Archive for 02/22/13
နင်ကြိုးဆွဲရာ ကတတ်တဲ့
ရုပ်သေးရုပ်လေးက
ကြိုးပြတ်သွားလို့
နှမျော နေတာလား
ရုပ်သေးရုပ်လေးက
ပိုခံစားရပါတယ်ဟာ
နင်တီးနေတဲ့ ဂီတာလေး
ပျက်စီးသွားလို့
စိတ်မကောင်းဖြစ်နေတာလား
ဂစ်တာလေးက
ပိုပြီး ကြွေကွဲရပါတယ်
နင့်ရင်ထဲက ကြယ်လေး
ကြွေကျ သွားလို့
မျက်နှာ ငြိုးနေတာလား
ကြယ်လေးက
ဘဝတစ်ခုလုံး သေဆုံးခဲ့ရတာပါ
အဲ့ဒီ ရုပ်သေးရုပ်လေးက
အဲ့ဒီ ဂီတာလေးက
အဲ့ဒီ ကြယ်လေးက
ငါသာဆို နင်ဝမ်းနည်းဖြစ်မှာပါ
ငါကတော့ နှလုံးသားတစ်ခုလုံး
ကြေမွခဲ့ရတာ
Htet Myat
ရုပ်သေးရုပ်လေးက
ကြိုးပြတ်သွားလို့
နှမျော နေတာလား
ရုပ်သေးရုပ်လေးက
ပိုခံစားရပါတယ်ဟာ
နင်တီးနေတဲ့ ဂီတာလေး
ပျက်စီးသွားလို့
စိတ်မကောင်းဖြစ်နေတာလား
ဂစ်တာလေးက
ပိုပြီး ကြွေကွဲရပါတယ်
နင့်ရင်ထဲက ကြယ်လေး
ကြွေကျ သွားလို့
မျက်နှာ ငြိုးနေတာလား
ကြယ်လေးက
ဘဝတစ်ခုလုံး သေဆုံးခဲ့ရတာပါ
အဲ့ဒီ ရုပ်သေးရုပ်လေးက
အဲ့ဒီ ဂီတာလေးက
အဲ့ဒီ ကြယ်လေးက
ငါသာဆို နင်ဝမ်းနည်းဖြစ်မှာပါ
ငါကတော့ နှလုံးသားတစ်ခုလုံး
ကြေမွခဲ့ရတာ
Htet Myat
ကြေမွခဲ့ရတာ
ကောင်လေး ။ ။ ငါသူနဲ့လမ်းခွဲလိုက်ပြီ
ပိုးဟပ်ဖြူ ။ ။ ဟ ဘာလို့လဲ ?
ကောင်လေး ။ ။ ပြောရရင် အများကြီးပါပဲကွာ
ပိုးဟပ်ဖြူ ။ ။ ပြောမှာသာပြောစမ်းပါ ။ ကောင်မလေးက မင်းအပေါ် ဘာအပြစ်တွေ လုပ်မိလို့လဲ?
ကောင်လေး ။ ။ အင်း ပထမဆုံးအနေနဲ့ သူက အလှအပအရမ်းမက်တယ်ကွာ ။ အလှအပအတွက်ဆိုရင် ၀ယ်သလားမမေးနဲ့ ။
ပိုးဟပ်ဖြူ ။ ။ မင်းရဲ့စိတ်ဝင်စားမှုရအောင် အမြဲကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်ကို အဲ့ဒါနဲ့ပဲ လမ်းခွဲခဲ့တယ်ပေါ့ ။ ဟုတ်လား ? ။ မင်းမျက်လုံးထဲမှာ အလှဆုံးမိန်းကလေး ဖြစ်ဖို့ကြိုးစားနေတာ သူမှားသလားကွာ ။
ကောင်လေး ။ ။ အင်း... ရှိသေးတယ် ။ သူက ဖုန်းတွေ ခဏခဏ ခေါ် .. MESSAGE တွေ ခဏခဏ ပို့ပြီးတော့ ငါဘာလုပ်နေလဲ...ဘယ်သူနဲ့လဲ...ထမင်းစားပြီးပြီလား...နေကောင်းရဲ့လား ... ဘီယာတွေ ဆေးလိပ်တွေ သိပ်မသောက်နဲ့...ဂရုစိုက်နော် တဲ့ ။ ငါကလေးမှ မဟုတ်တာကွာ ... ကြာတော့ငါ နားညည်းလာပြီဟ ။
ပိုးဟပ်ဖြူ ။ ။ ဟာ ... အဲ့ဒါမင်းအပေါ် ဂရုတစိုက်ရှိတာဟ ။ မင်းအပေါ် ဂရုတစိုက်ရှိလို့သာ အဲ့ဒီလို တဖွဖွ မှာနေတာပေါ့ ။ မင်းကိုတကယ်မချစ်ရင် မင်းလုပ်ချင်တာလုပ် ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှတ်ထားမှာပေါ့ဟ ။ ဒါနဲ့များ လမ်းခွဲလိုက်ရတယ်လို့ကွာ ။
ကောင်လေး ။ ။ တခြားအကြောင်းတွေရှိသေးတယ် ငါ့ကောင်ရ ။ သူက စကားအထအန တော်တော်ကောက်တတ်သေးတယ် ။ တခါတခါ သူ့ကိုပြောတဲ့စကားတွေက ငါ့စိတ်ထဲဘာမှရှိတာမဟုတ်ဘူး ... အဲ့ဒါကို သူက အကြီးအကျယ်လိုက်ခံစားပြီး စိတ်ခဏခဏ ကောက်တတ်သေးတယ် ။ မျက်ရည်လည်း ကျလွယ်သလားမမေးနဲ့ ။ ခဏခဏချော့နေရတော့ ငါစိတ်ကုန်လာပြီကွာ ။ ရူးချင်တာပဲ။
ပိုးဟပ်ဖြူ ။ ။ အဲ့ဒါမင်းရဲ့ ပြောသမျှ လုပ်သမျှတွေကို အလေးထားလို့ပေါ့ ။ မင်းဘက်က ကြင်နာမှု ဂရုစိုက်မှုကို သူပြန်လိုချင်လို့ မင်းအပေါ် ကလေးတစ်ယောက်လို ဆိုးနွဲ့တာပါကွာ ။
ကောင်လေး ။ ။ ဒါဆို သူ အရမ်းသ၀န်တိုတာကြတော့ရော ။ ငါ့မှာ မိန်းကလေး သူငယ်ချင်းတွေနဲ့တောင် စကားမပြောရဲတော့ဘူး ။ ငါ့ကို သူပိုင်တဲ့အရုပ်လေးကျနေတာပဲ ။ ငါ့ကိုမယုံရင်လည်း ဘာဖြစ်လို့ ချစ်နေသေးလဲကွာ ။ စိတ်လေတယ် ။
ပိုးဟပ်ဖြူ ။ ။ အဲ့ဒါမင်းကို ဆုံးရှုံးရမှာ ကြောက်လို့ဟ ။ မင်းသူ့အပေါ် သစ္စာရှိတယ်ဆိုတာ သူယုံချင်ပါတယ် ။ ဒါပေမယ့် မင်းတစ်စုံတစ်ယောက်နောက်ပါသွားပြီး သူ့ကိုထားခဲ့မယ်ဆိုတဲ့ ကိစ္စက ... သူ့အတွက် တွေးလိုက်ယုံနဲ့တင် ခြောက်ခြားစရာကောင်းနေပြီလေ ။ ဒါကြောင့်ပါကွာ ။
ကောင်လေး ။ ။ ကျန်သေးတယ် ။ သူက ...
ပိုးဟပ်ဖြူ ။ ။ တော်ပါတော့ကွာ ... မင်းမှာလည်း ပြီးကို မပြီးနိုင်ဘူး ။ မင်းအခုပြောနေတဲ့ သူ့အပြစ်အကုန်လုံးက သူမင်းအပေါ် ချစ်လို့ပဲ ။ အခုတော့ သူ မင်းကြောင့် အသဲကွဲနေလောက်ပြီ ။ မင်းကို အရမ်းချစ်တဲ့ မိန်းကလေးတစ်ယောက် မင်းကြောင့်အသဲကွဲတာကို မင်းဂုဏ်ယူနေလား သူငယ်ချင်း?
ကောင်လေး ။ ။ ငါ သူ့အသဲကိုခွဲဖို့ ရည်ရွယ်ချက်မရှိပါဘူးကွာ ။ အစတုန်းက ငါသူ့ကို တော်တော်ချစ်ခဲ့ပါတယ် ။ ဘာဖြစ်လို့ အခုလို ငါလုပ်မိခဲ့တာလဲ ငါ့ကိုငါလည်း မသိတော့ဘူး သူငယ်ချင်းရာ ။
ပိုးဟပ်ဖြူ ။ ။ မင်းမရှိတော့ရင် သူ နာကျင်မှာ သိသိရက်နဲ့ ထားခဲ့နိုင်တာ မင်းသူ့အပေါ် အစကတည်းက တကယ်မချစ်လို့ပေါ့ ။ အခုအချိန်ဆို သူ မင်းကြောင့် ငိုနေလောက်ပြီ ။ ပြီးတော့ အခုအချိန် သူအမျှော်လင့်ဆုံးကလည်း မင်းသူ့အနားကို ပြန်လာဖို့ပဲ ဖြစ်မှာပါကွာ။
မင်းဘာဆက်လုပ်မှာလဲ သူငယ်ချင်း .....
.ပိုးဟပ်ဖြူ.
( Heart Canteen )

မင်းဘာဆက်လုပ်မှာလဲ
ကိုယ့်ကို အချစ်စစ်နဲ့ ချစ်တဲ့ ချစ်သူတစ်ယောက်က
ကိုယ်ပျော်ရွှင်တဲ့အချိန်တိုင်းလဲ အတူတူပျော်ရွှင်ပေးသလို
ကိုယ်ဝမ်းနည်းတဲ့အချိန်မှာလဲ အတူတူဝမ်းနည်းပေးတတ်တယ်
ကိုယ့်အပေါ်ဘယ်လိုပဲစိတ်ဆိုးနေပါစေ ကိုယ်စိတ်နာကျင်လောက်စေတဲ့
စကားမျိုး သူ ပြောမထွက်ခဲ့ပါဘူး
ကိုယ်ဘယ်လိုပဲအမှားတစ်ခုကိုကျူးလွန်မိပါစေ လမ်းခွဲမဲ့စကားကို
လွယ်လွယ်နဲ့  သူ မပြောတတ်ပါဘူး
ကိုယ်အားငယ်နေတဲ့အချိန်မှာလဲ အမြဲအားပေးရင်းနဲ့ ကိုယ့်ကိုဂရုစိုက်
နေပေးတတ်ပါတယ်
အဲ့လိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရပြီဆိုရင်တော့ ဘ၀တစ်ခုလုံးရဲ့ 
လက်တွဲဖော်အဖြစ် သင် ရွေးချယ်လိုက်ပါ..သင် ဟာကံအကောင်းဆုံး
လူသားတစ်ယောက်ဖြစ်နေမှာသေချာပါတယ်............
khin myo aye

ချစ်သူတစ်ယောက်က
ကိုယ့်ကို ဘယ်သူချစ်ချစ် မချစ်ချစ်ပေါ့
ကိုယ့်ကိုယ်ကိုတော့ ချစ်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်
ဘယ်သူ့ကိုမှ မကျေမနပ် မညည်းတွားဘူး
ဘယ်သူ့ကိုမှ မလှောင်ရယ်၊ မကဲ့ရဲ့ဘူး
ဘယ်သူ့ကိုမှ အားမကျဘူး
နေရောင်အောက်မှ လန်းဆန်းမယ်
မိုးရွာထဲမှာ ပြေးလွှားမယ်
ကိုယ့်စိတ်ကူးအိပ်မက်ကို ကိုယ်မက်မယ်
ကိုယ့်လမ်းကို ကိုယ်လျှောက်မယ်....
.

ငါ့အတွက် ကြီးကျယ်ခမ်းနားတဲ့ အိမ် အလိုမရှိဘူး
ငါလိုချင်တာ ငါ့တစ်နေရာစာ နားခိုခွင့်ရှိတဲ့ နွေးထွေးတဲ့ နင့်ရဲ့ရင်ခွင်ကျယ်
ငါ့အတွက် တန်ဖိုးကြီးတဲ့ ကားတွေလည်း အလိုမရှိဘူး
ငါလိုချင်တာ ဘ၀ခရီး ဘယ်လောက်ကြမ်းကြမ်း လက်တွဲ မဖြုတ်မဲ့ နင့်ရဲ့ လက်တစ်စုံ
ငါ့အတွက် ရွှေငွေတွေ အလို မရှိဘူး
ငါလိုချင်တာ ယိုင်လဲနေချိန် မှီခိုစရာ နင့်ရဲ့ ပုခုံးတစ်စုံ
တကယ်တော့ ပစ္စည်းဥစ္စာဆိုတာ လူက လုပ်ယူလို့ ရတဲ့ အရာတွေပါ
စည်းစိမ်ပေါ်မှာနေပြီး စိတ်ဆင်းရဲနေမယ့်အစား
စည်းစိမ်မရှိလည်း အမြဲမခွဲ ဘ၀ရဲ့ နေ၀င်ချိန်အထိ သစ္စာရှိနေပေးမယ့်
နင်သာရှိရင်ငါ့အတွက် ပြည့်စုံပါတယ် ချစ်သူရယ်
**M@Y**

ပြည့်စုံပါတယ် ချစ်သူရယ်
ဘယ်ယောက်ကျားကိုမှ အထင်မကြီးတတ်တဲ့မိန်းမ
အထင်ကြီးစရာကောင်းတဲ့ယောက်ကျားရခဲတယ်
ဘယ်မိန်းမကိုမှတန်ဘိုးမထားတတ်တဲ့ယောက်ကျား တန်ဘိုးရှိတဲ့မိန်းမရခဲတယ်
ကိုယ့်ရဲ့မူရင်းစိတ်ကိုက ဘယ်သူ့ကိုမှအထင်မကြီး
တန်းဘိုးမထားတတ်ဘူးဆိုရင် တန်ဘိုးရှိတဲ့လူ အထင်ကြီးရတဲ့လူ ကိုယ့်ဘဝအတွက်ဘယ်တော့မှရှိလာနိုင်မှာမဟုတ်ဘူး
ခင်မင်လျက်
ကောင်ကလေး
22-02-13

ဘယ်သူ့ကိုမှအထင်မကြီး
ချစ်သူတွေရဲ့အကြားမှာစိတ်ဆိုး
စိတ်ကောက်ကြတယ်ဆိုတာ
ကောင်းတဲ့အမှုကျင့်လေးတခုပါ
ဒါပေမဲ့ကိုယ့်ချစ်သူရဲ့မာနကိုယ်
ထိခိုက်မိအောင်တော့သဝန်တို
တာမျိုးမဖြစ်ပါစေနဲ့...
စိတ်ဆိုးပီးမှပြန်ချစ်မယ်ဆိုတာ
ထက်ကိုယ့်ချစ်သူကိုယ်နားလည်
မှုလေးနဲ့ချစ်နေပေးရင်
မကောင်းဘူးလား...
စိတ်ဆိုးပြီးသူအရင်ခေါ်မလားငါ
အရင်စခေါ်ရမလားလို့မာနလေး
ကိုယ်စီနဲ့ရင်ထဲမှာနာကျဉ်ခြင်း
ခံစားချက်တွေနဲ့နေနေရတာဟာ
ချစ်သူနှစ်ယောက်ရဲ့ပျော်စရာ
အချိန်တွေဆုံးရူံးပါတယ်...
သေချာပြန်စဉ်းစားကြည့်ပါ။သူ
မရှိရင်ကိုယ်နေနိုင်ရဲ့လားလို့
ချစ်သူနှစ်ယောက်ရဲ့အချစ်တွေ
ကြာရှည်စွာတည်မြဲချင်ရင်တော့
သေးငယ်တဲ့အပြစ်တွေကိုယ်
လစ်လျှူရူတက်ရပါတယ်...
ချစ်ကြတဲ့ချစ်သူတိုင်းအဆင်ပြေ
နိုင်ကြပါစေ...
phoe phyu
စိတ်ကောက်ကြတယ်ဆိုတာ
ကောင်းတဲ့အမှုကျင့်လေးတခုပါ
ဒါပေမဲ့ကိုယ့်ချစ်သူရဲ့မာနကိုယ်
ထိခိုက်မိအောင်တော့သဝန်တို
တာမျိုးမဖြစ်ပါစေနဲ့...
စိတ်ဆိုးပီးမှပြန်ချစ်မယ်ဆိုတာ
ထက်ကိုယ့်ချစ်သူကိုယ်နားလည်
မှုလေးနဲ့ချစ်နေပေးရင်
မကောင်းဘူးလား...
စိတ်ဆိုးပြီးသူအရင်ခေါ်မလားငါ
အရင်စခေါ်ရမလားလို့မာနလေး
ကိုယ်စီနဲ့ရင်ထဲမှာနာကျဉ်ခြင်း
ခံစားချက်တွေနဲ့နေနေရတာဟာ
ချစ်သူနှစ်ယောက်ရဲ့ပျော်စရာ
အချိန်တွေဆုံးရူံးပါတယ်...
သေချာပြန်စဉ်းစားကြည့်ပါ။သူ
မရှိရင်ကိုယ်နေနိုင်ရဲ့လားလို့
ချစ်သူနှစ်ယောက်ရဲ့အချစ်တွေ
ကြာရှည်စွာတည်မြဲချင်ရင်တော့
သေးငယ်တဲ့အပြစ်တွေကိုယ်
လစ်လျှူရူတက်ရပါတယ်...
ချစ်ကြတဲ့ချစ်သူတိုင်းအဆင်ပြေ
နိုင်ကြပါစေ...
phoe phyu
ချစ်သူနှစ်ယောက်ရဲ့
သူငယ်ချင်းကောင်း လိုချင်ရင်
ကိုယ်ကလည်း သူငယ်ချင်းကောင်း ပီသဖို့ လိုတယ်
ယုံကြည်မှု လိုချင်ရင်
ကိုယ်ကလည်း ယုံကြည်တဲ့ စိတ်လေးရှိမှ ဖြစ်လိမ့်မယ်
နားလည်ပေးမှု ရချင်ရင်
ကိုယ်ကလည်း သူ့ကို နားလည်ပေးနိုင်မှ ရလိမ့်မယ်
စစ်မှန်တဲ့ အချစ် လိုချင်ရင်
ကိုယ့်အချစ်ကလည်း စစ်မှန်မှ ရနိုင်လိမ့်မယ်
သစ္စာရှိမှု ရချင်ရင်
ကိုယ်ကလည်း သူ့အပေါ် သစ္စာရှိပေးဖို့ လိုတယ်
ဘယ်အရာမဆို တန်ပြန်သက်ရောက်မှုတော့ ရှိတတ်ပါတယ်

ဘယ်အရာမဆို
ကိုယ်က ချစ်တဲ့သူလည်း မရှိချင်ဘူး
ကိုယ့်ကို ချစ်တဲ့သူလည်း မရှိချင်ဘူး
ကိုယ်က ချစ်တော့
ပိုင်ဆိုင်ချင်တယ် ၊ သ၀န်တိုတယ်
ကိုယ့်ချစ်သလောက် ကိုယ့်ကို ပြန်မချစ်ရင်
ကိုယ်ပဲ ခံစားရတယ် ။
ကိုယ့်ကို ချစ်နေတဲ့သူ အတွက်ဆိုရင်
ကိုယ်မပေးနိုင်သော အရာကို ဆက်တိုက်
တောင်းခံနေတဲ့ သူ့တို့လိုချင်သော အချစ်ကို
ကိုယ့်က မယုံပေးနိုင်သလို *
ကိုယ့် အချစ်ရမှာဖြစ်တဲ့ သူတို့ ပုံစံကို မြင်ရင်
ကိုယ့်ကိုကိုယ် စိတ်ပျက်လာသလိုပဲ *
ခံစားမှုမရှိတဲ့ သူတစ်ယောက် အရမ်းဖြစ်မိချင်တယ် *
လမင်း @ *** Real Love