Posted by : လက်တွဲဖော် Monday, October 8, 2012

သူ့ဘက်ကတော့
အရမ်းချစ်လို့ သ၀န်တိုတာ
ငါ့ဘက်ကတော့
သူ့ကိုမချစ်လို့ သ၀န်တိုတာတဲ့

သူ့ဘက်ကတော့
အရမ်းချစ်လို့ သံသယ၀င်တာ
ငါ့ဘက်ကျတော့
သူ့ကိုမယုံကြည်လို့ သံသယ၀င်တာတဲ့

သူ့ဘက်ကတော့
အရမ်းချစ်လို့ စိုးရိမ်တာ
ငါ့ဘက်ကျတော့
စိတ်ရင်းအမှန်မဟုတ်ပဲ စိုးရိမ်တာတဲ့

သူ့ဘက်ကတော့
အရမ်းလွမ်းလို့ ဖုန်းဆက်တာ
ငါ့ဘက်ကျတော့
တာဝန်အရမို့ ဖုန်းဆက်တာပါတဲ့

သူ့ဘက်ကတော့
ချစ်တယ်ပြောတာ အမှန်အကန်တွေပါတဲ့

ငါ့ဘက်ကျတော့
ချစ်တယ်ပြောတာ အကြံအဖန်တွေပါတဲ့

သူ့ဘက်ကတော့
လွမ်းတယ်ပြောတာ ရင်ဘတ်ကြီးနဲ့ပါတဲ့

ငါ့ဘက်ကတော့
လွမ်းတယ်ပြောတာ နှုတ်ခမ်းဖျားလေးနဲ့ပါတဲ့

သူ့ဘက်ကတော့
ရည်းစားဆိုတာ ချစ်သူပါပဲ

ငါ့ဘက်ကျတော့
ရည်းစားဆိုတာ အလကားပါပဲတဲ့

သူ့ဘက်တော့
ချစ်သူဆိုတာ ဘ၀တစ်သက်စာလက်တွဲဖော်ပါတဲ့
ငါ့ဘက်ကျတော့
ချစ်သူဆိုတာ အပျော်တမ်း ကစားတဲ့ Game တစ်ခုပါတဲ့

နားလည်မှုအပေးနိုင်ဆုံး ချစ်သူတစ်ယောက် တဲ့ လားးးး

ဘာမှမမြင်ရတဲ့ မဟူရာ အမှောင်ထဲ

စမ်းတ၀ါးဝါး လှမ်းလျှောက်နေရသလို

ချစ်သူ၏

အတ္တကြီးမှု၊

တစ်ကိုယ်ကောင်းဆန်မှု၊

တလွဲထင်မှု တွေကို

ရင်ဝယ်ပိုက်လို့

အရမ်းချစ်ကြောင်းတွေလည်း မျိုကာသိပ်လို့

စိုးရိမ်ကြောင်းတွေလည်း ခြုံကာသိမ်းလို့

သေတပန် သက်တဆုံး

ရည်ရွယ် ထားကြောင်းတွေလည်း

ငိုကာကြိတ်မှိတ် သော့ခတ်တော့မယ်

တစ်နေ့နေ့တော့

ငါ့ရင်ထဲကို နင်မြင်ပါစေ

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -