Posted by : လက်တွဲဖော် Friday, February 22, 2013

ကိုယ့်ကို အချစ်စစ်နဲ့ ချစ်တဲ့ ချစ်သူတစ်ယောက်က

ကိုယ်ပျော်ရွှင်တဲ့အချိန်တိုင်းလဲ အတူတူပျော်ရွှင်ပေးသလို

ကိုယ်ဝမ်းနည်းတဲ့အချိန်မှာလဲ အတူတူဝမ်းနည်းပေးတတ်တယ်

ကိုယ့်အပေါ်ဘယ်လိုပဲစိတ်ဆိုးနေပါစေ ကိုယ်စိတ်နာကျင်လောက်စေတဲ့
စကားမျိုး သူ ပြောမထွက်ခဲ့ပါဘူး

ကိုယ်ဘယ်လိုပဲအမှားတစ်ခုကိုကျူးလွန်မိပါစေ လမ်းခွဲမဲ့စကားကို
လွယ်လွယ်နဲ့  သူ မပြောတတ်ပါဘူး


ကိုယ်အားငယ်နေတဲ့အချိန်မှာလဲ အမြဲအားပေးရင်းနဲ့ ကိုယ့်ကိုဂရုစိုက်
နေပေးတတ်ပါတယ်

အဲ့လိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရပြီဆိုရင်တော့ ဘ၀တစ်ခုလုံးရဲ့ 
လက်တွဲဖော်အဖြစ် သင် ရွေးချယ်လိုက်ပါ..သင် ဟာကံအကောင်းဆုံး
လူသားတစ်ယောက်ဖြစ်နေမှာသေချာပါတယ်............






khin myo aye

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -