်မှာ ကိုယ့်ကို တစ်သက်တာ တန်ဖိုးထားမြတ်နိုးသူတစ်ယောက်ကိုတော့ လူတိုင်းကြုံကြရမှာပဲ။ အဲဒီလို ကိုယ့်ကိုယ်တန်ဖိုးထားသူကို မြတ်နိုးတတ်ပါစေ။ "ဆောရီး"ဆိုတဲ့ တောင်းပန်မှုတိုင်းက "ကိစ္စမရှိပါဘူး"ဆိုတဲ့စကားနဲ့ လဲလှယ်လို့မရနိုင်ခဲ့ပါဘူး။ ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့ အနာတရနဲ့ဒဏ်ရာတွေ မပေးမိပါစေနဲ့။ ဒါဟာ နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်နာကျင်စေပါတယ်။ ဒီပုံပြင်ကို ကြိုက်နှစ်သက်ခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးပါ။ "အချစ်"ဆိုတာကို ခံစားစေပြီး "ဆောရီး"ကို အလွယ်တကူ မပြောမိဖို့ သူတို့နားလည်တတ်ပါစေ... ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://mmflashsongs.ning.com/profiles/blog/show?id=5202681%3ABlogPost%3A1037239&xgs=1&xg_source=msg_share_post#ixzz1p6BoCXxs

အချစ်ကိုဆောရီး လို့.အလွယ်တကူ မပြောပါနဲ့.

Posted by : လက်တွဲဖော် 0 Comments

                         နွေလည်မှာ နေပူနေတုန်း ဗြုန်း.. ဆို မိုးတွေရွာချတယ်... ချက်ချင်းတော့ အားလုံး  ယောက်ယက်ခတ်သွားကြတယ်၊

တစ်ခုတော့ ရှိတယ်..... ဒီ မုတ်သုန်ရာသီမှာတော့ ပူလွန်းရင်လဲ မိုးတွေ ရွာတတ်တာပဲ... ဘာသဘောလဲတော့ မသိဘူးပေါ့.....

                         ရေခမ်းချင်နေတဲ့ ကန်ထဲမှာ အားယူပြီး ပွင့်မလို့ ကြိုးစားနေတဲ့ ကြာဖူးလေးပေါ်က ပုဇဉ်းလေးကတော့ မိုးမိသွားတယ်

သူလဲ ဘာလို့ လာနားနေမှန်း မသိဘူး ပွင့်သေးတာလဲ မဟုတ်ပဲနဲ့လေ. သေချာတာကတော့ နားစရာကောင်းလို့ နားတာလို့ ခပ်လွယ်လွယ်

တွေးခဲ့သင့်တာ..... မိုးခိုရင်း အရိပ်ထဲကနေ ကြည့်မိတော့လဲ လှနေသလိုလိုပါပဲ..... သူ့ခမျာတော့ ရေတွေရွှဲလို့ပေါ့.....။

                          မိုးရွာတော့ အေးသွားသလိုလိုနဲ့ မစို့မပို့လေး ရွာတော့လဲ စောစောက အပူရှိန်တွေက အငွေ့ပျံရော...... ပိုပြီးတော့...

အိုက်စပ်စပ် ဖြစ်လာတယ်... မိုးဆိုတာ ရွာတိုင်းမအေးတာတော့ တွေးခဲ့ဖူးပါတယ်.. ချက်ချင်းကတော့ မြေပြင်ကြီး အေးသွားတယ်.. အစို

ဓါတ်လေး ရောက်လာလို့...... ကြာပန်းလေးလဲ လန်းသွားတယ်..... မိုးစက်လေးတွေ နမ်းသွားလို့..... ရေကန်ကြီးလဲ မြင့်လာတယ်...မိုး

ရေလေးတွေ စီးဝင်လို့... ဘာသဘောနဲ့ပဲရွာရွာ မိုးကိုလိုအပ်တာတော့ အမှန်ပါပဲလေ.. အခု သိပ်ပူတယ် နွေလည်ခေါင်ကြီးဆိုတော့။

                          `` မိုးရွာတဲ့ ညတွေမှာ..... ကြောက်စိတ်တွေ ၀င်တတ်တယ် မောင်....... မီးမှိတ်ထားတုန်း မိုးရွာရင်လေ မိုးရေစက်

တွေ ခေါင်မိုးပေါ်ကိုကျသံက ခြောက်ခြားအောင် ကြောက်လန့် ခံစားရတယ်.... မေ့အတွက်ကတော့ ချစ်ခင်ရတဲ့ သူတွေရှိနေချိန်မှာ ရွာတဲ့

မိုးကိုပဲ သဘောကျတယ်.... တစ်ယောက်ထဲရှိနေတုန်းမှာ မိုးမရွာစေချင်ဘူး......´´

                          တစ်ခါက မိုးရွာတဲ့ ညမှာ မေ ပြောခဲ့တဲ့ စကားတွေကို ကြားယောင်နေမိတယ်... မေ့ ကိုကိုက မိုးရေထဲမှာကားမှောက်

ခဲ့တယ်တဲ့..... မိုးရေထဲမှာပဲ  ပို့ဆောင်နှုတ်ဆက်ခဲ့ရတယ်တဲ့....   နောက်မိုးရေတွေထဲမှာပဲ..... ထားရစ်ခဲ့ရတယ်တဲ့.....  မေ ခြောက်သွေ့

ရူးသွပ်စွာ အချိန်တွေကို ဖြတ်သန်းခဲ့တယ်တဲ့..... မိုးရေတွေထဲမှာလဲ ... တစ်ယောက်ထဲ ထိုင်နေခဲ့ဘူးတယ်တဲ့....... တစ်ခါတစ်လေမှာ...

မိုးရေတွေနဲ့ သူ့ကိုကိုရဲ့  သွေးတွေ ရောထွေးနေတာကို အိပ်မက်တွေလဲ မက်ခဲ့တယ်တဲ့...... သွေးကတခြား ရေကတခြားတဲ့.....။

                           ညကြီးမိုးချုပ်မှာ မိုးတွေ ရွာရင် အရမ်းမုန်းခဲ့တယ်တဲ့.....  နောက်တော့ သူ့ကိုကိုနဲ့ အရမ်းတူတဲ့ ကျွန်တော်နဲ့ အလုပ်

ဆုံတွေ့ခဲ့တယ်....... ကျွန်တော့်ကို သူ ခဏခဏ ကြည့်နေမိတယ်တဲ့..... ကျွန်တော် အားရပါးရရယ်တတ်တာတွေကအစ တူတယ်တဲ့.....

တစ်ခါတစ်လေ မျက်မှောင်ကျုံ့ပြီး ကြည့်တတ်တာကတော့ သူ့ကိုကိုနဲ့ မတူဘူးတဲ့.... သူ့ကိုကိုက အေးချမ်းတဲ့ အပြုံးတွေကို ပိုင်တယ်တဲ့

ကျွန်တော်က ခက်ထန်တယ်လို့ ပြောဖူးတယ်.....။

                           ကျွန်တော် မိုးရေထဲကို ထွက်သွားရင်ပဲဖြစ်ဖြစ်..... မိုးရေထဲက ပြန်လာရင်ပဲ ဖြစ်ဖြစ် သူကြောက်လန့်တကြားကြည့်

နေခဲ့တယ်တဲ့....... သူ့ကိုကိုလဲ မိုးရေထဲမှာ ထွက်သွားတာ သူ့ရင်ခွင်ထဲကို ပြန်ရောက်မလာခဲ့လို့တဲ့.........။

                            ကျွန်တော်က မိုးရွာရင် ပျော်တယ်ဆိုတဲ့ အကြောင်း....... မိုးရေအေးအေးကို အ၀ချိုးပြီး အနွေးထည်ဝတ်.. နောက်

ကော်ဖီပူပူလေး သောက်ပြီး မိုးရေစက်တွေကို ကြည့်နေရတဲ့ အရသာကို သိပ်နှစ်သက်တယ်ဆိုတာ ပြောပြခဲ့ဖူးတယ်....

                              ကျွန်တော် မိုးစက်တွေကျနေတာကို အကြိမ်ပေါင်းများစွာကြည့်ဖူးတယ်.. မြေပြင်ပေါ်ကို..... သစ်ရွက်တွေပေါ်ကို

ရေအိုင်လေးတွေပေါ်ကို၊ ရေပြင်ကြီး ပေါ်ကို၊ အိမ်ခေါင်မိုးပေါ်ကို၊  ခြေဖမိုးပေါ်ကို၊ ထီးပေါ်ကို အားလုံးနီးပါးလေ...... အားလုံးနီးပါးကြည့်

ခဲ့တာ..... တစ်ခါတစ်လေ မိုးရေချိုးရင်းနဲ့.... မိုးပေါ်ကို လှန်ပြီးလဲ ကြည့်ဖူးတယ်......

                              မိုးပေါ်ကနေ တန်းပြီး ကျလာတဲ့ မိုးရေအမျှင်တန်းကြီးလို မြင်ရတယ်....... မျက်လုံးကို ထိရင်တော့ မှိတ်လိုက် ရ

တာပေါ့..... ဒါပေမဲ့ အမျှင်ကြီး ဖြစ်နေတာက မြန်လွန်းလို့လေ.. တကယ်တော့ တစ်စက်ထဲပါပဲ..... မိုးရွာတယ်ဆိုတာ မိုးစက်တွေ အများ

ကြီး ကျလာတာ အမျှင်တန်းကြီးတွေ ကျလာတာ မဟုတ်ဘူး.. ဘယ်မှာပဲရွာရွာ ကျွန်တော်ပျော်ပါတယ်၊ မိုးစက်တွေကြောင့်လေ...။

                              သူ့ရင်ထဲက မိုးစက်ပုံပြင်ထဲမှာ ရှိတဲ့ ဇာတ်လိုက်မင်းသားလေးရဲ့ နေရာကို ကျွန်တော့်ကို ကမ်းလှမ်းခဲ့တယ်.. ကျွန်

တော့်ကို မြင်နေရရင် သူအလွမ်းပြေတယ်တဲ့..... သူ့အနားမှာ နေပေးပါတဲ့......လေ။

                              သူ့ဇာတ်လမ်းလေးကို နားထောင်ပြီး ကတည်းက ကရုဏာဖြစ်သွားတာနဲ့ တူပါတယ်..... ကျွန်တော်သူ့အနားမှာ

နေဖြစ်ခဲ့တယ်.... သူ့ကိုကိုက သူ့ထက် ကြီးလို့ ကိုကိုလို့ ခေါ်တယ်တဲ့.... ဘယ်သူနဲ့မှလဲ မတူအောင်သူ ချစ်ခဲ့တယ်တဲ့..... ကျွန်တော်က

တော့ အသက်အရွယ်တူလို့.... မောင်လို့ ခေါ်မယ်တဲ့...... သူ ကိုကို့ကို ချစ်တဲ့ အကြောင်းကို ပြောပြထားတာက အမြင်ရှင်းအောင်လို့ပါ

တဲ့လေ.....

                                 ကျွန်တော် သူ့အနားကို ကရုဏာစိတ်နဲ့ ရောက်ခဲ့တယ်...... တဖြည်းဖြည်းနဲ့ သံယောဇဉ်တွေလဲ ဖြစ်သွားတယ်

သတိတွေလဲ ရတတ်လာတယ်..... မေလို့ ပြန်ခေါ်တယ်..... သူလဲ ကျေနပ်စေချင်လို့..... နောက် ကျွန်တော်လဲ တစ်ကယ်ခေါ်ချင်လို့.....

မေက သူ့ရဲ့ ကိုကိုကို အဆက်မပြတ် သတိရတတ်တာကလွဲရင် ချစ်သူတစ်ယောက် ဖြစ်ဖို့ အားလုံးပြည့်စုံတယ်...... အရာအားလုံးပါပဲလေ

သူ့ကိုကိုကို တမ်းတခြင်းတေးသီ သီကျူးနေရင်တော့.... ကျွန်တော် စိတ်ထဲမှာ သိပ်ဘ၀င်မကျဘူးဗျ..... မရှိတော့တဲ့ သူမို့လို့သာ..ဘာမှ

မပြောဖြစ်ခဲ့တာပါ.....။

                            ``တစ်ခါက မေ့ကို...... ကျွန်တော် မေးဖူးတယ်...`` ကိုကို  ရှိနေခဲ့ရင်  မောင့်ကိုရော ချစ်ဦးမှာလား...... ´´လို့....

သူ ဟက်ဟက် ပက်ပက် ရယ်ခဲ့တယ်... ပြီးတော့..... `` ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး.....´´တဲ့ ``ဒါကိုတော့ နားလည်ပေးရမယ်...´´ တဲ့

သူ့ကိုကို ပြန်ရှင်သန်မယ် ဆိုရင် သူကျွန်တော့်ကိုသာမကဘူး.. ဘာမဆို စွန့်လွှတ်နိုင်တယ်တဲ့....တက်ကြွပြီးခိုင်မာလွန်းတဲ့မျက်ဝန်းတွေနဲ့

ပြောနေတဲ့ သူ့ကို...  ကြက်သီးတွေ ထ လောက်အောင် ကျွန်တော် ကြောက်မိတာတော့ အမှန်ပါပဲ..သူ့စိတ်ကို မြင်ခဲ့ရလို့လေ.....

                              တစ်နေ့မှာ သူ့အိမ်ကို အလည်ခေါ်တယ်.... ကျွန်တော်လဲ လိုက်သွားမိတယ်.... ထူးဆန်းတာက ကျွန်တော် သူ့ကို

ချစ်တယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူးတာပါပဲ...... ဒါပေမဲ့..... ကျွန်တော် မေ့ကို ချစ်နေမိပြီဆိုတာတော့.....

                              အိမ်ရှေ့ဧည့်ခန်းမှာ ရွှေတိဂုံ စေတီရင်ပြင်တော်ပေါ်မှာ မိုးရွာတုန်း နှစ်ယောက်အတူ လျှောက်နေကြတဲ့ ဘုရားဖူး

ချစ်သူ စုံတွဲပုံလေးတစ်ပုံ ချိတ်ထားတယ်.... ပြီးတော့ မေက ယူပြတယ်..... ဒါသူ့ရဲ့ ကိုကိုတဲ့...... မောင်နဲ့ မတူဘူးလားကြည့်တဲ့... ကျွန်

တော်လဲ တူပါတယ်လို့.... ပြောခဲ့ပါတယ်....... ကိုကိုက သူနဲ့ အလုပ်ချင်းမတူတဲ့ အကြောင်း၊ သိပ်ပြီးအေးချမ်းတဲ့ အကြောင်း... ပျော်ရွှင်

စွာ ပြောပြခဲ့တယ်..... သူတို့ လက်ထပ်ဖို့ အထိ ရည်ရွယ်ထားခဲ့ကြောင်းတွေ အထိပါပဲ.......

                              သူ့မျက်နှာကိုကြည့်.....  သူ့စကားတွေ နားထောင်နေတုန်း  မိုးကဗြုန်း... ဆို ရွာချလာတယ်..... မှောင်လုလုမှာ

ကျွန်တော်လဲ နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့တယ်... မိုးရေထဲမှာပါပဲ.... သူက မိုးတိတ်မှ သွားဖို့ အတန်တန် ပြောပေမဲ့... ကျွန်တော်မိုးရေ

ချိုးချင်လို့ပါလို့ ပြောရင်း ပြန်လာခဲ့တယ်..... မိုးရေတွေထိတော့လဲ အပူ သက်သာ သလိုပဲလေ..... ။

                              မေ...... ကျွန်တော့်ကို  ပြခဲ့တဲ့ သူ့ကိုကိုနဲ့ တွဲလျှောက်နေတဲ့ပုံလေးကို ကျွန်တော် ကောင်းကောင်း မြင်ဘူးခဲ့တယ်

အကိုပို့ပေးခဲ့တဲ့ ပုံလေး ဖြစ်နေလို့ပေါ့........ ကျွန်တော့် အကိုက သူ့ကောင်မလေးကို အရမ်းချစ်ခဲ့တယ်ဆိုတာ ကျွန်တော်ရော...မေမေပါ

သိနေခဲ့ကြတယ်လေ..... အကို ဆုံးသွားတော့ မေမေလဲ ဒီစိတ်နဲ့ပဲ အပ်ယာထဲ လဲခဲ့ပြီး.... အပြီးတိုင် နှုတ်ဆက်သွားခဲ့တယ်... အခု......

ကျွန်တော် မိုးရေထဲမှာ လျှောက်ရင်း ရင်တွေ ပူလောင်နေတယ်.....။ မေမေ့ကိုရော.... အကို့ကိုရော လွမ်းလို့........။

                              ကျွန်တော် မိုးရေစက်တွေကို ကြည့်ရင်း ၀မ်းနည်းစွာ...... ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ အကို့ကိုသတိရမိလာတယ်

အကို ဆုံးတော့ ကျွန်တော် နိုင်ငံခြားမှာ ကျောင်းတက်နေတုန်းပေါ့..... ဖခင် မရှိတော့တဲ့ ကျွန်တော့်အတွက် အကိုရဲ့ မေတ္တာတွေ၊ စာနာမှု

တွေက မိုးရေစက်တွေလို ထာဝရ အေးမြစေခဲ့တယ်လေ.... မိုးရေစက်တွေနဲ့ အတူ အေးမြစေခဲ့တာပဲ..... မိုးရေစက်တွေလို များပြားတဲ့..

ကျေးဇူးတရားတွေကို သတိရလွမ်းဆွတ်မိလို့... မိုးရေထဲမှာပဲ.... မျက်ရည်တွေ ကျခဲ့မိတယ်.... တစ်ခါမှ မဖြစ်ခဲ့ဘူးတဲ့ ၀မ်းနည်းခြင်းတွေ

ကိုလဲ ခံစားခဲ့ရတယ်.... ကျွန်တော် ငိုနေတာကိုတော့....... ဘယ်သူမှ မမြင်ပါဘူး..... မိုးတွေ ရွာနေလို့လေ......။ နောက်တော့ ကျွန်တော်

ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိတယ်..... အကို့ကျေးဇူးတရားတွေအတွက် ကျွန်တော်မေ့ကို ထားရစ်ခဲ့တော့မယ်လို့.... ကျွန်တော် ကြောက်

တယ်ဗျာ..... ကျေးဇူးကန်းတဲ့လူ အဖြစ်ကိုလေ......။

                           မေ့ကိုတော့ .. အားနာပါတယ်...... အခု သူ့ဘ၀မှာ မိုးရေထဲကို ထွက်သွားတဲ့ သူ နှစ်ယောက် ဖြစ်သွားခဲ့ပြီလေ.....

ကျွန်တော် သူ့ကိုကိုနဲ့ တူနေတာကလဲ ညီဖြစ်နေလို့ပေါ့.... ကျွန်တော် ဖြေတွေးလေး တွေး ဖြစ်တယ်...... မေ  ကိုကို့ကို ချစ်နေတာရယ်၊ 

မမေ့နိုင်တာတွေရယ်က ကျေနပ်စရာ ဖြစ်နေသေးတယ်လို့..... တကယ်တော့ ကျွန်တော်က ကိုကိုနဲ့ တူလို့ သူ့အနား  ရောက်နေခဲ့ရတဲ့သူ

ချစ်လို့ ရောက်နေခဲ့တာ မဟုတ်လို့ တော်သေးတယ်လို့...... တွေးချင်ရာ တွေးပေမဲ့ စိတ်ထဲမှာတော့ ကိုကို့ကို တောင်းပန်နေမိတယ်......

                            `` ညီညီ  တကယ် မသိခဲ့တာပါ ကိုကို..... ခွင့်လွှတ်ပေးပါနော်..... ညီညီ မိုးရေစက်တွေကို သက်သေတိုင်တည်

ပါတယ်...... ညီညီ တစ်ကယ် မသိခဲ့တာပါ......´´လို့......။

                             ကျွန်တော် မေ့အတွက် ဆန္ဒလေးတစ်ခု ပြုမိတယ်..။ ဖြစ်နိုင်ရင် မေ......မိုးတွေမရွာတဲ့ အရပ်မှာ ရှိနေပါစေ... ဒါမှ

မဟုတ်ရင်လဲ.... မေ..... ရှိတဲ့ အရပ်မှာ မိုးတွေ မရွာပါစေနဲ့လို့........ သိပ်ရက်စက်တဲ့ ဆန္ဒပဲနော်...... မိုးမရွာတဲ့ အရပ်ဆိုရင် နွေပေါ့.....

ပူလောင်နေမှာပေါ့...... ဒီပူလောင်မှုကတောင် အေးချင်အေးနေဦးမယ်..... မိုးရွာရင် ဖြစ်လာမဲ့...... မေ့ရဲ့ သောကတွေက ဒီထက်ပူပြင်း

လွန်းတယ် ဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲ သိပါတယ်.......

                              တကယ်တော့ မိုးစက်လေးတွေထဲမှာ မဆုံးနိုင်တဲ့ ပုံပြင်လေးတွေ ရှိနေခဲ့တယ်၊  ဟင်း...ကျွန်တော်အခုမှ သတိရ

မိတယ်....... တကယ်ဆို ကျွန်တော် မိုးတွေ ရွာနေတုန်း မေ့အနားက ထွက်မလာသင့်ဘူးဆိုတာလေ....  အခုတော့......  မိုးရေစက်တွေ

ကတော့ အဆက်မပြတ်..... ရွာချနေဆဲပဲ...... မေ့အနားက ထွက်လာခဲ့တုန်းက ကျွန်တော် နှုတ်ဆက်ဖြစ်ခဲ့သလား....ဆိုတာကတော့...

ကျွန်တော် စဉ်းစားလို့ မရတော့ဘူး..... ဘာကြောင့်လဲ ဆိုတော့.... ရင်ထဲမှာ မိုးတွေရွာ နေလို့ပါ မေ.... မောင်လေ ဒီ မိုးစက်လေးတွေကို

ကြည့်နေမိလို့ပါ......။

မိုးစက် ပုံပြင်....

Posted by : လက်တွဲဖော် 0 Comments
တစ်နေ့..... ကျနော် နှင့် ချစ်သူ သည် ပန်းများ လှပဝေဆာစွာ ပွင့်ဖူးနေသော ပန်းခြံတစ်ခု အတွင်းရှိ ထိုင်ခုံ တစ်ခု တွင် ထိုင်ဖြစ်ကြသည်။ ချစ်သူ နှင့် ကျနော် တွေ့ရသော ရက်မှာ လွန်စွာ နည်းပါးလှသည်။ မည်သည့်အတွက်ကြောင့်နည်း။ ကျနော့် ချစ်သူ၏ အလုပ်မှာ တစ်လတွင် နှစ်ရက် မျှသာ ပိတ်ရက် ရသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍..... တွေ့ရသောရက်တွင် ကျနော်တို့ ချစ်သူ နှစ်ယောက်မှာ စကားများ ပြောမကုန်နိုင်အောင် ရှိလှသည်။ ချစ်သူထံတွင် ကျနော် မြတ်နိုးသော အရာတစ်ခု ရှိသည်။ ထိုအရာသည်... ချစ်သူ၏ ဆံနွယ် ရှည်ရှည်များပင်ဖြစ်ပါသည်။ ထိုဆံနွယ်များကို ကျနော် လွန်စွာ မြတ်နိုး သည်။ ချစ်သူ နှင့်တွေ့တိုင်း ထိုဆံနွယ် များကို တယုတယ ကိုင်ကာ နမ်းရှိုက် ဖြစ်သည်။ နမ်းရှိုက် ပြီးတိုင်းလည်း ကျနော် ချစ်သူကို ပြောနေ ကျ စကားဖြစ်သော..... "သန္တာ .... ဆံပင်တွေကို မညှပ် ပစ်နဲ့နော်....အရှည်ထား သိလား" ဟုပြောဖြစ်သည်။ ထိုသိုပြောတိုင်းလည်း ချစ်သူထံမှ..... "အင်းပါ.....မောင်ရဲ့ သန္တာ ဆံပင်တွေကို မညှပ်ပါဘူး အရှည်ထားမှာပါ" ဟု အသံရှရှ လေးနှင့် ချစ်စဖွယ် ပြန်ပြောတတ်သည်။ ကျနော် သည် ချစ်သူ ၏ ဆံနွယ် များကို ကိုင်ရင်း ကြည်နူး နေမိသည်။ ထိုစဉ် ချစ်သူ မှ......... "မောင်.....မောင့် ကို သန္တာ မေးစရာရှိတယ်" "အင်း....မေးလေး သန္တာ ဘာမေးမလို့လဲ" ကျနော်သည် ချစ်သူ လက်ဖ၀ါး နုနုလေးအား ဖွဖွလေး ဆုပ်ကိုင်ရင်း ချစ်သူကိုကြည့်ကာ ပြောလိုက်သည်။ ချစ်သူက.... "မောင်.......သန္တာ့ ကိုဘာလို့ချစ်တာလဲ" " ဟင်! " ရုတ်တရက် ချစ်သူမေးလိုက်သော စကားကြောင့် ကျနော် ကြောင်သွားသည်။ ဘယ်လိုဖြေရမှန်းလည်း မသိ ဖြစ်သွားသည်။ ချစ်သူသက်တမ်း တစ်လျှောက်တွင် ထိုသို့ သော မေးခွန်းမျိုး တစ်ခါမှ မမေးဖူးပေ။ "သန္တာ့ ကိုဘယ်လောက် ချစ်လဲ" ဟူ၍ သာမေးဖူးလေသည်။ ထိုသို့ မေးတိုင်းလည်း.... "မောင့် အသက်ထက် ပိုပြီးချစ်တာပေါ့" ဟု လေကြီး မိုးကြီး ပြန်ဖြေခဲ့ဖူးသည်။ ထို အဖြေရရင် ချစ်သူ မှာ ပီတိ ပြုံးလေး နှင့် ကျေနပ်သွားတတ် မြဲပင် ဖြစ်သည်။ ယခု လိုမေးခွန်း မျိုး တစ်ခါမှ မမေးဖူး ၍ ကျနော် လည်းတစ်ခါမှ မဖြေဖူး ခဲ့ပါ။ ချစ်သူ ကျေနပ်အောင် ဖြေဖို့ အတွက် အဖြေ တစ်ခုကို ကျနော် လေးလေးနက်နက် စဉ်းစားနေမိသည်။ ထိုစဉ် ချစ်သူက.... "မောင်.....သန္တာ မေးနေတယ်လေ သန္တာ့ ကိုဘာလို့ ချစ်တာလဲ လို့...." ဟု ထပ်၍ မေးလေသည်။ ထိုအခါ ကျနော်သည် လေးနက်သော အဖြေ တစ်ခုကို ချစ်သူအား ဖြေလိုက်သည်။ "ချစ်ချင်လို့ ချစ်တာပေါ့ သန္တာ ရဲ့" " ဟင် !" ဒီတစ်ခါ ကြောင်သွား တာကတော့ ချစ်သူပင်ဖြစ်သည်။ ချစ်သူက နားမလည်သော မျက်နှာဖြင့်... "မောင့် အဖြေက ဘယ်လိုကြီးလဲ လေးလေးနက်နက် မရှိလိုက်တာ" ဟုဘ၀င် မကျစွာ မေးလေသည်။ ကျနော်သည် ချစ်သူ လက်ကလေးအား နားလည်စွာ ဖွဖွလေး ညှစ်လိုက်ရင်း................ "မောင့် အဖြေက လေးနက်မှုရှိတယ်သန္တာ မောင်ရှင်းပြမယ် နားထောင်နော်" ချစ်သူ သည် ကျနော်ဖြေမည့် အဖြေကို စိတ်ဝင်စားစွာစောင့်ဆိုင်းနေသည်။ ကျနော်ချစ်သူ ကို တစ်ချက်ကြည့်ရင်း................... "ဒီလို သန္တာ ရဲ့....အချစ်မှာ ဘာလို့ ချစ်တယ်ဆို တဲ့ အကြောင်း ပြချက်တွေ မရှိဘူး ၊ အချစ်က ရုပ်ရည်ရူပကာ ဂုဏ်ပကာသန အသက်အရွယ် တွေနဲ့ မဆိုင်ဘူး ၊ ဆိုင်နေတယ်ဆိုရင် လည်း အဲ့ဒါအချစ်စစ် မဟုတ်တော့ဘူး ၊ အချစ်က မည်သူ့ကို မဆို ချစ်သွားနိုင်တယ် ၊ ဘာဖြစ်လို့လည်း ဆိုတော့ အချစ်မှာ မျက်စိမှ မပါတာ ၊ ချစ်နေတာကို မုန်းအောင်စေခိုင်းလို့ မရသလို ၊ မုန်းနေတာကိုလည်း ချစ်လာအောင် အမိန့်ပေးလို့မရဘူး ၊ သူ့အလိုလို ရင်ထဲကနေပေါက်ဖွား လာတဲ့ အချစ်ကို စေခိုင်း အမိန့်ပေးလို့မရဘူး ၊ အဲ့ဒါကြောင့် အချစ်မှာ ဘာလို့ချစ်တယ် ဆို တဲ့ အကြောင်း ပြချက် တွေ မရှိဘူး ၊ ချစ်ချင်လို့ ချစ်တယ်ဆိုတဲ့ အဖြေက အပေါ်ယံ ကြည့်ရင် လေးနက်မှု မရှိပေမယ့် သေချာ စဉ်းစား ကြည့်ရင် အရမ်း လေးနက်မှု ရှိတယ် သန္တာ... အချစ်မှာ အကြောင်းပြ ချက် မရှိပေမယ့် အမုန်းမှာတော့ ရည်းစားရှုပ်လို့ ၊ သစ္စာ မရှိလို့ ၊ သစ္စာ မဲ့လို့ မုန်းတယ် ဆိုတဲ့ အကြောင်းပြချက်တွေ ရှိတယ်" ဟု ကျနော် ရှည်လျားစွာ ရှင်းပြလိုက်သည်။ ပြီးတော့ ချစ်သူ မျက်နှာလေးအား ကြည့်ကာ.... "မောင့်ရဲ့ အဖြေကို နားလည်ပြီလားဟင်..." ချစ်သူက " အင်း " ဟူသော သဘောဖြင့် ခေါင်းလေးကို ဖြည်း ညှင်းစွာ ညိတ်ပြလေသည်။ ပြီးတော့ ကျနော့် ရင်ခွင်ထဲ ကို ခေါင်းလေး တိုးဝင်ကာ.... "မောင်ရယ်......မောင့်ကို သန္တာ အ...ရမ်း...ချစ်...တယ်" ဟု လေသံ လေးဖြင့် တိုးတိုးလေး ပြောလေသည်။ ချစ်သူက တိုးတိုးလေးပြောပေမယ့် ကျနော် သဲသဲ ကွဲကွဲ ကြားလိုက်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့... ချစ်သူက ကျနော် နှလုံးသား အနားနား ကိုကပ်၍ ပြောခြင်းကြောင့် ဖြစ်ပါတယ်။ ကျနော် လည်း ချစ်သူ ကိုယ်လေးအား နွေးထွေး ယုယ စွာ ထွေးပွေ့ရင်း..... "မောင်လည်း သန္တာ့ ကို အ...ရမ်း...ချစ်...တယ်" ဟုပြန်ပြောဖြစ်သည်။ ကျနော်ထင်တယ်လေ အခုလို အချိန်မျိုးမှာ ကျေးငှက်လေးတွေ အသံတိတ်ပြီး ငြိမ်နေမယ်ဆိုတာ............ သန်းကြီး(ရင်တွင်းဖြစ်) ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blog/show?id=5442636%3ABlogPost%3A4000939&xgs=1&xg_source=msg_share_post#ixzz1p6Ayd27q

ချစ်ခြင်း ရဲ့ သီအိုရီ

Posted by : လက်တွဲဖော် 0 Comments
တစ်ခါတုန်းကအချစ်က ငါ့ကိုယ် ရူးသွားစေခဲ့တယ် အသိဥာဏ်တွေ မရှိတော့လောက်အောင် ပြောင်းလဲသွားစေခဲ့တယ် တစ်ခါတစ်ခါ ပြန်စဉ်းစားကြည့်မိတယ် ငါ့လုပ်ရပ်တွေဟာဦးတည်ချက်မဲ့နေပါလားလို့ ငါဟာအချစ်ကိုအရှုံးပေးအချစ်ရဲ့ချည်နှောင်တဲ့ ကြိုးတွေမဖြတ်နိုင်ခဲ့ပါလားလို့တွေးမိတယ် အချစ်က ငါ့စိတ်ကိုယိုင်လဲသွားစေခဲ့တယ် ဘ၀ မှာအချစ်ထက် အရေးကြီးတာတွေ ရှိနေပါသေးလားလို့ အချစ်ရဲ့အဆုံးမှာငါသိလိုက်ရတယ် အချစ်ကြောင့် နာကျင်ခံစားခဲ့ရတာတွေကိုအလုပ်နဲ့ကုစားနိုင်ခဲ့တယ် လူတိုင်းမှာမျှော်လင့်ချက်ဆိုတာရှိနေတတ်ကြတယ် မျှော်လင့်ချက်မဲ့နေတယ်ဆိုတာတော့မရှိပါဘူး အရေးကြီးတာကိုယ့်ရဲ့ကြိုးစားအားထုတ်မှုပေါ်မှာပဲမူတည်နေတာပါ ဘ၀မှာ တစ်ခါတလေတော့လည်းအားငယ်မှုတွေ ၀မ်းနည်းမှုတွေ စိတ်ညစ်စရာတွေတော့ ရှိနေတတ်ကြတာပါပဲလေ တွေကြည့်မိတယ် လောကမှာလူတိုင်းတော့ စိတ်ချမ်းသာပျော်ရွှင်ရမှာမဟုတ်ဘူးလို့ အမျိုးမျိုးသောစိတ်ဒဏ်ရာတွေတော့ရှိနေတတ်ကြမှာပေါ့ ကိုယ်တစ်ယောက်တည်းမဟုတ်ဖူးဆိုတဲ့ အတွေးနဲ့ ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းနိုင်ခဲ့တယ် စိတ်ဆိုတဲ့ မမြင်ရတဲ့ ခံစားမှုတစ်ခုကလူတစ်ယောက်ကိုကျရှုံးမှုလည်းဖြစ်စေနိုင်သလို အောင်မြင်မှုလည်းပေးနိုင်တဲ့ အရာတစ်ခုလို့ သူငယ်ချင်းတို့ တွေးမိဖူးလား ? ဘာလို့လည်းဆိုတော့ စိတ်မထားတတ်ရင် ကိုယ့်အတွက် အလိုလိုကျရှုံးပြီးသားဖြစ်သွားလိမ့်မယ် သူငယ်ချင်းတို့ထင်မှာပဲဂူးဂူးရဲ့ ဘလော့ကအချစ်တွေနဲ့ အပ်ကြောင်းထပ်နေတာပဲလို့ ဒီကမ္ဘာကြီးမှာလူသားတိုင်းအချစ်နဲ့ကင်းသူမရှိဖူးဆိုတာသူငယ်ချင်းတို့လည်းသိမှာပါ အချစ် ဘယ်ကစသလဲမျက်လုံးကလားနှလုံးသားကလားဘယ်ကပဲအချစ်စစ တစ်ယောက်ယောက်ကိုယ် ချစ်မိသွားခဲ့ရင် ကိုယ့်ရင်ထဲမှာအချစ်ကြောင့်ရလာမယ့် ဝေဒနာတွေကို ထိန်းချုပ်တတ်ဖို့ပဲလိုပါတယ် ချစ်တတ်ရင်လွမ်းတတ်ရမယ်တဲ့ ဘယ်သူတွေပြောသွားမှန်းမသိဖူး ဂူးဂူးကတော့ အချစ်ကိုချစ်ပဲချစ်ချင်တယ် မလွမ်းချင်ဘူး သူငယ်ချင်းတို့လည်းကိုယ်ချစ်သူချစ် အချစ်တွေရနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ် အချစ်ထက် ဘာတွေကအရေးကြီးသလဲဆိုတာကိုတစ်ယောက်နဲ့တစ်ယောက် ခံစားချက်ချင်း အတွေးချင်းမတူလို့ မပြောပြတော့ဘူးနော် လေကမှာ ဖြစ်ချင်တာလည်းမဖြစ်ရမဖြစ်ချင်တာလည်းမဖြစ်ရပျော်ရာမှာမနေရတော်ရာမှနေကြရတာ လောကကြီးရဲ့လျှို့ဝှက်ချက်ပါ အကျိုးအကြောင်းအဆိုးအကောင်းတွေကကိုယ်တိုင်က ဖြစ်လာတာဆိုတော့ ကိုယ်တိုင် ကောင်းအောင်ထိန်းနိုင်ဖို့ပဲလိုပါတယ် ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://mmflashsongs.ning.com/profiles/blog/show?id=5202681%3ABlogPost%3A1044898&xgs=1&xg_source=msg_share_post#ixzz1p64Cv92n

တစ်ခါတုန်းကအချစ်

Posted by : လက်တွဲဖော် 0 Comments
>Internet နဲ့တူသော မိန်းမ သူတို့ကတော့ access လုပ်ဖို့အတော်ကိုခက်တဲ့ အမျိုးသမီးမျိုးဖြစ်ပါတယ်။ တစ်ခါတစ်လေ လှည့်ကြည့်ဖေါ်တောင် မရပါဘူး။ >Server နဲ့တူသော မိန်းမ ... ဒီလိုအမျိုးအစားကတော့ ကိုယ်လိုအပ်လို့ဆက်သွယ်တဲ့အခါမှာ အလွန်အလုပ်များနေတတ်သူများပါ။ မအားသေးဘူး၊ ဧည့်သည်ရောက်နေတယ်၊ ဒီအသံတွေပဲကြားရပါလိမ့်မယ်။ >Window နဲ့တူသော မိန်းမ ဒီအမျိုးသမီးဟာ တစ်ခုမှ မှန်ကန်တိကျစွာ မလုပ်နိုင်ဘူးဆိုတာ သိနေပါလျှက်နဲ့ သူမရှိဘဲနေလို့ မရနိုင်တဲ့ အမျိုးသမီးမျိုးပါ။ ဘယ်လိုမျိုးပါလိမ့်နော်။ >Word နဲ့ တူသောမိန်းမ သူတို့ကျတော့ အလွန်စိတ်ရှည်သည်းခံတယ်... ငါ့သားလေး မှားမဟဲ့ ဆိုပြီး အနီရောင်မျဉ်းလေး တားပြတယ်။ လုံဝကြီး မှားပြီဆိုရင်လဲ Undo အကြိမ်ရေ ကန့်သတ်ချက်မရှိ ခွင့်လွှတ်သည်းခံပေးတယ်။ >Excel နဲ့တူသော မိန်းမ လူတွေကပြောကြပါတယ်။ ဒီလိုအမျိုးသမီးမျိုးဟာလုပ်ငန်းစဉ်တွေ အများကြီးလုပ်နိုင် စွမ်းဆောင်နိုင်ပါတယ်တဲ့။ (နည်းနည်းတော့ ကြောက်စရာကောင်းတယ်.. အရေးကြီးတာ မှားလို့ကတော့ Undo မပေးတော့ပြန်ဘူး)ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ သူ့ကိုအခြေခံလုပ်ငန်းစဉ်လောက်အတွက်သာ ရယူနိုင်တဲ့အမျိုးအစားမျိုးပါ။ နှမြောစရာကောင်းတယ်နော်။ >Virus နဲ့တူသော မိန်းမ သူတို့ကိုတော့ ဇနီးမယားလို့လဲခေါ်ကြပါတယ်။ ကိုယ့်ဆီကိုမခေါ်ဘဲနဲ့ ရောက်လာပြီး ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်သမျှကို အသုံးပြုပစ်မယ်။ တစ်ခါတစ်လေ ဖျက်ဆီးပစ်တတ်ပါတယ်။ သူ့ကို ဖယ်ထုတ်ဖို့ကြိုးစားရင်တောင် ကိုယ့်မှာတစ်ခုခု ဆုံးရှံးပြီးနေပါပြီ။ ဖယ်ထုတ်ဖို့ မကြိုးစားဘူးဆိုရင်တော့ အားလုံးဆုံးရှုံးသွားနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ကြောက်စရာကြီး >RAM နဲ့ တူသော မိန်းမ သူတို့ကတော့ ကိုယ့်အနေနဲ့ သူတို့နဲ့ဆက်သွယ်ထားမှုကို ဖြတ်ပစ်လိုက်ရင် ကိုယ်ပြောသမျှအားလုံးကို ချက်ခြင်းမေ့ပစ်လိုက်တဲ့ အမျိုးအစားပါ။ သတိထားကြပါ။ >Hard Disk နဲ့တူသော မိန်းမ သူကတော့ အရာအားလုံးကို အမြဲတမ်းထာဝရ သတိရနေသူမျိုးပါ။ >CD- ROM နဲ့တူသော မိန်းမ ဒီအမျိုးအစားကတော့ အလုပ်လုပ်ရာမှာ တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ ပိုပြီးမြန်လာတတ်သူတွေပါ။ မျက်စိကိုနောက်နေမှာပါပဲ။ >CPU နဲ့တူသော မိန်းမ အပြင်ပန်းကကြည့်ရင်တော့ သူ့မှာ အရာခပ်သိမ်းပြည့်စုံနေတဲ့ ပုံပါပဲ။ ဒါပေမယ့် အတွင်းကျကျလေ့လာ ကြည့်ရင်တော့ ဘာမှမရှိတာကိုတွေ့ရမှာပါ။ ရှောင်ကြ၊ ရှားကြ။ >User နဲ့ တူသော မိန်းမ သူလိုအပ်တာထက် ပိုမိုတောင်းဆိုတတ်တဲ့ သူမျိုးပါ။ မောင်ကြီးလခ တတ်တတ်ပြောင်တာ သူတို့လက်ချက်ပေါ့။ Read more: http://mmflashsongs.ning.com/profiles/blog/show?id=5202681%3ABlogPost%3A1033274&xgs=1&xg_source=msg_share_post#ixzz1p62rGqOD

မိန်းမအကြောင်း

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -