Archive for 02/08/12

**လက်(Kiss on the hand) ကိုယ့်ချစ်သူက...ကိုယ့်ရဲ့လက်ကိုနမ်းတာဟာ....*ငါမင်းကိုအသဲစွဲချစ်မိနေပြီ* လို့ဆိုလိုပါသတဲ့...ကဲ...စမှတ်တော့နော်.. **ပါး(Kiss on the check) ကိုယ့်ချစ်သူက ပါးကိုနမ်းလာပြီဆိုရင်တော့...*မင်းနဲ့ထပ်တူခံစားမျှဝေပေးချင်တယ်* လို့ဆိုလိုရာရောက်ပါသတဲ့... **မေးစေ့(Kiss on the chin) ကိုယ့်ချစ်သူ...ကိုယ့်ရဲ့မေးစေ့လေးကိုနမ်းလာပြီဆိုရင်တော့...ဒါဟာ..သူ့ကိုမု့န်ဝယ်ကျွေး စေချင်တဲ့သဘောပါပဲ...ဘာလို့လဲဆိုတော့..*မင်းကသိပ်ချစ်ဖို့ကောင်းတာပဲ* လို့ဆိုလိုရာရောက်လို့လေ..။ **လည်ပင်း(Kiss on the neck) လည်ပင်းကိုနမ်းတဲ့အဓိပ္ပာယ်ကတော့...*မင်းကိုမရှိမဖြစ်လိုအပ်နေပါပြီ*တဲ့လေ... ကဲ...အကြင်နာလေးနဲ့စကားပြောကြည့်နော်..ကိုယ့်ချစ်သူကိုပေါ့..း) **နှုတ်ခမ်း(Kiss on the mouth) ဒီနေရာလေးကိုနမ်းရင်တော့...*မင်းကိုအရမ်းအရမ်းချစ်တယ်*လို့ဆိုလိုပါသတဲ့လေ... မှတ်ထားနော့..းP **နားရွက်( Kiss on the ears) သင့်ရဲ့နားရွက်ကလေးကိုအကြင်နာပေးလာပြီဆိုရင်တော့...*မင်းနဲ့အမြဲတမ်းပျော်ပျော်ရွှင်ရွှင် နေချင်ပါတယ်*တဲ့လေ...စိတ်ချမ်းသာအောင်ထားလိုက်နော်... **နဖူး(Kiss on the forehead) ဒါလေးကတော့...*မင်းက..ကိုယ့်အတွက်အထူးခြားဆုံးသူပါပဲ*လို့ဆိုလိုပါသတဲ့...ဘာလို့လဲ ဆိုတာကတော့...နှစ်ယောက်တည်းတီးတိုးလေးမေးကြည့်ကြနော်..း) ခုဆက်ပြီးပြောပြပေးမယ့်အကြောင်းအရာလေးကတော့....အနမ်းအမျိုးမျိုးအကြောင်းလေးပါ.. ရင်ခုန်စွာနဲ့..ဆက်လက်ရှုစားကြည့်ပါဦးနော်..းP **Butterfly Kiss ဒါလေးကတော့...လိပ်ပြာအနမ်းလို့လူသိများပါသတဲ့...ကိုယ့်ချစ်သူရဲ့..မျက်တောင်ပုပ်ခတ် ပုပ်ခတ်လေးဖြစ်နေချိန်မှာ...ကိုယ့်ရဲ့ဝင်သက်ထွက်သက်လေးတွေ...ရိုတ်ခတ်သွားလို့...အဲဒီအခိုက်အတန့်လေးကို လိပ်ပြာအနမ်းလို့ခေါ်ပါသတဲ့....။ **Check Kiss ချစ်သူရဲ့ပထမဆုံးအနမ်းကိုဆိုလိုတာပါတဲ့...သူငယ်ချင်းမိတ်ဆွေတွေအချင်းချင်းလည်း...ခုလိုမျိုးလေး နူးနူးညံ့ညံ့လေးနမ်းတတ်ကြပါသတဲ့ရှင်..။ **Eskimo Kiss နှာခေါင်းလေးတွေအချင်းချင်းပွတ်ပြီး..နမ်းတာမျိုးပါတဲ့...Eskimo လူမျိုးတွေနမ်းတတ်တဲ့ အနမ်းဟုတ်မဟုတ်တော့မသေချာပေမယ့်...ကြည်နူးစရာအကောင်းဆုံးအကြင်နာပေးနည်းလေးဆိုတာကိုတော့ လူတိုင်းလက်ခံထားပါသတဲ့ရှင်... **Hand Kiss ကောင်မလေးတွေကို..တစ်လေးတစ်စားဂရုစိုက်ရင်...နမ်းလေ့ရှိပါသတဲ့...အရှေ့တိုင်းမှာတော့ တွေ့ရခဲပေမယ့်...အနောက်တိုင်းယဉ်ကျေးမှုမှာ...အလွန်ခေတ်စားပါသတဲ့လေ.. **Letter Kiss ပေးစာရဲ့အောက်နားမှာ...နှုတ်ဆက်အနမ်းထည့်ပေးတာမျိုးကိုဆိုလိုပါသတဲ့...အဝေးရောက်ချစ်သူ တွေအတွက်အကြင်နာပေးနည်းလေးလို့လည်း...ဆိုလိုလေရဲ့...း) **Candy Kiss ချစ်သူနှစ်ဦး...CIty Mart တစ်ခုထဲကိုဝင်...သကြားလုံးတစ်ယောက်တစ်ထုပ်ဝယ်...နောက်ပြီး.. တစ်ယောက်ကိုတစ်ယောက်ပဟေဠိဖွက်.....မှန်ရင်...လာထား....(း-*)....းP **Slow Motion Kiss အဝေးတစ်နေရာကနေ...ပြေးလာပြီး..ပွေ့ဖက်နှုတ်ဆက်အနမ်းပေးတာကိုဆိုလိုပါသတဲ့... **Sniff Kiss အာရှမှာ...popular အဖြစ်ဆုံးအကြင်နာပေးနည်းလေးတဲ့လေ..လူအများရှေ့မှာ...နှာခေါင်း ပါး..နဖူး...နမ်းတာမျိုးကိုဆိုလိုပါသတဲ့လေ... **Virtual Kiss အင်တာနက်ချစ်သူအချင်းချင်း..e-card လေးပို့...(း-*)လေးထည့်ပေးတာမျိုးတဲ့လေ... အွန်လိုင်းချစ်သူလေးတွေသိပါတယ်နော့..းP

**အနမ်းလေးများကပြောတဲ့...ချစ်စကားလေးများ**

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -