Posted by : လက်တွဲဖော် Thursday, January 24, 2013


ငါ ယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  ငါ့ကို စိတ်ဆိုးစိတ်ကောက်ခွင့်ပြုပါ

နင်ချော့ လာတဲ့  စကားလုံးလေးတွေကို ငါမျှော်လင့်မိလို့ ပါ..................

ငါယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  ငါနေမကောင်းဘူးညာပြောတဲ့ အခါ
နွေးနွေးထွေးထွေးလေးဆက်ဆံပေးပါ...
နင်ပေးလာမဲ့ ကြင်နာမှု့ လေးတွေ ငါ အလိုရှိလို့ ပါ..................


ငါယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  ဖုန်းပိတ်ခွင့်ပြုပါ
နင်ပို့ ပေးလာတဲ့  ဖုန်းကိုင်နော်ဆိုတဲ့  မက်ဆေခ်ျကလေးကို
နှစ်လိုတပ်မက်စွာနဲ့  ငါ ဖတ်ချင်မိလို့ ပါ..............


ငါယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  မင်းကို စိတ်ကုန်တယ်လို့  အော်ဟစ်ခွင့်ပြုပါ
နင်ပြောလာတဲ့  တကယ်မချစ်လို့ လားဟင်ဆိုတဲ့  စကားလုံးအောက်မှာ
ငါ နှလုံးသားတွေ အရည်ပျော်ကျချင်လို့ ပါ..............

ငါယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  ဘီယာသောက်ချင်စိတ်ကို ခွင့်ပြုပါ
နင်တားမြစ်လာတဲ့  ချစ်ရင်မလုပ်နဲ့ နော် ဆိုတဲ့  တာမြစ်သံကလေးကို
ယစ်မူးချင်လို့ ပါ

ငါယောက်ျားလေးပါ
ဒါပေမဲ့ 
တခါတလေတော့  ငါ ကို မူခွင့်ပြုပါ
နင်ပြောလာမဲ့  ချစ်တယ်နော် စိတ်မဆိုးနဲ့ နော်ဆိုတဲ့  စကားလုံးလေးတွေကို
သိပ်ချစ်နေမိလို့ ပါ........

ငါ ..........
သာမာန်ယောက်ျားလေးတစ်ယောက်ပါချစ်သူ
ဒါပေမဲ့ 
တခါတလေတော့  နင့်ဆီက ချစ်သူတစ်ယောက်နဲ့ တူတဲ့  ကြင်နူးခြင်း၊သာယာခြင်း၊ပျော်ရွှင်ခြင်းတွေကို ရယူချင်နေမိယုံသက်သက်ပါ............


(ပုံရိပ်စစ်)
credit-ori photo

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -