Archive for 11/22/12


ငါတို့ကချစ်သူတွေပါ....ဈေးသည်မဟုတ်ဘူးးးးး
ချစ်သူကြားမှာ အရှုံး အမြတ်ဆိုတာမရှိဘူးးးးးးးးးး
နင့်ကိုချစ်လွန်းလို့ပေးဆပ်ခဲ့သမျှငါကျေနပ်တယ်....

ငါတို့ကချစ်သူတွေပါ.....ရန်သူတွေမဟုတ်ဘူးးးးးးး
ချစ်သူကြားမှာ အနိုင် အရှုံး ဆိုတာမရှိဘူးးးးးးးးးးးးးးး


နင်ထားသွားလည်း ပျော်ရွင်နေမယ့်နင့်ဘ၀အတွက်ငါကျေနပ်တယ်

အောင်နိုင်သူ တစ်ယောက်အနေနဲ့ နင်ပျော်နေပေမယ့်..........
်နင်မသိ နားမလည်နိုင်တဲ့ ဆုံးရှုံးမှုတွေအများကြီးပါတယ်.........
သေချာတယ် အဲဒီဆုံးရှုံးမှုတွေကို နင်ဘယ်သူ့ဆီကမှမရနိုင်ဘူး.....

(ဒွိဟအမုန်းချစ်သူ)

ငါတို့ကချစ်သူတွေပါ..

Posted by : လက်တွဲဖော် 0 Comments

စကားတွေပြောရင်းနဲ့ 
နင်အိပ်ပျော်သွားတယ်
ကိစ္စမရှိပါဘူးဟာ
နင်နဲ့ စကားပြောရမှ ငါကျေနပ်တာမှမဟုတ်တာ
နင်အိပ်နေတာကြည့် နေရလည်း ငါကျေနပ်တယ်လေ.............

ဖုန်းတွေပြောရင်းနဲ့ 
လိုင်းတွေပြက်သွားတယ်
ဝမ်းတော့ နည်းတာပေါ့ 
ကိစ္စမရှိပါဘူးဟာ
နင် နဲ့  အကြာကြီး ဖုန်းပြောလိုက်ရမှ ငါကျေနပ်တာမှမဟုတ်တာ
နင့်  အသံကြားလိုက်ရတော့  လည်း ငါကျေနပ်တယ်လေ.............


အကောင့် ပိတ်ပြီးနော်လို့  ပြောပြီး
နှတ်တွေ ဆက်သွားတယ်
ခွဲတော့  မခွဲချင်ဘူးဟာ
ကိစ္စမရှိပါဘူးဟာ
နင့် နဲ့  တသက်လုံး ဝေးနေရတာမှမဟုတ်တာ
နောက်တနေ့ ပေါ့ ဆိုတဲ့ မျှော်လင့် ချက်ကြောင့် လည်း ငါကျေနပ်တယ်လေ.................

ကိစ္စမရှိပါဘူးဟာ
အရာအားလုံးနင်နဲ့ ပတ်သတ်ရင်
ငါ အလိုလိုကျေနပ်နေပြီးသားပါ.......

(ပုံရိပ်စစ်)

စကားတွေပြောရင်းနဲ့ 

Posted by : လက်တွဲဖော် 0 Comments
အချိန်ကာလတွေ ပြောင်းလဲသွားလဲမပြောင်းနိုင်တာက ငါတို့ရဲ့ ချစ်ခြင်းတွေဘဲ မတွေ့ရရင် သစွာပျက်တတ်တယ်ဆိုတဲ့စကား ငါတို့အတွက်မှားလေးသလားမသိဘူး

အချိန်ကာလတွေ

Posted by : လက်တွဲဖော် 0 Comments

မပြောသင့်မှန်းသင့်တယ်
ဒါပေမဲ့ ပြောချင်နေတဲ့စိတ်ကိုထိန်းချုပ်မရတော့ခက်တယ်

သံယောဇဉ်မထားသင့်မှန်း သိတယ်
ဒါပေမဲ့ သူနဲ့စကားပြောနေရင်
ပျော်နေတဲ့ကိုယ့်ရဲ့စိတ်ကြောင့်ခက်တယ်


မျှော်လင့်ချက်မရှိမှန်းသိတယ်
ဒါပေမဲ့ ဘာကြောင့်မှန်းမသိနောက်ပြန်လှည့်မရတော့ခက်တယ်

မကြိုးစားသင့်မှန်းသိတယ်
ဒါပေမဲ့ ရင်ခုန်သံတွေကိုထိန်းချုပ်မရတော့ခက်တယ်

ခက်တယ်
လူတယောက်ကို မချစ်ပဲနေမိအောင်ကြိုးစားရတာ
သိပ်ကိုခက်တယ်~~~




ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
19-nov-12,09:40PM

မပြောသင့်မှန်းသင့်တယ်

Posted by : လက်တွဲဖော် 0 Comments

Rodinက ပြောခဲ့တယ်.....
" မိန်းမတစ်ယောက်ကို အမှန်တကယ်ချစ်မြတ်နိုးမိသွားပီဆိုတာကို ယောက်ျားတစ်ယောက် သိခွင့်ရတဲ့အချိန်ဟာ
အဲဒီမိန်းမ သူ့ဘဝထဲကနေ အပြီးအပိုင်ထွက်ခွာသွားတဲ့အချိန် ဖြစ်တယ် "တဲ့လေ....
ချစ်သူရေ...
နင်က Rodinရဲ့ အတွေးတွေကို လက်ခံနိုင်တဲ့သူသာ ဖြစ်မယ်ဆိုရင်
နင်နဲ့ဝေးကွာခဲ့ရခြင်းတွေအတွက် တသက်လုံးစာ နောင်တကင်းကင်းနဲ့ ငါကျေနပ်နေပါတော့မရ်..

မိန်းမတစ်ယောက်ကို

Posted by : လက်တွဲဖော် 0 Comments

ပြန်ခေါ်ချင်လားဆိုတော့
မလာချင်သူကို ထပ်မခေါ်ချင်တော့ဘူး..

ပြန်လိုချင်လားဆိုတော့
မရနိုင်တဲ့အတိတ်ကို ပြန်မလိုချင်တော့ဘူး..

ပြန်မျှော်လင့်သလားဆိုတော့
အဆုံးမသတ်နိုင်တဲ့အမှားမှားအယွင်းယွင်းမျှော်လင့်ခြင်းတွေ ထပ်မထားချင်တော့ဘူး..

စောင့်ဆိုင်းနေတုန်းလားဆိုတော့
ခေါင်းမာစွာနဲ့အကျင့်ပါနေတဲ့သနားစရာနှလုံးသားကို ၀န်ခံချက် ထပ်မပေးချင်တော့ဘူး.....

ဒါပေမယ့်လဲ..
ပြန်မတမ်းတမိဘူးလားဆိုရင် ဟင့်အင်းလို့ ခေါင်းမခါနိုင်ဘူး..
ပြန်မလွမ်းဘူးလားဆိုရင် မျက်ရည်မ၀ဲမိပဲ မနေခဲ့နိုင်ဘူး..
အမှတ်မရှိဘူးလားဆိုရင် ခေါင်းငုံ့ထားမိခဲ့ရုံကလွဲ အခြားမရှိဘူး..
မနာကျင်တတ်ဘူးလားဆိုရင်လဲ နာကျင်ရပါများလွန်းလို့ ထုံကျဉ်လွန်းနေတဲ့နှလုံးသားက အချစ်အသစ်ဆိုတဲ့အရာကိုတောင် ထပ်မံပြီးမယုံကြည်နိုင်တော့ပြန်ဘူး… ။

တကယ်တော့ အချစ်တစ်ခုရဲ့အဆုံးသတ်မှာ ဖျောက်ဖျက်လို့မရနိုင်အောင်ကျန်ရစ်ခဲ့တာဟာ နာကျင်စရာ အလွမ်းတွေသက်သက်ပါပဲ..
အချိန်ဆိုတဲ့အရာက လူတွေကို ကုစားတယ်..
အချိန်ဆိုတဲ့အရာက ဒဏ်ရာတွေကို ကုစားတယ်..
အချိန်ဆိုတဲ့အရာက မျှော်လင့်ခြင်းတွေကို ကုစားတယ်..
အဲဒီအချိန်ဆိုတဲ့အရာကပဲ မှန်ကန်တဲ့အသိတွေကိုပေးရင်း နာကျင်ခြင်းတွေကို တဖြည်းဖြည်းသက်သာလာအောင် ကုစားပေးနိုင်ခဲ့တယ်..
ဒါပေမယ့် အဲဒီလိုအစွမ်းထက်လွန်းတဲ့အချိန်ဟာ
ကြာလေလေပိုရင့်သန်လေလေဖြစ်လာတဲ့ အလွမ်းဆိုတဲ့အရာတွေကိုတော့
ပျောက်ကင်းအောင် ကုစားမပေးနိုင်ခဲ့ပြန်ဘူး...

ဒါကြောင့်လဲ
ရင်မောမိတယ်..
ဒီအလွမ်းတွေဘယ်တော့အဆုံးသတ်ပါ့မလဲဆိုတာကိုတွေးရင်း
ရင်မောမိတယ်..
သတိရမိချိန်တိုင်း ကိုယ်ဘယ်တော့မှမပိုင်ဆိုင်နိုင်တဲ့သူဆိုတာကိုတွေးရင်း
ရင်မောမိတယ်..
တမ်းတမိချိန်တိုင်း မဖြစ်နိုင်တဲ့မျှော်လင့်ခြင်းတွေဆိုတာကိုသိနေရင်း
ရင်မောမိတယ်..
အိပ်မက်ထဲသူဝင်လာတိုင်း မှားယွင်းတဲ့စွဲလမ်းခြင်းတွေလို့သတိရရင်း
နာကျင်စွာနဲ့ ရင်မောမိခဲ့ရပြန်တယ်.... ။

တကယ်တော့..
အလွမ်းဆိုတာဟာ ကမ္ဘာပေါ်မှာ အမြစ်မပြတ်နိုင်ဆုံး ရောဂါတစ်မျိုးပါပဲ..
ဘယ်လောက်ပဲအချိန်ယူယူ၊ ဘယ်လိုပဲကြိုးစားကုသ၊ ကုသ သက်သာလာပြီဆိုတဲ့အချိန်တိုင်း အကြောင်းတစ်မျိုးမဟုတ်တစ်မျိုးနဲ့တော့ အဲဒီရောဂါဟာ အမြဲပြန်ပြန် ဖြစ်နေတတ်တုန်းလေ…













-- ဆုဝေဖြိုး --
Nov 22, 2012
(photo credit to - ArtPics Photography)

ပြန်ခေါ်ချင်လားဆိုတော့

Posted by : လက်တွဲဖော် 0 Comments

သင်ဘယ်လောက် လမ်းခွဲဖို့ကြိုးစားကြိုးစားစား
သင့်အနားမှာပေကပ်နေတဲ့ ချစ်သူမျိုးရှိလား

သင့်မှာစိုးရိမ်စရာတခုခုရှိတဲ့အခါ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး သင့်ကိုစိုးရိမ်တတ်တဲ့ချစ်သူမျိုးရှိလား

သင်စိတ်ဆိုးမဲ့အကြောင်းအရာမျိုးဆို

ဘယ်လောက်ပဲလုပ်ချင်လုပ်ချင် ထိန်းချုပ်တတ်တဲ့ချစ်သူမျိုးရှိလား

သင်အမှားအယွင်းတခုခုဖြစ်ပြီဆို
သိပ်တောင်မရှင်းပြရပဲ သင့်ကိုခွင့်လွှတ်နားလည်တတ်တဲ့ချစ်သူမျိုးရှိလား

သင်ကလေးဆန်တဲ့အပြုအမူတွေကို
လူကြီးတယောက်လိုအမြဲစိတ်ရှည်လက်ရှည်နဲ့ဆက်ဆံတတ်တဲ့ ချစ်သူမျိုးရှိလား

သင်ပျော်ရွှင်ဖို့
ပေါတောတောအပြုအမူတွေနဲ့သင့်ကိုပျော်ရွှင်စေတတ်တဲ့ချစ်သူမျိုးရှိလား

သင်စိတ်ကောက်ပြီဆို
မတွက်ကပ်ပဲသင့်ကိုအရင်စခေါ်တဲ့ချစ်သူမျိုးရှိလား

တခါတလေသင်အရမ်းလိုအပ်တဲ့အခါ
သင်နားကိုမညီးမညူအပြေးရောက်လာချင်တဲ့ချစ်သူမျိုးရှိလား

အခွင့်အရေးဘယ်လောက်ရရ
သင်ကလွဲပြီးဘယ်သူ့ကိုမှစိတ်မကစားတတ်တဲ့ချစ်သူမျိုးရှိလား

အဲဒီလိုချစ်သူမျိုး
သင်ပိုင်ဆိုင်ထားရလား ပိုင်ဆိုင်ထားရရင် သင်စိတ်ချမ်းသာရတယ်

အဲဒီလိုကိုယ့်ကိုစိတ်ချမ်းသာစေတဲ့ချစ်သူကို
သင်ကလည်းတူညီတဲ့အချစ်နဲ့ ပြန်ပြီးစိတ်ချမ်းသာစေသင့်တယ်မလား


အချစ်ဆိုတာ
ကိုယ်ကချည်းပဲတဖက်သတ်အချစ်မခံနဲ့
ကိုယ်ကလည်းသူ့ကိုတလှည့်ပြန်ချစ်မှ ရေရှည်တည်တံ့ခိုင်မြဲတာလေ





ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
21-nov-12,09:52PM

အချစ်ဆိုတာ

Posted by : လက်တွဲဖော် 0 Comments
တွေဆုံမှုတွေ အများကြီးမလိုဘူး...
ရင်ဘတ်ထဲက နှလုံးခုန်သံ
စည်းချက်မှန်နေဖို့ လိုအပ်တယ်....

ကျောချင်းကပ် လက်ချင်းဆုပ်ထားမှ
ငါတို့ချစ်သူတွေမဟုတ်ဘူး....
၁ယောက် ၁နေရာ ၁ကမ္ဘာစီ ဖြစ်နေလည်း...

ငါနဲ့နင် နင်နဲ့ငါဆိုတာ
စိတ်ချင်း အမြဲ အချိန်းအချက်လုပ်နိုင်တဲ့
နာမ်သွင်းထားတဲ့ အရုပ်လေးတွေပဲ....

ငါနဲ့နင် နင်နဲ့ငါဆိုတာ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -