Archive for 02/27/12

(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကိုသူ မချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ.. ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရဘူး။ (၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။ (၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။ သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။ (၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။ (၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် .... မေးပါရစေ.... စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား! (၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။ (၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။ (၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ဖြစ်တယ်။ တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ ခွဲမထွက်သွားချင်လို့ဖြစ်တယ်။ တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူ အလေးမထားတော့လို့ဖြစ်တယ်။ (၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ မချစ်မိနိုင်ဘူး။ (၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့... ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်တယ်။ ကိစ္စလေးတစ်ခုကို မေ့တာနဲ့ သင့်ကို သူ မချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်နဲ့။ (၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားတွေက မဟုတ်ဘူး။ (၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ဘူး။ သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။ (၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့ လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။ (၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်းရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။ (၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွား ဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။ (၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ သင့်ကို နောင်တရစေလိမ့်မယ်။ (၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင် ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။ (၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ဘူး။ (၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကိုမချစ်လေ ဖြစ်တတ်တယ်။ (၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး... စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာတွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားနဲ့။ (၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့..... သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။ (၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။ ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။ (၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။ (၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင် သေးစေပါတယ်။ (၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။ လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။ (၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူ့ရဲ့စိတ်များတယ်၊ တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့ မခန့်မှန်းနိုင်ဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို သူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။ (၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲလိုက်ပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။ (၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။ (၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။ မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။ (၃ဝ) လမ်းခွဲချိန် မငိုနဲ့ .... လုံးဝ မငိုနဲ့ လို့  ဆိုလိုတာ မဟုတ်ပါ။ သူ့ ရှေ့မှာ မငိုပါနဲ့... သူ့ ကွယ်ရာကျမှ ငိုပါ။ *** ချစ်သူတိုင်းးးး စိတ်သဘောထားချင်း တိုက်ဆိုင်ပြီး သာယာဖြောင့်ဖြူးတဲ့  ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင် ကြပါစေ *** နိုင်းနိုင်းစနေ မှ

မိန်းကလေးတွေအတွက်

Posted by : လက်တွဲဖော် 0 Comments
မယားခုနှစ်မျိုး ၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊ သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊ အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊ ခင်ပွန်းသဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊ နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊ ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊ ကျွန့်နှယ်အလား ၊ ထိုမယားမူ ၊ ယောကျာင်္းဆုပန် ၊ နိဗ္ဗာန်ဆုကောင်း ၊ တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။ ( က ) ခိုးသူနဲ့တူတဲ့မယား ၊ ( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊ ( ဂ ) သူသတ်ကောင်နဲ့တူတဲ့မယား အဲ့ဒီသုံးမျိုးမကောင်းဘူးတဲ့ သေတဲ့အခါ ငရဲသွားရမယ်တဲ့ … ( ဃ ) အမေနဲ့တူတဲ့မယား ၊ ( င ) နှမနဲ့တူတဲ့မယား ၊ ( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊ ( ဆ ) ကျွန်မနဲ့တူတဲ့မယား ၊ ဒီလေးမျိုးကောင်းတယ်သေတဲ့ အခါနတ်ပြည်ရောက်မယ်တဲ့ သူငယ်ချင်းတို့ရေ … တစ်ခါက မြတ်စွာဘုရားရှင်ဟာ အနာသပိဏ် သူဌေးအိမ် ကြွတော့ အိမ်သူအိမ်သာတွေ ဟာ အော်ကြီးဟစ်ကျယ် ပြောဆိုနေကြပါတယ် ။ ဒါနဲ့ဘုရားရှင်က သူဌေးကြီးကို ဒီလိုမေးတယ် “ ဒါယကာ .. ငါးလုနေကြတဲ့ တံငါတွေလိုသင့်ရဲ့ အိမ်သူ အိမ်သားတွေ ဘာကြောင့် အော်ကြီးဟစ်ကျယ် ပြောဆိုနေကြတာ လဲ” မေးတော့ - အနာသပိဏ်သူဌေးကြီးဟာ အရှက်ရတဲ့မျက်နှာနဲ့ - “ မြတ်စွာဘုရား တပည့်တော်ရဲ့ ချွေးမသူဇာတာ ဖြစ်ပါတယ် ။ ဒီကလေးမဟာ ယောက္ခမ လင်သား ၊ တခြားမိသားစုများကို ရှိတယ်လို့တောင် သူ့စိတ်ထဲထားပုံမပေါ်ဘူး ၊ ဘယ်သူ့ကို မှ ရိုသေလေးစား ဂရုမထား ၊ မမြတ်နိုးမပူဇော်ပါဘုရား” လို့လျှောက်ပါတယ် ။ “ ကဲသူဌေးကြီး သုဇာတာကို ခေါ်လိုက်ပါဦး” ဆိုပြီး မြတ်စွာဘုရားရှင်က သူဇာတာကို မယား ( ၇ ) မျိုး အကြောင်းဟောပြပါသတဲ့ … ( က ) ခိုးသူနဲ့ တူတဲ့မယား ၊ လင်သားရှာဖွေတဲ့ ပစ္စည်းကို တိတ်တဆိတ်ခိုးယူခြင်း ၊ လင်သားမသိအောင် ၀ယ်ခြမ်းစားသောက် ၀တ်ဆင်ပေးကမ်းခြင်း ၊ ကိုယ်ကကောင်းတာတွေ စားသောက်လို့ လင်သားကို ဖြစ်သလို ကြွေးမွေးခြင်း ။ ( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊ အပျင်းကြီးပြီး အလုပ်မလုပ်လိုတာ ၊ ရိုင်းပျ ကြမ်းတမ်းစွာ နိုင်လိုမင်းတက် ယောကျာင်္းကို ပြောဆိုဆက်ဆံတာ ၊ လင်သားရဲ့ ဆွေးမျိုးအသိုင်း အ၀ိုင်းကိုပါ မောက်မာစွာ ဆက်ဆံတာ ၊ ( ဂ ) သူသတ်ကောင်နဲ့ တူတဲ့မယား ၊ လင်သားအပေါ် ပြစ်မှားလိုစိတ်ရှိတာ ၊ ပြဿနာပေးတာ ၊ ဂျီတိုက်တာ အလေးမထားတာ ၊ တခြားယောကျာင်္းတစ်ဦးအပေါ်တပ်မက် တာ ၊ လင်သားအပေါ်ငြူစူနေတာ ။ ( ဃ ) အမေနဲ့တူတဲ့မယား ၊ လင်သားရဲ့အကျိုးစီးပွားကို အမြဲကြည့်တာ ၊ တိုးတက်အောင်အကြံပေး ကူညီစောင့် ရှောက်တာ ၊ အမိက သားကိုကြင်နာစွာ အပြောဆိုသလို လင်သားနားဝင်ချိုအောင် ပြောဆိုတတ်တာ ။ ( င ) နှမနဲ့တူတဲ့ မယား ၊ အမကြီးက ညီမများကို စောင့်ရှောက်သလို မိမိလင်သားကို ရိုသေထိန်းသိမ်း ၊ စောင့်ရှောက်တာ ၊ အရှက်အကြောက်စိတ်ထားပြီး လင်သားအလိုသိတတ်တာ၊ ( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊ လင်သားနဲ့တွေ့တဲ့အခါ အချိန်ကြာ ကွဲကွာနေတဲ့ မိတ်ဆွေနဲ့ တွေ့ရသလိုဝမ်းသာလှိုက်လှဲရှိတာ ၊ မျိုးရိုးဂုဏ်နဲ့ ကိုယ်ကျင့်တရားရှိတာ ၊ မလေးမစားမပြုတတ်တာ ။ ( ဆ ) ကျွန်မနဲ့ တူတဲ့မယား ၊ လင်သားက ပြစ်တင် ပြောဆိုသတ်ပုတ်မယ် ခြိမ်းခြောက်ပေမယ့်သည်းခံ ငြိမ်သက်နေတာ ၊ ပြန်လှန်မပြောတာ ၊ ကက်ကက်လန် ပြန်ရန်မတွေ့တာ ၊ စိတ်မဆိုး စိတ်မကောက်ဘဲ ကျင့်သုံးတာ ။ “ သုဇာတာ - ဒီ ( ၇ ) မျိုးမှာ သင် ဘယ်လိုအမျိုးအစားထဲ ပါဝင်လဲ” လို့ဘုရားရှင်ကမေးတော့ “ မှန်လှပါဘုရား ၊ တပည့်တော်ကျွန်မနဲ့တူတဲ့ ဇနီးဖြစ်အောင်နေထိုင်ပါ့မယ်လို့ ၀န်ခံခဲ့သတဲ့ ။ ဇနီးသည်ရဲ့ရိုသေလေးစားခြင်း မခံရတဲ့ အရည်အချင်းညံ့ညံ့ လင် ( ၈ ) မျိုး ၊ - လင်မွဲ လင်နာ ၊ လင်သူရာကြိုက် ၊ လင်မိုက် လင်ဖျင်း ၊ - လင်ပျင်း လင်အို ၊ အလိုမဖြည့် ၊ မပြည့်ဆန္ဒ ၊ ရှိတုံကလျှင် ၊ - မိန်းမဟူသည် ၊ ဤရှစ်မည်ကြောင့် ၊ မကြည်မသာ ၊ - အနာဒရ ၊ ပြုတတ်စွာရှင့် ။ ( မဃဒေ၀ / ၂၉၇ ) ( က ) ဆင်းရဲတဲ့လင် ၊ စီးပွားဥစ္စာရအောင် ရှာဖွေမပေးနိုင်ဘဲ မိန်းမလုပ်စာ မှီခိုစားသောက်တဲ့ လင်ကို ဇနီးသည်က မလေးစားဘူး ။ ( ခ ) အနာရောဂါ စွဲကပ်နေတဲ့လင် ၊ ကုသလို့မပျောက်နိုင် ၊ နာတာရှည် ရောဂါစွဲ ။ ရသမျှ ငွေကြေးလည်း ဆေးဖိုးဝါခနဲ့ ကုန်နေရတဲ့လင်ကို ဇနီးသည်က မလေးစားဘူး၊ ( ဂ ) အရက်သေစာ အလွန်အကျွံသောက်စားတဲ့လင် ၊ ပြဿနာတွေပေါ် ၊ စီးပွားပျက် အရှက်ရစရာဖြစ်လို့ အဲ့ဒီလင်မျိုးကိုလည်း ဇနီးသည်က မလေးစားဘူး ၊ ( ဃ ) ပေတေမိုက်မဲတဲ့လင် ၊ လူကြီးမိဘ ဆရာသမား ရိုသေလေးစားရမှန် ၊ ပူဇော်မြတ်နိုးရမှန်း မသိတဲ့ လင်မျိုး ၊ ပြောဆိုညွှန်ပြ ဆုံးမစကား နားမ၀င်တဲ့လင်မျိုး ။ ( င ) ဖျင်းတဲ့ အ , တဲ့လင် ၊ သူများခေါ်ရင်သွား ၊ ခိုင်းရင်လုပ် ၊ အ, တယ် န, တယ်တဲ့ ၊ အ, တာက အောက်တန်းကျတာ ၊ န, တာက နောက်တန်းနေရာရောက်နေတာ ။ ( စ ) ပျင်းတဲ့လင် ၊ လက်ကြောတင်းအောင်အလုပ်မလုပ်ချင်ဘဲ ဘိုးတော် မယ်တော်ကူလိမ့်နိုး သူတစ်ပါးမျှော်ကိုးပြီး ၀ီရိယ လုံ့လမရှိတဲ့လင် ။ ( ဆ ) အားအင်ယိုယွင်း အိုမင်းနေတဲ့လင် ၊ ဇနီးက ငယ်ငယ်လင်သယ်က အသက်ကြီးအရွယ်မတူကြရင်လည်း တကယ်မကြည်ဖြူလှဘူးတဲ့ သူငယ်ချင်းတို့ရ ။ ( ဇ ) ပစ္စည်းဥစ္စာ အလိုဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းမပေးတဲ့လင် ၊ အမျိုးသမီးရဲ့ဝတ်စားနေမှုနဲ့ အလိုရမ္မက်ကို မဖြည့်ဆည်းတဲ့ လင်ကိုလည်း ဇနီးကမလေးစားဘူးတဲ့ … သူငယ်ချင်းတို့ရေ ဒီလောက်ပါပဲကွာ … တွင်းသင်းမင်းကြီး ဦးထွန်းညိုရဲ့ သလ္လာတိယပျိှု့မှာလာတဲ့ ကဗျာတစ်ပိုဒ်နဲ့ အလည်လာတဲ့ သူငယ်ချင်းများကို ဆုတောင်းပေးလိုက်ပါတယ် …. သောင်းပြင်ဇ္ဗူ ၊ မိတ်စုံသူတို့ ၊ သည့်သူနိုးနိုး ၊ နည်းယူခိုးလျက် ၊ ချစ်ကြိုးမပြတ် ၊ ဆင့်ဆင့်ပတ်၍ ၊ ကြင်မြတ်လေးကြစေသတည်း ။ ဘလ္လာတိယပျို့ -

မယား ( ၇ ) မျိုး ၊ လင် ( ၈ ) မျိုး

Posted by : လက်တွဲဖော် 0 Comments
ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာရေးမလေးကပြောတယ် ။ “ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ” အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမလုံလောက်ဘူးဆိုတာ သေချာလားဟင် ” ကျွန်တော်သူ့ငွေတွေကိုရေတွက်ကြည့်ပြီးပြန်ပြောခဲ့တယ် ။ “ အင်းဟုတ်တယ် ကောင်လေး မင်းမှာ ဒီအရုပ်လေးဝယ်ဖို့ ငွေမလုံလောက်ဘူးလေ ” ကောင်လေးဟာ သူ့လက်ထဲမှာ အရုပ်ကလေးကိုဆက်ပြီးကိုင်ထားတုန်းပါပဲ ။ နောက်ဆုံး ကျွန်တော်သူ့နားသွားပြီး သူ့ကိုမေးခဲ့တယ် ။ အဲဒီအရုပ်ကလေးက ဘယ်သူ့ကိုဝယ်ပြီးပေးမလို့လဲ ဆိုတာကိုပေါ့ ။ “ ဒီအရုပ်ကလေးက ကျွန်တော့် အစ်မ သိပ်ကြိုက်ခဲ့တဲ့အရုပ်ကလေးပါ သူအရမ်းလိုချင်နေခဲ့တယ် သူ့မွေးနေ့အတွက် ကျွန်တော်ဝယ်ပြီးသူ့ကိုပေးချင်လို့ပါ ဦးဦး” “ ဒီအရုပ်ကလေးကို ၀ယ်ပြီး အမေ့ကို ပေးလိုက်မယ် အဲဒီအခါ အမေက နေ အစ်မဆီသွားတဲ့အခါ အဲဒီအရုပ်ကလေးကို ပေးနိုင်မှာပါ ” သူ့မျက်လုံးထဲမှာ အလွန် ၀မ်းနည်းနေတဲ့အရိပ်အယောင်တွေနဲ့ စကားကိုဖြည်းဖြည်းချင်းပြောတယ် ။ “ တကယ်တော့ အစ်မ က ကောင်းကင်ဘုံမှာပါ အဖေက ကျွန်တော့်ကိုပြောတယ် အမေလည်း မကြာခင်မှာ ကောင်းကင်ဘုံမှာ အစ်မ ကိုသွားပြီး တွေ့လိမ့်မယ်တဲ့ ဒါကြောင့် အစ်မဆီကို အမေနဲ့အတူ ကျွန်တော်ဒီအရုပ်ကလေးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ ” ကျွန်တော့် နှလုံးခုန်သံဟာ ရပ်တန့်သွားမတတ်ပါပဲ ။ ဒီအသက် ၅ နှစ်အရွယ်ကောင်လေးက ကျွန်တော့်ကိုစိုက်ကြည့်ပြီးဆက်ပြောတယ် ။ “ ကျွန်တော်အဖေ့ကိုပြောပါတယ် အမေ့ကို မသွားဖို့ တားပေးဖို့အတွက်ပေါ့ ကျွန်တော်အခု အရုပ်ဝယ်ပြီးပြန်သွားတဲ့အချိန်ထိ အမေ့ကို စောင့်နေစေချင်တယ်လေ ” ပြီးတော့ ကောင်လေးက သူရယ်မောနေတဲ့ပုံလေးတစ်ပုံကို ကျွန်တော့်ကို ထုတ်ပြတယ် ။ “ ကျွန်တော် ဒီပုံလေးကို အမေနဲ့ထည့်ပေးလိုက်မယ် အမကျွန်တော့်ကို မမေ့သွားအောင်ပေါ့ ဒါပေမယ့် အဖေကပြောတယ် သားမေမေဟာ သားမမ နဲ့ အမြန်ဆုံးသွားတွေ့ရတော့မယ်တဲ့ ” ကောင်လေးဟာ ရီေ၀၀မ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ လက်ထဲက အရုပ်ကလေးကို စိုက်ကြည့်ရင်းပြောနေတယ် ။ ကျွန်တော် ပိုက်ဆံအိတ်ကိုချက်ချင်း ဆွဲထုတ်ပြီးကလေးကိုပြောလိုက်တယ် ။ “ ငါတို့နောက်တစ်ခါ ပြန်စစ်ရအောင်အရုပ်အတွက် လုံလောက်တဲ့ ပိုက်ဆံ ရှိချင်ရှိနေမှာပေါ့ မဟုတ်ဘူးလားကလေးရဲ့ ” “ ကောင်းပါပြီ ” လို့ ကောင်လေးကပြောတယ် ။ “ ငွေပြည့်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါ့မယ် ” ကျွန်တော် သူမမြင်တွေ့ခင်မှာပဲ ပိုက်ဆံအိတ်ထဲကငွေအချို့ကို အမြန်ထုတ်ယူပြီးကောင်လေးငွေတွေကို စတင်ရေတွက်ခဲ့တယ် ။ အရုပ်အတွက် ငွေက လုံလောက်ယုံတင်မကပါဘူး ပိုတောင်ပိုလို့နေပါသေးတယ် ။ ကောင်လေးကပြောတယ် “ ကျွန်တော့်ကို လုံလောက်တဲ့ငွေတွေပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ” တဲ့ ။ “ ကျွန်တော်လွန်ခဲ့တဲ့ညက မအိပ်ခင် ဘုရားသခင်ကိုပြောခဲ့တယ် အမကို လက်ဆောင်ပေးလိုက်ဖို့အတွက် လုံလောက်တဲ့ ငွေလိုချင်ပါတယ်လို့ အခု သူကြားသွားသလားမသိဘူးနော် ! ” “ ကျွန်တော် အမေ့အတွက်လည်း နှင်းဆီအဖြူလေးတစ်ပွင့်လောက် ၀ယ်ပေးချင်ပါတယ် -- ဘုရားသခင်ဆီမှာ ကျွန်တော်အများကြီးမတောင်းရဲတော့ပါဘူး ဒါပေမယ့် သူက ကျွန်တော့်ကို အရုပ်တစ်ရုပ်နဲ့ နှင်းဆီအဖြူတစ်ပွင့်အတွက် လုံလောက်တဲ့ငွေကိုပေးခဲ့တယ်လေ မေမေက နှင်းဆီဖြူလေးတွေကိုချစ်တယ် ” ######################################## ကျွန်တော်ဈေးဝယ်ပြီးတဲ့အခါ ကျွန်တော့်စိတ်အခြေအနေက လုံးဝကွဲပြားခြားနားသွားပါပြီ ကျွန်တော်ကောင်လေးကို စိတ်ထဲကနေ လုံးဝမမေ့နိုင်ခဲ့ဘူး ။ အဲဒီနောက်မှာ ကျွန်တော် လွန်ခဲ့တဲ့ ၂ရက်လောက်က သတင်းစာထဲက သတင်းတစ်ပုဒ်ကိုသွားပြီးသတိရမိလိုက်တယ် ။ အရက်မူးသမားတစ်ဦးမောင်းလာတဲ့ကားတစ်စီးက အမျိုးသမီးတစ်ဦးနဲ့ ကောင်မလေးငယ်တစ်ဦးကို တိုက်မိပြီး ကောင်မလေးကတော့ နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတဲ့သတင်းပေါ့ ။ အမျိုးသမီးကတော့ အရေးပေါ်ကုသမှုနဲ့ ဆေးရုံမှာ ရောက်နေတဲ့အကြောင်း ။ နောက်ဆုံးမတတ်နိုင်တော့တဲ့အဆုံး သူ့မိသားစုက အသက်ကို ဆွဲဆန့်ထားရတဲ့အသက်ကယ်စက်တွေကို ဖြုတ်ပစ်ဖို့ သဘောတူဆုံးဖြတ်လိုက်ကြောင်း ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးဟာ Coma လို့ခေါ်တဲ့ အချိန်ကြာကြာ သတိလစ်မေ့မျောခြင်းကနေ ပြန်လည် အသက်ရှင်သန်လာနိုင်မှု မရှိတော့တဲ့အတွက် ဖြစ်ပါတယ် ။ ဟင် ဒါဆို ဒီကောင်လေးဟာ အဲဒီမိသားစုက ကောင်လေးများဖြစ်နေမလား ? ကောင်လေးနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီးနောက် ၂ ရက်မြောက် နေ့မှာပေါ့ ။ ကျွန်တော် သတင်းစာမှာဖတ်လိုက်ရတဲ့ ။ ဆေးရုံပေါ်က အရေးပေါ်အခြေအနေရောက်နေတဲ့အမျိုးသမီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း -----။ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး ။ ကျွန်တော် နှင်းဆီ ဖြူ အစည်းတွေဝယ်ပြီး နာရေးအိမ်ကို လိုက်သွားခဲ့တယ် ။ အဲဒီနေရာမှာ ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးနဲ့ သူ့ဖခင်တို့ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်လေးတို့အတွက် မမြုပ်နှံခင် နောက်ဆုံးဆုတောင်းစကားတွေပေးဖို့ -- လူတွေကြည့်ဖို့ စောင့်နေပါတယ် ။ အမျိုးသမီးကိုထည့်ထားတဲ့ ခေါင်းတလားထဲမှာတော့ အမျိုးသမီးရင်ဘတ်ပေါ်မှာ နှင်းဆီပွင့်လေးတစ်ပွင့် နဲ့ ရယ်မောနေတဲ့ ကောင်လေးရဲ့ ဓါတ်ပုံကို တင်ထားပါတယ် ။ ဘေးနားက ကောင်မလေးရဲ့ ရင်ဘတ်ပေါ်မှာတော့ အရုပ်ကလေးတစ်ရုပ်တင်ထားပါတယ် ။ ကျွန်တော် ဆက်ပြီး ကြည့်ဖို့ ခွန်အားမရှိတော့ပါဘူး ။ မျက်ရည်တွေနဲ့ ကျွန်တော် အဲဒီနေရာကနေ ထွက်ခွာလာခဲ့တယ် ။ အဲဒီအချိန်ကစလို့ ကျွန်တော် ဘ၀ဟာ ပြောင်းလဲသွားခဲ့ပါတယ် ----။ ကောင်လေးရဲ့ သူ့အမေနဲ့သူ့အမ အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရားဟာ ပုံဖော်ပြဖို့တောင်ခက်ခဲလွန်းလှပါတယ် ။ ဒါပေမယ့် အချိန်တစ်စက္ကန့်အတွင်းမှာပဲ အမူးသမားတစ်ဦးက သူ့ကို သူ့မိဘ ၊ သူ့အမ တွေနဲ့ ခွဲခွာစေပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ။ ######################################### ကျေးဇူးပြုပြီးေ ကျး ဇူး ပြု ပြီး - - - - “ အရက်သောက်ပြီး ကားမမောင်းကြပါနဲ့ ” အခု ခင်ဗျားမှာ ရွေးချယ်စရာ ၂ ခုရှိပါတယ် ။ - ဒီစာလေးနဲ့ မက်ဆေ့လေးကို သူငယ်ချင်းတွေဆီမျှဝေပေးပါ Share လုပ်တဲ့အခါမှာလည်း အရက်သောက်ပြီးကားမကောင်းကြပါနဲ့ လို့ ပြောဖြစ်အောင်ပြောပေးကြပါ ။ - သင့် နှလုံးသားကို ဒီအဖြစ်အပျက်လေးက မထိ စေခဲ့ဘူးဆိုရင်တော့ သင်မေ့လိုက်ပါ ။ “ ယောက်ျားတစ်ယောက် မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ/သူမ ဘာတွေ ပေးဆပ်နိုင်သလဲဆိုတဲ့အပေါ်မူတည်တယ် -- သူ/သူမ ဘာတွေ လက်ခံနိုင်သလဲဆိုတဲ့အပေါ် မူတည်နေတာမဟုတ်ပါဘူး ” Read more: http://mmflashsongs.ning.com/profiles/blog/show?id=5202681%3ABlogPost%3A997136&xgs=1&xg_source=msg_share_post#ixzz1nZQnP4lv

အရမ်းကို စိတ်ထိခိုက်ရတဲ့

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -