Archive for 12/29/12


ငါ့ဖုန်းနံပါတ်ကို Black list ထဲ ထည့်ထားတာ ငါသိပါတယ်
White List ထဲမှာလဲ ငါ့နာမည် မပါမှန်း ငါသိပါတယ်
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ
တစ်နှစ်မှာ တစ်ရက်လောက်ပဲ နင်ငါ့ကို လာတွေ့ပါ
ငါကလေ ပျော်လွန်းလို့ ငိုတောင်ငိုနေမဲ့သူပါ
ချစ်တယ် (...........)ရယ်

ချစ်တယ်

Posted by : လက်တွဲဖော် 0 Comments

ဒီည မိုးတွေ အရမ်းရွာတဲ့ည….. .….ငါ အိပ်လို့်မပျော်ဘူး……… စိတ်တွေက တောင်ရောက် မြောက်ရောက် ……အထူးသဖြင့် နင့်ဆီကိုဘဲ့ ငါ့စိတ်တွေ ရောက်နေတယ်။ နင်ငါ့ကို လွမ်းမိုးသွားပြီလေ။ တကယ် နင့်ကို ချစ်မိသွားတဲ့ အချိန်ကစပြီး နင့်အရိပ်တွေကို မြင်ယောင်နေတယ် ပြီးတော့ နင့်အသံတွေ ကြားယောင်နေတယ် အခုလဲ မိုးတွေနဲ့အတူ မိုးသားထဲက နင့်အရိပ် ကို မြင်ယောင်နေတယ်။ နင် ငါ့ကို စိတ်ကူးယဉ် အရမ်းဆန်တဲ့သူလို့ ထင်လား….. မထင်ပါနဲ့ ချစ်သူ….. တစ်ချိန်တုန်းက အဲလို ချစ်ခဲ့ဖူးတဲ့သူတွေကို တွေ့တိုင်း ငါပျက်ရယ်ပြု ခဲ့တယ်….. အခုတော့ ငါ့အလှည့်ထင်ပါတယ်ဟယ်…. ငါဝဋ်များလည်လား မသိဘူး…အခု ငါ့စိတ်ထဲမှာ နင်ဘဲ့ ရှိတယ်…. အင်္ဂလိပ်လို ပြောရင်တော့ everywhere & every time ပေါ့။ အခုငါ ကြောက်နေတယ်သိလား…နင်ငါ့ကို ပြန်မချစ်မှာကို ပေါ့။
တကယ်လို့များ နင်ငါ့ကို ငြင်းလိုက်ရင်ဆိုတဲ့ အတွေးနဲ့ ငါအိပ်လို့မပျော်ဘူး……အဲဒီအတွေးက ငါ့ကို တစ္ဆေတစ်ကောင်ကို ခြောက်လန့်နေတယ်။ မောလိုက်တာ ချစ်သူရယ်…. မျှော်လင့်စောင့်စားနေရတဲ့ ကာလတစ်ခုကို ကြောက်ရွံ့တုန်လှုပ် မောပန်းစွာနဲ့ ငါ ဖြတ်သန်းနေတယ်…… ဒါကို နင် သိရဲ့လား….ချစ်သူ…….
ပြီးတော့လေ ….. ငါနင့်ကို အရမ်းလွမ်းတယ် သိလား….ချစ်တဲ့ဆိုတာ ဘာမှန်း မသိခင် လွမ်းဆွတ်ခြင်းဒဏ်ကို ငါ့နှလုံးသားမှာ စူးစူးနက်နက် ခံစားနေရတယ်…ချစ်သူ......... ချစ်သူနဲ့ကွေကွင်းရခြင်းဆိုတဲ့ ဒုက္ခကို မခံစားပါရစေနဲ့လို့ ငါ အကြိမ်ကြိမ် ဆုတောင်းနေမိတယ်……..ဆုတောင်းခြင်းကို မယုံကြည်ခဲ့တဲ့ငါ ဆုတောင်းတတ်နေပြီ သိလား………. အရာရာ အားလုံး နင့်ကြောင့်ပြောင်းလဲသွားတယ်လို့ ငါပြောပါရစေ…….နင်ဟာ ငါ့ကို ပြောင်းလဲစေနိုင်ခဲ့သူ….. ပြီးတော့ နင်ဟာ ငါ့ကို ချစ်တတ်စေခဲ့သူပါ။

မိုးတွေ အရမ်းရွာတဲ့ည

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -