Archive for 06/03/12


(၁) ယောက်ျားလေးတွေ ဘာဖြစ်လိုကြံ့ခိုင်ဖို့ ကြိုးစားသလဲဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက အပြင်ပန်းကြံ့ခိုင်သလောက် အတွင်းစိတ်လည်း နုနယ်တယ်။ ကြံ့ခိုင်ဖို့ သူတို့ကြိုးစားတာက သူတို့ဟာအကောင်းဆုံးဆိုတာကို ကိုယ့်ချစ်သူ ခံစားစေချင်လို့ဖြစ်တယ်။ (၂) ယောက်ျားလေးတွေ ဘာဖြစ်လို့ အလွယ်တကူ မျက်ရည်မကျတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက မျက်ရည်မကျတတ်တာ မဟုတ်ဘူး။ သူတို့မျက်ရည်ကျပြီဆိုရင် ဒီအချစ်ဇာတ်လမ်းလည်း အဆုံးသတ်ပြီဆိုတာကို သူတို့သိလို့ဖြစ်တယ်။ (၃) စိတ်ရှုပ်တဲ့အခါတိုင်း ယောက်ျားလေးတွေ ဘာကြောင့်ဆေးလိပ်သောက်တယ်ဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက ကိုယ်မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ထဲကနေ လှပတဲ့အမှတ်တရတွေကို ပြန်မြင်ယောင်စေပြီး စိတ်ကိုတည်ငြိမ်စေတယ်လို့ သူတို့နားလည်ထားလို့ဖြစ်တယ်။ (၄) ယောက်ျားလေးတွေဟာ လမ်းခွဲပြတ်စဲပြီးတဲ့နောက်မှာလည်း ဘာကြောင့် ကိုယ့်ကိုနေကောင်း၊ ကျန်းမာလား မေးတတ်တာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ သူတို့က ကိုယ်နဲ့သူငယ်ချင်းလုပ်ချင်တာတော့ မဟုတ်ဘူး။ ဒါဟာ အတိတ်က သူနဲ့ပတ်သက်တဲ့ သံယောဇဉ်ကြောင့်ဆိုတာ သူကိုယ်တိုင်ပဲသိလို့ဖြစ်တယ်။ (၅) ကိုယ်အနိုင်ကျင့်ခံရကြောင်းပြောတဲ့အခါ ယောက်ျားလေးတွေဟာ ဘာကြောင့်တဇွတ်ထိုး မိုက်မဲသွားမှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ဒီရန်ပွဲမှာ ကိုယ်ရှုံးသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ ယောက်ျားလေးတွေက ဝမ်းသာတတ်တယ်။ အကြောင်းက ကိုယ်သာ အနာတရ ရစေ.. ကိုယ့်ချစ်သူမိန်းကလေး မျက်ရည်ကျတာကို သူတို့မတွေ့မမြင်ချင်လို့ဖြစ်တယ်။ (၆) ယောက်ျားလေးတွေဟာ အသဲကွဲတာနဲ့ ဘာကြောင့် ညညအရက်သောက်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ဒီတစ်ညမှာ ကိုယ့်ကိုထုံကျင်မူးမေ့အောင် မလုပ်ရင် ဒီတစ်ညလုံးကို အလွမ်းတွေနဲ့ပဲဖြတ်ကျော်ရမယ်ဆိုတာကို သူတို့သိလို့ဖြစ်တယ်။ (၇) ယောက်ျားလေးတွေဟာ ချစ်သူအတွက်ဆို အမြဲတမ်း ဘာကြောင့် ပိုက်ဆံရက်ရောတယ်ဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်က်ျားလေးတွေဟာ ကိုယ်ကိုယ်တိုင် ချွေတာစုဆောင်းရပါစေ .. အပြင်ထွက်လည်တဲ့အခါ တခြားလူ အထင်အမြင်သေးတဲ့အကြည့်မျိုး ကိုယ့်ချစ်သူမြင်မှာ၊ ခံစားမှာ မလိုလားလို့ဖြစ်တယ်။ (၈) ယောက်ျားလေးတွေက ဘာကြောင့် မိန်းကလေးတွေရဲ့ အရင်ရည်းစားကို စိတ်ဝင်စားတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိလို့ မဟုတ်ဘူး။ ကိုယ့်ကိုအပျော်တွဲပြီး ရည်းစားဟောင်းနဲ့ သင်ပြန်ပေါင်းထုပ်မှာကို သူတို့စိုးရိမ်လို့ဖြစ်တယ်။ (၉) ယောက်ျားလေးတွေက ဘာကြောင့် ကိုယ်ရေးတဲ့နေ့စဉ်မှတ်တမ်း၊ စာစုတွေအပေါ် ဖြေရှင်းချက်တောင်းတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ သူတို့ စိတ်တိုဒေါသထွက်ချင်လို့ ဖြေရှင်းချက်တောင်းတာ မဟုတ်ဘူး။ သင့်ပါးစပ်ကနေ သူအရေးပါသလား? တခြားသူက ပိုအရေးပါသလား? ဆိုတာကိုကြားရဖို့ သူတို့မျှော်လင့်လို့ဖြစ်တယ်။ (၁ဝ) ယောက်ျားလေးတွေက ဘာကြောင့် ကိုယ့်ချစ်သူကို "နင့်ကိုချစ်တယ်"ဆိုတဲ့စကား မကြာခဏမပြောကြမှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။ ယောက်ျားလေးတွေက ဒီလိုစကားတစ်ခွန်းကို မပြောချင်လို့ မပြောတာမဟုတ်ဘူး။ ဒီလိုစကား အခွန်းတစ်သောင်းပြောလဲ မလုံလောက်ဘူးလို့ နားလည်ထားလို့ဖြစ်တယ်။ Read more: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1230058&xgs=1&xg_source=msg_share_post#ixzz1wkDP1l3j

ယာက်ျားလေးတွေအပေါ် မိန်းကလေးတွေ နားမလည်တဲ့အချက်

Posted by : လက်တွဲဖော် 0 Comments
sporty Smiley ယောက်ျား နှင့် မိန်းမ girly Smiley food-and-drink Smiley fighting Smiley girly Smiley (၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေးတယ်ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရတယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင်တတ်ကြသည်။ girly Smiley (၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့ လှည့်စားလို့ရတယ်။ girly Smiley (၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့် ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ် များတယ်လို့ ထင်ကြတယ်။ girly Smiley (၄) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာ စိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဥာဏ် ရချင်လို့ မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကို နားထောင်ပေးမယ့်လူ ရှိဖို့ပါပဲ။ sporty Smiley (၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကို စာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။ ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာ မရှိအောင် စာတွေ အများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။ girly Smiley (၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။ girly Smiley (၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲ သုံးတယ်။ food-and-drink Smiley (ချွင်းချက် - ပြန်မေးတယ့် သူတွေများလွန်းလို့ အယ်ဒါ ကိုယ့်ကို ပဲ သိမယ်ထင်၏) sporty Smiley (၈) အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ ယောက်ျားလေးတွေက အချစ်ရေးကို စိတ်ဝင်မစားကြဘူး။ girly Smiley girly Smiley (၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။ ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန်မြေပုံကို ကြည့်တတ်ကြတယ်။ မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။ ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်း ကြော်လှော်နေလို့ရတယ်။ sporty Smiley (၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂၀ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။ (ဒါတော့ သဘောပေါက်မှာပါ )

ယောက်ျား နှင့် မိန်းမ ကွာဟချက် . . . .

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -