Archive for 08/25/12


သူကသင့်ကိုဖုန်းစမဆက်ဘူး ဒါပေမဲ့ သင်ဖုန်းဆက်တာကိုတော့ ရူးသွပ်စွာစောင့်ဆိုင်းနေတတ်ပါတယ် သူကသင့်ကိုမက်ဆေ့မပို့ဘူး ဒါပေမဲ့သင်မက်ဆေ့ပို့တာကိုတော့ ရူးသွပ်စွာစောင့်ဆိုင်းနေတတ်ပါတယ် သူကသင့်ကိုစပြီးတွေ့ဖို့မခေါ်ဘူး ဒါပေမဲ့သင်နဲ့တွေ့ဖို့ကိုတော့ ရူးသွပ်စွာမျှော်လင့်နေတတ်ပါတယ် တချို့မိန်းခလေးတွေဟာ ရင်ထဲမှာဘယ်လောက်ပဲဆန္ဒတွေရှိနေပါစေ သူတို့ဟာမျိုသိပ်ထားတတ်ကြတယ် တခါတလေသင်နဲ့ပတ်သက်တဲ့မိန်းကလေးတယောက် တိတ်ဆိတ်နေတယ်ဆိုတာ သင့်ကိုစကားမပြောချင်လို့မဟုတ်ဘူး သင့်ဘက်ကစကားစပြောတာကို သူတို့ဟာရူးသွပ်စွာစောင့်ဆိုင်းနေကြတာလေ............

အချစ်ရင်ဖွင့်သံ

Posted by : လက်တွဲဖော် 0 Comments

ဖြစ်ရပ်မှန် ရန်ကုန်အမြန်လမ်းဖောက်လုပ်စဉ်က ပဲခူး-ရန်ကုန်လမ်းပိုင်းမှာ ဖြစ်သွားခဲ့တာပါ။ ရွာနာမည်ကိုတော့ မဖေါ်ပြတော့သလို နာမည်တွေလည်းလွဲထားခဲ့ပါတယ်။ ကောင်လေးက ရန်ကုန်ကပါ အမြန်လမ်းပိုင်းဖောက်လုပ်ရာမှာ ကောင်မလေးနေတဲ့ ရွာနားလေးမှာ တာဝန်ကြရင်း တစ်ယေက်ကိုတစ်ယောက်ချစ်ကြိုက်ခဲ့တယ်။ မြင်မြင်ခြင်းပဲ ချစ်မိသွားတာတော့ ရှေးရေစက်လို့ ပဲ ဆိုရမှာပေါ့။ နေတိုင်းလိုလိုတွေ့ မိကြတော့ သံယောဇဉ်ကအရမ်း ခိုင်မာခဲ့ပါတယ်။ ကောင်လေးကကောင်မလေးကို အရမ်းချစ်တော့ သမီးရည်းစားအဆင့်ထက်မပိုသလို ကောင်မလေးကလည်း ဗိုင်းကောင်းကျောက်ဖိ မိန်းခလေးပီသခဲ့ပါတယ်။ မိဘတွေကအစ သိရှိပြီးဖြစ်သွားလို့ ဘ၀ဟာအရမ်းကိုလှပခဲ့ပါတယ်ဗျာ။ ဆိုးရွားတဲ့အချက်က ကောင်လေးကအကျီစားအရမ်းသန်တယ်။ သူစရင်အနည်းဆုံး ကောင်မလေးငိုမှ ရပ်တယ်။ ငိုပြီးရင်သူကိုယ်တိုင်ချော့တယ် စိတ်ဆိုးမပြေ မခြင်းချော့တယ်။ ချစ်သူဘ၀မှာ အရမ်းပျော်ရွင်စရာဆိုပေမဲ့ ……….ဘယ်လိုဆိုဆို ပျော်စရာနေ့ ရက်တွေပါပဲ။ လမ်းပိုင်းကလည်းပြီးတော့မှာ ဖြစ်သလို အချိန်တန်လို့ ဌာနေမပြန်ခင် ကောင်မလေးကို မင်္ဂလာဆောင်တော့မှာမို့ သူကတောင်းဆိုခဲ့တာပါ။ ငါတို့ တွေရှေ့ တစ်လကျော်ရင် မင်္ဂလာဆောင်တော့မယ် ငါနင်နဲ့ အတူတူ ညပိုင်းတွေတစ်ခါမှ မချိန်းခဲ့သလို သူများရည်းစားတွေလို လင်မယားအရာ မရောက်သေးဘူးနော် ။ ငါ့ကို ချစ်ရင်ဒီည (၁၂) နာရီလောက်ရွာထိပ်ကို ထွက်ခဲ့ပါလားဆိုပြီး နောက်ပြောင်ကျီစယ်မှု့ ကိုလုပ်ခဲ့တယ်။ သူ့ စိတ်ထဲကတော့ ဘာစိတ်မှမရှိသလို ဗိုင်းကောင်းကျောက်ဖိလေးမို့  မလာဘူးလို့ တွက်ထားပြီးသားပါ။ ထုံးစံအတိုင်း ကောင်မလေးကငြင်း သူကမခံနိုင်အောင်ပြော ပြောရင်းပြောရင်း ကောင်မလေးက သူ့ ရဲ့အပျိုဘ၀လေးကို မင်္ဂလာမဆောင်ခင်မှာတောင်းတော့ အရမ်းဝမ်းနည်းပြီးတော့ ငိုပြီး ထွက်ပြေးသွားခဲ့တယ်။ အဲဒါတောင် ကောင်လေးက လှမ်းအော်လိုက်တာက ငါ့ဒီညစောင့် နေမှာနော်တဲ့။ ကောင်လေးကစိတ်ထဲမှာ ဘယ်လိုမှမနေဘူး မနတ်ကျမှပဲကောင်မလေးကိုချော့မယ် ဆိုပြီးအေးအေးဆေးဆေးပြန်သွားခဲ့တယ်။ သူကတော့ရှင်းတယ်ဆိုတာ နောက်ပြောင်ကျီစားမှု့ သတ်သတ်ဆိုတော့ ဘယ်လိုမှမဖြစ်ဘူး မေ့မေ့ပျောက်ပျောက်ပဲနေခဲ့တယ်။ ကံများမကောင်းတာက ကောင်မလေးရဲ့ မိဘတွေက ပဲခူးမြို့ ကသူ့ အစ်မနေမကောင်းဘူး အသည်းအသန်ဖြစ်နေတယ်ဆိုတာနဲ့  ညနေပိုင်းထဲက မြို့ ပေါ်တက်သွားခဲ့တယ်။အိမ်ရောက်တော့ ဘယ်သူမှ မရှိဘူး။ အဲဒီအချိန်ကောင်မလေးက စဉ်းစားတယ် သူ့ ချစ်သူကချစ်လာကြတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ အခွင့်အရေးဆိုတာတစ်ခါမှ မယူခဲ့ဘူး.... အဆုံးစွန်းယူရင် ပါးကလေးပဲနမ်းခဲ့တယ်။ ပြီးတော့ယူကြတော့မှာ ဖြစ်တဲ့အတွက် သူ့ ရဲ့တောင်းဆိုမှု့ ကိုလိုက်လျှောသင့်တယ်။ ငါသူခြိမ်းတဲ့ အချိန်နေရာကို သွားမယ်ဆိုပြီး သွားခဲ့တယ်။အရမ်းချစ်တော့ အမှောင်ဆိုတာမကြောက်ဘူး... သူ့ ရင်ထဲမှာသိတာက သူ့ ချစ်သူပျော်ရွင်ဖို့ အတွက် သူလုပ်နိုင်တာလေးကိုလုပ်ပေးဖို့ ပဲ။ ရွာထိပ်မှာ (၁၁ နာရီ ၄၅ မိနစ်) ထဲကချစ်သူကိုစောင့်ခဲ့တယ် လာမယ်ပေါ့။ ချစ်သူကတော့ မလာပဲ (၁၂ နာရီ )တိတိလောက်မှာ လူယုတ်မာအမှုးသမားတွေရဲ့ လက်ချက်နဲ့  ကောင်မလေးရေတိမ်နှစ်ခဲ့ရတယ်။ ကယ်သူဝေးတဲ့ လမိုက်ညပေါ့။ နေ့ လည်လောက်ကျမှ ကောင်လေးသူ့ အိမ်ကိုရောက်သွားခဲ့တယ်။ ချော့မယ်ပေါ့..တစ်အိမ်လုံးခြောက်ကပ်ပြီး တိတ်ဆိတ်နေတဲ့ အိမ်အခြေအနေကြောင့် နေမကောင်းဘူးလားဆိုတဲ့ ပူပန်တဲ့စိတ်နဲ့ အိမ်ပေါ်ကိုအပြေးလေးတက်ကြည့်တော့ အိပ်ရာပေါ်မှာ ပတ်လက်ကလေးသေနေတဲ့ အရမ်းချစ်တဲ့ ချစ်ရသူ ရင်ဖက်ပေါ်မှာ စာလေးတစ်စောင်….. စာထဲမှာ အရမ်းချစ်တဲ့ စိတ်ကြောင့်ချိန်းတဲ့နေရာကို သူအရောက်လာခဲ့တယ်...ဆိုတဲ့အကြောင်း ....ဒါပေမယ့် မောင်မလာခဲ့ဘူး မောင်အရမ်းစိတ်ဆိုးပြီး စိတ်မကောင်းဖြစ်သွားမှာကို သူသိတဲ့အကြောင်း.....ဒါကြောင့်ချစ်တာတစ်ခုထဲနဲ့ ရောက်ခဲ့တယ့်အချိန်မှာအမူးသမား တွေပဲရောက်လာပြီး ..သူ့ ကိုဝိုင်းပြီး စော်ကားခဲ့တယ်... ဆိုတဲ့အကြောင်း...........သူတို့ က(၃)ယောက်မို့ လို့ အားမတန်လို့ မာန်လျှော့ခဲ့ရတယ် ဆိုတဲ့အကြောင်းနဲ့ သူအရမ်းတန်ဖိုးထားတဲ့ အပျိုဘ၀လေး လူယုတ်မာတွေကြောင့် ပျက်စီးခဲ့ရလို့  မသန့် စင်တဲ့ဘ၀လေးကို မောင်ကို မပေးရက်ဘူး စသည်ဖြင့်ပေါ့။ ကောင်လေးအရမ်းခံစားသွားရတယ်ထင်ပါတယ်ဗျာ။ကောင်မလေးမိဘတွေ ပြန်လာတဲ့အချိန် တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး သေနေတဲ့ ချစ်သူနှစ်ဦး ကောင်မလေး ရေးခဲ့တဲ့ စာကြောင့်အဖြစ်မှန်ကိုသိခဲ့ရပေမယ့်.... အခုချိန်ထိတော့ပြောစမှတ်ပါ။ ကိုယ့်ချစ်သူကို အမူးသမားတွေရဲ့လက်ထဲ ထည့်ခဲ့သလိုဖြစ်နေတဲ့တာ နောက်ပြောင်မှု့ ကျီးစားမှု့ တစ်ခုကြောင့်ပါ...... သူငယ်ချင်းတို့ အတွက် တစ်ခုခု....... ဆင်ခြင်စရာလေးရမယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်ဗျာ။

ဆင်ခြင်စရာလေးရမယ်ဆိုရင်

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -