Archive for 02/04/12

" တချိန်ကချစ်သူ...............သို့" တခါတလေ အချစ်ဆိုတာကြီးကို အတ္တဆန်ဆန် တွေးနေမိတယ် .... အချစ်ဆိုတာကြီး ငွေတွေ ဂုဏ်ဒြပ်တွေနဲ့ တည်ဆောက်ထားတာလား..? စဉ်းစားကြည့်မိတိုင်းလဲ နာကြည်းမိတယ် ဗျာ....အချစ်မှာ မျက်စိမရှိဖူးလို့ လူတွေတော်တော်များများပြောနေကြတာ ကျနော်ကြား နေရတယ် ... ဒါပေမယ့် ကျနော်နားလည်ခဲ့သလောက်ကတော့ "အချစ်မှာ မျက်စိမရှိပေမယ့် .... အိမ်ထောင်ရေးမှာ မျက်စီတွေ နားတွေရှိနေတယ်ဆိုတာလေ ...".. အချစ်မှာ ပေးဆပ်မှု့တွေရှိတယ်တဲ့... ကိုယ်ချစ်တဲ့သူကို ပေးဆပ်နိုင်စွမ်းရှိမှ တကယ့်အချစ် လို့ ခေါ်တယ်တဲ့... ဒါဆို သယ်ရင်းတို့ ကို တခုလောက်မေးချင်တယ် ပေးဆပ်မှု့နဲ့ ဝေးကွာခြင်း ဟာ ညီမျှ တဲ့ အချိုးကျ ခြင်းဖြစ် ပါသလား....(ပေးဆပ်ခြင်း= ဝေးကွာခြင်း)...? ပေးဆပ်လိုက်ရတဲ့ လူတစ်ယောက်အနေနဲ့ရော သူနောက်ကွယ်မှာ တကယ်ကြည် နူးပျော်ရွှင်နိုင်မယ်လို့ ထင်ပါသလား....? အချစ်ဆိုတာက အနေနီးမှု့နဲ့ မနီးမှု့ဆိုတဲ့ ခေါင်းစဉ်အောက်မှ ပြောင်းလဲတတ်တာလား.....? ကဲ ကျနော် ဘာမှ မဆုံးဖြတ်ရသေးခင် ဒီက စာဖတ်သူ သယ်ရင်းတို့ စဉ်းစားဆုံးဖြတ်ကြည့်ကြပါစို့လား...နော်...။ ကိုကို မသွားပါနဲ့လား...မေလေး ကိုကို နဲ့ မခွဲနိုင်ဖူး...၊.မေလေး... ကိုကိုကို့ အရမ်းချစ်တယ် .... ကိုကိုမရှိရင် မေလေး ဘ၀ကြိး ဘာမှ အဓိပါယ် မရှိသလို ဖြစ်သွားရလိမ့်မယ်... မသွားပါနဲ့လား ကိုကိုရယ်...ဆိုတဲ့ ကျနော်ချစ်သူ မေလေး စကားကြောင့် ကျနော်ရင်မှာ ဆို့နင့်စွာ ခံစားရတယ် .... ငါတကယ်ဘဲ ဒီခရီးကို မသွားလိုက်ရင် ကောင်းမလားဆိုပြီး အတွေးပေါင်းများ ကျနော်ဦးဏှောက်ထဲမှာ ပြတ်သားသော ဆုံးဖြတ်ချက် တခုခုကို ခိုင်ခိုင်မာမာ ချရတော့မယ်...။. အင်း...!!! မသွားလို့တော့ မရဖူး... ဒီခရီးက ငါ့ဘ၀တက်လမ်း အတွက် မီးစိမ်းပြ တဲ့ နေရာလေးဘဲ... ငါကောင်းစားရင် ငါချစ်သော သူလည်းကောင်းစားမှာဘဲ....တဒဂ်ဆို တဲ့ အချိန်လေးမှာ ကျနော် ပြတ်သားတဲ့ အဖြေတခုကို ချလိုက်ရတော့တယ် .... မေလေးရယ် .. ကိုကို..လည်း မေလေးနဲ့ ခွဲပြီး နိုင်ငံရပ်ခြားကို ဘယ်သွားချင်မလဲကွာ.... ဒါကလဲ မသွားမဖြစ် တဲ့ ပညာရေးကြောင့် ကိုကိုသွားနေရတာ .. ဒီအခွင်အရေးဆိုတာ လူတစ်ထောင် တစ်ယောက်ရတာ မဟုတ်ဖူးလေ ....သုံးနှစ်ဆိုတဲ့ အချိန်လေးက ခဏလေးပါကွာ... အဲဒီအချိန်လေးပြီးသွားရင်....သာယာကြည်နူးတဲ့ ဘ၀လေးကို ကိုယ်တို့ ပိုင်ဆိုင်ရတော့မှာလေ... နောက်ပြီး အကိုတို့က လုံးဝမတွေ့ရမှာမှ မဟုတ်တာ .. ဒီလောက်တိုးတက်နေတဲ့ ခေတ်ကြီးမှာ အင်တာနက်ကနေ လည်း နေ့တိုင်း တွေ့လို့ရတယ်လေ ....အခု မေလေး...ကလည်း ကျောင်မပြီးသေးဖူး ...ကိုကို ပြန်လာတဲ့အချိန်ဆို မေလေးလည်း ကျောင်းပြီးလို့ အလုပ်တွေ ရနေပြီမဟုတ်လား...ပြီးမှ ကိုကိုနဲ့မေလေးရဲ့ ပျော်ရွှင်တဲ့ ဘ၀လေးတည်ဆောက်ကြမယ်........ မေလေးရေ..အနာဂတ်ကိုလှမ်းမျှော်ကြည့်လိုက်ပါ.. အဲဒီ အနာဂတ်မှာ...ကိုယ့်တို့တွေ အတွက် ရွှေရောင် အိမ်မက်လေး လင်းလက်နေပြီလေ....."တစ်ဘ၀တာ ပျော်ရွှင်ဖို့ အတွက် .... တခဏ တာ ကိုယ် တို့ ဝေးရဦးမယ်လေ..." ဒါကို တော့ မေလေး..နားလည်ပေးပါနော် .... ဒီလို ဆုံးဖြတ်ရတယ်ဆိုတာကလည်း ကိုကို... ..မေလေး ကိုမချစ်လို့ မဟုတ်ဖူးနော်....ကိုကို တစ်ဦးတည်းအတွက်ဆို ကိုကို ဒီခရီးကို သွားဖြစ်မှာ မဟုတ်ဖူး....မေလေး..နဲ့ ကိုကို တို့ နှစ်ဦး လုံးအတွက် ကိုကို ဆုံးဖြတ်လိုက်ရတာ ပါ..... မေလေးနားလည်ပေးမယ် လို့ ကိုကို မျှော်လင့်ပါတယ်...... အဲဒီတုန်းက ကျနော်နဲ့ မေလေးရဲ့ ချစ်သူ သက်တမ်းက 2နှစ်လောက်ရှိပါပြီ...သူ့နာမည်က မေသော်တာ..ပါ သူက ကျနော် ထက် 3နှစ်လောက် ငယ်တယ်လေ... ကျနော်ကတော့ သူ့ကို အချစ်စနိုးနဲ့ မေလေးလို့ခေါ်တယ်... သူကတော့ သူ့ထက်အသက်3နှစ်ကြိးတဲ့ ကျနော်ကို ကိုကိုလို့ခေါ်ပါတယ်....သူနဲ့ ကျနော်က တမြီု့တည်းသားတွေဆိုပေမယ့် ချစ်သူမဖြစ်ခင်က လုံးဝမတွေ့ဖူးပါဘူး....ကျနော် ဗိုလ်လောင်း ကျောင်းဆင်း လို့ ခွင့်ပြန်တုန်းက သူငယ်ချင်းရှိတဲ့ စီးပွားရေး..တက္ကသိုလ်ထဲကို အလည်သွားရင်းနဲ့ သူ့ကိုတွေ့ခဲ့တာပါ....အဲဒီသူငယ်ချင်းရဲ့ အကူအညီ ကျနော်ရဲ့ ကြိုးစားမှု့တွေကြောင့် ကျနော်လို ရုပ်ဆိုးဆိုးကောင်လေးနဲ့ မျက်စီလည်ပြီး ချစ်သူတွေ ဖြစ်သွားခဲ့တယ်...ကြုံတုန်းလေး ကြွားရဦးမယ် ... သူက အဲဒီတုန်းက တက္ကသိုလ်ရဲ့ Queen ပေါ့ဗျာ...ကျနော်ကလည်း ရုပ်တာ ဆိုးတာ ချစ်လိုက်ရင်လည်း အဲလို လန်းလန်းလေးတွေမှ ချစ်တာလေ... ဟဟ (နှာဘူးလို့ပြောနဲ့နော်)...ကဲ ဒီလောက်ဆို သယ်ရင်းတို့ ကျနော် ချစ်သူ အကြောင်းသိလောက်ပြီပေါ့ ဆက်ပြောပြမယ်နော် .. ဒီလို ကျနော်ရဲ့ ဖေးမ နားချမှု့တွေကြောင့် ကျနော် သွားရမယ့် ခရီးကို မေလေးက ကြည်ဖြူစွာ သဘောတူလိုက်ပါတယ်......။ ကျနော်လိုက်မပို့ပါနဲ့လို့ တဖွဖွ ပြောနေတဲ့ ကြားထဲကနေ သူက သူ့သူငယ်ချင်းတွေနဲ့ အတူ တံတားဦးလေဆိပ်ကို လိုက်ပို့တယ်လေ...... လေဆိပ်လဲ ရောက်တော့ တကယ်ခွဲရတော့မယ်ဆိုတဲ့ အသိက ချစ်သူ နှစ်ဦး အတွက် အရမ်းကို ပူလောင်စေပါတယ်... သူလည်း ကျနော်ရင်ခွင်ထဲမှာ ရှိုက်ကြီး သငင် ငိုသလို ကျနော် လည်း မျက်ရည်တွေ့ စိုခဲ့တာပေါ့.....အဲဒီတုန်းက တွဲလက်တွေကို တင်းတင်းဆုတ်ပြီး တစ်ဦးမျက်နှာတဦး ကြည့်ကာ ငါတို့တွေ ဘယ်တော့မှ မဝေးဖူးဆိုပြီး...တိုးတိုးလေး အံကြိတ်ပြီး ရေရွတ်ခဲ့ကြတယ်......လေယာဉ် ထွက်ခွါဖို့ အချက် ပေးသံခေါင်းလောင်းက ကျနော်တို့နှစ်ဦးအတွက်တော့ ငှက်ဆိုး တစ်ကောင်ရဲ့ အော်မြည်သံကြားရ သလိုပါဘဲ..........ဝေးရဦးမယ်ချစ်သူရယ်.ဆိုပြီး...တိုးတိုးလေး ညီးတွားခဲ့မိတယ်.....။ ဘာသာမတူတဲ့လူတွေနဲ့ စရိုက်လက္ခာဏာ ကွဲပြားနေတဲ့ လူနေမှု့ စနစ်တွေကြားမှာ အနောက်တိုင်း မိန်းမပျိုရဲ့ အလှတွေက ကျနော်တို့လို ယဉ်ကျေးမှု့အရှက်တရားကြိးမားတဲ့ နိုင်ငံက သူတွေ အတွက်တော့ တကယ် ကို ရင် သတ်ရှူ့မောဖွယ်ကောင်းလှပါဘိ... မေလေးကို သိပ်ချစ်ခဲ့တဲ့ ကျနော်လို အချစ်မှိုင်း မိနေတဲ့ သူအတွက် တော့ အဲ ဒီအနောက်တိုင်းအလှတွေကို စိတ်ဝင်စားနေဖို့ သတိတောင်မရခဲ့ပါဖူး.....။ ဒီချိန်ဆို မေလေး ဘာတွေ လုပ်နေလဲ... ငါ့ကိုများလွမ်းပြီး ငိုနေမလား.... ကျန်းမာေ၇းမှ ကောင်းရဲ့လား သူကကျန်းမာရေး ချူချာပါဘိနဲ့ ဆိုပြီး အတွေးတွေနဲ့ စိတ်ပူနေတတ်တာ ဟာ... နေရာတွေဝေးနေတဲ့ ချစ်သူတွေ အတွက်တော့ အကျင့်တခု လိုဖြစ်နေပါပြီ ..... ဒါကို တောင် အင်တာနက် ဆိုင်ကို ခဏခဏလာပြီး တွေ့နေလို့ တော်သေးတယ်...... သူမျက်နှာလေးမြင်မှ ..စိတ်အေးရတယ်.ဗျာ.. ..သူပြန်ခါနီးရင် မှာတတ်တာ (၃)ချက်ရှိတယ် ..။.ကိုကို...ဘုရားတရားကို ညတိုင်းကန်တော့ပြီး ကျန်းမာရေးကိုလည်း ဂရိုစိုက်ပါ.. စာလည်းကြိုးစား...နောက်ပြီး ဘယ်မိန်းကလေး အကြောင်းမှ မတွေးဘဲ မေလေးကိုအချိန်တိုင်း သတိရနေနော်... တဲ့...။ အဲလို ချစ်သူရဲ့ သ၀န်တိုပီး ဂရုစိုက်မှု့လေးတွေကိုကြားရရင် ကြည်နူးပီး ပြုံးနေမိတတ်တယ်.. .အဲဒီနေ့တွေ တုန်းကဆို သိပ်ပျော်ဖို့ကောင်းလိုက်တာ ဗျာ......။ ကျနော် နိုင်ငံခြားရောက်ပြီး ခုနှစ်လ လောက်အကြာမှာ ကျနော်တို့ နှစ်ယောက်ရဲ့ အချစ်တွေ နည်းနည်းအေးစက်လာ သလိုခံစားရတယ် အထူးသဖြင့် သူ့ဘက်ကပေါ့ .........အရင်တုန်းက အရမ်းသိမ့်မွှေ့ပြိး စကားနည်းတဲ့ ကျနော့်ချစ်သူက အခုဆို ကျနော်ကို ပြဿနာတွေရှာပြီး ရန်ဖြစ်နေ တတ်ပြီ......သေးသေးဖွဲဖွဲ အဆင်မြေ့ပတဲ့ ကိစ္စလေးတွေကို ပုံကြီိးချဲ့ စိတ်ဆိုးပြီး အင်တာနက်ဆိုင်ကို 2ပတ်လောက် မလာဘဲနေတတ်လာတယ်..... ကျနော် လည်း သူငယ်ချင်းတစ်ယောက်ဆီကနေတဆင့် စုံစမ်းခိုင်းတော့ သူ့မှာ နောက်တယောက် ရှိနေပြိတဲ့ ......အဲဒီတစ်ယောက်ကလဲ တော်တော် ချမ်းသာတယ်တဲ့....မဟုတ်ပါစေနဲ့ မဖြစ်ပါစေနဲ့လို့ စိတ်ထဲမှာ အကြိမ်ကြိမ်ရေရွတ်နေမယုံမှ လွှဲ၍ ကျနော် မှာ ဘာမှ မတတ်နိုင်ခဲ့ဖူးလေ... တချိန်က ချစ်သူ...သို့ အဝေးရောက်ချစ်သူတွေအဖြစ်က တကယ်ကို ဆိုးရွားလွန်းပါတယ်.....ကျနော်လည်း သူ့ပါးစပ်က ပြောမှ ယုံမယ်လို့ ဆုံးဖြတ်ပြီး မျက်စိ ဇုံ မှိတ် ချစ်နေခဲ့မိတယ် .....အဲဒီ သတင်းကိုကြားရပြီး နောက်တပတ်လောက်အကြာမှာ ... သူကျနော်ဆီေ၇ာက်လာတယ်လေ.. ကျနော်က... ကျနော်ကြားခဲ့ရတဲ့ သတင်းကိုပြန်ပြောပြပြီး ဟုတ်.. မဟုတ်မေးကြည့်မိတော့.....သူက အလွယ်တကူ ခေါင်းညိမ့်ပြီး ဟုတ်တယ်ကိုကို လို့ ပြန်ဖြေခဲ့တယ်....ကျနော် ဘာမှ မေးဖို့ ခွန်းအားမရှိတော့အချိန်မှာ သူက ဘဲကျနော်ကိုတစ်ဦးထဲဖြေသွားပါခဲ့တယ်............. ညီမ ကိုကို့ ကို အရမ်းချစ်ခဲ့ပါတယ် ....ဒါပေမယ့် ကိုကိုရယ် ချစ်နေယုံနဲ့မပြီးဖူးလေ .... ကိုကို့မှာ ညီမကို မပူမပင်ထားနိုင်မယ့် အရည်အချင်းတွေ ရှိနေမယ်လို့ မျှော်လင့်ရပေမယ့် လက်တွေ့မှာ မဖြစ်လာနိုင်သေးဖူး....နောက်ပီး မမြင်ရသေးတဲ့ အနာဂတ်ကို ညီမကြိုတင် ရင်ခုန် မနေချင် တော့ဖူး ကိုကို....ညီမသူငယ်ချင်းတွေက လည်းပြောကြတယ်... ကိုကိုက နိုင်ငံခြားမှာ ဘာတွေဖြစ်နေမှန်း ညီမကို သိလို့လားလို့ပြောကြတယ်... အဲဒီစကားတွေ တွေးမိတိုင်း ညီမ ငိုမိတဲ့တယ် .....ညီမ မငိုချင်တော့ဖူး ကိုကိုရယ်.... အခု ညီမရဲ့ နောက်ရည်းစားကလဲ.. ညီမကို ကိုကို့လို ဘဲ သိပ်ချစ်တယ် နောက်ပြီး ညီမ ကို အရမ်းဂရုစိုက်တယ်..... သူ့မှာပြောစရာမရှိအောင်ပြည့်စုံတယ် .....အဘက်ဘက် ကပြည့်စုံနေတဲ့ လူတစ်ယောက်က ယခုလို နေ့တိုင်းချစ်ခွင့်ပန်လာတဲ့အချိန်မှာ.....ညီမ လည်းကြာလာတော့ သူ့ကို ချစ်သွားမိခဲ့တယ် .........ညီမကို စိတ်မဆိုးပါနဲ့..နော်။ အချစ်နဲ့ လက်ထပ်ခြင်းက တထပ်တည်း မကျ နိုင်ဖူးဆိုတာ အကိုနားလည်ပေးပါ........ ဒီနေ့ဟာ အကိုနဲ့ ညီမအတွက် နောက်ဆုံးနေ့လေးလို့ဘဲ မှတ်ထားလိုက်ပါတော့ .....ညီမကိုခွင့်လွှတ်ပါ...................ညီမပြန်တော့မယ်နော်...ဆိုပြီး သူအကောင့်လဲ ပိတ်ပြီး ပြန်သွားတော့တယ်...ဒီလိုနဲ့ သိပ်ချစ်ခဲ့ကြတဲ့ ကျနော်တို့ ချစ်သူ နှစ်ဦးရဲ့ အချစ်တွေက အနေနီးမှု့နဲ့ မနီးမှု့ဆိုတဲ့ ခေါင်းစဉ်တခုအောက်မှာ ပြီးဆုံးသွားခဲ့ရတယ်....အဲဒီညက က မိုးကောင်းကင်ကြိးကိုကြည့်ပြီး နင်ပြန်လာခဲ့ပါလို့ အော်နေပေမယ့် အရာမထင်ခဲ့ဖူးလေ.......... နင် လုပ်ရက်လိုက်တာနော်............။ ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ ငါ့အတွက် တော့ နင့်ကိုယ်စား အရက်နဲ့ ဘီယာက အကောင်းဆုံး ..အဖော်ပြုပေးခဲ့တယ်. ချစ်သူ......နင်မပျော်နိုင်တော့တဲ့ ငါဘ၀ထဲကို ဆွဲမခေါ်ချင်တော့ဖူး..........နင်ခိုလှုံနေတဲ့ ရင်ခွင်သစ်မှာ နင်ပျော်နေရင် ငါကျေနပ်ပါတယ် ချစ်သူ.. ဘာလို့လဲဆိုတော့. ငါက နင့်ကို အမြဲပျော်စေချင်ခဲ့ တဲ့သူတစ်ယောက်မို့ပါ....ငါစိတ်မကောင်းဖြစ်မိတာက ဟိုအရင်တချိန်တုန်းက နင့်အချစ် တွေက မျက်ကန်းတစ်ယောက်လိုဖြစ်နေပေမယ့် အခု နင့်အချစ်တွေမှာ အရောက်တောက်ပတဲ့ မျက်လုံးတစုံကို ငါတွေ့လိုက်ရလို့လေ.......ဘာဘဲဖြစ်ဖြစ်ဟာ ငါကနင့်ကိုရယူခြင်း တက်မက်ခြင်း အလျင်းကင်းမဲ့တဲ့ ပေးဆပ်ခြင်း ဆိုတဲ့ အချစ်တခုတည်းနဲ့ချစ်ခဲ့တာပါ အဲဒီပေးဆပ်ခြင်းရဲ့ နောက်ကွယ်မှာတော့ ငါရဲ့ကြေကွဲခြင်းမျက်ရည်တွေနဲ့အတူ ငါနင့်ကို မေ့နိုင်အောင်ကြိုးစားရဦးမှာပေါ့....... ဒီအတွက် ငါရဲ့အိပ်ပြန်ချိန်တွေ ဟာ လှပချိုမြန်မှု့ မရှိတော့ပေမယ့် ပြိုင်မျဉ်းတို့ရဲ့ သီအိုရီ(theory)မှာ အလင်းယိုင်ခြင်းဆိုတဲ့ ဆုံမှတ်ဆိုတာရှိခဲ့သေးရင် နင် လမ်းရွေးမှန်တဲ့သူတစ် ယောက်ဖြစ်ပါစေလို့ အဝေးတနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်.... ငဖြိုးးးးးးးးးး " တချိန်က ချစ်သူ....သို့" **မျှော်လင့်မထားတဲ့ လေးဆိုး တချက်အဝှေ့မှာ ငါ့မျက်ရည်တွေ ဝေခဲ့ရတယ် ချစ်သူ..........၊။ ***သစ်ရွက်လေးတွေပြန့်ကြဲမှု့နဲ့ အတူ ငါ့နှလုံးသားဟာလည်း နင်မရှိတဲ့ အရပ်မှာ အချိန်မတန်ဘဲ အက်ကွဲခဲ့ရတယ်...........။ ***တချိန်က ငါသိပ်မြတ်နိုးခဲ့တဲ့ နင့်နှုတ်ခမ်းတစုံက ခါးသီးစရာကောင်းတဲ့ "မေ့လိုက်ပါတော့" ဆိုတဲ့ စကားတွေကိုဘဲ အကြီမ်ကြီမ်ပြောနေခဲ့တယ်..............။ ***တကယ်ဆို နင်မမှားပါဖူး ငါ့ကိုယ်တိုင်ကိုက သိပ်ချစ်မိခဲ့တာပါ အချစ်ကို ဂုဏ်ဓနဆိုတဲ့ ပေတံ ကြီးနဲ့ တိုင်းထွာခဲ့မှတော့ ငါ့က နင့်အတွက်တော့ လွမ်းလောက်တဲ့သူ မဖြစ်တော့ဘူးလေ......... **အခုတော့ ငါက နင်မကြီုက်တဲ့ အရက်တွေကို အဖော်ပြုကာကိုးကွယ်ရင်း လမ်းခွဲခြင်းနင့် အသည်းကွဲခြင်းဆိုတဲ့ကြားမှာ ရေတိမ်နစ်နေသူလား.............?? ဒါမှမဟုတ် လမ်းပျောက်နေသူလား ............?? ***ဝေးကွာ ခြင်းဆိုတဲ့နောက်ကွယ်မှာ အနေမနီးမှု့ကို အကြောင်းဖန် နောက်တစ်ယောက်က ငါ့ထက် ဂရုဏာတွေ ပိုတွေဆိုပြီး နှစ်ဦးသားထားခဲ့ တဲ့ ကတိတွေကိုဖျက် နင်ထွက်သွားခဲ့တယ်နော်.............. ***ဘယ်လိုဘဲ ငါ့အပေါ်ရက်စက်နေပါစေ အမှတ်တရတွေ ပေးခဲ့နင့်ကို အချိန်တိုင်းမဟုတ်ခဲ့တောင် တိုက်ဆိုင်မှု့တွေ ရှိတိုင်း သတိရနေတယ် ဆိုတာ နင်ယုံမလာ............?? ***ဘာတွေပဲ ဖြစ်ခဲ့ပါစေxxx အချိန်တွေကြာလို့ တပါးသူရင်ခွင်မှာ စိတ်မကြည်မသာဖြစ်ခဲ့တဲ့ အခါ ငါ့ဓါတ်ပုံလေးကိုကြည့်ပြီး ပြုံးပြနိုင်သေးရင် ငါကျေနပ်ပါတယ် ချစ်သူ....။ mr.lazygod@gmail.com တချိန်က ငဖြိုးးးးးးး

" တချိန်ကချစ်သူ...............သို့"

Posted by : လက်တွဲဖော် 0 Comments
Japan နိုင်ငံ မှ Photographer တစ်ယောက်မှ ရူးကြောင်ကြောင် လုပ်ရပ်တစ်ခုကိုပြုလုပ်လိုက်ပါသည် ။ ထိုလုပ်ရက်ကတော့ အချစ်ကို စမ်းသပ်ခြင်းတစ်ခု ဖြစ်သည်ဟု ခေါင်းစဉ်တပ်ကာ အချစ်က ဘယ်လောက်ထိ လူအသတ်ကိုအာမခံ ပေးနိုင်မလဲတဲ့(ဘာမျှကိုမဆိုင်တာပဲနော်) နောက်အချစ်က ဘယ်လောက်ကြာကြာ လူတစ်ယောက် မှာရှိနိုင်မလဲတဲ့ (တကယ်ရူးပ) ထိုအရာကို စမ်းသပ်မလို့ ဆိုပြီးး (နာမည်ကြီးချင်တယ်ထင်ပါ့ :P ) ဒါနဲ့ Japan က Models များကို စုံတွဲပြုလုပ်ပြီး ပလက်စတစ် အိတ်ထဲဝင်ကာ ဓါတ်ပုံ ရိုက်ခဲ့ပါသတဲ့ အချိန် အနည်းငယ် ကြာအသက်ရှုပေါက်မရှိ အသက်ရှုအောင့် ထားကာပြုလုပ်ခိုင်းခဲ့ပါတယ် တကယ့်ကို ရူးတာပဲနော် မယုံနိုင်အောင်ပဲ .. အောက်ကပုံလေးတွေမှာ စုံတွဲတွေ ပုံစံအနေ အထားအမျိုးမျိုးနဲ့ သရုပ်ပြ စမ်းသပ်ဝင်ရောက်နေတဲ့ အသက်ရှုကျပ်စရာ မလုပ်သင့်တဲ့ပုံစံလေးတွေ ပဲ.. ။

ပုံ (1)


ပုံ (2)


ပုံ (3)


ပုံ (4)


ပုံ (5)







ပုံ(6)



ပုံ(7)



ပုံ(8)



ပုံ(9)



ပုံ (10)





ပုံ(11)


ပုံ(12)


ပုံ(13)


အခုတော့ မသေတာပဲ ကံကောင်းတယ် တော်တော် အတတ်စမ်းခြင် တာပဲ ဂျပန်တွေ ဦးနှောက်ကတော့ အတော်လေးပြေးတာပဲ ကောင်းပါ့...


စာဖတ်ပရိတ်သတ် အားလုံးကို ကျေးဇူးတင်လျက်.. :)


http://mcwaiyan.blogspot.com


Mc wai yan (Dannel Iglesias Phyo)

Japan မှရူးကြောင်ကြောင် အချစ်ကို စမ်းသပ်မှုတစ်ခု

Posted by : လက်တွဲဖော် 0 Comments
စဉ်းစားမိတာတစ်ခုက ယောက်ျားလေးတွေက ယောက်ျားလေးသူငယ်ချင်းအိမ်မှာ ညအိပ်မယ်ဆိုရင် မိဘတွေက အလွယ်တကူခွင့်ပြုကြတယ်။ အဲဒီလိုပဲ မိန်းကလေးတွေကလဲ မိန်းကလေးသူငယ်ချင်းအိမ်မှာ အိပ်မယ်ဆိုရင် သိပ်မခက်ခဲဘူး။ ဒါပေမယ့် ယောက်ျားလေး တစ်ယောက်ကမိန်းကလေးအိမ်မှာဖြစ်ဖြစ်၊ မိန်းကလေးတစ်ယောက်က ယောက်ျားလေးအိမ်မှာဖြစ်ဖြစ် ညအိပ်မယ်ဆိုရင် နှစ်ဖက် မိဘတွေကရော၊ ပတ်ဝန်းကျင်ကပါ ဝိုင်းပြီးကဲ့ရဲ့ရှုတ်ချမှာ မလွဲဘူး။ တကယ်လို့ အဲဒီ ဆန့်ကျင်ဘက်လိင် ၂ဦးက တရားဝင်လက်ထပ်မယ်ဆိုရင်တော့ (မြန်မာကားများထဲကလို မိဘချင်းရန်စရှိတာကလွဲလို့) ခွင့်ပြုကြပြီး အဲဒီအခါကျရင် ညဖက်အိပ်တာက ဘယ်သူမှ ဘာမှ မပြောတော့ဘူး။ ဒါပေမယ့် လိင်တူချင်းသာ လက်ထပ်မယ်လို့ စကားဟလိုက်တာနဲ့ မိဘတွေကရော၊ ပတ်ဝန်းကျင်ကပါ အတင်းတုပ်မှာမလွဲပါဘူး။ အဲဒီတော့ ကောက်ချက်ဆွဲကြည့်ရင် လင်တူချင်းကြိုက်တာကို တရားမဝင်အားပေးပြီး၊ လိင်ကွဲချင်းကြိုက်တာကို တရားဝင်အားပေးတယ်လို့ယူဆလို့ရတယ်။ ဒီတော့ လူပျိုဘဝမှာ မိဘတွေက ဂေးဖြစ်အောင် ယောက်ျားလေး သူငယ်ချင်းအိမ်မှာအိပ်တာကို ဘာမှမပြောပဲ နေသလားလို့ သံသယဝင်မိတယ်.. :D

သံသယ (၁)

Posted by : လက်တွဲဖော် 0 Comments
၁။ အိမ်မွေးကြောင်တွေရဲ့ တညောင်ညောင် အော်သံကို အဓိပ္ပာယ်ဖွင့်ဆိုချက်။ ၂။ လက်သည်း ခြေသည်းဆိုသည်မှာ ညှပ်ရန်လိုသောအခါရှိသလို၊ မညှပ်သင့်သည့်အခါလည်းရှိသည်။ ၃။ ဒီဇိုင်းတူ၊ ပုံစံတူ ဖိနပ်များသည် အရောင်အမျိုးမျိုးအတွက် ဝယ်ထားရန်လိုအပ်သည်။ ၄။ မော်ဒယ်စိမ်း၊ ငှက်ပျောဖူးစိမ်း၊ ရေညှိစိမ်းတို့၏ ကွာခြားချက်။ ၅။ ဆံပင်ဟူသည် တိုအောင် ညှပ်ရန်လိုသလို၊ ရှည်အောင် ဆက်ရန်လည်းလိုသည်။ ထို့အပြင် ဖြောင့်ရန်လိုသောအခါရှိသကဲ့သို့ ကောက်ရန်လိုသောအခါလည်းရှိသည်။ ၆။ မျက်နှာဟူသည် အစဉ်အမြဲလိမ်းကျံနေရသောအမျိုးတည်း။ မနက်ပိုင်း - အလှအပ၊ ညပိုင်း - night cream, night treatment. ၇။ မျက်တောင်ကော့ကော့၊ မျက်ခုံးပုံစံလှလှ တို့သည် အရေးကြီးသည်။ ၈။ လက်ကိုင်အိတ်ဟူသည် နေရာဒေသပေါ်မူတည်၍ ပုံစံပြောင်းကိုင်ရန်လိုအပ်သည်။ ၉။ အင်္ကျီ နှင့် ထမီ (သို့) စကတ်ဟူသည် အရောင်မတူလျှင်တောင်မှ လိုက်ဖက်ညီသော အရောင်ဖြစ်ရန်လိုသည်။ ၁၀။ အခြားမိန်းမများ

မိန်းမများသာလျှင် နားလည်နိုင်သောအချက်များ

Posted by : လက်တွဲဖော် 0 Comments
လက်ထပ်ခြင်း Male - မိန်းမတစ်ယောက်ကို မပြောင်းလဲလောက်ဘူးလို့ ယူဆပြီးလက်ထပ်လိုက်ပေမယ့် ပြောင်းလဲသွားတယ်။ Female - ယောက်ျားတစ်ယောက်ကို ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပြီး လက်ထပ်လိုက်ပေမယ့် မပြောင်းလဲသွားဘူး။ >> အမျိုးသားများမှာ အမျိုးသမီးတစ်ဦးဦး၏ အချစ်ဦးဖြစ်လိုကြသည်။ >> အမျိုးသမီးများမှာမူ အမျိုးသားတစ်ဦးဦး၏ နောက်ဆုံးချစ်သူသာ ဖြစ်လိုကြ၏ ။ >> အမျိုးသားများမှာ ချစ်ဦးသူမဖြစ်ရသည့်တိုင် စိတ်ပျက်ရန်မလိုပေ ။ ပထမဆုံးသော ခင်ပွန်းသည်ဖြစ်ခွင့်ရှိ၍ ဖြစ်သည်။ >>အမျိုးသမီးများမှာလည်း နောက်ဆုံးချစ်သူမဖြစ်ရလျှင်လည်း ၀မ်းမနည်းသင့်ပေ ။ နောက်ဆုံးမိန်းမဖြစ်ရခြင်း ကပင် ကံကောင်းနေ၍ ဖြစ်၏ ။

လက်ထပ်ခြင်း

Posted by : လက်တွဲဖော် 0 Comments
‎"မိဘပြောတော့ တစ်လ။
မယားပြောတော့ တစ်ည။
ရည်းစားပြောတော့ တစ်ခဏ။"

တစ်ခဏ။"

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -