Archive for 06/14/12
(၁) “ချစ်ရဲ့  မွေးနေ့က ဘယ်နေ့လဲ… ကိုမေ့သွားလို့”…
မွေးနေ့တင်မကပါဘူး … ချစ်သူရည်းစားစဖြစ်တဲ့နေ့ စသည်တို့ကိုလည်း မေ့သွားတာတောင် ပြန်မမေးသင့်ဘူးနော်… မိန်းကလေးတွေက ဒါတွေနဲ့ ပတ်သက်ရင် သူတို့ ချစ်တဲ့ ကောင်လေးကို အမြဲသတိရနေစေချင်တာ…
(၂) “ချစ် ဒီအကျီနဲ့ ဆိုရင် ၀တယ်လို့ ထင်ရတယ်…”
ကိုယ့်ချစ်သူကို ၀တယ်ထင်ထင် ပိန်လွန်းတယ်ထင်ထင် ဖွင့်မပြောပါနဲ့… မိန်းကလေးတွေက ၀တယ်လို့ ပြောတာမကြိုက်သလို ပိန်လွန်းတယ်လို့ ပြောတာလဲ မကြိုက်ကြပါဘူး…
(၃) “မနေ့က ကို့သူငယ်ချင်း တစ်ယောက်က ပြောတယ် ချစ်ကို ကို့ရဲ့ အစ်မထင်နေတာတဲ့”
ဒီစကားလည်း မပြောမိစေနဲ့နော်… အစ်မဆိုတော့ ကိုယ့်ချစ်သူကောင်လေးထက် ကိုယ်က ပိုပြီး အသက်ကြီးနေတယ်လို့ သူများတွေထင်တာခံရတော့ ရှက်တာပေါ့… ဒါဆိုရင် ညီမလို့ ထင်တယ် ဆိုတာတော့ ပြောလို့ ရလားလို့ လာမမေးနဲ့ဦး ချစ်သူပါဆိုမှ အစ်မတို့ ညီမတို့ လို့တော့ ဘယ်အထင်ခံချင်ပါ့မလဲ…
(၄) “ထားလိုက်တော့… ချစ်နားလည်နိုင်မှာမဟုတ်ပါဘူး”
ဒီလိုပြောလိုက်ရင် ကိုယ့်ချစ်သူကို စော်ကားလိုက်တာပဲ… နားလည်နိုင်မှာမဟုတ်ဘူးတော့ ကိုယ့်ချစ်သူက ကိုယ့်လောက် ပညာမတတ်လို့ နားမလည်နိုင်ဘူးလို့ ပြောတာလား… ဒါမှမဟုတ် ကိုယ့်ချစ်သူက သဘောထားမကြီးနိုင်လို့ ပြောတာလား… ဒီလိုနှစ်မျိုးရှိတယ်နော်… နှစ်မျိုးလုံး အကျိုးသက်ရောက်မှုက မကောင်းပါဘူး… မပြောမိစေနဲ့ပေါ့နော်…
(၅) “ဘာမှမဟုတ်ဘူး”
အဲဒီစကားကိုလဲ သိပ်မသုံးသင့်ဘူး… ကိုယ့်ချစ်သူက ကိုယ်ခံစားနေရတာတွေ ကိုယ့်ရဲ့  အတွေးတွေ… ကိုယ်နဲ့ ပတ်သတ်တာတွေအားလုံးကို သိချင်တယ်… မျှဝေခံစားချင်တယ်… ကိုယ်က ဘာမှမဟုတ်ပါဘူးလို့ပြောလိုက်ရင်… သူတို့တွေက ကိုယ်က သူ့ကို လျှိုထားတယ် (ဒါမှမဟုတ်) သူက အရေးမပါလို့ သူ့ကို အားလုံးပေးမသိဘူးလို့ ထင်နိုင်တယ်… တတ်နိုင်သလောက်ဒီစကားကို ရှောင်ပါ/
(၆) “အမြဲတမ်း ငိုမနေနဲ့ ချစ်က တော်တော် အသည်းငယ်တာပဲ”
မိန်းကလေးပဲ မျက်ရည်ဆိုတာရှိတယ်… လက်နက်တစ်ခုအဖြစ်သုံးတာမဟုတ်ဘူး(လက်နက်အဖြစ်တမင်သုံးတဲ့ မိန်းကလေးတွေအတွက်တော့ လက်နက်ပေါ့)… တကယ်ခံစားရလို့ မထိန်းနိုင်ပဲ မျက်ရည်ကျတာပါ … သူတို့ ချစ်သူရှေ့မှာ သူတို့လဲ ဘယ်ငိုချင်ပါ့မလဲ… ဒီလို အသည်းငယ်သူလို့ အထင်ခံရမှာ အကြောက်ဆုံးပဲ…
(၇) “ချစ်ရဲ့  သူငယ်ချင်း ဒီနေ့ လန်းတယ်နော်”
သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ်၊ ဘယ်မိန်းကလေးကိုမှ လှတယ်တို့ လန်းတယ်တို့ မိုက်တယ်တို့ ကိုယ့်ချစ်သူရှေ့မှာ မပြောပါနဲ့ … သူတို့ခံစားရပါတယ်… ကိုယ့်မျက်လုံးထဲမှာ ဘယ်မိန်းကလေးမှ ကိုယ့်ချစ်သူလောက် မလှဘူးလို့ ကိုယ့်ချစ်သူ ထင်ပါစေ… သူယုံကြည်အောင်လည်း ကြိုးစားပါ။
(၈) “ချစ် မျက်နှာက ၀က်ခြံက ကြီးကြီးလာတယ်နော်”
မိန်းကလေးတွေက သူ့ချစ်သူ မျက်လုံးထဲမှာ အမြဲလှနေချင်တယ်… ဒါကြောင့် သူတို့ ၀က်ခြံကို ထောက်ပြခြင်းက သူတို့ရဲ့ အနာအဆာကို ထောက်ပြသလိုပဲ သူတို့ ရှက်တတ်ကြတယ်…
(၉) “ကိုက ကို့အမေကို အချစ်ဆုံး”
ချစ်သူက ကမ္ဘာပေါ်မှာ ဘယ်သူ့ကို အချစ်ဆုံးလဲလို့ ကိုယ့်ကို မေးလာရင် ဒီလို အဖြေမျိုး မဖြေမိပါစေနဲ့ … (အမေကို အရမ်း ချစ်တဲ့ သားယောက်ျားလေးတွေ အတွက်ပါ)… မိန်းကလေးတွေက သူသာလျှင် သူ့ချစ်သူကောင်လေးရဲ့  အချစ်ဆုံးလူဖြစ်ချင်ကြတာပါ… မိန်းကလေးတွေကသာ… “ချစ်က ကမ္ဘာပေါ်မှာ ချစ် အဖေကို အချစ်ဆုံး” လို့ ပြောရင် ကိုယ် ဘယ်လိုခံစားရမလဲ… ဘယ်လိုမှ မခံစားရဘူးဆိုရင်တော့ … လုပ်ချင်သလိုသာ လုပ်ကြတော့ပေါ့ကွယ်…
(၁၀) နောက်ဆုံးအချက်ကတော့ ကိုယ့်ရဲ့  အရင် ရည်းစားနာမည်ကို ဘယ်အချိန်မှာ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ပြော မထွက်မိပါစေနဲ့… လက်ရှိချစ်သူ ဒေါသထွက်တတ်တယ်… ဒါက သူတို့ မကြားချင်ဆုံး နာမည်ပဲ…
Read more: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1251625&xgs=1&xg_source=msg_share_post#ixzz1xlSILQAB
ကောင်လေးက ကောင်မလေးကို မေးတယ်...
ဒီကမ္ဘာမှာ လူနှစ်ယောက်ရှိတယ်ဆိုပါစို့... တစ်ယောက်က " ငါနင့်ကို ချစ်တယ် " ဆိုတဲ့ သူနဲ့  နောက်တစ်ယောက်က "ငါ နင့်ကို မချစ်ဘူး" ဆိုတဲ့ သူနှစ်ယောက်ရှိတယ်...
တနေ့တော့ ငါ နင့်ကို မချစ်ဘူး ဆိုတဲ့ သူက သေသွားတယ်...အဲဒီတော့ ဘယ်သူ ကျန်လဲ လို့မေးလိုက်တယ်... ။ ကောင်မလေးက ရှက်သွားပြီး တိုးတိုးလေး ပြောတယ် "ငါ နင့်ကို ချစ်တယ်" ♥
ကောင်လေးက ထပ်မေးပြန်တယ်... တကယ်လို့ "ငါနင့်ကို ချစ်တယ်" ဆိုတဲ့သူ သေသွားရင်ရော ဘယ်သူကျန်ခဲ့မလဲ ဆိုတော့ ကောင်မလေးက အသံကျယ်ကျယ်နဲ့ ပြောတယ်... "ငါ နင့်ကို မချစ်ဘူး " 3
ဒါနဲ့ ကောင်လေးက ကောင်မလေးရဲ့ မျက်နှာကို ကြည့်ပြီး "ဒါပေမဲ့ ငါနင့်ကို ချစ်နေသေးတယ်လေ" လို့ ပြန်ပြောလိုက်ပါတော့တယ်....
(ဇေယျာ)
လောကမှာ မချစ်ရခြင်းရဲ့ အကြောင်းတွေက အများကြီးရှိတယ်....
ပင်ပန်းလို့....နာကျင်ခံစားရမှာစိုးလို့... စိတ်ရှုပ်လို့...သူစိတ်ချမ်းသာအောင်လို့ ....etc...အများကြီးပါပဲ....
ဒါပေမဲ့ ချစ်ရတဲ့ အကြောင်းရင်းကတော့ တစ်ခုပဲရှိတယ်...အဲဒါ ဘာလဲသိလား....
လူတစ်ယောက်နဲ့ မခွဲမခွာအတူတူ ရှိနေချင်လို့ပါပဲ.....
(ဇေယျာ)
ချစ်သူနှစ်ဦး ရန်ဖြစ်ကြတဲ့အခါ....အရင်ဆုံး တောင်းပန်စကားဆိုသူက....
့အရှုံးပေးလိုက်ရတာမဟုတ်ဘူး.... ခွင့်လွှတ်လိုက်ရတာလဲ မဟုတ်ဘူး....
တကယ်တော့ သူ့အနေနဲ့  နှစ်ဦးစလုံးရဲ့ သံယောဇဉ်ကို ပိုပြီး တန်ဖိုးထားလိုက်တာပါပဲ.....
အချစ်ဆိုတာ....
ပြည့်စုံခြင်းတွေ အတိနဲ့  လူကို ရှာဖွေတာမဟုတ်ဘူး....
မပြည့်စုံတဲ့ လူကို ပြည့်စုံတဲ့ အမြင်နဲ့ ရှုမြင်တတ်ဖို့ လေ့လာသင့်ယူတာပါပဲ....
သစ္စာရှိတယ်ဆိုတာ....
ဘ၀တစ်လျှောက်လုံး တစ်ယောက်သောသူကိုပဲ နှစ်သက်သဘောကျရမယ်လို့ ဆိုလိုတာမဟုတ်ဘူး...
ကိုယ်သဘောကျတဲ့ လူတစ်ယောက်နဲ့ စိတ်တူကိုယ်တူ ဖြစ်အောင် ထာဝရ နေထိုင်တတ်တာပါပဲ.....
(ဇေယျာ)
အချစ်ဆိုတဲ့ အရာကြောင့်...
သူစိမ်း နှစ်ယောက် ရုတ်တရက် ရင်းနှီးခွင့်ရတယ်...အတူတူလက်တွဲနိုင်ကြတယ်....
ပြီးတော့...ဒီလူနှစ်ယောက်ပဲ လမ်းခွဲတဲ့အခါ.....
တစ်ယောက်နဲ့ တစ်ယောက် သူစိမ်းတွေလို ဆက်ဆံလာကြတယ်....
အချစ်က လူနှစ်ယောက်ကို သူစိမ်းဘ၀မှ ရင်းနှီးကျွမ်းဝင်သူတွေ အဖြစ် ပြောင်းလဲစေတယ်...
ပြီးတော့ ဒီအချစ်ကပဲ ရင်းနှီးမှု ရှိသူတွေကနေ...သူစိမ်းတွေ အဖြစ် ပြောင်းလဲစေပြန်တယ်....
တကယ်တော့ အချစ်ဆိုတာ သူစိမ်းနှစ်ယောက်ကို စုံတွဲဖြစ်စေပြီး....စုံတွဲတွေကို သူစိမ်းတွေ ဖြစ်စေတဲ့ ဂိမ်းကစားပွဲတစ်ခုပါပဲ....
Because of LOVE, two strangers had a chance to meet and to get along....
And, when the two people broke up, they became like strangers.....
LOVE can make two strangers to couple.....
And, this LOVE can also make couple to strangers.....
In reality, LOVE is the Game in which two players participate to change from strangers to couple, and vice versa....
(ဇေယျာ)
တစ်ယောက်တည်းရှိတုန်းက ကောင်းကင်ကြီးက ပြာတယ်....
ပြာလိုက်တာမှ လွင်လို့ လှလို့....
တစ်ယောက်တည်းရှိတုန်းက အမှီအခိုကင်းတယ်...
အမှီအခိုကင်းလွန်းလို့ နည်းနည်း အထီးကျန်ဆန်တယ်....
သူ့ကို သတိရတဲ့အခါ အရမ်း ကံကောင်းတယ်....
ကံကောင်းလိုက်တာမှ နည်းနည်း ၀မ်းနည်းမိတယ်....
ငိုဖူးမှ စိတ်နာတယ်ဆိုတာ ဘယ်လို ခံစားရတယ်ဆိုတာ သိတယ်....
တုံးအ ဖူးမှ ဆုပ်ကိုင်ခြင်းနဲ့ စွန့်လွှတ်ခြင်းရဲ့ အရသာကို သိတယ်....
ချစ်ဖူးမှ ကိုယ် ဘယ်လောက် အားငယ်တတ်တယ်ဆိုတာ နားလည်တော့တယ်....
(ဇေယျာ)
တကယ်လို့ သူသာ မင်းကို တကယ်ချစ်ရင်....
မင်းကို စိတ်ထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ သူလုပ်မှာမဟုတ်ဘူး....
မင်းလဲ သူ့ကြောင့် ဘယ်တော့မှ မျက်ရည်ကျရမှာမဟုတ်ဘူး....
မျက်ရည်ကျခဲ့ရင်တောင် ကံကောင်းသော မျက်ရည်တွေပဲ ဖြစ်မှာပါ.....
တကယ်လို့ သူသာ မင်းကို တကယ်ချစ်ရင်....
တိတ်တိတ်လေး မင်းရဲ့ သောကတွေကို ပြေပျောက်စေမှာ ဖြစ်တယ်....
မင်း ပြုံးတဲ့ အချိန်တိုင်းဟာ အမြဲတမ်း သူ့အတွက် ကံကောင်းခြင်းလို့ မှတ်ယူမှာပါ....
တကယ်လို့ သူသာ မင်းကို တကယ်ချစ်ရင်...
မင်းက သူ့ကို နာကျင်အောင် ရက်စက်ခဲ့ရင်တောင်...
သူ့ရဲ့ စိတ်ထဲမှာ မင်းကို အမြဲတမ်း အကောင်းမြင်နေမှာပါ.....
(ဇေယျာ)
နားလည်ပေးပါ
အမြဲတမ်း နာလည်မှုတွေ
ပေးတက်တဲ့ ..... ချစ်သူ
အခုလည်း နာလည်ပေးပါ
တို့အလုပ်တွေများလို့
မင်း chatting ခေါ်တဲ့အချိန်
တို့ပြန်မပြောနိုင်ခဲ့ရင်
စိတ်မဆိုးပဲ နာလည်ပေးပါ ... ချစ်သူ
မင်း mail ပို့တဲအခါ
တို့ပြန်စာမရေးနိုင်ခဲရင်
တို့ကို စိတ်မဆိုးပဲ
နားလည်ပေးပါ .... ချစ်သူ
မင်းဖုန်းခေါ်တဲ့အချိန်
တို့မရှိလို ပြန်မပြောနိုင်ခဲ့ရင်
နားလည်ပေးပါ .... ချစ်သူ
ဘယ်လိုပဲဆက်သွယ်မှုတွေ
မရခဲပေမဲ့
တို့ရဲ့ ရင်ထဲမှာတော့
ထာဝရအမြဲ ..... ချစ်သူရှိနေမှာပါ
အမှားလုပ်မိတဲ့အခါ....
ဘယ်သူက ငါ့ကို အားပေးမှာလဲ.....။
ပျော်တဲ့အခါ....
ဘယ်သူက ငါ့ကို အနမ်းပေးမှာလဲ....။
ပျင်းတဲ့အခါ....
ဘယ်သူက ငါ့ကို အဖော်ပြုပေးမှာလဲ....။
မောပန်းတဲ့အခါ....
ဘယ်သူက ငါ့ကို ဂရုစိုက်မှာလဲ....။
မွေးနေ့ရောက်တဲ့အခါ....
ဘယ်သူက ငါ့ကို မွေးနေ့ဆုတောင်း ပေးမှာလဲ....။
ငေးမှိုင်တဲ့အခါ....
ဘယ်သူက ငါ့ကို စကားလာပြောမှာလဲ....။
စိတ်ပျက်မိတဲ့အခါ...
ဘယ်သူက ငါ့ကို နှစ်သိမ့်မှာလဲ....။
ဝမ်းနည်းတဲ့အခါ...
ဘယ်သူက ငါ့ကို အမှီပြုစေမှာလဲ....။
ပျောက်သွားတဲ့အခါ....
ဘယ်သူက နေရာတကာမှာ ငါ့ကို လိုက်ရှာမလဲ...။
(ဇေယျာ)
သူက သင့်ကို ချစ်တာပဲ ဘယ်တော့မှ ထားသွားမှာ မဟုတ်ဘူးလို့ မထင်ပါနဲ့....၊ သင် သူ့ကို နာကျင်အောင် အမြဲ လုပ်မိမယ်ဆိုရင်တော့ သင့်ကို ထားရစ်ခဲ့နိုင်ပါတယ်....၊ ဘာလို့လဲ ဆိုတော့ သင်က သူ့ရဲ့ အချစ်ကို တန်ဖိုးထားရမယ် ဆိုတာကို နားမလည်ခဲ့လို့ပါပဲ....တန်ဖိုးထားတတ်မှသာ သင့်အနေနဲ့ အချစ်ဆိုတာကို သေချာသိနိုင်မှာပေါ့.....
(ဇေယျာ)
ယောကျာ်းလေးတစ်ယောက်အတွက် မှီခိုလွန်းအားကြီးတဲ့ မိန်းကလေးတစ်ယောက်က သနားစရာ ကောင်းသလို... ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲတဲ့ မိန်းကလေးမျိုးကျတော့လဲ ယောကျာ်းလေးတွေ အတွက် ကြောက်စရာ ကောင်းနေပြန်တယ်.... ဒီလို မိန်းကလေးမျိုးနဲ့ လက်တွဲရတဲ့သူက စိတ်မချမ်းသာရဘူးလေ.... ။
ယောက်ျားလေးတွေ အနေနဲ့  ကိုယ့်ဘာသာလဲ ရပ်တည်နိုင်သလို မှီခိုမှုလဲ ရှိတဲ့ မိန်းကလေးတွေသာ ရွေးချယ်ကြတာများတယ်.... ။
မှီခိုတယ်ဆိုတာ ခံစားမှုပိုင်းဆိုင်ရာကို ပြောဆိုတာဖြစ်ပြီး... ယုံကြည်မှု အပြည့်ရှိတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ပြောတာပါပဲ.... ဒီလို မိန်းကလေးမျိုးသာ ယောကျာ်းလေးတစ်ယောက်အတွက် ချစ်စရာကောင်းနေတတ်တာလေ...
(ဇေယျာ)
►