Archive for 03/02/12
ယခုခေတ်အခါသည် ယောက်ျားလေးများရှားပါး၍ မိန်းကလေးများရင်ထု၍ လင်လုသည့်ခေတ်ဖြစ်သည့် ။
ထို့ကြောင့်ထိုမိန်းကလေးများအတွက် ဤဥပဒေကိုထုတ်ပြန်ခြင်းဖြစ်ပါသည် ။
(၁) ရည်းစားနှစ်ယောက်ထားသောမိန်းကလေးများအား အချစ်ဥပဒေပိုင်ပုဒ်မများ
အလွဲသုံးစားလုပ်မှု့ဖြင့် ထိထိရောက်ရောက်အရေးယူမည်။
(၂) ရည်းစားများများထားသောကောင်လေးများအား လိုအပ်သည့် အကူအညီကို
အချစ်ဥပဒေမှပေးမည်။
(၃)ကောင်လေးအား ချစ်လည်းမချစ် သူငယ်ချင်းဟုပြောပြီး အီစီကလီလုပ်နေသော
မိန်းကလေးများအား ထိုကောင်လေး၏ ထာဝရချစ်သူအဖြစ်သတ်မှတ်မည်။
(၄) ခင်မင်မှုသတ်မှတ်ချိန်(၃)ရက်ထက်ကျော်လွန်လျှင် ကောင်လေးခေါ်ရာသို့
မငြင်းဆန်ဘဲလိုက်ပါရမည်။
(၅) ခင်မင်မှုသတ်မှတ်ချိန်(၇)ရက်အထက် ကျော်လွန်ပါက ရည်းစားစကားပြောခွင့်ရှိသည်။
(၆) ကောင်လေးအား ကောင်မလေးက စိတ်ကောက်ခွင့်မရှိ။ကောင်လေးအား စိတ်ကောက်သည်ဟု
ပြော လျှင် ချစ်သူအဖြစ်သတ်မှတ်မည်။
(၇) ကောင်မလေးအား ကောင်းလေး လာတွေ့လျှင် ချက်ချင်းထွက်တွေ့ရမည်၊
ကောင်လေးလာတွေ့ချိန်မှစ၍ အဆောင်ပိတ်ချိန်အထိ ကောင်မလေးသည် ကောင်လေးနှင့်အတူရှိရမည်။
(၈) ကောင်မလေးသည် သက်ဆိုင်ရာကောင်လေးမှလွဲ၍ တခြားကောင်များနှင့်အတူသွားလာခွင့်မရှိ။
မှတ်ချက်။ ။ အထက်ပါအချက်များအား မလိုက်နာလျှင် ဖြစ်စေ၊ ပျက်ကွက်ခဲ့လျှင်
ဖြစ်စေပျက်ကွက်သူအား ဥပဒေအရ ဒဏ်ကြေးအဖြစ် "အနမ်း" ပေးဆောင်ရမည်။
ပုံ
အချစ်ဥပဒေအဖွဲ့ချုပ်
(Mr .ဆီဇာ)
Read more: http://mmflashsongs.ning.com/profiles/blog/show?id=5202681%3ABlogPost%3A1014510&xgs=1&xg_source=msg_share_post#ixzz1o1GzWUFP
ကောင်လေး ၊ကောင်မလေးများတွက် အချစ်ဥပဒေသစ်
၁) ကောင်မလေးတစ်ယောက်ကို ချစ်နေတယ်..ဒါပေမယ့် သူသိအောင်မပြောဘူး အဲ့ဒါဘာအချစ်လဲ
= အုံ့ပုန်းအချစ်
၂) သူ့ကိုချစ်တယ်လို့ ပြောလိုက်တဲ့အခါ သူ့ဘက်က ချစ်တဲ့အမူအရာပြန်မပြဘူး..အဲ့ဒါကိုဘယ်လိုခေါ်မလဲ
= မတုန်တက်သေးအချစ်
၃) သူ့ကိုချစ်တယ်လို့ပြောလိုက်တဲ့အခါ..သူ့ဘက်က ချစ်တဲ့အမူအရာတွေပြန်ပြနေတယ်..အဲ့ဒါကိုဘယ်လိုခေါ်မလဲ
= ရေလာမြောင်းပေး
၎) သင့်ချစ်သူမှာ သင့်အပြင် နောက်ချစ်သူတစ်ယောက် ပါရှိရင် အဲ့ဒါကိုဘယ်လိုခေါ်မလဲ
= ငါးရံနှစ်ကောင်ဖမ်း( သို့)လှေနံနှစ်ဖက်နင်းတဲ့အချစ်
၅) သင်ချစ်သူ(၂)ယောက်ကြားမှာ ဗျာများနေရတယ်ဆိုရင် ဘယ်လိုခေါ်နိုင်လဲ
= မြေဇာပင်
၆) သင့်ရဲ့ရီးစား(၂)ယောက်စလုံးက သင့်ကိုစွန့်ခွာသွားခဲ့ရင် အဲ့ဒါကိုဘယ်လိုခေါ်မလဲ
= မျောက်သစ်ကိုင်းလွတ်
၇) သင်က ချစ်သူတစ်ယောက်ကို အသဲအသန်လိုချင်နေတယ်ဆိုရင် အဲ့ဒီအခြေအနေကိုဘယ်လိုခေါ်မလဲ
= အရူးမီးဝိုင်း(သို့) သေမင်းငင် (သို့) ငမ်းငမ်းတက်တဲ့အချစ်
၈) မိန်းမ(၂)ယောက်တစ်ပြိုင်တည်း ယူထားတဲ့ယောက်ကျားကို ဘယ်လိုအမည်ပေးမလဲ
= နှစ်သီးစား
၉) အိမ်ထောင်အရမ်းပြုချင်နေတဲ့ လေးဆယ်ကျော် အပျိုကြီးတစ်ယောက်ကို ဘယ်လိုအမည်ပေးမလဲ
= ၀င်ဒါမီယာ (၀င်လာတာနဲ့မိရာကိုဆွဲခြင်း)
၁၀) အရမ်းချမ်းသာတဲ့သူဌေးတစ်ယောက်ကို ရအောင်ယူနိုင်တဲ့ ခပ်ရှုပ်ရှုပ်မိန်းမတစ်ယောက်ကို
= ပိုင်းလုံး
၁၁) အရက်သမားတစ်ယောက်ကို ယူလိုက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘွဲ့အမည်
= ယစ်မျိုးကတော်
၁၂) မိန်းမတွေကို တစ်မြို့ပြီးတစ်မြို့ယူထားတဲ့ ခပ်ပွေပွေ ယောက်ကျားတစ်ယောက်ကို ဘယ်လိုအမည်ပေးမလဲ
= တစ်ရွာတစ်ကျီဆောက်
၁၃) အိမ်ထောင်ကျပြီး ငါးနှစ်ကြာထိ သားသမီးမရသော လင်မယားကိုဘယ်ပုဒ်မနဲ့တရားစွဲနိုင်သလဲ
= နိုင်ငံတော်အတွက် လိုအပ်သောထုတ်ကုန်ကို သတ်မှတ်ချိန်အတွင်း မထုတ်လုပ်ပေးနိုင်မှု
၁၄) အိမ်ထောင်ပြုဖို့ ကြောက်နေသော အပျိုကြီးကိုဘယ်ပုဒ်မနှင့် တရားစွဲနိုင်ပါသလဲ
= အလုပ်ချိန်အတွင်းစက်ပစ္စည်းရပ်ဆိုင်းထားမှု
၁၅) အိမ်ထောင်ရှိသူ နှင့် ချစ်ကြိုက်နေသောသူတစ်ဦးအား မည်သည့်ပုဒ်မနှင့် တရားစွဲနိုင်ပါသလဲ
= တားမြစ်နယ်မြေအတွင်း အမဲလိုက်မှု
Read more: http://mmflashsongs.ning.com/profiles/blog/show?id=5202681%3ABlogPost%3A1012386&xgs=1&xg_source=msg_share_post#ixzz1nxOmT5bk
အချစ်ကိုထုဆစ်သောမေးခွန်းလေးများ
တခါက ၁၀တန်းကျောင်းသား ကောင်လေးတစ်ယောက် ရှိတယ်။ သူက မနက်ဆို
ကျောင်းသွား၊နေ့လည်ဆို ကျူရှင်တက် ညနေလောက်မှ အိမ်ပြန်ရတယ်။ ဒီလိုနဲ့ တစ်ည
သူကျူရှင်ကအပြန် လမ်းထိပ်မှာ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ကောင်မလေးက
ဘယ်သူမှန်းလဲမသိဘူး။ ဗာဒံပင်အောက်က အုတ်ခုံလေးမှာ ထိုင်နေတာ။ ညဘက်ကြီး
မိန်းကလေးတစ်ယောက်ထဲ ထိုင်နေတာ ထူးတော့ထူးဆန်းတယ်။ ဒါပေမဲ့ မသိတော့
ကောင်လေးလဲ ဂရုမစိုက်ဘဲ လမ်းထဲဆက်ဝင်လာလိုက်တယ်။
ဒါပေမဲ့ ကောင်မလေးက သူ့ကိုလှမ်းခေါ်တော့ ကြောင်သွားတယ်။ ကောင်မလေးက
သူ့အနားလာပြီး ပြောတယ်။
"နင်ငါ့ကို တစ်ခုကူညီပါလား” “ငါဗိုက်အရမ်းဆာနေလို့”
ကောင်လေးက ကောင်မလေးကိုတစ်ချက်အကဲခတ်ကြည့်တော့ ပုံစံက
သန့်သန့်နဲ့ခပ်ချောချောလေး အသက်ကလည်းရွယ် တူလောက်ဆိုတော့ ရှိန်းတိန်းတိန်း
ဖြစ်သွားတယ်။နောက်တော့မှ တဏှာမပါတဲ့ စိတ်နဲ့ ကူညီလိုက်မယ်လို့ စဉ်းစားပြီး
ပိုက်ဆံအိတ် ထဲက ၅၀၀ တန်တစ်ရွက် ကိုထုတ်ပေးလိုက်တယ်။ ကောင်မလေးက မယူဘဲနေလို့
ရှက်နေတယ်ထင်တာနဲ့ အတင်းပေးတော့ ကောင်မလေးက ပြောတယ်။
“ငါ့ကို ၀ယ်ပေးပါလား”
ကောင်လေးလဲ ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်။ နောက်မှ မထူးပါဘူးလေဆိုပြီး
ပေါင်မုန့် နဲ့ အအေး သွားဝယ်ပေးရတာပေါ့။ ကောင်မလေးက ၀မ်းသာသွား ရှာတယ်။
ပြီးတော့ တခြားလူတွေလို ဆုတွေမတောင်းပေးဘဲ ကျေးဇူးတင်တဲ့ အနေနဲ့
တစ်ချက်ပြုံးပြလိုက်တယ်။ အဲဒါနဲ့ ကောင်လေး အိမ်ပြန်လာလိုက်တယ်။
အိမ်ရောက်တော့လဲ အဲဒီအကြောင်းဘဲ တွေးနေမိပြန်ရော။
နောက်နေ့ ညကျတော့လဲ ကောင်မလေးက အဲဒီနေရာမှာဘဲ ရှိနေတယ်။ ကောင်လေးကိုမြင်တော့
လှမ်းခေါ်တယ်။ ကောင်လေးလဲ ညဘက်ကြီး မိန်းကလေးတစ်ယောက်ထဲ ၂ရက်ဆက်တိုက်
ရှိနေတော့ နည်းနည်းစိတ်ဝင်စားတာနဲ့ ကောင်မလေးဘေးမှာသွားထိုင်လိုက်တယ်။
ပြီးတော့မေးလိုက်တယ်။
“မိုးချုပ်နေပြီဘာဖြစ်လို့ တစ်ယောက်တည်း ထိုင်နေတာလဲ။ အိမ်မပြန်ဘူးလား။ဘယ်မှာနေတာလဲ”
အဲတော့ ကောင်မလေးက ဒါသူနေတဲ့အိမ် ပါဆိုပြီး အုတ်ခုံကိုပုတ်ပြတယ်။ ကောင်လေးက
ဒီကောင်မလေး ငါ့မယုံလို့လားပေါ့။ အဲဒါနဲ့ သူ့ကိုသူမိတ်ဆက်တယ်။ ဘယ်မှာနေပါတယ်။
ဘာညာပေါ့။ ကောင်မလေးက ဘာမှပြန်မပြောဘူး။
နောက်နေ့ညကျပြန်တော့ ကောင်မလေးရှိမယ်ဆိုပြီးလာတော့ ကောင်မလေးမရှိဘူး။ အဲဒါနဲ့
အိမ်ကိုပဲ တန်းပြန်လိုက်တယ်။ နောက်တစ်ရက်ကျတော့ ကောင်မလေးရှိနေတယ်။ ဒါနဲ့
မနေ့ကနင်ဘာလို့မလာတာလဲဆိုတော့ ကောင်မလေးက ငါဒီမှာပဲရှိပါတယ် တဲ့။
နင်မတွေ့တာနေမှာတဲ့။ ဒါနဲ့ ကောင်လေးလဲ ဘာမှဆက်မပြောတော့ဘူး။
ဒီလိုနဲ့ တစ်ပတ်လောက်ကြာလာတယ်။ တစ်ပတ်ကနေ တစ်လ ၊ နှစ်လ ၊ သုံးလ လောက်ရှိတော့
သူတို့ နှစ်ယောက် တော်တော်ခင်နေကြပြီ။ ကောင်လေးက ကျူရှင်အပြန်ဆိုကောင်မလေးနဲ့
စကားပြောနေကျ။ ကျူရှင်မရှိတဲ့နေ့ တွေမှာတောင် လမ်းထိပ်ထွက်ပြီး ကောင်မလေးနဲ့
စကားပြောဖြစ်တယ်။ ကောင်လေးကကြာတော့ ကောင်မလေးကို ကြိတ်ခိုက် လာပါလေရော။
ဒါပေမဲ့ ကောင်မလေးက နာမည်ကလွဲပြီး ဘာမှမေးမရတော့ အခက်ကြုံနေရတယ်။
နောက်ဆုံးကျ ကောင်လေးလဲ သည်းမခံနိုင်တော့တာနဲ့ ဖွင့်ပြောလိုက်တယ်။
ကောင်မလေးအပေါ်ထားတဲ့ သူ့ခံစားချက်တွေကိုပေါ့။ အဲတော့ ကောင်မလေးကမေးတယ်။
“နင်ငါ့အကြောင်းကိုဘယ်လောက်သိလို့လဲ”
ကောင်လေးက “နင့် အကြောင်းတွေ ငါမသိပေမဲ့ နင့် အပေါ်ထားတဲ့ ငါ့သံယောဇဉ်တွေကတော့
မပြောင်းလဲပါဘူး။” တဲ့
ကောင်မလေးက ဘာမှပြန်မပြောဘူး။ ကောင်လေးကသူ့ကို စဉ်းစားပေးပါ
ဆိုပြီးပြန်သွားတယ်။ အဲဒီနောက်ပိုင်း ကောင်လေး စာမေးပွဲရှိတာနဲ့
ကောင်မလေးဆီမရောက်ဖြစ်ဘူး။ ကောင်မလေး စဉ်းစားဖို့
အချိန်ပေးသင့်တယ်လဲထင်လို့ပေါ့။
စာမေးပွဲလဲပြီးရော ကောင်မလေးဆီ တန်းသွားတော့တာပဲ။ ကောင်မလေးကိုလဲ
စဉ်းစားပြီးပြီလားပေါ့။ သူ့ကိုအဖြေပေးဖို့ပြောတယ်။
ကောင်မလေးအပေါ်သူ့ခံစားချက်တွေကိုဒုတိယအကြိမ် ပြောတယ်။ ကောင်မလေးက
နင်ဟိုတခါကလဲဒါတွေပဲပြောတယ်။ နင် ဒါတွေပဲတတ်တလားမေးတာပေါ့။ အဲဒီတော့
ကောင်လေးက
”နင့်အပေါ်ထားတဲ့ ငါ့ခံစားချက်တွေက အရင်ကလဲဒီအတိုင်းပဲ အခုလဲအဲဒီအတိုင်းပဲ။
ဒါကြောင့် အရင်ကအကြောင်းတွေပဲထပ်ပြောတာပါ”
လို့ ပြောတယ်။ ကောင်မလေးက ကောင်လေးကိုငေးကြည့်နေတယ်။ ပြီးမှ
သက်ပြင်းရှည်ကြီးချပြီး မှ ကောင်လေးကို စကားစပြောတယ်။
“မနက်ဖြန် နင်လာဖြစ်အောင်လာခဲ့။ ငါနင့်အပေါ်ထားတဲ့ ခံစားချက်ကိုလဲပြောပြမယ်။
နင်သိပ်သိချင်တဲ့ ငါ့အကြောင်းတွေလဲ ပြောပြမယ်။”
ကောင်လေးလဲ ပျော်ပြီးပြန်သွားတယ်။နောက်နေ့ ကျတော့ ကောင်မလေး မရှိဘူး။ ဒါနဲ့
နောက်ကျတာနေမှာဆိုပြီး စောင့်နေလိုက်တယ်။ ခဏနေတော့ ကောင်မလေးကို
>> ဗာဒံပင်ပေါ်ကဆင်းလာတာတွေ့ ရတယ်။ ကောင်လေးက မကြီးမငယ်နဲ့
>> အပင်ပေါ်တက်ဆော့တယ်ဆိုပြီး နောက်တာပေါ့။ ကောင်မလေးကတော့ ဘာမှပြန်မပြောဘဲ
>> ထိုင်ခုံမှာဝင်ထိုင်တယ်။ ပြီးတော့ ကောင်လေးကို..
>>
>> “နင်သေချာနားထောင်” “ငါလဲနင့်ကို ချစ်ပါတယ်။”
>>
>> ကောင်လေးအရမ်းပျော်သွားတာပေါ့။ ဒါပေမဲ့ ကောင်မလေးက ဆက်ပြောတယ်။
>> “ဒါပေမယ့် နင်နဲ့ငါက လုံးဝ
>>
>> မဖြစ်နိုင်ပါဘူး။ငါလည်းနင့်ဘေးမှာတသက်လုံးနေချင်ပါတယ်။ဒါပေမယ့်ငါ့ရဲ့တသက်ကပြီးသွားပါပြီ။
>> “
>>
>> ကောင်လေးလဲ ဘာတွပြောနေမှန်း နားမလည်နိုင်တော့ဘူးဖြစ်နေတယ်။
>> ဒါနဲ့ဖြစ်ချင်ရာဖြစ်ဆိုပြီး ကောင်မလေးလက်ကို ကိုင်လိုက်မိတယ်။
>> အိုး..အေးစက်နေတာပဲ။
>>
>> ကောင်မလေးကထပ်ပြောတယ်။
>>
>> “နင်နဲ့ငါ ဘ၀ခြားသွားပါပြီ”
>>
>> ပြောရင်းဆိုရင်း ကောင်မလေးက လမ်းမီးတိုင်အောက်မှာ သွားရပ်ပြလိုက်တယ်။
>> ကောင်မလေးရဲ့ အရိပ်မထင်တာကို ကောင်လေးတွေ့သွားတယ်။ အရမ်းကြောက်သွားပြီး
>> ထွက်ပြေးသွားလိုက်တာ။ အိမ်ရောက်တဲ့ အထိ အကြောက်မပြေဘူး။ သူ့အဖြစ်လဲသူ
>> မယုံနိုင်ဘူး ဖြစ်နေတယ်။ တွေးမိတိုင်းလဲကြက်သီးထနေတုန်းပဲ။
>>
>> ၁ ပတ်လောက်ကြာတော့ ကောင်လေး မနေနိုင်တော့ဘူး။ကောင်မလေး
>> ကိုအရမ်းသတိရလာတယ်။အရမ်းတွေ့ချင်လာတယ်။ ဒါနဲ့နောက်နေ့ ကောင်လေး
>> ခပ်လန့်လန့်နဲ့ပဲ လမ်းထိပ်ထွက်လာတယ်။ကောင်မလေးက
>> ထုံးစံအတိုင်းပဲ။ကောင်လေးကိုလည်း တွေ့ရော ထပြီး နင်ငါ့ဆီလာတယ်ဟုတ်လား
>> ဆိုပြီးဝမ်းသာအားရနဲ့ပြောတယ်။
>> ပြီးတော့မျက်ရည်တွေနဲ့။ ကောင်လေး လဲဖြစ်ချင်ရာဖြစ်
>> ဆိုပြီးကောင်မလေးဘေးဝင်ထိုင်တယ်။
>>
>> “ငါနင့်ကို အရမ်းချစ်တယ်ဟာ နင့်ကိုငါ ဘယ်လိုမှမေ့လို့မရဘူး”
>> ဆိုပြီးအရင်ကပြောခဲ့ဘူးတဲ့ သူ့ခံစားချက်တွေကို တစ်လုံးမကျန်ပြန်ဆိုပြတယ်။
>> ကောင်မလေးက
>>
>> “ငါလည်းဒီလိုပါပဲဟာ” “နင့်ကိုငါအရမ်းချစ်တယ်သိလား ” “ပြီးတော့ နင်တော်တော်
>> ကတိတည်တဲ့ကောင်ပဲ” တဲ့။
>>
>> ကောင်လေးက ဘာကိုဆိုလိုမှန်းသိပြီး ကောင်မလေးကို ငါပြောပြီးသားပဲ
>> ဘယ်တော့မှမပြောင်းလဲပါဘူးလို့ ဆိုပြီးမရဲတရဲလှမ်းဖက်တယ်။
>> ကောင်မလေးကလဲ အလိုက်တသိ ကောင်လေးရင်ခွင်ထဲဝင်လိုက်တယ်။ ၁၅ မိနစ်လောက်ကြာတော့
>> ကောင်မလေးက တည်တည်ငြိမ်ငြိမ်အသံနဲ့ “နင်ငါ့ကိုချစ်တယ်ဆိုရင် ငါ့အတွက်ဘုရားမှာ
>> ကုသိုလ်လုပ်ပေးပါ။ ငါဒီဘဝက မြန်မြန်ကျွတ်ချင်တယ်။ “လို့ပြောတယ်။
>>
>> ကောင်လေးက ခဏစဉ်းစားပြီး “ဒါတော့ sorry ဟာ
>> ငါမလုပ်ပေးနိုင်ဘူး။ငါအဲလိုလုပ်လိုက်ရင် နင်နဲ့ငါထာဝရဝေးရမှာ ငါမခွဲနိုင်ဘူး။
ဖြစ်နိုင်ရင်ငါလဲနင်နဲ့အတူလာနေချင်တယ် တဲ့။”
နောက်နေ့ကျတော့ ကောင်လေးသူ့သူငယ်ချင်းတွေနဲ့သွားတွေ့တယ်။ပြီးတော့နှုတ်ဆက်တယ်။
>> ညနေရောက်တော့သူ့အဖေအမေတွေနဲ့ စကားထိုင်ပြောတယ်။ပြီးတော့မကြားတကြား
>> သူ့ကိုခွင့်လွှတ်ပါလို့ပြောလိုက်တယ်။ ညရောက်တော့ လမ်းထိပ်ထွက်လာတယ်။ကောင်မလေးက
>> ထိုင်နေကျနေရာမှာပဲ။ ကောင်လေးဆက်ထွက်လာတယ်။လမ်းမပေါ်ရောက်ခါနီးမှာရပ်လိုက်တယ်။
>> ကောင်မလေးလှမ်းကြည့်နေတယ်။ ကားတွေမီးပွိုင့်ကလွှတ်လိုက်လို့ ဒလဟောထွက်လာကြတယ်။
>> ကောင်လေးက ကားလမ်းပေါ်ပြေးတက်သွားတယ်။ကောင်မလေး ကတော့ စူးစူးဝါးဝါးတစ်ခု
>> ထအော်တယ်။
>> ဒါပေမယ့် ………… ။
>>
>> ကောင်မလေးငိုနေတယ်။ ထိုင်ခုံမှာထိုင်နေတုန်းပဲ။
>> လမ်းမပေါ်မှာတော့ လူတွေ ကားတွေ အော်သံတွေ လူနာတင်ယာဉ်အချက်ပေးသံတွေ
>> ဆူညံနေတာပဲ။
>> ကောင်မလေးဘေးကို အရာတစ်ခု ရွေ့လာတယ်။ကောင်မလေးမော့ကြည့်လိုက်တော့
>> ကောင်လေးဖြစ်နေတယ်။ အခုကောင်လေးလဲ ကောင်မလေး လိုပဲအရိပ်မရှိဘူး။
>> ကောင်မလေးအရမ်းပျော်သွားတယ်။ အဲဒီည တညလုံးသူတို့ သူတို့လျှောက်လည်ကြတယ်။
>>
>> နောက်တစ်နေ့ညကျတော့ ကောင်လေးနဲ့ကောင်မလေး ထိုင်နေကျနေရာမှာထိုင်ပြီး
>> ဖြတ်သွားတဲ့ ကားတွေကိုရေနေတယ်။ရုတ်တရက် မြင်းဟီသံကြားလိုက်ရတယ်။ပြီးတော့
>> မြင်းဖြူ ၃ကောင် မြင်းမည်း ၃ကောင် ဆွဲတဲ့
>> ရထားတစ်စင်းကောင်လေးတို့ရှေ့လာရပ်တယ်။
>> အဲဒီပေါ်က နတ်သားလိုလို ငရဲသားလိုလို တစ်ယောက်ဆင်းလာပြီးကောင်မလေးနားကပ်
>> ပြီးတစ်ခုခုပြောလိုက်တယ်။ကောင်မလေးရုတ်တရက် မျက်နှာဝင်းလက်သွားပြီး
>> ချက်ချင်းအိုကျသွားတယ်။ပြီးတော့ ကောင်မလေးက ခဏလောက်နော်ဆိုပြီး
>> ကောင်လေးနားလာတယ်။
>>
>> “ ငါသွားရတော့မယ်” တဲ့။
>>
>> ” ငါဘာလို့အရင်ဘဝက အကုသိုလ်များများ မလုပ်ခဲ့တာလည်းမသိဘူး။လုပ်ခဲ့ရင်နင်နဲ့
>> အကြာကြီးနေရမှာ ” ဆိုပြီး ငိုတယ်။ ကောင်လေးကိုဖက်ထားတယ်။
>> ကောင်လေးကတော့ဝမ်းနည်းလွန်းလို့ ဘာပြောရမှန်း မသိတော့အောင် ဖြစ်နေတယ်။
>> မျက်ရည်စက်လက်နဲ့ ကောင်မလေး ရထားပေါ် တက်သွားတယ်။ ကောင်လေးချက်ချင်းပဲ
>> နတ်သားလိုလို ငရဲသားလိုလို လူဆီသွားပြီး
>>
>> ” ခဏလေးဗျာ ကျွန်တော်ကောဘယ်တော့သွားရမှာလဲ “လို့ ကတိုက်ကရိုက်မေးလိုက်တယ်။
>>
>> အဲဒီလူကြီးကနာမည်ရယ် ၊ …. ဖြစ်တဲ့နေ့ကိုပြောကြည့်စမ်းဆိုပြီး
>> လက်ထဲကပေမှာငုံရှာနေတယ်။ပြီးတော့ မင်းတော်တော်မိုက်တယ်ကွာ တဲ့။
>> ပြီးတော့ ၄၉၉ ဘဝကျန်သေးတယ် တဲ့ဆိုပြီးရထားပေါ်တက်ပြီးမောင်းထွက်သွားတယ်။
>>
>> ကောင်လေး အခုကောင်မလေးနေရာမှာဝင်ထိုင်လိုက်တယ်။
>> ဒီလိုနဲ့ ၁ ပတ် ၂ ပတ် ၁ လ ၂ လ ၁ နှစ် ၂ နှစ် ကောင်လေး
>> ကောင်မလေးထိုင်နေကျနေရမှာထိုင်နေတုန်းပဲ။ ကောင်မလေးပြန်လာမယ်ဆိုတဲ့ ဒီနေရာလေးမှာပဲပေါ့ --
နေ့ စဉ်နေ့ တိုင်း---ထိုင်နေတုန်းပါပဲ---