Archive for 10/08/12

မိန်းမဆိုတဲ့အမျိုးဟာ
အချစ်တွေရော.......အမုန်းတွေရော....
အမှန်တွေရော.......အမှားတွေရော......
ရိုးသားခြင်းတွေရော......မရိုးသားခြင်းတွေရော....
....အားလုံးကိုရောပြွန်းပြီးထည့်ချုပ်ထားတဲ့
အိတ်ကြီးတလုံးကို နှလုံးသားထဲမှာ
လွယ်ပိုးထားတက်ကြတဲ့သူတွေပါ......။
နောက်ပြီးတော့မှ......
သူ့ နေရာနဲ့ သူ......သူ့ တန်ဖိုးနဲ့ သူ.....
တခုချင်းပေးဆပ်သွားကြတာလေ......

ကိုယ်မှန်တယ်ထင်လို့ ကိုယ်ဆွဲတဲ့
ကိုယ့်စည်းကမ်းကိုတော့......
ဘယ်တော့မှမဖောက်ကြပါဘူး.....။
ူုအချစ်နဲ့ တန်တဲ့သူကို ဘယ်တော့မှ အမှန်းမပေးဘူး......။
အမှန်နဲ့  တန်တဲ့သူကို ဘယ်တော့မှ အမှားမပေးဘူး......။
ရိုးသားခြင်းနဲ့ တန်တဲ့သူကို
ဘယ်တော့မှ မရိုးသားမပေးပါဘူး......။
ကဲ !----
သင်ကရော ဘာနဲ့ ထိုက်တန်တဲ့သူလို့ 
ထင်ပါသလဲ?................................

သင်ကရော

Posted by : လက်တွဲဖော် 0 Comments
အချစ်ဆိုတဲ့ နယ်ပယ်ထဲမှာ...
စည်းမျဉ်းဆိုတာ မရှိသလို အနိုင်အရှုံးလဲ မရှိဘူး...
အမှားအမှန်ဆိုတာ မရှိသလို သူရဲကောင်းလဲ မရှိပါဘူး...
ထက်မြက်တယ်ဆိုတာ မရှိသလို အတွေးအခေါ်ကောင်းတယ်ဆိုတာလဲ မရှိပါဘူး...

အချစ်ရဲ့ ပတ်ဝန်းကျင်ထဲမှာ အမှန်တည်ရှိခဲ့တာက...
တစ်ယောက်လက်ကို တစ်ယောက် ခိုင်မြဲစွာ ဖမ်းဆုပ်ပြီး
တစ်သက်လုံး မခွဲမခွာ ဘ၀လမ်းခရီးကို အတူတူ လျှောက်လှမ်းသွားတဲ့ တုံးအသော လူသားနှစ်ဦးပဲဖြစ်ပါတယ်...

(ဇေယျာ)

အချစ်ဆိုတဲ့ နယ်ပယ်

Posted by : လက်တွဲဖော် 0 Comments
♥ နင်အကောင်အထည်မဖော်နိုင်တဲ့ ကတိစကားတွေနဲ့
ငါ့ကို မျှော်လင့်ချက်တွေ မပေးပါနဲ့တော့...

နင် အထပ်ထပ်ပြောနေတဲ့ ကတိစကားတွေကြောင့်
ကလေးတစ်ယောက်လို ပျော်ရွှင်ရပေမယ့် ...
နင့်ဘက်က အပြောနဲ့အလုပ်တလွဲစီဖြစ်လာတိုင်း
ငါ သေလောက်အောင် နာကျင်ရလို့ပါ ...

သေလောက်အောင် နာကျင်ရလို့ပါ

Posted by : လက်တွဲဖော် 0 Comments
လူတစ်ယောက်ကို တကယ်မချစ်နိုင်ဘူးဆိုရင်
သူ့ ကို သံယောဇဉ်မပေးပါနဲ့ ..
မျှော်လင့်ချက်အမှားတွေနဲ့ လဲ ချည်နှောင်မထားပါနဲ့ ..
ဟန်ဆောင်ဂရုစိုက်မှုတွေနဲ့  အဆုံးသတ်မလှပတဲ့...

သံယောဇဉ်မပေးပါနဲ့ 

Posted by : လက်တွဲဖော် 0 Comments
ဒီဘဝမှာ ဘယ်တော့မှ သူတစ်ပါးကို ဒုက္ခမပေးမိပါစေနဲ့
ဒီဘဝကမကောင်းမှုကို နောင်ဘဝထိ သယ်မသွားပါနဲ့
ဒီဘဝမှာ ကိုယ်ကောင်းစားနေလို့ သူတစ်ပါးကို နိုင့်ထက်စီးနင်း မပြုလုပ်မိစေနဲ့
ဘာ့ကြောင့်လဲဆိုတော့.....
ဝဍ်ဆိုတာ အမြဲတမ်း လည်နေတတ်လို့ပါ။

ဝဍ်ဆိုတာ

Posted by : လက်တွဲဖော် 0 Comments
တကယ်လို့ လူတစ်ယောက်ကို ခရီးဆုံးထိ လက်မတွဲနိုင်ရင် လမ်းတစ်ဝက်ကနေ သူ့ဘ၀ထဲကို မ၀င်ပါနဲ့

အစတုန်းက တစ်ယောက်တည်းနေတာက သူ့အတွက်ဘာမှ မဖြစ်ပါဘူး
ဒါပေမဲ့ နှစ်ယောက်အတူတူ နေသားကျပြီးမှ ရုတ်တရက် တစ်ယောက်တည်းဖြစ်သွားရတာပိုခံစာ
းရတယ်လေ

(ဇေယျာ)

တကယ်လို့

Posted by : လက်တွဲဖော် 0 Comments
သူ့ဘက်ကတော့
အရမ်းချစ်လို့ သ၀န်တိုတာ
ငါ့ဘက်ကတော့
သူ့ကိုမချစ်လို့ သ၀န်တိုတာတဲ့

သူ့ဘက်ကတော့
အရမ်းချစ်လို့ သံသယ၀င်တာ
ငါ့ဘက်ကျတော့
သူ့ကိုမယုံကြည်လို့ သံသယ၀င်တာတဲ့

သူ့ဘက်ကတော့
အရမ်းချစ်လို့ စိုးရိမ်တာ
ငါ့ဘက်ကျတော့
စိတ်ရင်းအမှန်မဟုတ်ပဲ စိုးရိမ်တာတဲ့

သူ့ဘက်ကတော့
အရမ်းလွမ်းလို့ ဖုန်းဆက်တာ
ငါ့ဘက်ကျတော့
တာဝန်အရမို့ ဖုန်းဆက်တာပါတဲ့

သူ့ဘက်ကတော့
ချစ်တယ်ပြောတာ အမှန်အကန်တွေပါတဲ့

ငါ့ဘက်ကျတော့
ချစ်တယ်ပြောတာ အကြံအဖန်တွေပါတဲ့

သူ့ဘက်ကတော့
လွမ်းတယ်ပြောတာ ရင်ဘတ်ကြီးနဲ့ပါတဲ့

ငါ့ဘက်ကတော့
လွမ်းတယ်ပြောတာ နှုတ်ခမ်းဖျားလေးနဲ့ပါတဲ့

သူ့ဘက်ကတော့
ရည်းစားဆိုတာ ချစ်သူပါပဲ

ငါ့ဘက်ကျတော့
ရည်းစားဆိုတာ အလကားပါပဲတဲ့

သူ့ဘက်တော့
ချစ်သူဆိုတာ ဘ၀တစ်သက်စာလက်တွဲဖော်ပါတဲ့
ငါ့ဘက်ကျတော့
ချစ်သူဆိုတာ အပျော်တမ်း ကစားတဲ့ Game တစ်ခုပါတဲ့

နားလည်မှုအပေးနိုင်ဆုံး ချစ်သူတစ်ယောက် တဲ့ လားးးး

ဘာမှမမြင်ရတဲ့ မဟူရာ အမှောင်ထဲ

စမ်းတ၀ါးဝါး လှမ်းလျှောက်နေရသလို

ချစ်သူ၏

အတ္တကြီးမှု၊

တစ်ကိုယ်ကောင်းဆန်မှု၊

တလွဲထင်မှု တွေကို

ရင်ဝယ်ပိုက်လို့

အရမ်းချစ်ကြောင်းတွေလည်း မျိုကာသိပ်လို့

စိုးရိမ်ကြောင်းတွေလည်း ခြုံကာသိမ်းလို့

သေတပန် သက်တဆုံး

ရည်ရွယ် ထားကြောင်းတွေလည်း

ငိုကာကြိတ်မှိတ် သော့ခတ်တော့မယ်

တစ်နေ့နေ့တော့

ငါ့ရင်ထဲကို နင်မြင်ပါစေ

ငါ့ရင်ထဲကို နင်မြင်ပါစေ

Posted by : လက်တွဲဖော် 0 Comments
စိတ်ဆိုးတာက ပြန်ပြီး ပြေနိုင်သေးတယ်။ စိတ်ကွက်တာက ပြန်ပြီး ဖျောက်နိုင်သေးတယ်။ စိတ်ပျက်သွားရင်တော့ ပြန်ပြင်မရဘူး။ စိတ်ကုန်သွားရင်လည်း ပြန်မလှည့်နိုင်တော့ဘူး။

ပြန်မလှည့်နိုင်တော့ဘူး။

Posted by : လက်တွဲဖော် 0 Comments
အချစ်သည်တခါတလေ
ရှေးရေစက်နှင့်ဆိုင်၏

လူတယောက်ကိုသေချာမသိသေးခင်
သင်ချစ်မိသွားနိုင်ပါ၏

လူတယောက်ကိုသေချာမမြင်ဘူးသေးခင်
လည်း
သင်ချစ်မိသွားနိုင်ပါ၏

ရှေးရေစက်ဆိုသည်
သင်နှင့်သူအရင်ဘဝကအတူပြုခဲ့ဘူးသောကောင်းမှု..ကုသိုလ်တို့၏အကျိုးဆက်များကြောင့်ပြန်လည်ဆုံတွေ့ခြင်းပင်

အရင်ဘဝကကများများအတူလုပ်ခဲ့ဘူးလေလေ သူနှင့်သင်ဒီဘဝတွင်ရေစက်ပိုပါလေလေ
လူတယောက်ကိုတသက်လုံးပေါင်းသင်းချစ်ခင်သွားနိုင်ခြင်းသည်
အရင်ဘဝက အကျိုးဆက်တခုခုကြောင့်ဖြစ်နိုင်ပါသည်

တကယ်လို့သူနှင့်သင်မပေါင်းခဲ့ရလျှင်လည်း
သင်တို့နှစ်ယောက်ရေစက်ကုန်လို့လမ်းခွဲရခြင်းပင်

ထို့ကြောင်ရေစက်ကုန်လို့လမ်းခွဲရသည်ကို
ီအချိန်အကြာကြီးဝမ်းနည်းနေလို့မရပေ
သင့်ဘဝထဲသို့တသက်လုံးနေနိုင်မည့်သူလာပါလိမ့်မည်

တခါတလေ သင်ဘယ်လောက်ဟင့်အင်း..ဟင့်အင်း ငြင်းငြင်း
တချိုကအရာများသည် လက်ခံတတ်ဖို့လိုသည်
သဘာဝတရားကြီးကပေးသော..ကံတရားကဖန်တီးပေးလာသောအရာများသည် တခါတရံငြင်းဆန်ရခက်ပါသည် ။

တခါတလေ

Posted by : လက်တွဲဖော် 0 Comments
တစ်ခါတစ်လေများ
ငါ နင့်ကို ဂရုမစိုက်မိရင် စိတ်မဆိုးပါနဲ့
ငါ့ရဲ့စိတ်ထဲမှာ အချိန်တိုင်း နင် ရှိနေပါတယ်

တစ်ခါတစ်လေများ
နင်မကြိုက်တာကို ငါလုပ်မိရင် စိတ်မဆိုးပါနဲ့
ငါတို့နှစ်ယောက်အတွက် ပိုအဆင်ပြေစေမယ့်အရာမို့ပါ

တစ်ခါတစ်လေများ
ငါ ဖုန်းမချချင်သေးဘဲ ဆက်ပြောနေမိရင် စိတ်မဆိုးပါနဲ့
အိပ်လိုက်ရမှာထက် နင်နဲ့စကားပြောရချိန်ကို ငါပိုမက်မောလို့ပါ

တစ်ခါတစ်လေများ
ငါ နင့်ကို သ၀န်တိုအောင် စနောက်မိရင် စိတ်မဆိုးပါနဲ့
ငါ့ကိုဘယ်လောက်ချစ်ကြောင်း ပြောလာမယ့် နင့်အသံကို ကြားချင်လို့ပါ

တစ်ခါတစ်လေများ
ငါ နင့်အနား ရှိမနေနိုင်ရင် စိတ်မဆိုးပါနဲ့
ငါတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် ငါကြိုးစားနေရလို့ပါ

တစ်ခါတစ်လေများ

Posted by : လက်တွဲဖော် 0 Comments
အချစ်သည်ထူးဆန်း၏
အချစ်သည်ဆန်းပြား၏
အချစ်သည်မျက်လှည့်လည်းပြတတ်၏
အချစ်သည်တခါတလေအံ့သြအောင်လည်းလု
ပ်တတ်၏

သို့သော်
ကျနော်လူတယောက်ကိုတော့
ရိုးရှင်းစွာပဲချစ်ချင်ပါ၏

အချစ်သည်ဆန်းပြား ၊ ထူးဆန်း ၊ မျက်လှည့်ပြတတ်သည်ဆိုလျှင်
သူ မထင်ထားလောက်သော အချစ်ဖြင့်သူ့ကိုချစ်မိနေခြင်း ထိုအချစ်ကို သူမ အားပိုင်ဆိုင်စေခြင်း တို့ဖြစ်သာ သူ့ကိုအံ့သြစေပါမည်

အရိုးရှင်းဆုံးအချစ်သည် အခိုင်မြဲဆုံးအချစ်ပင်ဖြစ်သည်
ဘာသတ်မှတ်ချက်မျှမပါသောအချစ်သည် အဖြူစင်ဆုံးဖြစ်သည်
သဘာဝအတိုင်း ကိုယ့်ချစ်သူကိုချစ်နိုင်ခြင်းသည် အတောက်ပဆုံးအချစ်ဖြစ်ပါသည်

ကောင်ကလေး

ရိုးရှင်းစွာပဲချစ်ချင်ပါ၏

Posted by : လက်တွဲဖော် 0 Comments
အချစ်က
တခါတလေတော့လည်း
ပွန်းရုပ်လေးတရုပ်လိုပေါ့
သူရွှေ့ချင်တဲ့အကွက်ကို...ကိုယ်က
ရွေ့ပေးလိုက်ရတယ်

ဒါပေမဲ့သိထားဖို့က
ပွန်းရုပ်လေးတရုပ်ရဲ့ရင်ထဲမှာလည်း
သူ့အတွက်
တဖက်ရန်သူကို..တိုက်ခိုက်ပေးချင်စိတ်အပြည့်ပါပဲ ။ ။

သူရွှေ့ချင်တဲ့အကွက်

Posted by : လက်တွဲဖော် 0 Comments
ကျနော်က
သူ့အတွက်..အတိတ်မေ့ဆေးလေးဖြစ်ချ
င်တယ်..

ဘာလို့လဲဆိုတော့
သူနာကျင်ခဲ့ရတဲ့အကြောင်းအရာတွေကို
မေ့ သွား စေ ချင် လို့ ။ ။

အတိတ်မေ့ဆေး

Posted by : လက်တွဲဖော် 0 Comments
အချစ်က
တခါတလေတော့လည်း
ပွန်းရုပ်လေးတရုပ်လိုပေါ့
သူရွှေ့ချင်တဲ့အကွက်ကို...ကိုယ်က
ရွေ့ပေးလိုက်ရတယ်

ဒါပေမဲ့သိထားဖို့က
ပွန်းရုပ်လေးတရုပ်ရဲ့ရင်ထဲမှာလည်း
သူ့အတွက်
တဖက်ရန်သူကို..တိုက်ခိုက်ပေးချင်စိတ်အပြည့်ပါပဲ ။ ။

ကောင်ကလေး

အချစ်က

Posted by : လက်တွဲဖော် 0 Comments
မိုင်ပေါင်းမည်မျှပင် ကွာဝေးနေပါစေ
“ နင့်ကို လွမ်းလိုက်တာ ”
“ နင့်ကို ငါ ချစ်တယ် ” ဆိုတဲ့ စာလေး တကြောင်းတည်းနဲ့တင် နင်နဲ့တွေ့ဖို့ အားတင်း ဆက်လျှောက်ရသူပါ ။
sms တစောင်ဝင်လာတိုင်း နင့်ဆီကလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ရင်ခုန်စွာ ဖွင့်ဖတ်ကြည
့်ရတာ ။
inbox ထဲမှာ mail တစောင်မှ မရှိတဲ့အခါ ရင်ထဲက သူ့အလိုလိုဝမ်းနည်းလာတာတွေ ။
အွန်လိုင်းမှာ နင် စိမ်းစိမ်း ဝါဝါ နီနီ နင်ရှိတယ်ဆိုတဲ့အသိနဲ့တင် ပျော်ခဲ့ရတာတွေ နင်ရော ငါ့လိုပဲ လား ချစ်သူ ။
အကွာဝေးက အဓိက မဟုတ်ပါဘူး ။ အဓိက က ငါတို့ ၂ ယောက်ချစ်နေဖို့ပါပဲ ။ ဘယ်လိုပဲဖြစ်ပါစေ “ ♥ နင့်ကိုငါ သိပ်ချစ်တယ် ♥

“ နင့်ကို လွမ်းလိုက်တာ ”

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -