Archive for 10/16/12


" ဒီဘ၀မှာ "

( မေ့ချင်လို့ ငိုတယ်

ရှင်သန်ချင်လို့ မေ့တယ်


ချစ်ချင်လို့ ရှင်သန်တယ်

ငိုချင်လို့ ချစ်ကြတယ် ။ )

" ဒီဘ၀မှာ "

Posted by : လက်တွဲဖော် 0 Comments

လူပျိုကြီးများ၏ အားနည်းချက်များ

1-ရေချိုးပြီးတိုင်း တဘက်ကမ်းပေးမယ့်လူမရှိခြင်း

2-ရုံးပိတ်ရက်များတွင် အိမ်မှာ ပျင်းခြောက်ပိန်လှီကပ်နေရခြင်း


3-မိုးမိုး၏ အသက်၄၀ သီချင်းကြားရတိုင်း မလုံမလဲခံစားရခြင်း

4-အကြောင်းသိသူများရဲ့
ဘယ်တော့စားရမှာလဲအမေးကို အောင့်သက်သက်နှင့်ခံရခြင်း

5-နေမကောင်းသည့်အခါ ဆေးပေးဂရုစိုက်ပေးမယ့်သူမရှိခြင်း

6-ဆူဆူပူပူအသံလေးမကြားရသဖြင့် ဦးနှောင့်နိုးကြားမှုမရှိခြင်း

7-စိတ်ပြေလက်ပျောက် အွန်လိုင်းသုံးသောအခါ ပိုပိုမိန်းမလိုချင်မိခြင်း

8-ညတရေးနိုး ဘေးနားကြည့်တိုင်း ဖက်လုံးကြီးသာ ရှိနေခြင်း

9-ဆောင်းတွင်းဘက်အေးသော်..စောင်ခြုံပြီးသာ ကွေးရခြင်း

10-သူများမင်္ဂလာဆောင်မြင်တိုင်း အားငယ်ခြင်းကို ခံစားရခြင်း

11-ရုပ်ရှင်ရုံ၊ ကန်ဘောင်သွားမိတိုင်း သူများအတွဲများကိုသာ ငေးရခြင်း

12-နောက်ဆုံးပေါ် ဒီဇိုင်းအလန်းလေးများကိုမြင်တိုင်း တံတွေးမျိုချယုံမှတပါး
ဘာမှမတက်နိုင်ဖြစ်ခြင်း

13-တခါတရံ စိတ်အလိုလိုတိုခြင်း..(အဲ့လိုအချိန် မဆိုင်သူတွေကို ဘလိုင်းကြီးပြဿနာရှာတက်တယ်)

14-အနမ်းနှင့်ကျန်းမာရေး ဆောင်းပါးသည် သူနှင့်ဘာမှအဆိုင်၍ ပိန်လှီခြောက်ကပ်နေရခြင်း

15-အဝတ်အစားမျိုးစုံအကောင်းစားဝတ်သော်လည်း ဘယ်သူမှစိတ်မဝင်စားခြင်း

16-အချိန်ရှိတိုင်း အွန်လိုင်းပေါ်တက်ပြီး ကြောင်သော်လည်း ဘယ်တစ်ယောက်နဲ့မှ မညိခြင်း

17-ဘာမှမတက်နိုင်သည့်အဆုံး..ဟိုပုံ ဒီပုံလေးများဖြင့်သာ စိတ်ဖြေရခြင်း...

-တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ........ဟီဟိ...ရီမောပျော်ရွင်ပါစေ

လူပျိုကြီးများ၏ အားနည်းချက်များ

Posted by : လက်တွဲဖော် 0 Comments

တစ်ခါက အရမ်းခင်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ရှိတယ် ... သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တိတ်တခိုးချစ်နေကြတာပါ ... ကောင်လေးချစ်နေတာကို ကောင်မလေးက သိပေမယ့် ကောင်မလေးချစ်နေတာကိုတော့ ကောင်လေးက မရိပ်မိဘူး ...

ကောင်မလေးက ကောင်လေးသ၀န်တိုစိတ်တွေဖြစ်ပြီး ဖွင့်ပြောလာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားပြတယ် ... ကောင်လေးကတော့ ကောင်မလေး ရည်းစားများလာတာကိုကြည့်ပြီး သူ့အချစ်လည်း ပေါ့ပျက်ပျက် အပျော်စာရင်းထဲဝင်သွားမှာစိုးလို့ ဖွင့်မပြောရဲဘူးဖြစ်နေတယ် ...

ဒီလိုနဲ့ တစ်နေ့မှာ ကောင်မလေးနဲ့ ကောင်လေးတွေ့တဲ့အချိန် ...

ကောင်မလေး : “ငါ့ချစ်သူက ငါ့ကိုလက်ထပ်ခွင့်တောင်းထားတယ် ... အဲ့ဒါ ငါလက်ခံသင့်လား??”

မထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရချိန်မှာ ကောင်လေးရင်ထဲ ဆစ်ခနဲ နာကျင်သွားတယ် ... ဒါပေမယ့် သူ့ခံစားချက်ကို မျက်နှာမှာမပေါ်အောင် ထိန်းရင်းပြောလိုက်တယ် ...

ကောင်လေး : “အမှန်အတိုင်းပြောရရင် ငါနင့်ကို လက်မထပ်စေချင်ဘူး”

ကောင်မလေး : “ဘာဖြစ်လို့လဲ??”

ကောင်လေး : “ဟို .. နင်က ငယ်သေးတယ်လေ”

ကောင်မလေး : “ပြီးတော့ရော .... ??”

ကောင်လေး : “ဒါပဲလေ .. နင်ကငယ်သေးတယ် အဲ့ဒါကြောင့် လက်မထပ်စေချင်တာ .. ငါ့ကိုဘာမှထပ်မမေးနဲ့တော့ ငါဘာမှမပြောချင်တော့ဘူး”

ကောင်မလေး : “ကောင်းပြီလေ ~ ဒီအကြောင်းပြချက်တစ်ခုတည်းဆိုရင်တော့ ငါ့အတွက်အရေးမကြီးပါဘူး ... ငါသူ့ကိုအဖြေပြန်ပေးလိုက်တော့မယ်”

ပြောပြီးတော့ ကောင်မလေးက ချက်ချင်းလှည့်ထွက်လာခဲ့တယ် ...

အဲ့ဒီနောက်ပိုင်းမှာ ကောင်မလေးဟာ ကောင်လေးကို အတွေ့လည်းမခံတော့ဘူး .. ဖုန်းဆက်ရင်လည်း မကိုင်တော့ဘူး ... ကောင်လေးကို လုံးဝအဆက်အသွယ်ဖြတ်ထားခဲ့တယ် ...

ဒီလိုနဲ့ နှစ်ပတ်လောက်ကြာသွားပြီးတဲ့နောက် ညနေခင်းတစ်ခုမှာ ကောင်လေးဆီကို ဖိတ်စာတစ်စောင်ရောက်လာခဲ့တယ် ... ကောင်မလေးရဲ့ လက်ထပ်ဖိတ်စာလေးပေါ့ ... ကောင်လေးဟာ မယုံနိုင်လောက်အောင်ကို အံ့အားသင့်သွားပြီး နာကျင်ဝမ်းနည်းစွာနဲ့ ဖိတ်စာကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ စာလေးတစ်စောင်ထွက်ကျလာခဲ့တယ် ... စာထဲမှာရေးထားတာက ...

“ငါလက်ထပ်တော့မယ် ... ငါသူ့ကိုတကယ်ချစ်လားဆိုတာ သေချာမသိပေမယ့် သူကတော့ ငါ့ကိုတကယ်ချစ်တာ သေချာပါတယ် ... သူက ငါ့ကိုအနိုင်လည်းမယူဘူး ငါ့ကိုလည်းအရမ်းဂရုစိုက်တယ် .. ပြီးတော့ ငါ့ကို "ချစ်တယ်" လို့လည်း ခဏခဏပြောတယ် ... သူနဲ့ယူရင် ငါစိတ်ချမ်းသာရမှာပါနော် ဟုတ်တယ်မလား?? ပြီးတော့ပြောရဦးမယ် .. ငါလက်ထပ်ပြီးရင် နင်ငါ့ကို အရင်လို တွေ့ခွင့်ရတော့မှာမဟုတ်ဘူး ... အရင်လိုလည်း ညဥ့်နက်သန်းခေါင် နင်နဲ့ဖုန်းပြောပေးနိုင်မှာ မဟုတ်တော့ဘူး ... နင်နေမကောင်းရင်လည်း ငါလာပြုစုနိုင်မှာမဟုတ်တော့ဘူး ... နင်ဗိုက်ဆာလို့ မုန့်ဝယ်ကျွေးခိုင်းရင်လည်း ငါအရင်လိုလိုက်ကျွေးဖို့ အားမယ်မထင်ဘူး … နင်ဂစ်တာတီးပြီး သီချင်းဆိုပြချင်ရင်လည်း ငါနားထောင်ဖို့ အချိန်ပေးနိုင်တော့မှာ မဟုတ်ဘူး … နင်ရုပ်ရှင်လည်းတစ်ယောက်တည်းကြည့်တတ်အောင်ကြိုးစားရဦးမယ် ... နင်နဲ့ဂိမ်းအတူဆော့ဖို့ အဖော်အသစ်လည်း ရှာထားဦးနော် ... ငါကတော့ နှစ်ပတ်လောက်ကျင့်သားရအောင်လုပ်ထားလို့ နင်မရှိတဲ့ဘ၀မှာ နည်းနည်းနေသားကျနေပါပြီ .. နင်လည်းအဲ့လိုဖြစ်မယ်လို့ ငါမျှော်လင့်ပါတယ် ...”

စာကိုဖတ်ပြီးပြီးချင်းပဲ ကောင်လေးဟာ ကောင်မလေးအိမ်ကိုပြေးသွားခဲ့တယ် ... အိမ်နားမရောက်ခင်မှာပဲ လမ်းလျှောက်ထွက်လာတဲ့ ကောင်မလေးကို တွေ့လိုက်ရတယ် ...

ကောင်မလေး : “နင်ဘာလာလုပ်တာလဲ??”

ကောင်လေး : “နင်လက်မထပ်ပါနဲ့ ... ငါတောင်းပန်ပါတယ် .. ငါနင့်ကိုအနိုင်ယူခဲ့တာတွေအတွက်လည်းတောင်းပန်တယ် .. ငါနင့်ကိုဖွင့်မပြောခဲ့တဲ့အတွက်လည်းတောင်းပန်တယ် ... ငါနင့်ကိုလက်မထပ်စေချင်တာ ငယ်သေးလို့မဟုတ်ဘူး .. ငါနင့်ကိုမခွဲနိုင်လို့ .. ငါ့ဘ၀မှာ နင်မရှိလို့မဖြစ်ဘူး ... နင်မရှိတော့ရင် ငါဝမ်းနည်းတဲ့အခါ ဘယ်သူ့ကိုရင်ဖွင့်ရမှာလဲ?? ငါအားငယ်တဲ့အခါ ဘယ်သူက အားပေးစကားပြောမှာလဲ?? ညညအိပ်မပျော်တဲ့အခါ ငါဘယ်သူ့ဆီဖုန်းဆက်ရမှာလဲ?? နှစ်ပတ်လောက်မတွေ့တာတောင် ငါရူးမတတ်ခံစားနေရတာ … နင်နေနိုင်ပေမယ့် ငါမနေနိုင်ဘူး … မရက်စက်ပါနဲ့ဟာ .. ငါတောင်းပန်ပါတယ် .. နင်အဲ့လူကို လက်မထပ်ပါနဲ့ ... ငါနင့်ကိုအရမ်းချစ်တယ်”

ကောင်လေးက ငိုယိုပြီး တရစပ်ပြောချလိုက်တယ် ...

ကောင်လေးလည်းပြောပြီးရော ကောင်မလေးက အပြုံးလေးနဲ့ ပြန်ပြောလိုက်တာကတော့ …

“အရူး!! ငါလက်ထပ်မယ်လို့ နင့်ကိုဘယ်သူပြောလဲ?? အဲ့ဖိတ်စာက အတုကြီး” တဲ့!!

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်ချစ်တဲ့သူဆီက ချစ်စကားကြားရဖို့ လှည့်ကွက်ကလေးသုံးလိုက်တာကို မာယာလို့ မဆိုနိုင်ပါဘူးနော် ;)

♥ ချစ်တဲ့သူတိုင်း ပေါင်းရပါစေ ♥

ကောင်မလေးနှစ်ယောက်

Posted by : လက်တွဲဖော် 0 Comments

♥ချစ်တယ်♥ လို့အဖြေပေးလိုက်တဲ့ အခိုက်အတန့်လေးဟာ
ကောင်လေးအတွက် အပျော်ရွှင်ရဆုံးအချိန် ဖြစ်သလို
ကောင်မလေးအတွက်လည်း အရမ်းရင်ခုန်ရတဲ့ အချိန်လေးပါပဲ .

♥ချစ်တယ်♥

Posted by : လက်တွဲဖော် 0 Comments


လေးနက်တဲ့အချစ်တစ်ခုနဲ့ ချစ်ပြီးသွားတဲ့ လူတစ်ချို့ဟာ ထပ်ပြီး စိတ်တိုင်းကျ 
မချစ်ရဲကြတော့ဘူး...

ဘာလို့လဲဆိုတော့...သူတို့အနေနဲ့ တူညီတဲ့အမှားမျိုး ထပ်မှားမှာ မလိုလားလို့...ခံစားရမှာ ကြောက်ရွံ့လို့...ဒါမှမဟုတ် ပိုပြီး စိတ်ပင်ပန်းမှာစိုးလို့ပါ...
ဒါကြောင့်လဲ...သူတို့အားလုံးမှာ ချစ်နိုင်တဲ့ အစွမ်းအစတွေ ပျောက်ကွယ်ကုန်ကြတာပေါ့...

စိတ်တိုင်းကျ

Posted by : လက်တွဲဖော် 0 Comments

"ကိုယ့်ပျော်ရွှင်မှုထက် သူ့ပျော်ရွှင်မှုကို ပိုတန်ဖိုးထားတတ်မှ ...
မေတ္တာစစ် မေတ္တာမှန် လို့ ခေါ်တယ်"

ဒီလိုစိတ်မျိုး လူတိုင်းမထားနိုင်ဘူး ...
ရှားတယ် ...
ရှားတဲ့အတွက် တန်ဖိုးရှိတယ် ...

ဒါကြောင့် သင့်ပျော်ရွှင်မှုကို သူ့ရဲ့ပျော်ရွှင်မှုထက် ပိုပြီး တန်ဖိုးထားတဲ့ လူတစ်ယောက် သင့်ဘေးမှာရှိခဲ့ရင် ဘယ်တော့မှ လက်မလွှတ်မိပါစေနဲ့ ...

သူ့ကို ထပ်တူညီတဲ့ အချစ်မေတ္တာမျိုး ပေးနိုင်ရင် ပြန်ပေးလိုက်ပါ ... သင်ပျော်ရွှင်ရပါလိမ့်မယ်

မေတ္တာမှန်

Posted by : လက်တွဲဖော် 0 Comments

1) အလိုက်မသိတဲ့ ယောက်ျား

2) တကိုယ်ကောင်းဆန်တဲ့ ယောက်ျား

3) အတ္တကြီးတဲ့ ယောက်ျား

4) အပေါင်းအသင်းခုံမင်လွန်းတဲ့ ယောက်ျား

5) လိမ်ညာတတ်တဲ့ ယောက်ျား

6) အခြေအနေ အချိန်အခါကို မကြည့်တတ်တဲ့ယောက်ျား


သင့်ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ချင်တယ်ဆိုရင် အဲ့လိုအကျင့်ရှိတဲ့ ယောက်ျားတွေကို ဘယ်တော့မှ မရွေးချယ်မိပါစေနဲ့ ...

အဲ့လိုအကျင့်ရှိတဲ့ယောက်ျားတွေဟာ သူတို့အကျင့်ကို မပြင်နိုင်ကြတာ များပါတယ် ...

ကိုယ်ကချစ်လွန်းလို့ သည်းခံနိုင်တယ်ဆိုရင်တောင် အဲ့သည်းခံခြင်းနဲ့အတူ စိတ်ဆင်းရဲမှုဆိုတာ ပါလာမှာ အသေအချာပါပဲ!!

ယောက်ျား

Posted by : လက်တွဲဖော် 0 Comments

♥ ယောက်ျားတိုင်းကတော့ သင့်မျက်ရည်ကို သုတ်ပေးနိုင်မှာပါ ...
ဒါပေမယ့် သင့်ကို ရယ်မောအောင် လုပ်ပေးနိုင်တဲ့ ယောက်ျားကတော့ ရှားလိမ့်မယ် ...

♥ ယောက်ျားတိုင်း သင့်လက်လေးကို ဆုပ်ကိုင်နိုင်မှာပါ ...
ဒါပေမယ့် သင့်ဖိနပ်ကြိုးလေးကို ငုံ့ချည်ပေးမယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ...

♥ ယောက်ျားတိုင်း သင်နဲ့အတူရန်ပြိုင်ဖြစ်နိုင်တယ် ...
ဒါပေမယ့် သင်အော်ငေါက်နေတာကို (ချစ်တဲ့စိတ်နဲ့) ခေါင်းငုံ့ခံနေမယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ...

♥ သင့်အချစ်ကို လိုချင်တဲ့ယောက်ျား အများကြီး ရှိမှာပါ ...
ဒါပေမယ့် အဲ့အချစ်ကို တန်ဖိုးထားမယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ...

♥ သင့်ကို ပြည်စုံအောင်ထားနိုင်ပါတယ်ဆိုတဲ့ ယောက်ျားအများကြီး ရှိမှာပါ..
ဒါပေမယ့် သင့်ကို စိတ်ချမ်းသာအောင် ထားနိုင်မယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ...

♥ ယောက်ျားတိုင်းကတော့ သ၀န်တိုတတ်ကြမှာပါ ...
ဒါပေမယ့် သင့်အပေါ် နားလည်မှုရှိတဲ့ ယောက်ျားကတော့ ရှားလိမ့်မယ် ...


ツ ရှားပါတယ်ဆိုတဲ့ ယောက်ျားမျိုးကို သင့်ချစ်သူအဖြစ် ပိုင်ဆိုင်ထားပြီဆိုရင်တော့ သေချာပါတယ်.... သင်ဟာ အရမ်းကံကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ!! ツ

ယောက်ျားတိုင်း

Posted by : လက်တွဲဖော် 0 Comments

မိန်းကလေးတွေ ရင့်ကျက်တဲ့ ယောက်ျားလေးကို ရွေးချယ်ရတဲ့ အကြောင်းရင်းများ...

၁။ အားငယ်တဲ့အချိန်မှာ စိတ်ဓာတ်မကျအောင် အားပေးနိုင်လို့ပါ...
၂။ ကံကောင်းခြင်းတွေ အတူတူမျှဝေခံစားတတ်ပြီး..ဒုက္ခသောကတွေကို အတူတူ ခံစားနားလည်ပေးလို့ပါ...
၃။ သူ့ရှေ့မှာ ကလေးဆန်ဆန် ဆိုးနွဲ့လို့ ရလို့ပါ...
၎။ အမူအရာတွေ ပြောစကားတွေက ရင့်ကျက်ပြီး သဘာဝကျလို့ပါ...
၅။ လူ့ဘ၀ရဲ့ ဇာတ်လမ်းအစုံ အလင်နဲ့ ...အတွေ့အကြုံတွေ သူ့မှာ ကြွယ်ဝနေလို့ပါ...
၆။ နှလုံးသားကို လွယ်လွယ် မကစားတတ်လို့ပါ...
၇။ ကတိလွယ်လွယ်မပေးတတ်သလို ပေးပြီးသားကတိကိုလဲ ဖြစ်အောင် လုပ်တတ်လို့ပါ...

(ဇေယျာ)

ရင့်ကျက်တဲ့ ယောက်ျားလေး

Posted by : လက်တွဲဖော် 0 Comments



Hi ဆိုတဲ့စကားလုံးနဲ့အစပြုပြီးခင်မင်မှုတွေယူခဲ့တယ်
Love ဆိုတဲ့အချစ်စကားလာပြောပြီး quiet ဆိုတဲ့ငြိမ်သက်နေတဲ့

ငါ့နှလုံးသားကိုလှိုင်းထအောင်လုပ်ခဲ့တယ် Answer ဆိုတဲ့အဖြေကိုရအောင်ယူပြီး
 miss ဆိုတဲ့အလွမ်းတွေပေးခဲ့တယ် work ဆိုတဲ့အလုပ်ကိုအကြောင်းပြပြီး fool ဆိုတဲ့စကားအတိုင်းငါ့ကိုရူးချင်ယောင်ဆောင်ခဲ့တယ် ph ဆိုတဲ့ဖုန်းကိုဆက်တော့လဲ 
man ဆိုတဲ့ လူကြီးမင်းနဲ့တိုးတယ် ချစ်သူရယ် အခုတော့ heart ဆိုတဲ့ငါ့နှလုံးသားမှာ
 hurt ဆိုတဲ့ ဒဏ်ရာတွေနဲ့ပြည့်နှက်နေပြီဆိုတာ နင်သိစေချင်ပါတယ်

နင်သိစေချင်ပါတယ်

Posted by : လက်တွဲဖော် 0 Comments

ဘာ . . . ? ငါကငယ်သူမို့အချစ်ကိုနားမလည်ဘူးဟုတ်လား
 အော် ချစ်သူရယ် နင်ကသက်ဆုံးတိုင်ချစ်မယ်ဆိုရင်တောင်
ငါဆိုတဲ့ငါကအရိုးတွေမြေခတဲ့အထိချစ်နေမယ်ဆိုတာနင်သိစေချင်တယ်

ငယ်သူမို့

Posted by : လက်တွဲဖော် 0 Comments

တစ်ချိန်ကနင်က ကလေးလေးလို့ခေါ်တော့ငါကပျော်ရွှင်ကြည်နူးခဲ့မိတယ်
ခုတော့ငါသိသွားပါပြီ နင်ခေါ်တဲ့ကလေးလေးကငါ့ကိုကလေးတစ်ယောက်
လိုမျိုးထားချင်တဲ့အချိန် ထားချင်တဲ့နေရာမှာထားသွားခဲ့မယ်ဆိုတာကိုပေါ့

ကလေးလေး

Posted by : လက်တွဲဖော် 0 Comments

ရေမြေခြားတဲ့ ချစ်သူ...

ရေမြေတွေခြားပြီး ဝေးကွာနေလဲ
ငါ့ရင်ထဲမှာ နင်တယောက်တည်းကိုယ်ပဲ
စွဲလန်းနေခဲ့တာပါ...ချစ်သူ
ရာသီတွေ ပြောင်လဲပေမဲ့ ငါ့ရင်ထဲက
အချစ်တွေက မပြောင်းလဲပဲ နင့်အတွက်
နင်အတွက် အမြဲရှင်သန်နေတယ်ဆိုတာ
ယုံကြည်ပေးပါ...ချစ်သူ..

.တစ်ယာက်နဲ့တစ်ယောက်အနေနီးမှ
အချစ်စစ်ဆိုတာရတတ်တာဆိုပေမယ်
အနေဝေးနေပြီးတကယ်အချစ်ကို
တန်းဖိုးထားရင်တော့
အနေနီးပြီးချစ်ရတာထက်ပိုသာပါတယ်

နီးနီးဝေးဝေး အချစ်စစ်တစ်ခု
ဖြစ်လာဖို့အတွက်
လေးလေးနက်နက်
မြတ်နိုးတန်းဖိုးထားတွေနဲ့
သစ္စာတရားတွေသာ
ရင်ထဲမှာအချိန်တိုင်း
အမြဲသိမ်းထားနိုင်ရင်တော့
တို့နှစ်ဦးရှေကိုဆက်ရမယ်ခရီး
သာယာဖြောင့်ဖြူးနိုင်မယ်
ဆိုတာငါ့ယုံကြည့်ထားဆဲပါ
ချစ်သူ....

ရေမြေခြားတဲ့ ချစ်သူ...

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -