Archive for 09/14/12

♥♥ချစ်သူရဲ့ အရမ်းချစ်တယ်ကွာလို့ ပြောတက်တဲ့စကားတခွန်းတိုင်းမှာ
ရင်ခုန်သံနဲ့ပျော်ရွှင်ခြင်းတွေ ကပ်ကပ်ပါသွားတက်တယ်

♥♥ချစ်သူရဲ့ အရမ်းလွမ်းတယ်ကွာလို့ ပြောတက်တဲ့စကားတခွန်းတိုင်းမှာ
လွမ်းဆွေးမှု့နဲ့ တမ်းတမှု့တွေ ကပ်ကပ်ပါသွားတက်တယ်

♥♥ချစ်သူရဲ့ စိတ်ညစ်တယ်ကွာလို့ပြောတဲ့စကားတခွန်းတိုင်းမှာ
ဝမ်းနည်းမှု့နဲ့ နှစ်သိမ့်ပေးချင်စိတ်တွေ ကပ်ကပ်ပါသွားတက်တယ်

♥♥ထာဝရအတွက်ပေါ့ အရမ်းချစ်တယ်♥♥


♥♥အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ♥♥


အလွမ်းမရှိသောသူဖြစ်ရပါစေ♥♥

Posted by : လက်တွဲဖော် 0 Comments

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က အလုပ်ခွင်မှာ အရမ်းကို လူကြီးဆန်ခဲ့ပင်မယ့်
အခုတော့ မင်း နဲ့ တွေ့ ရင် အလိုလို ကလေး ဆန်သွားတယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က အိမ်မှာ ကလေးလို နေခဲ့ပင်မယ့်
အခုတော့ မင်း နဲ့  တွေ့ ရင် အလိုလို လူကြီးဆန်ပြီး အကြံဥာဏ်ပေးမိတယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ဖြစ်သလို ဝတ်စား ဆင်ယင်နေခဲ့ပင်မယ့်
အခုတော့ မင်း နဲ့  တွေ့ မယ်ဆိုရင် အလိုလို မှန်ရှေ့  က မခွာ ဘဲ ပြင်ဆင်နေတတ်တယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က စကားလေး တခွန်းကို ၂ခါ ပြောရင် နားထောင်ရတာ စိတ်မရှည် ခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  တွေ့ ရင် မင်းပြောသမျှကို မမောတမ်း နားထောင်နေတတ်တယ်


ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ကိုယ့်ကို တခြား နာမ်စားနဲ့  ခေါ်ပြီးသုံးစွဲရင် မကြိုက်ခဲ့ပင်မယ့်
အခုတော့ မင်း ခေါ်ဝေါ်တဲ့ နံမည်ပြောင်လေး တွေကို အရမ်း သဘောကျခဲ့တယ်

ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က လူတွေကို မပြုံးပြတတ်ဘူးလားလို့ မေးခံရအောင် အပြုံးအရယ်တွေ အရမ်းကို နည်းပါးခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  တွေ့ ရင် သူ့ အလိုလို ကို ပြုံးပြနေတတ်တယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က လူတွေကို အရမ်းနားလည်ပေးတတ် ခဲ့ ပင်မယ့်
အခုတော့ မင်းနဲ့  တခြား သူ တယောက် စကားပြောတာ သိရရုံဘဲ အလိုလို စိတ်တိုနေတတ်တယ်


ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က အမြဲတမ်း ဆုံးဖြတ်ချက် ကို ကိုယ်တိုင် ချနိုင်မှ ကျေနပ်ခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  အရာရာ ကို အတူတူတိုင် ပင်ပြီး ဆုံးဖြတ်ချက် ချချင်နေခဲ့တယ်


ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ကိုယ့်ဟာကိုယ် စိတ်ဓာတ်မာကျောတယ် ထင်နေခဲ့ပင်မယ့်
အခုတော့ မင်းကို အရာရာ မှီခိုပြီး ဖြတ်သန်းချင်တဲ့ မိန်းခလေး တယောက် ဖြစ်ချင်နေခဲ့တယ်


ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က အချစ်ဆိုတဲ့ အရာကို ပြက်ရယ် ပြုခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  စိတ်ဆိုး စိတ်ကောက် ပြီး ချစ်သူဘဝကို ဖြတ်သန်းချင်နေခဲ့တယ်


ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က ဘယ်လောက် အရပ်မှ ဘယ်လို ပုံစံမှ ဘယ်လောက်ချမ်းသာမှ ရွေးမယ်လို့ စဉ်းစားခဲ့ပင်မယ့်
အခုတော့ မင်း ဘယ်လို ပုံဘဲ ဖြစ်ဖြစ် မင်းကို မင်း မို့ လို့ ရွေးချယ်မိတယ်


ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က ဘယ်အရာဖြစ်ဖြစ် ကိုယ့်အနားက ထွက်ခွာသွားရင် ဘာမှမဖြစ်ခဲ့ပင်မယ့်
အခုတော့ မင်း ကို ငါ့ အနားက ထွက်ခွာ သွားမှာ ကြောက်နေခဲ့တယ်

လောကမှာ အချစ် ၃ မျိုး ဘဲ ရှိပါတယ်
ကိုယ်ချစ် သူချစ် သူစိမ်းအချစ်(တယောက်အကြောင်းတယောက်မသိဘဲ မိဘပေးစားလို့ ယူလိုက်ရတဲ့အတွဲ , ဖြစ်သင့်တယ်လို့ ထင်ပြီးတွဲနေကြတဲ့အတွဲ)

လူတိုင်းတော်တော်များများပြောနေတဲ့ စကားလေး တခွန်း ရှိတယ်
ကိုယ်ချစ်က အရမ်း ပင်ပန်းတယ် ပေးဆပ်ရတာတွေများတယ်တဲ့

မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေး ဖြစ်ဖြစ် လောကမှာ လူတော်တော်များများက သူချစ်ကိုရွေးချယ်ချင်တတ်ကြပါတယ်

ဒါပင်မယ့်
သူချစ် ဘဲ ဖြစ်ဖြစ် ကိုယ်ချစ်ဘဲ ဖြစ် ဖြစ် လောကမှာ အပေးယူမျှမှ အရာအားလုံး အဆင်ပြေမှာပါ

ကိုယ်က ဘာမှမဟုတ်ဘဲ ပြောဆို လိုက်တဲ့ စကားလေးတခွန်းက တခြားလူအတွက် ဓားတချောင်းမဖြစ်ပါစေနဲ့ 
ကိုယ်က ဘာမှမဟုတ်ဘဲ ပြုမူ လိုက်တဲ့ အမူအရာလေးက တခြားလူအတွက် အရိပ်မည်း မဖြစ်ပါစေနဲ့ 
ကိုယ်က ဘာမှမဟုတ်ဘဲ လုပ်လိုက်တဲ့ အမှတ်တရတွေက တခြားလူအတွက် အိမ်မက်ဆိုး မဖြစ်ပါစေနဲ့ 

သူကို အရမ်းချစ်တယ်လို့ ခံယူထားတဲ့ သင်နဲ့  သင့်ကို ပြန်ချစ်တယ်လို့ ယုံကြည်ထားတဲ့ သူ နားလည်မှုတွေနဲ့  အမြဲတမ်းပျော်ရွှင်စွာလက်တွဲသွားနိုင်ကြပါစေ................


Message ပို့ပေးသူ ဇင်နှင်း

ကိုယ် နဲ့  သင်

Posted by : လက်တွဲဖော် 0 Comments
♥♥ဥပက္ခာပြုထားပြီးမှ...အဆင်ပြေလားတဲ့
ဟုတ်ကဲ့..နေ့နဲ့ည တွေ ငါမခွဲခြားတတ်အောင်
ဝိညာဉ်လွင့်မတတ် မင်းကိုလွမ်းနေတဲ့
စိတ်ကလွဲရင်အားလုံးအဆင်ပြေပါတယ်♥♥♥

အားလုံးအဆင်ပြေပါတယ်♥♥♥

Posted by : လက်တွဲဖော် 0 Comments
သင့်ကို ချစ်တဲ့ သူဆိုတာ
ချိန်းထားတဲ့ အချိန်ထက် နောက်ကျပြီးလာရင် သင့်ကို မျက်နှာစူပုတ်ပြီး ကြိုနေတတ်သူ မဟုတ်ဘူး
သင် လမ်းမှာ ဘာများဖြစ်နေလဲ ဆိုပြီး အရင် စိတ်ပူနေတတ်သူ ဖြစ်တယ်


သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင် သူ နဲ့ တွေ့ ဖို့ အချိန် မအားဘူးဆိုရင်တောင် သင့်ကို အပြစ်တင်တတ်သူ မဟုတ်ဘူး
သူ့ ရဲ့  အချိန်တွေကို ဘယ်လောက် အလုပ်များများ သင့်အတွက် အမြဲ ဖယ်ပေးတတ်သူ ဖြစ်တယ်


သင့်ကို ချစ်တဲ့ သူ ဆိုတာ
သူက သင့်ဆီက ပထမဆုံး ဆိုတဲ့ အချစ် အမှတ်တရ ဆိုတဲ့အရာတွေကို လိုချင်တတ်သူ မဟုတ်ဘူး
သူရဲ့  ပထမဆုံး ဆိုတဲ့ အမှတ်တရတွေကို သာ သင့်အတွက် အမြဲ ပေးချင်နေတတ်သူ ဖြစ်တယ်


သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင် ရဲ့  ဝမ်းနည်းပြီး နာကျည်းခဲ့တဲ့ အတိတ် တွေကို အမြဲ ဖော်ထုတ်ပြီး အနိုင် ယူတတ်သူ မဟုတ်ဘူး
သင် ရဲ့  အတိတ်တွေကို သူ့ ရဲ့  အချစ်တွေ နဲ့ မေ့ပျောက်အောင် လုပ်ပေးချင်တတ်သူ ဖြစ်တယ်


သင့်ကို ချစ်တဲ့ သူ ဆိုတာ
သူ ရဲ့  ပျော်ရွှင်စရာ ဝမ်းနည်း စရာ ကို သိစေရုံဘဲ သိစေချင်နေတတ်သူ မဟုတ်ဘူး
သင် နဲ့  အတူတူ ပျော်ရွှင်ချင် ပြီး ဝမ်းနည်းတာကို သင်နဲ့  အတူတူ မျှဝေ ခံစားချင်တတ်သူ ဖြစ်တယ်


သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင့်ဘဝ ထဲ ကို သူ ဝင်လာဖို့ အတွက် ပြင်ဆင်နေတာ မဟုတ်ဘူး
သူ့ ဘဝ ထဲ ကို သင် ဝင်လာဖို့ အတွက် မကြောင့်မကြထားနိုင်အောင် ကြိုးစားနေတတ် သူ ဖြစ်တယ်


သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင် သူ့ ဆီက ဆေးလိပ် မသောက်နဲ့  ကွမ်းမစားနဲ့ ဆိုပြီး ကတိ တောင်းနေစရာ မလိုဘူး
သူ ကိုယ်တိုင် သင့်ကို ဆေးလိပ် မသောက်တော့ဘူး ကွမ်းမစားတော့ဘူး ဆိုပြီး ကတိ ပေးတတ်သူ ဖြစ်တယ်


သင့်ကို ချစ်တဲ့ သူ ဆိုတာ
သူ့ ရဲ့  ပခုံးကို သင် မျက်ရည် ကျဖို့ အတွက် ထားတာ မဟုတ်ဘူး
သူ့ ရဲ့  ပခုံးကို သင် မောပန်းရင် မှီနေနိုင် အောင် အမြဲ အသင့်ပြင်ထားတတ်သူ ဖြစ်တယ်

သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင့်ကို အမြဲ အလိုလိုက် အကြိုက်ဆောင် နေ တတ်သူ မဟုတ်ဘူး
သင့်ကို ကောင်းရင် ကောင်းတယ် မကောင်းရင် မကောင်းဘူးဆို ပြီး အမုန်း ခံ ပြောနေတတ်သူ ဖြစ်တယ်


သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင့် ရှေ့ မှာတင် သင့်ကို ပျော်အောင် ထားနေတတ်သူ မဟုတ်ဘူး
သင့် နောက်ကွယ်မှာလည်း သင့် အတွက် ပျော်အောင် ဘယ်လို ထားရမလဲ လို့ အမြဲ စဉ်းစားနေတတ်သူ ဖြစ်တယ်


သင့်ကို ချစ်တဲ့ သူ ဆိုတာ
သင့် ရဲ့  နှလုံးသား သော့ကို သူ အပိုင် သိမ်းထားတာ မဟုတ်ဘူး
သူ့ ရဲ့  နှလုံးသား သော့ကို သင့် ကို အပိုင် ပေးတာတတ်သူ ဖြစ်တယ်


သင့် ကို ချစ်တဲ့  သူ နဲ့  သင် ဘဝ တလျှောက်လုံး နားလည်မှု ရှိစွာနဲ့  ပျော်ရွှင်စွာ လက်တွဲသွားနိုင် ကြပါစေ...............


( ဇင် နှင်း )

သင် နဲ့  သူ

Posted by : လက်တွဲဖော် 0 Comments
ချစ်သူ ၂ဦး စိတ်ကောက်ကြတဲ့ အခါ
ပြန်ချော့တဲ့ စကားလေး တခွန်းကို အရင်ပြောဖို့ မတွန့် တိုပါနဲ့ 
တချို့ ကိစ္စတွေက စိတ်ကောက်တုန်းက ဘာမှမဟုတ်ပင်မယ့် ကြာလာတဲ့ အခါ အစိုင်ခဲ တခုဖြစ် ပြောင်းလဲ တတ်လို့ ပါ

ချစ်သူ ၂ဦး ရန်ဖြစ်ကြတဲ့ အခါ
မှားခဲ့တဲ့ သူက အရင် ပြန်တောင်းပန်ဖို့ ထပ်ခါတလဲလဲ မစဉ်းစားပါနဲ့ 
တချို့  ကိစ္စတွေက စဉ်းစားလွန်းတဲ့ အခါ ပြန်မရတော့တဲ့ ပျော်ရွှင်မှု တွေက ကိုယ့်ဆီက ပြန်ပြီးထွက်ခွာသွားနိုင်လို့ ပါ

ကိုယ့်ရဲ့ မေးလ် ထဲမှာ လက်ရှိ သူငယ်ချင်း ဘယ်သူ တွေ ရှိတဲ့ ဆိုတာ ကိုယ့်ချစ်သူ ကို ပြောပြပါ
သဝန်တို ဖို့ အတွက် မဟုတ်ပါဘူး

ချစ်သူတွေ တယောက်ရဲ့  Mail Password တယောက် သိတယ်ဆိုတာ
အမြဲ ဝင်စစ်ပြီး ရစ်ဖို့ အတွက် မဟုတ်ပါဘူး
ကိုယ့် ချစ်သူ အတွက် ကိုယ် စိတ်ပူနေလို့ ပါ
လူ အသိုင်းဝန်း ထဲမှာ နေတဲ့ အတွက်...သူငယ်ချင်း ပေါင်းစုံ ရှိမှာပါ
သူ့ မှာလည်း မိန်းခလေးသူငယ်ချင်း ရှိသလို ကိုယ့်ထဲမှာလည်း ယောကျာ်းလေး သူငယ်ချင်းတွေရှိမှာပါ

ကိုယ့်ရဲ့ ချစ်သူ ကို ပြောပြခြင်း ဖြင့် ကိုယ် သူ့ ကို ဘယ်လောက် အလေးထားတယ် ဆိုတာ သူသိပါစေ
မိန်းခလေး ရဲ့ အကြောင်းကို မိန်းခလေး က ပို သိနိုင်သလို
ယောက်ျားလေးရဲ့ အကြောင်းကိုလည်း ယောကျာ်း လေး ဘဲ အသိဆုံးပါ

ဘယ်ကိစ္စ မဆို အလေးနက်ထားပြီး ချစ်သူကို တိုင်ပင်ပါ
သင့် အတွက် ဘာမှမဟုတ်ပင်မယ့် ချစ်သူက သင်နဲ့ အတူတူ ဆိုးအတူကောင်းအတူ အကြံဥာဏ်ပေးနိုင်လို့  တော်တော်ကို ကျေနပ်မိမှာပါ...

သင့်ကို သူ ဘယ်လောက်ချစ်တယ်ဆိုပြီး ခဏခဏမေးတယ်ဆိုတာ...
သင် ဘယ်လောက်ချစ်တယ်ဆိုတာ မသိလို့ မဟုတ်ပါဘူး
သင် ပြောတာကို သူ ကြားပြီး သူ ရဲ့ တနေ့ တာကို စိတ်ဓာတ်ခွန်အား အပြည့် နဲ့ လျှောက်လှမ်းချင်လို့ ပါ

သူ့ ကို သင် ဘယ်လောက်ချစ်တယ် ဆိုပြီး ခဏခဏ ပြောပေးပါ
ပြောစရာ စကား မရှိလို့ ပြောတာ မဟုတ်ပါဘူး
ချစ်သူ ၂ ဦး ရဲ့ နားလည် မှု ကို ပို ပြီး ခိုင်မြဲ ချင် လို့ ပါ

တကယ်လို့  ချိန်းထားတဲ့ အချိန် အတိုင်း သူ မရောက်လာဘဲ နောက်ကျမှရောက်လာတယ်ဆိုရင်
အရင် စိတ်မဆိုးပါနဲ့ ....
သူ အဆင်ပြေရဲ့ လား နေကောင်းရဲ့ လား တခွန်းတည်း စိတ်ရင်းနဲ့ မေးလိုက်ပါ
သင့်အတွက် အပန်းမကြီးပင်မယ့် သူ့ အတွက် ကတော့ ကမ္ဘာကြီး တခုလုံး ရလိုက်သလို ပျော်ရွှင်နေမှာပါ

တကယ်လို့ ချစ်သူ၂ဦး ပြသာနာတက်ကြရင် အားနည်းချက်ကို ထုတ်ဖော်ပြီး မတိုက်ခိုက်ပါနဲ့ 
သူ့ မှာ အရင်က ရည်စားများခဲ့တယ် ဆိုရင် အပြစ်မပြောပါနဲ့ 
အစတုန်းကတော့ လက်ခံနိုင် ခဲ့ပြီးမှ အခုကျမှ အပြစ်မဖွဲ့ ပါနဲ့ 

သူ မှာ ရည်စားများရတဲ့ အကြောင်းရင်း ရှိမှာပါ
နာကျင်နေတဲ့ သူ့ ရဲ့ အတိတ်ကို ပျော်ရွှင်အောင် လုပ်ပေးမယ်လို့ အရင်က စဉ်းစားခဲ့ ဖူးတာကို အကောင်ထည်ဖော်လိုက်ပါ

သူစိမ်း လူသား၂ဦး ပေါင်းစပ်ဖို့ စဉ်းစားတဲ့ အခါ မတူညီတာတွေ အများကြီးရှိမှာပါ
စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ အခါ လူတော်တော်များများ က တဖက်လူ ဆိုးခဲ့တာကိုဘဲ စဉ်းစားနေတတ်ကြတယ်
ကိုယ့်အပေါ်ကို သူ တကယ် အနစ်နာခံပြီး ကောင်းခဲ့တာကို မေ့နေတတ်ကြတယ်

ချစ်သူ ၂ဦးရဲ့  ဘဝဟာ ပင်လယ်ပြင်မှာ လှေလှော်နေတာနဲ့ အသွင် တူပါတယ်
တက်ညီလက်ညီ ဘယ်လောက်လှော်လှော် တခါတလေ မုန်တိုင်း ကျရောက်တတ်တယ်
အဲဒီအခါကျရင် ပို ပြီး စည်းလုံးမှ လှေ မမှောက်ဘဲ ပန်းတိုင်ကို ရောက်မှာပါ

ခရီးဝေးတဲ့ အခါကျရင် ၂ယောက်လုံး လှေလှော်ရတာ မောပန်းနေမှာပါ
ကိုယ်အနားယူနေတဲ့ အချိန်မှာ ကျန်တဦး က မောမောပန်းပန်း လှော်တာမမေ့ပါနဲ့ 
ကိုယ့်အလှည့် ကျရင်လည်း နားလည်မှု အပြည့် နဲ့ လှော်ခတ်ပေးလိုက်ပါ

ရာသီဥတု သာယာနေတယ်ဆိုလို့ လည်း မပေါ့ပါနဲ့ 
မထင်မှတ်ထားတဲ့ ရေထဲက အမှိုက်လေးတွေကလည်း ချစ်သူတို့ ရဲ့  လှေလေးကို မှောက်နိုင်စွမ်းရှိပါတယ်

နေသာနေ ချိန် ရှိသလို လေပြင်းတိုက်ခိုက်ချိန်လည်း ရှိမှာပါ
အနားယူရမယ့် အချိန် ရှိပင်မယ့် ပင်ပင်ပန်းပန်း လှေလှော်ရမယ့် အချိန်လည်း ရှိမှာပါ

လက်တွဲဖော် ဆိုတဲ့ ပန်းတိုင် လေးကို
တယောက်နဲ့ တယောက် နားလည်မှု အပြည့် နဲ့ ဘဝမုန်တိုင်းတွေကိုကျော်ဖြတ်ကာ လှေ မမှောက်ဘဲ ချောချောမောမော ရောက်နိုင်ကြပါစေ..................


( ဇင် နှင်း )

ဘ ဝ မုန် တိုင်း

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -