Posted by : လက်တွဲဖော် Friday, January 20, 2012

*

ချစ်တယ် ဆိုတဲ့ခံစားမှုတစ်ခုကို ဘာကိုချစ်တာလဲ….ဘာကြောင့်ချစ်

တာလဲ
ဆိုရင် ဘယ်သူမှ ဖြေနိုင်ကြမှာ မဟုတ်ပါဘူး။ သူ့အလိုလိုရင်ထဲကနေ
ပေါက်ဖွားလာတဲ့ ခံစားချက်သက်သက်ပါပဲ။
ဘယ်လိုနေနေချစ်တယ်….ဘာကြောင့်မှန်းမသိ
ချစ်နေတာဘဲ……အကြောင်းပြချက်တစ်ခုကြောင့်သာချစ်တယ်ဆိုရင်
အဲဒါအချစ်မဟုတ်ဘူး………….ခံစားမှု
သက်သက်မဟုတ်တော့ဘူး………..စွဲလန်းမှုတစ်ခုကို အခြေခံပြီး
သဘောကျသွားတာပါ။*

ကျွန်မကတော့ စွဲလန်းတာလဲ မဟုတ်ဘူး။သဘောကျတာလဲလည်း မဟုတ်ဘူး။
ဘာအကြောင်းပြချက်မှ မရှိဘဲ* ကိုကြီး*ဆိုတဲ့ လူကို *မြတ်မြတ်နိုးနိုး
ကိုချစ်သွားခဲ့တာ။ကိုကြီး ဘယ်လိုနေနေ
ချစ်တယ်။ကိုကြီးလှုပ်ရှားမှု့တို

ုင်းကိုလည်း မြန်နိုးတယ်။အဆုံးစွန်ထိ
ကိုကြီးဖြတ်သွားလို့ ကျန်ခဲ့တဲ့ ကိုယ်သင်းရနံ့လေးက အစ ရင်ခုန်မိတယ်။
အဲဒီလို ကိုကြီးနဲ့ ပတ်သတ်မှု့တိုင်းကို ရူးရူးမူးမူး ချစ်မိသွားတဲ့အထိကို
*ရိုးရိုးရှင်းရှင်း* ဆိုတဲ့ကျွန်မက *၀န်းရံခ* ဆိုတဲ့ ကိုကြီးကို
အရမ်းချစ်မိခဲ့ပါသည်။
ကိုကြီး ဆိုတဲ့သူက အမြဲတမ်း တက်ကြွနေသူတစ်ယောက်ပါ။သူတစ်ပါးကို အစသန်ပြီး
အမြဲပျော်နေတတ်သူလေ………….အဲဒီလို လူမျိုးကို တိတ်တခိုး
သဘောကျနေတဲ့ ကျွန်မကတော့
အေးအေးဆေးဆေးနေတတ်သူ……..အနက်ရောင်အကျီ်များကိုသာ ဒီဇိုင်းအမျိုးမျိုး
ပြောင်းဝတ်တတ်သူပါ။အဲဒီလို တည်ငြိမ်အေးဆေးစွာနေတတ်တဲ့ ရှင်း
လိုမိန်းကလေးတစ်ယောက်က ကိုကြီးလို အစသန်သူ အငြိမ်မနေတတ်သူတစ်ယောက်ကို
တိတ်တစ်ခိုး ချစ်နေတာ မထူးဆန်းဘူးလား။
ကိုကြီးနဲ့ ရှင်းက ဥပဒေ မေဂျာမှာ day တက်နေတဲ့သူတွေပေါ့။ ကိုကြီးက
final…ကျွန်မက third year တက်နေသူပါ။ ရှင်း ကိုကြီးကို စိတ်ဝင်စား
ချစ်မိနေပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ရှင်း ရင်ထဲက ရှိတာတွေကို
ကိုကြီးသိအောင် လုပ်ဖို့မပြောနဲ့ ရေလာမြောင်းပေးတောင် လုပ်ဖို့ တော်တော်
မလွယ်တဲ့ အလုပ်တစ်ခုပါရှင်။ ဒါပေမဲ့ ကိုကြီးဆီက အချစ် ကို တော့
မျှော်လင့်တောင့်တနေမိတယ်။
***************************************************

ဒီလိုနဲ့ ကိုကြီးနဲ့ ရှင်း ကြားမှာ မှတ်မှတ် ထင်ထင် ဖြစ်ရပ်လေးတစ်ခုကို
ကံတရားက ဖန်တီးပေးခဲ့တယ်။ အဲဒီဖန်တီမှုလေးက ကိုကြီးအတွက်
ကံဆိုးစေမှုတစ်ခုပေမဲ့ ရှင်းအတွက်တော့ ကံကောင်းမှုလေးတစ်ခု
ဖြစ်နေခဲ့တယ်………….အဲဒါ

ဘာလဲဆိုတော့ ကိုကြီးက final စာမေးပွဲကို
ကျခဲ့တာပါပဲ။ ရှင်းက အောင်တော့ ကိုကြီးနဲ့ အတန်းတူတူ
ဖြစ်သွားခဲ့တယ်………ကိုကြီးက စာမေးပွဲ ကျပေမဲ့ ခပ်ပျော်ပျော်ပါပဲ။
ကိုကြီးနဲ့ ရှင်းစတင်ပတ်သတ်ဖို့ ကံတရားက ရှင်းကို မျက်နှာစာပေးခဲ့တယ် ။
အဲဒီနေ့က အခန်းထဲက ခပ်တည်တည်နဲ့ ထွက်လာတဲ့ ရှင်းကို ကိုကြီးက
အားပါးတရပြုံးပြနေတော့ ရှင်း ကြောင်သွားတာပေါ့။သူအနားရောက်တော့
*ဟိတ် ရိုးရိုးရှင်း ကိုကြီးကို paper(1) စာအုပ်
ခဏငှားပါလား……..ကိုကြီး မမှီလိုက်လို့ပါ*
*ဘယ်မှီမှာလဲ သူများတွေကို လိုက်စနောက်နေတာကို ………*
ပါးစပ်က ပြောလဲပြောလက်က လွယ်အိတ်ထဲက စာအုပ်ကို ကိုကြီးကို ပေးပြီး
*မနက်ဖြန်ရှင်းစာအုပ်ကို မမေ့ခဲ့ပါနဲ့ ကိုဝန်းရံခ*
*မမေ့ပါဘူး……..စိတ်ချပါ……….လိုက်စတယ်ဆိုတာကလဲ
ခင်လို့ပါ….ကိုယ်ကို ကိုဝန်းရံခလို့ မခေါ်ပါနဲ့ ရိုးရိုးရှင်း
ထက်ကြီးတယ်လေ ကိုကြီးလို့ဘဲခေါ်လေ………နာမည်အပြည့်စုံခေါ်တော့
မောတာပေါ့*
*ဟုတ်ကဲ့ …………ရှင်း သွားတော့မယ်*
ဒီနေ့ အဖို့ ကိုကြီး ရှင်းဆီက စာအုပ်ငှားတာရော ကိုကြီးနှင့် တရင်းတနှီး
စကားပြောခွင့်ရတဲ့အတွက်ပါ ပျော်လိုက်တာ။ ရှင်းရင်ထဲကနေ တိတ်တခိုး
ခေါ်မိတဲ့ နာမည်နဲ့ ကိုကြီိးခေါ်ခိုင်းတဲ့နာမည်လေးကလဲ
ထပ်တူကျနေတယ်နော်…………ဒါနိမိတ်ကောင်းတစ်ခုလို့ အသားယူ
မှတ်ထားပါရစေ ကိုကြီးရယ်။
******************************************************************
ဒီတစ်ကြိမ်မှာတော့ ရှင်းအတွက် အရမ်းအံ့သြစေမဲ့ အလုပ်တစ်ခုကို
ကိုကြီးလုပ်လိုက်တော့ ရှင်းမှာ ရင်တွေ အခုန်လွန်ပြီး သေသွားမလားတောင်
ထင်ရအောင်ကြည်နူးခဲ့ရတယ်။အဲဒီနေ့က *ရှင်း* စာအုပ်တစ်အုပ်ကို
စိတ်ဝင်တစားဖတ်နေတဲ့အချိန်မှာ ကိုကြီးတို့ သူငယ်ချင်းတစ်စု ရှင်းဘေးက နေ
ဖြတ်သွားတယ်…….ရှင်းစာအုပ်ပေါ်ကို ကိုကြီးက အရမ်းလှတဲ့
နှင်းဆီပန်းအဖြူလေးတစ်ပွင့်ကို တင်ပေးသွားပြီး ခပ်တည်တည်
ဆက်လျှောက်သွားသည်။ ရှင်း စာအုပ်ပေါ်ကို ရုတ်တရက် နှင်းဆီပန်းကျလာလို့
မော့ကြည့်လိုက်တော့ ကိုကြီးက ခပ်တည်တည် ဆက်လျှောက်သွားနေပြီလေ…..ရှင်းက
အံ့သြပြီး စိုက်ကြည့်နေချိန် ကိုကြီးက ပြန်လှည့်တာနဲ့ ဆုံသွားသည်။ ရှင်း
ရင်ထဲမှာ အတိုင်းဆမသိ ပျော်ရွင် ကြည်နူးသွားမိပေမဲ့ ရှင်း
မျက်နှာပေါ်မှာတော့ အဲဒီအမူယာတွေ တစ်ခုမှ မပေါ်အောင် ခပ်တည်တည်ပုံစံဘဲ
နေပြမိတယ်။
အဲဒီနောက်ပိုင်းမှာ ကိုကြီးနဲ့ ရှင်းကို လူတော်တော် များများ
သတိထားမိသွားကြသည်။ကိုကြီးရဲ့ အစနောက်သန်မှု နဲ့ ရှင်းရဲ့
အေးဆေးတည်ငြိမ်မှုကလဲ ဆန့်ကျင်ဘက်ကြီးဆိုတော့ လူတွေက ပို
စိတ်ဝင်စားကြတယ်ထင်ပါတယ်။
ရှင်းကို ကိုကြီးကို ဘယ်လိုနည်းနဲ့ ရှောင်ဖယ်နေနေ ကိုကြီးကတော့
လုံးဝနောက်မဆုတ်ဘူး။ ကိုကြီး အပြုမှူတွေက ရှင်း အတွက်
ရင်ခုန်လှိုက်မောဖွယ်ကောင်းပေမဲ့ ကိုကြီးကို ရှင်း
အပြည့်ဝမယုံကြည်ရဲသေးဘူး။ ညဘက်တွေဆို ရှင်းဆီကို ဖုန်းဆက်တာက
တမျိုးလေ………..တနေ့တော့ ကိုကြီးဆီက ဖုန်းလာတော့
*ကိုကြီး ရှင်းကို ဘာကိစ္စနဲ့အတင်းလိုက်ပတ်သတ်နေတာလဲ*
*ဘာဖြစ်လို့လဲ ရှင်း ရဲ့………..ကိုကြီးနဲ့ ရှင်းကတစ်မေဂျာထဲ
သူငယ်ချင်းတွေလေ………မဟုတ်ဘူးလား*
*တစ်မေဂျာထဲဆိုတာတော့ ဟုတ်တာပေါ့……….ဒါပေမဲ့ သူငယ်ချင်းတွေမှ မဟုတ်တာ*
*ကိုကြီးကတော့ သူငယ်ချင်းဘဲ…………*
*ရှင်းက ဘယ်သူကို မှ လွယ်လွယ်မခင်တတ်ဘူးရှင့်*
ရှင်းဘယ်လိုပြောပြော ကိုကြီးကတော့
ဂရုမစိုက်ပါဘူး………..သူပြောချင်တာပြောတယ်…………..ကိုကြီး ရဲ့
စကားသံတွေက ကြာင်နာမှု နွေးထွေးမှု တွေ လှိုက်လှိုက်လှဲလှဲ
စီးမျောပါဝင်နေပါသည်။ကိုကြီး လို လူတစ်ယောက်မှာ ဒီလို နူးညံ့
ာကည်နူးစရာကောင်းတဲ့ ရင်ခုန်မှုမျိုးတွေကို ပေးစွမ်းစေမယ်လို့ လုံးဝကို
မထင်မိခဲ့ဘူး။
******************************************************

နောက်ဆုံးကျောင်းတွေ ပိတ်ချိန်ရောက်တော့ ကိုကြီးကို မြင်တွေ့ခွင့်တွေ
ဆုံးရှုံးခဲ့ရပါသည်။ရှင်းရင်ထဲ

မှာ ကိုကြီးကို အရမ်းသတိရ
လွမ်းနေမိတယ်……….ရှင်း ကိုကြီးကို အရမ်းချစ်တယ်ဆိုတာလဲ
ပိုသေချာသွားပါသည်။ဒါပေမဲ့ မိန်းကလေးတစ်ယောက်ရဲ့ ထားသင့် ထားအပ်တဲ့
ဂုဏ်သိက္ခာ ကိုတော့ လုံးဝအပွန်းပဲ့မခံနိုင်ဘူး……………ကျောင်းတွေ
ပိတ်သွားကတည်းက ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရတဲ့ ကိုကြီးကိုလဲ
စိတ်ထဲမှာ နာကျည်းနေမိသည်။
ရှင်းတစ်ယောက်ထဲ အခန်းထဲမှာ ကိုကြီးကို ကြိတ်လွမ်းနေတုန်း မေမေ
ရှင်းအခန်းထဲကို ၀င်လာသည်။
*သမီးလေး မေမေ ရှင်းလေးကို ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးချင်လို့
ခဏဆင်းတွေ့နော်…………အောက်မှာ ဖေဖေလဲ စောင့်နေတယ်*
*ဘယ်သူတွေလဲ မေမေ *
*ဖေဖေနဲ့မေမေ သမီးလေးကို
ကြိုတောင်မပြောမိဘူးကွယ်………..ကြိုမပြောဘူးဆိုတာလဲ မေမေ သမီးလေးက
မေမေတို့စကားကို အမြဲနားထောင်နေကြမို့ ပါ………သမီးလေးကို
အိမ်ထောင်ချအေပးဖို့ မေမေတို့ စီစဉ်နေတာလေ………….ခု ကောင်လေး
မိသားစုရောက်နေကြတယ်………………မေမေတို့ကို ကြိုမပြောတာကိုတော့
နာလည်ပေးပါ သမီးလေးရယ်………..မေမေတို့ သမီးအတွက် ရွေးချယ်ပေးတဲ့သူဟာ
ရှင်းလေးအတွက် ပျော်၇ွင်ခြင်း စိတ်ချမ်းသာမှုတွေကို ပေးစေမယ်ဆိုတာ မေမေ
အာမခံနိုင်ပါတယ်*
မေမေ စကားအရှည်ကြီး ပြော၇တာ မောသွားဟန်ဖြင့် သက်ပြင်းလေးချပြီး ရှင်း
ဆီကနေ ပြန်တုံ့ပြန်လာမဲ့ အဖြေစကားကို စောင့်ဆိုင်းနားထောင်နေသည်။
သမီးအလိမ်မာလေးပီပီ ရှင်းဘယ်လိုအင်အားတွေနဲ့ ညင်းရက်မှာလဲ ရှင်
*ဟုတ်ကဲ့ပါ မေမေ………..သမီး ဆင်းတွေ့ပါ့မယ်…………ဖေဖေနဲ့မေမေ
စိတ်ချမ်းသာရပါစေမယ်နော်*
*အိုး……လိမ်မာလိုက်တဲပ မေမေ့သမီးလေးရယ်*
မေမေတို့ စိတ်ချမ်းသာပေမဲ့ ရှင်း ရင်ထဲမှာတော့ ရင်ကွဲနေရပါပြီ
မေမေ………ဒါပေမဲ့ ရှင်းနှလုံးက ကျမဲ့မျက်ရည်တွေကို မေမေတို့ရဲ့
ပီတိအပြုံးတွေနဲ့ ရှင်းလဲလိုက်ပါ့မယ်………….ကိုကြီးရေ တကယ်ကို
ဝေးကြရပြီနော်…………….ရှင်း ကိုယ်ကိုကိုယ်
ကြည့်ကောင်းအနည်းပါးပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလိုက်လာခဲ့သည်။
ဧည့်သည်မိသားစုက ရှင်းဆင်းလာမဲ့ ဘက်ကို ကျောခိုင်းပြီး
ထိုင်နေကြသည်။ရှင်း ဧည့်ခန်းမှာ ၀င်ထိုင်လိုက်ရင်း အားလုံးကို ချုံဂုံ ပြုံးပြလိုက်မိချိန်မှာတော့ ရှင်းအရမ်းကို အံ့သြသွားခဲ့ပါသည်။
*ဟင်! ကိုကြီး*
*ဟုတ်တယ် သမီးလေးရေ………..သမီး ကိုကြီးက ကြိုမပြောပါနဲ့ ဆိုလို့ မေမေ
တို့မှာလဲ မပြောရတာကွဲ့……….သူက အစနောက်သန်တော့ သမီးက သားကို
ကြည့်မရဘူးတဲ့လေ………ကဲ
သားနဲ့သမီးသေချာဆွေးနွေးကြအုံးနော်………မောင်ဝန်းရံခက မေမေတို့
သဘောတူတဲ့ သတို့သားလောင်းဘဲ*
လူကြီးတွေက ဆွေးနွေးခွင့်ပေးလိုက်တာနဲ့ ရှင်း တို့ ခြံထဲကို
ဆင်းလာခဲ့သည်။တနေရာ အရောက်မှာတော့ ရှေ့က သွားနေတဲ့ ရှင်း ကို ကိုကြီးက
ရှင်းလို့ ခပ်တိုးတိုးလေး ကပ်ခေါ်လိုက်ရင်ဘဲ ရှင်း ရင်ခုန်သံတွေက
ဆူညံနေပြီ။
*ရှင်း ကိုကြီးကို စိတ်မဆိုးပါနဲ့နော်*
*ရပါတယ်*
*ဖြေပုံကလဲ စိတ်ဆိုးနေပုံကြီး*
*မဆိုးရဲပါဘူး လူကြီးတွေက ကိုကြီး ဘက်ကရှိနေပြီပဲ*
*ဟာကွာ………..ကိုကြီး ရှင်းလေးကို အရမ်းချစ်လို့ပါ
အဆုံးရှုံးမခံနိုင်လို့ လူကြီးတွေကို အပူကပ်မိတာပါ*
*ရှင်း ကိုကြီးကို ချစ်လား…ပြန်ချစ်ပါနော်*
*ရှင်း မပြောတတ်ဘူး*
*ခုမပြောတတ်လဲ ကိုကြီးကို လက်ထပ်ပြီးမှ ပြောနော်*
*အံမယ် ကိုကြီးကို ဘယ်သူက လက်ထပ်မယ်ပြောလို့လဲ*
*ရှင်းကသာပြောနေ လူကြီးတွေက ဖိတ်စာတောင် ရိုက်တော့မယ်ဗျ*
*ဟွန်း! မုန်းစရာ ကောင်းလိုက်တာ*
*ဘာ……..ချစ်စရာ ကောင်းလိုက်တာ ဟုတ်လား*
*ကိုကြီးနော်………..*
*ဟား…ဟား*
ရှင်း ဘာပြောပြော သူကို ပန်းနဲ့ပေါက်နေတယ်လို့
ကိုကြီးကထင်နေတာ…….ပြုံးပျော်နေတာဘဲ…………ရှင်းလဲ
အရမ်းပျော်နေတာပေါ့ရှင်………..ကိုကြီးထက် အဆပေါင်းများစွာ
ပိုပျော်တာပေါ့ ရှင်။ ကိုကြီးကို အရင်ဆုံး တိတ်တခိုးစွဲလန်း
ချစ်ခဲ့ရသူတစ်ယောက်က ရှင်းပါ။ဒါပေမဲ့ ဒီလျှို့ဝှက်ချက်လေးကို
မိန်းမတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ မာနနဲ့ သိက္ခာတရားအတွက်
လျှို့ဝှက်ထားပါရစေရှင်။ ကိုကြီးနဲ့ရှင်း တို့နှစ်ယောက်လျှောက်လှမ်းမယ့်
ဘ၀ခရီးလမ်းလေးက ပျော်ရွင်ကြည်နူးစရာတွေနဲ့
ပြည့်နှက်နေမှာပါ……….ဘာလို့လဲဆိုတော့………..ကိုကြီးနဲ့
ရှင်းတို့ရဲ့ချစ်ခြင်းတွေ ထပ်တူညီ နေလို့ပေါ့။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -