Posted by : လက်တွဲဖော် Thursday, January 24, 2013

ချစ်သူရှိပြီဆိုတာနဲ့
တခြားလူနဲ့ "အီစီကလီ"ဖို့ကို စိတ်မကူးနဲ့တော့

ပိုင်ဆိုင်ထားတဲ့ အဖိုးတန်အချစ်အတွက်
တခြားဖြားယောင်းခြင်းတွေကို ငါတို့ခံနိုင်ရည်ရှိရတယ်
ခဏတာဝေးကွာခြင်းကို ငါတို့ခံနိုင်ရည်ရှိရတယ်
အထီးကျန်ခြင်းကို ငါတို့ခံနိုင်ရည်ရှိရတယ်
ဒီလိုမှ အချင်းချင်းကို ယုံကြည်မှုပေးနိုင်မယ်

တကယ်လို့ ချစ်သူရှိရက်နဲ့
ကိုယ့်မှာဆွဲဆောင်မှုဘယ်လောက်ရှိကြောင်း
"အီစီကလီ"လုပ်ပြီး လူတွေကို သင်သက်သေပြချင်ခဲ့ရင်
မှတ်ထားပါ... သစ္စာရှိ ရိုးသားတဲ့အချစ်တစ်ခုနဲ့ သင် လုံးဝမထိုက်တန်ဘူး

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -