Archive for 09/29/12

ကိုယ်ချစ်သူမှာ အရင်ကချစ်သူတွေအများကြီးရှိခဲ့မယ်။ သူ့ရဲ့အတိတ်ကိုမသိသေးခင် သူနဲ့ချစ်သူဖြစ်ခဲ့ကြတယ် ဆိုပါစို့ ။

ကိုယ်သူ့ကို အရမ်းချစ်မိသွားချိန်မှာ သူ့ဆီကအမှတ်မထင် ရည်းစားဟောင်းရဲ့ ပြန်ဆက်ဖို့ကမ်းလှမ်း တဲ့စာတွေ့ခဲ့ရင် ..

ကိုယ့်ကို ကိုယ် ယုံကြည်ပါ ။ သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ အတိတ်မို့ သူကိုပဲဆုံးဖြတ်ခွင့်ပေးလိုက်ပါ ။

အကယ်၍ ကိုယ့်ဖာသာသွေးရူးသွေးတန်းဆုံးဖြတ်လိုက်ပြီး ရည်းစားဟောင်းကိုသွားရန်တွေ့ခဲ့ရင် ကိုယ့်ကို

ကိုယ် ယုံကြည်မှု မရှိကြောင်းပြရာရောက်သလို ကိုယ့်ချစ်သူက သူ့ရည်းစားဟောင်းကို

အားနာစိတ်ဝင်သွားပြီး ရည်းစားဟောင်းဘက်ပါအောင်တွန်းပို့ပေးသလိုဖြစ်သွား တတ်ပါတယ် ။

ကိုယ့်ဖာသာကြိပ်ပြီးမြိုသိပ်ခံစားနေရင် ဘယ်လောက်သနားစရာကောင်းတဲ့လူလည်း

ချစ်ခြင်းမှ ပွင့်လင်းတတ်ဖို့ လည်းလိုတယ် ။

မပွင့်လင်းပဲ မမေးမမြန်းဘဲ တိတ်တိတ်လေးသူ့ကိုစွန့်ခွာဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင် အရင်ဆုံးသင့်ကိုယ်သင် မေးပါ

“ငါဘာကိုကြောက်လို့ထွက်ပြေးရတာလည်း ငါဘာအမှားလုပ်ခဲ့လို့လည်း”

အကယ်၍ ကိုယ့်ချစ်သူဟာ ကိုယ့်ကိုပဲချစ်ဖို့ဆုံးဖြတ်ထားခဲ့သူဆိုရင် သူရဲ့အချစ်ကို မထီမဲ့မြင်ပြုရာရောက်တယ်

“ သင့်ကိုချစ်တဲ့သူကိုသင် စွန့်လွတ်ရဲပါသလား ”

ဒီလိုမထင်မှတ်တဲ့ စမ်းသပ်မှုလေးတစ်ခု ကနေသင့်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုလေးကို ပိုခိုင်မာသွားစေနိုင်သလို

ပိုပြီးအကြမ်းခံတဲ့ Relationship တစ်ခုလည်းတည်ဆောက်ပြီးသားဖြစ်သွားတယ် ။

သူ့ရဲ့အတိတ်ကို မေ့ပေးလိုက်ပါ ။ သူ့ကို သူ့အတိတ်က အဟာင်းတွေထက်ပိုချစ်ပြလိုက်ပါ ။ ။



အဲဒီလို ကိုယ်ထင်ထားသလောက် ဇာတ်သိမ်းမကောင်းခဲ့ဘူးဆိုရင်………………….


“ သူတပါးလုယူသွားနိုင်တဲ့ချစ်သူဟာ အပေါစားချစ်သူတစ်ယောက်ပဲ ”

ကိုယ်နဲ့မတန်ဘူးလို့ခပ်ညစ်ညစ်လေးတွေးပြစ်လိုက်ပါ ။သူနဲ့ပတ်သက်ခဲ့တဲ့ ကိုယ့်ရဲ့အတိတ်ကိုမေ့ပြစ်ပြီး ။

သင့်ကိုသင် ပိုပြီးချစ်သထက်ချစ်ကြည့်ပါ ။ တန်ဖိုးထားမြတ်နိုးလိုက်ပါ။

ကိုယ်ချစ်သူ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -