Posted by : လက်တွဲဖော် Friday, January 20, 2012

တစ်နေ့တော့ ချစ်သူနှစ်ဦး စကားပြောနေတုန်းမှာ ကောင်မလေးက သူ့ချစ်သူကောင်လေးကို မေးတယ်…။ ကောင်မလေး – “ဘာကြောင့် ကျွန်မကို ကြိုက်တာလဲ ၊ ဘာကြောင့် ကျွန်မကို ချစ်တာလဲဟင် ….. ? ” ကောင်လေး – “ငါ့မှာ ပြောစရာ အကြောင်းပြချက်မရှိဘူး …။ ဒါပေမယ့် မင်းကို ငါ တကယ်ကြိုက်တယ်၊ချစ်တယ် ” ကောင်မလေး – “အကြောင်းပြချက်တောင် မပေးနိုင်တာ..ကျွန်မကို ကြိုက်တယ် လို့ ဘယ်လိုပြောနိုင်တာလဲ ၊ ကျွန်မကို ချစ်တယ်လို့ ဘာလို့ပြောနိုင်တာလဲ ” ကောင်လေး – “အကြောင်းပြချက်ကို ငါ တကယ်မပြောနိုင်ဘူး… ဒါပေမယ့် မင်းကို ချစ်တယ် ဆိုတာ သက်သေပြနိုင်ပါတယ် ” ကောင်မလေး – “ သက်သေ ?….. မရဘူး ….. ကျွန်မကို အကြောင်းပြချက်ပဲ ပြောစေချင်တယ်။ ကျွန်မ သူငယ်ချင်းရဲ့ ကောင်လေးက သူ့ကို ဘာကြောင့်ချစ်တယ် ဆိုတာ ပြောနိုင်တယ်..။ ရှင့်လို မဟုတ်ဘူး….” ကောင်လေး – “ အိုကေ…အိုကေ…………….. ” “ မင်းက ……. ငါ့မျက်စိထဲမှာ လှလို့ …..” “ မင်းအသံလေးက …..ငါ့နားထဲမှာ ချိုသာလို့ …..” “ မင်းက ……ငါ့ကို ဂရုစိုက်တတ်လို့ ….. ” “ မင်းက …….ငါ့ကို ချစ်တတ်လို့ ….. ” “ မင်းက …….အတွေးအခေါ်ကောင်းလို့ … .” “ မင်းရဲ့ အပြုံးလေးတွေကြောင့် …….” “ မင်းရဲ့ ချစ်စရာကောင်းတဲ့ ……အမူအရာလေးတွေကြောင့်….” “ ……………………………………………………………………” ဒါတွေကြောင့်ပဲကွာ …………………။ ” ဒီအခါမှာတော့ ကောင်မလေးက သူ့ချစ်သူရဲ့ အဖြေကို အရမ်းသဘောကျသွားတယ်…..။ ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ ….. ကောင်မလေးက အာရုံကြောယောင်တဲ့ ဝေဒနာနဲ့ နေမကောင်းဖြစ်ပြီး အိပ်ယာထဲကိုလဲပါလေရော ……။ ကောင်လေးက ကောင်မလေးအိပ်ပျော်နေတုန်းအချိန် လာကြည့်ပြီးတော့ ကောင်မလေးဘေးမှာ စာလေးတစ်စောင်ထားခဲ့တယ်…..။ စာထဲမှာဘာတွေရေးထားလဲ ဆိုတော့………………………….. မေ မင်းရဲ့ချိုသာတဲ့ အသံလေးကြောင့် မင်းကို ကိုယ်ချစ်ခဲ့တယ်…. အခု မင်း စကားပြောနိုင်လား ? မပြောနိုင်တော့ပါဘူး ……………… “ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး ” မင်းရဲ့ ကိုယ့်အပေါ် ဂရုစိုက်ကြင်နာမှုတွေကြောင့် မင်းကို ကိုယ်ကြိုက်ခဲ့တာ အခု မင်း ကိုယ့်အပေါ် အဲဒါတွေ မပြနိုင်တော့ဘူး… “ ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး ” မင်းရဲ့ အပြုံးလေးတွေကြောင့်…. မင်းရဲ့အမူအရာလေးတွေကြောင့် မင်းကိုကိုယ်ချစ်ခဲ့တာ…. အခု မင်းပြုံးနိုင်သေးလား ၊ မင်း အခု လှုပ်ရှားနိုင်သေးလား ? မင်းမပြုံးနိုင်တော့ဘူး ၊ လှုပ်လှုပ်ရှားရှားလည်း မနေနိုင်တော့ဘူး……… “ ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး ” မင်းကအခုအချိန်မှာ ဝေဒနာခံစားနေရတဲ့သူ တစ်ယောက်ဖြစ်နေတယ် မင်းမှာချစ်စရာကောင်းတဲ့ အမူအယာတွေပြနိုင်သေးလား ? မင်း ……. ဘာဆို ဘာမှမစွမ်းဆောင်နိုင်တော့ဘူး… “ဒါ့ကြောင့် မင်းကို ကိုယ်မချစ်နိုင်တော့ဘူး ………………” တကယ်လို့ “ အချစ်က အကြောင်းပြချက်လိုတယ် ” ဆိုရင် အခုအချိန်မှာ …..မင်းကို ကိုယ်ဆက်ချစ်ဖို့ အကြောင်းမရှိတော့ဘူး.. မောင် *************************************************************** ကောင်လေးရေးခဲ့တဲ့ စာရဲ့အောက်နားမှာ စာကြွင်းလေးတစ်ခုတော့ ကျန်ပါသေးတယ် ။ တကယ်တော့ မေရယ် ………….. မောင်နဲ့မေ တစ်ဦးကိုတစ်ဦးချစ်ခဲ့တဲ့အချစ်အတွက် အကြောင်းပြချက်လှလှလေးတွေကို“ မေ ” ကြားချင်တယ်ဟုတ် !! “ အချစ်မှာ အကြောင်းပြချက်တွေလိုအပ်လို့လားကွာ …” ( မလိုအပ်ဘူးလို့ မောင်ယုံကြည်တယ် …. ) ဟုတ်တယ် မေ ……. ! မလိုပါဘူး….ဒါကြောင့် မေ့ကို မောင် ချစ်နေဆဲပါ ၊ ချစ်နေဦးမှာပါကွာ…။ ချစ်တဲ့ မောင်

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -