Archive for 01/24/13

ကောင်မလေး ။ ။ " နင်ငါ့ကို ချစ်လား ? "
ကောင်လေး ။ ။ " ချစ်တာပေါ့!! ပြောစရာတောင်မလိုဘူး "

ကောင်မလေး ။ ။ " နင် ငါဘာလုပ်လုပ် ငါ့ကိုနားလည်ပေးမှာလား ?? "
ကောင်လေး ။ ။ " နင်ကငါ့ရဲ့ အချစ်ရဆုံးသူပဲ !! နင်ဘာလုပ်လုပ် ငါ့ဘက်က အမြဲတမ်း PEACE !! "

ကောင်မလေး ။ ။ "ဒါဆို ငါ နင့်အနားမှာမရှိနိုင်တော့ပဲ ငါသေဆုံးသွားတဲ့တစ်နေ့ကျရင် နင် ဘယ်လိုနေမလဲဟင် ?? "
ကောင်လေး ။ ။ "ငါ ဘယ်လိုဖြေမယ်လို့ နင်ထင်လဲ ?? "
.
.
.
.
.
.
.
.
.
---------
---------
---------
---------
---------
" နင် အခုလိုမျိုး မေးလိုက်တဲ့ တစ်ခဏလေးအတွင်းမှာတင် ငါ .. အသက်ဆက်ရှင်ချင်စိတ်တောင် ခေတ္တပျောက်သွားတယ်ဟာ "





{ မယ်ပိုး }

နင်ငါ့ကို ချစ်လား

Posted by : လက်တွဲဖော် 0 Comments
ဖျားနာတဲ့အချိန် အဖျားဒဏ်ခံစားရတာထက်
ကိုယ့်ကို ဂရုစိုက်မဲ့လူတယောက်မှမရှိတာ
ပိုခံစားရတယ်မလား???

တခါတလေ ဖြစ်နေတဲ့အခက်အခဲပြဿနာက
ကိုယ့်ကိုနာကျင်စေတာမဟုတ်ပါဘူး
ကိုယ်နဲ့အတူမျှဝေခံစားပေးမဲ့လူမရှိတာက
ကိုယ့်ကိုပိုနာကျင်စေတာပါ ။ ။







ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
12-Jan-13,12:26AM

တခါတလေ

Posted by : လက်တွဲဖော် 0 Comments

မချစ်တော့ဘူးဆိုရင် လှည့်ကြည့်မနေပါနဲ့
ဘယ်သူ့အတွက်မှ ကောင်းကျိုးဖြစ်လာနိုင်စရာမရှိဘူး


ချစ်တာသေချာပြီဆိုရင် နောက်မဆုတ်ပါနဲ့
ဘ၀အတွက်အခက်အခဲဆိုတာ ကျော်ဖြတ်ရစမြဲပဲ


ဆုံးဖြတ်ပြီးပြီဆိုရင် တွေဝေမနေပါနဲ့
မှားမှား မှန်မှန်ခံနိုင်ရည်ရှိအောင် ကြိုးစားထားဖို့ပဲ အရေးကြီးတယ်


နောင်တဆိုတာ တွေဝေခြင်းနောက်မှာအရိပ်အဖြစ်ရှိနေနိုင်တာမမေ့သင့်ဘူးလေ....။

နောင်တဆိုတာ

Posted by : လက်တွဲဖော် 0 Comments
ချစ်သူရှိပြီဆိုတာနဲ့
တခြားလူနဲ့ "အီစီကလီ"ဖို့ကို စိတ်မကူးနဲ့တော့

ပိုင်ဆိုင်ထားတဲ့ အဖိုးတန်အချစ်အတွက်
တခြားဖြားယောင်းခြင်းတွေကို ငါတို့ခံနိုင်ရည်ရှိရတယ်
ခဏတာဝေးကွာခြင်းကို ငါတို့ခံနိုင်ရည်ရှိရတယ်
အထီးကျန်ခြင်းကို ငါတို့ခံနိုင်ရည်ရှိရတယ်
ဒီလိုမှ အချင်းချင်းကို ယုံကြည်မှုပေးနိုင်မယ်

တကယ်လို့ ချစ်သူရှိရက်နဲ့
ကိုယ့်မှာဆွဲဆောင်မှုဘယ်လောက်ရှိကြောင်း
"အီစီကလီ"လုပ်ပြီး လူတွေကို သင်သက်သေပြချင်ခဲ့ရင်
မှတ်ထားပါ... သစ္စာရှိ ရိုးသားတဲ့အချစ်တစ်ခုနဲ့ သင် လုံးဝမထိုက်တန်ဘူး

ချစ်သူရှိပြီဆိုတာနဲ့

Posted by : လက်တွဲဖော် 0 Comments
ဘဝမှာ တယောက်တည်းဖြစ်ပြီး
အထီးကျန်တာ ဝမ်းနည်းစရာပဲ

အဲဒါထက် နှစ်ယောက်ရှိပြီးအထီးကျန်တာ
ပိုဝမ်းနည်းစရာကောင်းတယ်

မိန်းမတယောက်ရဲ့အရည်အချင်းကိုရုပ်ရည်နဲ့မသတ်မှတ်ဘူး
သူဘယ်လောက်အလှပြင်နိုင်သလဲဆိုတာနဲ့မသတ်မှတ်ဘူး

မိန်းမတယောက်ရဲ့အရည်အချင်းဆိုတာ
သူ့အလှအပတရားကို သူဘယ်လောက်ထိန်းသိမ်းနိုင်သလဲဆိုတာနဲ့သတ်မှတ်တယ်
သူ့သိက္ခာ သူ့တန်ဖိုးကိုသူဘယ်လောက်ထိန်းသိမ်းနိုင်သလဲဆိုတာနဲ့သတ်မှတ်တယ်
သူ့ခြေထောက်ပေါ်သူဘယ်လောက်ရပ်တည်နိုင်သလဲဆိုတာနဲ့သတ်မှတ်တယ်

အရည်အချင်းရှိတဲ့မိန်းမတယောက်ဆိုတာ
အချိန်မတိုင်သေးခင် သူရဲ့အလှအပတရားကိုအထိခိုက်မခံဘူး
သူ့ရဲ့တန်ဖိုးကို တစ်စုံတစ်ယောက်သောသူကြောင့်အပျက်မခံဘူး
ပြီးတော့သူဟာယောက်ကျားတစ်ယောက်ရှိမှ
ဘဝကိုကောင်းကောင်းရပ်တည်နိုင်တဲ့မိန်းမမျိုးမဟုတ်ဘူး

သင်ဟာရုပ်ဆင်းအင်္ဂါ သိပ်အချောစားကြီးမဟုတ်တဲ့မိန်းမတယောက်ဖြစ်ခဲ့ရင်
အားငယ်စရာမလိုဘူး
ဘာလို့လဲဆိုတော့ အရည်အချင်းရှိတဲ့မိန်းမတယောက်ဖြစ်နိုင်ဖို့
သင့်မှာတခြားကြိုးစားစရာအခွင့်အလမ်းတွေအများကြီးရှိနေလို့လေ~~~


ကောင်မလေးရဲ့ကောင်ကလေး

အားငယ်စရာမလိုဘူး

Posted by : လက်တွဲဖော် 0 Comments

နေတတ်သလိုနေနေတဲ့ငါ့ကို
နင်မရှိရင်မနေနိုင်အောင်ပြုစားတယ်
အချစ်ဆိုတာအလကားလို့သိထားတဲ့ငါ့ကို
အချစ်မရှိရင်မနေတတ်အောင်ပြုစားတယ်
အလွမ်းကိုဟာသတခုလိုပျက်ရယ်ပြုခဲ့တဲ့ငါ့ကို
မျက်ရည်ကိုအဖေါ်ပြုပြီးလွမ်းတတ်အောင်ပြုစားတယ်
ငါဟာနင်ရဲ့နတ်သမီးတပါးမဟုတ်ခဲ့ပေမဲ့
နင်ဟာငါ့ရဲ့အချစ်နတ်ဆိုးတပါးဖြစ်ခဲ့ပေါ့
နင်မှတပါးအခြားမရှိအောင်သစ္စာရေတိုက်
ကျိန်စာသင့်နေခဲ့တဲ့ငါ့နှလုံးသားကို
ငါကိုယ်တိုင်တောင်မကယ်နိုင်တော့ဘူး.....:'(

ငါကိုယ်တိုင်တောင်မကယ်နိုင်တော့ဘူး

Posted by : လက်တွဲဖော် 0 Comments
လူစား “

တစ်ခါကွဲခဲ့တဲ့အသည်း
နင်လူစားလဲပေးခဲ့တယ်နော်---။

အစားထိုးချစ်သူလို့
စကားနာမထိုးပါနဲ့ဟာ---။

အစားထိုးချစ်သူမို့လည်း
နင့်ကိုငါအရိပ်တကြည့်ကြည့်ချစ်နေရတာ---။

နင်ဟာငါ့ရဲ့နောက်ဆုံးထွက်သက်
နင်ကငါ့ရဲ့နောက်ဆုံးကျည်ဆန်
နင်ကငါ့ဘ၀ပါဟာ----။

ဒါကြောင့်---
အစားထိုးချစ်သူလို့
ထပ်မပြောနဲ့တော့နော်-----။။။

လူစား “

Posted by : လက်တွဲဖော် 0 Comments

ငါ ယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  ငါ့ကို စိတ်ဆိုးစိတ်ကောက်ခွင့်ပြုပါ

နင်ချော့ လာတဲ့  စကားလုံးလေးတွေကို ငါမျှော်လင့်မိလို့ ပါ..................

ငါယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  ငါနေမကောင်းဘူးညာပြောတဲ့ အခါ
နွေးနွေးထွေးထွေးလေးဆက်ဆံပေးပါ...
နင်ပေးလာမဲ့ ကြင်နာမှု့ လေးတွေ ငါ အလိုရှိလို့ ပါ..................


ငါယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  ဖုန်းပိတ်ခွင့်ပြုပါ
နင်ပို့ ပေးလာတဲ့  ဖုန်းကိုင်နော်ဆိုတဲ့  မက်ဆေခ်ျကလေးကို
နှစ်လိုတပ်မက်စွာနဲ့  ငါ ဖတ်ချင်မိလို့ ပါ..............


ငါယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  မင်းကို စိတ်ကုန်တယ်လို့  အော်ဟစ်ခွင့်ပြုပါ
နင်ပြောလာတဲ့  တကယ်မချစ်လို့ လားဟင်ဆိုတဲ့  စကားလုံးအောက်မှာ
ငါ နှလုံးသားတွေ အရည်ပျော်ကျချင်လို့ ပါ..............

ငါယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  ဘီယာသောက်ချင်စိတ်ကို ခွင့်ပြုပါ
နင်တားမြစ်လာတဲ့  ချစ်ရင်မလုပ်နဲ့ နော် ဆိုတဲ့  တာမြစ်သံကလေးကို
ယစ်မူးချင်လို့ ပါ

ငါယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  ငါ ကို မူခွင့်ပြုပါ
နင်ပြောလာမဲ့  ချစ်တယ်နော် စိတ်မဆိုးနဲ့ နော်ဆိုတဲ့  စကားလုံးလေးတွေကို
သိပ်ချစ်နေမိလို့ ပါ........

ငါ ..........
သာမာန်ယောက်ျားလေးတစ်ယောက်ပါချစ်သူ
ဒါပေမဲ့ 
တခါတလေတော့  နင့်ဆီက ချစ်သူတစ်ယောက်နဲ့ တူတဲ့  ကြင်နူးခြင်း၊သာယာခြင်း၊ပျော်ရွှင်ခြင်းတွေကို ရယူချင်နေမိယုံသက်သက်ပါ............


(ပုံရိပ်စစ်)
credit-ori photo

ယောက်ျားလေးတစ်ယောက်ပါချစ်သူ

Posted by : လက်တွဲဖော် 0 Comments
သူမကတခြားလူအတွက်တော့
ဘာမှမထူးခြားတဲ့မိန်းမတယောက်ပါပဲ
ဒါပေမဲ့သူမကိုချစ်တဲ့
ယောက်ကျားတယောက်အတွက်တော့ ထူးခြားတဲ့မိန်းမတယောက်ဖြစ်တယ်

သူကလည်းတခြားမိန်းခလေးတွေအတွက်
ဘာဆွဲဆောင်မှုမှမရှိတဲ့ ယောက်ကျားတယောက်ပဲ
ဒါပေမဲ့သူ့ကိုချစ်တဲ့ မိန်းမတယောက်အတွက်တော့
ဆွဲဆောင်မှုအကောင်းဆုံး ယောက်ကျားတယောက်ဖြစ်တယ်

သင်ဟာတခြားလူတွေအတွက်တော့ဘာမှမထူးခြားဘူး
သူ့အတွက်တော့ သာမာန်လူတွေထက်ထူးခြားတယ်
အဆွဲဆောင်နိုင်ဆုံးလည်းဖြစ်တယ်

ဘာလို့လဲဆိုတော့ သင်ကသူသိပ်ချစ်ရတဲ့သူဖြစ်နေလို့လေ~~~




ခင်မင်လျက်
ကောင်ကလေး
၂၃/ဇန်နဝါရီ/၂၀၁၃

သင်ကသူသိပ်ချစ်ရတဲ့သူ

Posted by : လက်တွဲဖော် 0 Comments

သူငယ်ချင်းနှစ်ယောက် စကားထာဖွက်တမ်းဆော့နေရင်း ... ကောင်လေးမေးတာ ကောင်မလေးက မသိတော့ ...

ကောင်လေး ။ ။ ဒါလေးတောင် မသိဘူး ... တော်တော်ပိန်းတာပဲ ... နင့်ခေါင်းကို ထုချင်တယ် ..

ကောင်မလေး ။ ။ ထုရဲထုကြည့်ပါလား ... နင်တင်လက်ပါတာ မဟုတ်ဘူး .. ငါလည်း လက်ပါတယ် ... ဆယ်ချက်လောက် ပြန်ထုမယ် ဘာမှတ်လဲ ...

ကောင်လေး ။ ။ ကြောက်စရာကြီးပါလား ... ဒါနဲ့ နင့်ကျောမှာ ခြင်ကိုက်နေတယ် ... ငါရိုက်ပေးမယ်နော် :P

ကောင်မလေး ။ ။ ဒီအထာတွေရိုးနေပီ ... နင်တစ်ချက်ရိုက်၇င် ငါဆယ်ချက်လောက်ပြန်ရိုက်မှာ ... ဟွန်း

ကောင်လေး ။ ။ နင့်ခေါင်းကို ထုမယ်ဆိုတော့ ဆယ်ချက်ပြန်ထုမယ် ... နင့်ကိုရိုက်မယ်ဆိုတော့ ဆယ်ချက်ပြန်ရိုက်မယ် ... ဒါဆို ...

-
-
-
-
-
-
-
-
ငါ့ဘက်က နင့်ကိုချစ်တယ် ဆိုရင်ရော ?? ^_^


နင့်ကိုချစ်တယ် ဆိုရင်ရော

Posted by : လက်တွဲဖော် 0 Comments

သူ မင်းကို တကယ်ချစ်တယ်ဆိုရင်...
မင်းအပေါ် ၃ရက်ထက် ပိုပြီး သူစိမ်းမဆန်ဘူး...
ဘာလို့လဲဆိုတော့ မင်းကို သတိရတဲ့အချိန်မှာ ၀မ်းနည်းရလို့ပါ....

သူ မင်းကို တကယ်ချစ်တယ်ဆိုရင်...
မင်းကို ကလေးလိုပဲ စိုးရိမ်စိတ်နဲ့ ပြောဆိုဆက်ဆံတတ်တယ်...
ဒါပေမဲ့ ဘယ်တော့မှ တခြားလူရှေ့မှာ မဆူပူတတ်ဘူး....

သူ မင်းကို တကယ်ချစ်တယ်ဆိုရင်...
မင်းသာ အကောင်းဆုံးလို့ သူ့စိတ်ထဲမှာ အမြဲ သတ်မှတ်ထားတတ်တယ်..
တကယ်လို့ မင်းအနေနဲ့ အကောင်းဆုံး မဖြစ်ခဲ့ရင်တောင်မှ...
မင်းကို သူတစ်ပါးနဲ့ ဘယ်တော့မှ နှိုင်းယှဉ် အပြစ်မမြင်တတ်ဘူး...

သူ မင်းကို တကယ်ချစ်တယ်ဆိုရင်...
မင်းကို သူ့ရင်ခွင်ထဲ တယုတယ ပွေ့ဖက်လေ့ရှိတယ်...
သူ့ရဲ့ နှလုံးခုန်သံကို မင်းကို ကြားစေချင်လို့ပါ...

သူ မင်းကို တကယ်ချစ်တယ်ဆိုရင်...
မင်းရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေနဲ့ သင့်မြတ်အောင် နေတတ်တယ်...
သူတို့နဲ့ အဆင်ပြေအောင် ဆက်ဆံတတ်တယ်....
သူတို့က မင်းနဲ့ ပတ်သက်နေလို့ပါ.....

သူ မင်းကို တကယ်ချစ်တယ်ဆိုရင်...
သူ့ရည်းစားဟောင်းကို ဘယ်တော့မှ ရင်းနှီးစွာ မဆက်ဆံတတ်ဘူး...
ယုတ်စွအဆုံး လမ်းခွဲပြီးနောက် သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်နေသည့်တိုင်...

သူ မင်းကို တကယ်ချစ်တယ်ဆိုရင်...
သူ့ဖုန်းထဲမှာ မင်းနဲ့ ပတ်သက်တဲ့အရာတွေကိုပဲ အများအားဖြင့် တွေ့ရတတ်တယ်...
မင်းကို သတိရတဲ့အခါ ဖုန်းကို ထုတ်ကြည့်တတ်တယ်...

သူ မင်းကို တကယ်ချစ်တယ်ဆိုရင်...
ဘယ်တော့မှ မင်းကို ထားခဲ့မှာမဟုတ်ဘူး...
အခြေအနေဘယ်လောက် ဆိုးဆိုးပေါ့....

တကယ်ချစ်တယ်ဆိုရင်

Posted by : လက်တွဲဖော် 0 Comments

သူပျော်နေတာမြင်ရင်အလိုလို
ပြုံးလျှက်သားဖြစ်နေတက်တဲ့
ငါ့နှတ်ခမ်းတွေ...

သူစိတ်ဆင်းရဲနေတာမြင်ရင်
အလိုလိုဝမ်းနည်းနေတက်တဲ့ငါ့
ရဲ့စိတ်တွေ...

သူအမြဲပျော်ရွှင်နိုင်ဖို့အတွက်ပဲ
ဂရုတစိုက်လုပ်နေတက်တဲ့ငါ့
အမှုယာလေးတွေ...

သူလိုအပ်တဲ့အချိန်တိုင်းမှာသူ့
အနားမှာနေပေးချင်နေမိတဲ့
အပြုမှုလေးတွေ...

သေချာနေပါပြီ ချစ်သူ...
ငါဟာမင်းရဲ့ "အဖြည့်ခံ"ဆိုတာ

သေချာနေပါပြီ ချစ်သူ...

Posted by : လက်တွဲဖော် 0 Comments

တစ်ယောက်အပေါ်တစ်ယောက် "ယုံကြည်မှု" တွေထားကြကြေးဆိုပြီး ကိစ္စတစ်ခုခုဆို တစ်ယောက်အပေါ်တစ်ယောက်အမြဲ သဝန်တိုတတ်တာ နင်နဲ့ငါ့ရဲ့ "အကျင့်" !!!

အနိုင်ယူလိုစိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် စိတ်တွေကောက် ရန်တွေဖြစ်နေကြပေမယ့်လည်း တစ်ရက်ပြည့်အောင်တောင် မခေါ်ဘဲမနေနိုင်ကြပြီး ငြိမ်းချမ်းရေးပြန်ယူကြတာ နင်နဲ့ငါ့ရဲ့ "အဖြစ်" !!!

အဲဒီလိုပဲ ..
ရန်တွေဖြစ်လိုက်
စိတ်တွေကောက်လိုက်
သဝန်တိုလိုက်နဲ့ ရှိနေကြပေမယ့်လည်း တစ်ယောက်အပေါ်တစ်ယောက် ပြောင်းလဲမသွားဘဲ ရှိနေခဲ့တာ နင်နဲ့ငါ့ရဲ့ ခိုင်မြဲတဲ့ " အချစ် " !!!



{ မယ်ပိုး }
< Heart Canteen >

အဲဒီလိုပဲ ..

Posted by : လက်တွဲဖော် 0 Comments
ဘယ်လိုယောက်ျားလေးမျိုးက ချစ်သူကောင်း၊ချစ်သူစစ်ဖြစ်နိုင်မလဲ................


(၁)သင့်မွေးနေ့လိုရက်မျိုးမှာ အနည်းဆုံး နံနက်စောစောထပြီး ဘုရားခန်းဝင်ပြီးသင့်အတွက် ဆုတောင်းဝတ်ပြုပေးတာမျိုးပေါ့.။ပိုသာတဲ့  အဆင်ပြေမှု့နဲ့ ဆို သင့်မွေးနေ့ အတွက် အလှူအတန်းတစ်ခုခုမျိုးလုပ်ပေးတာမျိုးပေါ့.။
ဘယ်ယောက်ျားလေးမှတော့  ကိုယ်အချိန်ထဲကပါတဲ့  အလုပ်တွေကို မချစ်ပဲနဲ့ လုပ်ပေးမှာမဟုတ်ဘူးလေ...........။

(၂)ယောင်လိုဖြစ်ဖြစ်...၊ပျော်လို့ ဖြစ်ဖြစ်....၊ချစ်လို့ ဖြစ်ဖြစ် မိန်းမရေလို့  အပြောခံရဘူးလား...။
သူတို့ စိတ်ထဲမှာ မရည်ရွယ်တဲ့  မိန်းကလေးတစ်ယောက်ကို ချစ်သူထက်ပိုတဲ့  အသုံးအနှန်းသုံးဖို့ ဆိုတာ ...တကယ်မချစ်တဲ့  သူအတွက်မဖြစ်နိုင်ဘူးလေ........။

(၃)အ၀တ်အစားနဲ့ ပတ်သတ်လို့ ဖြစ်ဖြစ်၊နေပုံထိုင်ပုံနဲ့ ဖြစ်ဖြစ်...သူတို့ လိုသလို ပုံသွင်းခံရဖူးလား....။ အနည်းဆုံးယောက်ျားတိုင်းမှာ သူတို့ ဖြစ်ချင်တဲ့  အတ္တကလေးတွေကို သူတို့ ချစ်တဲ့ သူတွေကို ပြုမှုစေချင်ကြတယ်။တကယ်မချစ်တဲ့ အပျော်တွဲတဲ့ယောက်ျားလေးအတွက်တော့  သင်ဆံပင်ကောက်ကောက်၊ဆံပင်ဆေးဆိုးဆိုး မဆိုးဆိုး သူလိုက်ဝေဖန်နေမှာမဟုတ်ဘူးလေ...........။

(၄)ဘာဟင်းစားလဲ၊ရေချိုးတာဂရုစိုက်၊နွေးနွေးထွေးထွေးနေ၊အစားမှန်အောင်စား၊အိပ်ချိန်မှန်မှန်အိပ်၊ဘုရားရှိခိုးပြီးပြီးလား လို့  အစရှိသဖြင့် ညွှန်ကြားချက်တွေများပေးဖူးသလား............။သူတို့ ကိုယ်တိုင်တောင် ဂရုစိုက်ဖို့ မေ့ နေတဲ့  အရာတွေကို သတိတရမှာနေရင်....သင့်ကိုအလေးထားတာ ပေါ်လွင်နေပါပြီ။

(၅)တချို့ သော သင့်ရဲ့ အသုံးအနှုန်းတွေ၊တချို့သော သင့်ရဲ့အနေအထိုင်တွေကို ပြင်းပြင်းထန်ထန် ကန့် ကွတ်လိမ့် မယ်။အနည်းဆုံး သင်ကို သူအပေါင်းအသင်းတွေကြားမှာ အပြစ်အနာဆာလေးကို အပြောမခံစေချင်ဘူးလေ။ပတ်ဝန်းကျင်ကြားထဲမှာ ကိုယ်ထည်ပြဖို့  ထိ မရည်ရွယ်ခဲ့ဖူးဆိုရင်...သူဘာလို့  အမုန်းခံပြီးပြောနေတော့ မလဲ...........။

(၆)သင့်ရဲ့ မေတ္တာကိုယူရင်း သင့်အိမ်ပတ်ဝန်းကျင်နဲ့ လည်းနီးစပ်အောင် တဖြည်းဖြည်း လုပ်ယူလာလိမ့် မယ်။အနည်းဆုံး အိမ်ကိုဖုန်းမှန်မှန်ဆက်ရဲ့လား ဆိုတာမျိုးပေါ့။သူတို့ ကိုယ်တိုင်လည်း သူတို့ အကြောင်းကို သင့်အိမ်မှာအကောင်းဆုံးဖြစ်ချင်ကြတယ်လေ။တဘ၀လုံးအတွက်မရည်ရွယ်ရင်....အိမ်ခေါ်မယ်လို့ ပြောတာနဲ့  တပ်ခေါက်သွားတဲ့ ယောက်ျားလေးတွေအများကြီးမဟုတ်လား............။

အများကြီးမဟုတ်တောင်ဒီအချက်တွေပြည့်စုံနေရင်.....
သင့်မှာချစ်သူကောင်းတစ်ယောက်ရနေပါပြီ။
ပိုနွေးနွေးထွေးထွေးဆက်ဆံပေးပေါ့။
ယောက်ျားလေးတွေဆိုတာ မိန်းမတွေထက်ပိုထိခိုက်ရှလွယ်တယ်မဟုတ်လား။စကားများလို့  အဆင်မပြေရင်တောင် နံရံကို လက်တီးနဲ့ ပြေးထိုးချင်နေတဲ့ အမျိုးတွေဆိုတော့ ....;)

(ပုံရိပ်စစ်)

ပြည့်စုံနေရင်.....

Posted by : လက်တွဲဖော် 0 Comments

အစက တယောက်တည်းဖြစ်သွားမှာကြောက်တယ်
ဖြစ်သွားတော့လည်း အားတင်းရင်ဆိုင်ဖို့ကြိုးစားရတယ်
အားတင်း ရင်ဆိုင်ရင်းနေတတ်လာတယ်
နေတတ်လာရင်း တယောက်တည်းဘဝကိုချစ်တတ်လာတယ်

အဲဒီလိုနဲ့ပဲ တချို့လူတွေဟာ
တယောက်တည်းကျန်ခဲ့ရမှာကို ကြောက်ရွံ့ရာကနေ
တယောက်တည်းနေရတဲ့ဘဝကိုချစ်တတ်လာပါတယ်

တကယ်တော့လည်း အချိန်တခုပါပဲ
မကျန်ခဲ့ချင်လည်း
သင်ကျန်နေခဲ့ရတဲ့အခါ နေတတ်ဖို့ပဲလိုပါတယ်




ခင်မင်လျက်
ကောင်ကလေး
၂၃/ဇန်နဝါရီ/၂၀၁၃

အချိန်တခုပါပဲ

Posted by : လက်တွဲဖော် 0 Comments

အချစ်စစ်စစ်မှာ
ဘယ်အရာမှ
လွယ်ကူဖြောင့်ဖြူးခြင်းဆိုတာ
မရှိဘူး...

နားလည်မှုနဲ့
လက်တွေခိုင်ခိုင်တွဲပြီး
အရာအားလုံးကို
ကျော်ဖြတ်နိုင်ခြင်းတွေတော့
အချစ်စစ်မှာ
ရှိတယ်...

ရှာဖွေလို့တော့မရဘူး..
တွေ့ရှိပြီးရင်လည်း
ဘယ်သူနဲ့မှ
ဘယ်တော့မှ
အစားထိုးလို့
မရနိုင်တော့ဘူး....

အဲဒါ စစ်မှန်လွန်းတဲ့
ချစ်ခြင်းတစ်ခုပဲ...

မရနိုင်တော့ဘူး....

Posted by : လက်တွဲဖော် 0 Comments

စိတ်ညစ်တဲ့အခါ နားလည်မှုရှိတဲ့လူတွေအနားနေပါ
သူတို့က သင်စိတ်ညစ်တာကိုမဖြေရှင်းပေးနိုင်ရင်တောင်
စကားလုံးတွေနဲ့နွေးထွေးစေပါလိမ့်မယ်

နားလည်မှုမရှိတဲ့လူတွေကိုတော့ လုံးဝရှောင်ပါ
သူတို့တွေက သင်စိတ်ညစ်တာကိုနားလည်မပေးတဲ့အပြင်
"ဒီလောက်လေးနဲ့ သင်စိတ်ညစ်ရလားဆိုပြီး"
သင့်ကိုအပြစ်တင်ပါလိမ့်မယ်

တချို့လူတွေကသင့်စိတ်ညစ်စရာကိုမဖြေရှင်းပေးနိုင်ဘူး
ဒါပေမဲ့နွေးထွေးစွာနှစ်သိမ့်ပေးတတ်တယ်

တချို့လူတွေကကျတော့ ဖြေလည်းမဖြေရှင်းပေးနိုင်ဘူး
နွေးထွေးစွာမနှစ်သိမ့်ပေးတဲ့အပြင်
သင့်ကိုအပြစ်တင်ကဲ့ရဲ့တတ်ပါတယ်

သင့်အနားမှာရှိတဲ့လူတယောက်ရဲ့တန်ဖိုးဟာ
ပျော်ရွှင်စရာရှိတဲ့အချိန်သိပ်မသိသာဘူး
စိတ်ညစ်စရာရှိတဲ့အချိန်ကျမှ သိသာလာပါလိမ့်မယ်

(သူတို့ဟာသင့်ကို နွေးထွေးစွာနှစ်သိမ့်ပေးနိုင်တဲ့လူတယောက်လား ၊ အပြစ်တင်ကဲ့ရဲ့ချင်နေတဲ့လူတယောက်လားဆိုတာကိုပေါ့)

နွေးထွေးစွာနှစ်သိမ့်ပေးနိုင်တဲ့လူ

Posted by : လက်တွဲဖော် 0 Comments

ဘယ်လောက်ပဲတော်နေတဲ့
ယောင်္ကျင်္ားတယောက်ဖြစ်နေပါ
စေ...သူရဲ့နောက်မှာအလိုက်
တသိနဲ့နားလည်ပေးတက်တဲ့
မိန်းမတယောက်တော့လိုအပ်
တာပါပဲ...

ထက်မြက်ပါတယ်ဆိုတဲ့မိန်းမ
တယောက်ဟာလဲ ပင်ပန်းမှု
တွေကြုံတွေ့လာတဲ့အခါ တယု
တယနဲ့မှေးစက်ဖို့ရင်ခွင်တစုံလို
အပ်တာပါပဲ...

အထီးကျန်မှုဆိုတာ တခါတလေ
ပဲကောင်းပါတယ်...

နာကျင်ပင်ပန်းနေတဲ့အခါမှာဖြစ်
စေ ဝမ်းနည်းအားငယ်နေတဲ့
အခါဖြစ်ပါစေ ကိုယ့်ချစ်သူရဲ့နွေး
ထွေးတဲ့အပြုံး ကြင်နာတက်တဲ့
လက်တစုံကိုယ်မျှော်လင့်မိတာ
တော့ အမုန်ပါပဲ...

အမုန်ပါပဲ...

Posted by : လက်တွဲဖော် 0 Comments

မိန်းကလေးတစ်ယောက်က
ယောက်ျားလေးတစ်ယောက်ကို
တကယ်ချစ်တဲ့အခါ
အဲဒီမိန်းကလေးတစ်ယောက်ထဲကပဲ
ဘယ်လောက်ချစ်တယ်ဆိုတာသိပြီး
ကျန်တဲ့သူတွေကတော့ သိပ်မသိပါဘူးတဲ့...

ယောကျာ်းလေးတစ်ယောက်က
မိန်းကလေးတစ်ယောက်ကို
တကယ်ချစ်ပြီဆို
သူ့ချစ်သူမိန်းကလေးကလွဲပြီး
တခြားသူတွေအားလုံးက သူသိပ်ချစ်ကြောင်းကို
သိကြတယ်တဲ့....

ဘယ်လိုလဲ အဲဒါဟုတ်ကြလားဟင်???? :P

ဘယ်လိုလဲ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -