Posted by : လက်တွဲဖော် Friday, August 26, 2016

မိန်းမကို အလိုလိုက်နိုင်တဲ့ယောင်္ကျား
ပျော်ရွှင်မှုကို ရသွားတယ်
မိန်းမကို ပိုက်ဆံပေးသုံးနိုင်တဲ့ယောင်္ကျား
ကြီးပွားချမ်းသာမှုကို ရသွားတယ်
မိန်းမကို ပျော်အောင်ထားနိုင်တဲ့ ယောင်္ကျား
စိတ်၏ချမ်းသာမှုကို ရသွားတယ်
မိန်းမကို သည်းခံနိုင်တဲ့ယောင်္ကျား
ကိုယ်၏ကျန်းမာမှုကို ရသွားတယ်
မိန်းမ စကား နားထောင်နိုင်တဲ့ယောင်္ကျား
အကြံကောင်း ဥာဏ်ကောင်းတွေရပြီး အောင်မြင်မှုကို ရသွားတယ်
မိန်းမ ဘာသာရေး ကိုင်းရှိုင်းတာ အားပေးနိုင်တဲ့ယောင်္ကျား
ကိုယ်တိုင်လည်း ကောင်းမှုကုသိုလ်တွေ ရသွားတယ်
မိန်းမကို မိဖုရားလိုထားနိုင်တဲ့ ယောင်္ကျား
ကိုယ်တိုင်လည်း ဘုရင်လို စံစား ရသွားတယ်
မိသားစုကို ချစ်မြတ်နိုးတဲ့ ယောင်္ကျား
မိသားစု ရဲ့ လေးစားခြင်းကို အပြည့်အဝ ရသွားတယ်
ယောင်္ကျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမကို ကိုယ်ထိလက်ရောက် မရိုက်ဘူး
ယောင်္ကျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမကို စိတ်ဆင်းရဲအောင် ၊စိတ်ပျက်အောင် မလုပ်ဘူး
ယောင်္ကျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမကို လူတွေအလည်မှာ မျက်နှာမငယ်စေဘူး
ယောင်္ကျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမ ကိုအချစ်မလျော့ဘူး ၊ ရိုးအီမသွားဘူး
ယောင်္ကျားကောင်းဆိုတာ မယားအပေါ်
လင့်ကျင့်ဝတ် နှင့်အညီ တာဝန်ကျေ နိုင်တာပါ။
Comment တစ်ချက် ရေးလိုက်တာနဲ့
သင့်Fri တွေအကုန်မြင်စေပါတယ်။
Credit to သူငယ်ချင်း (ကောင်းသန့်)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -