Posted by : လက်တွဲဖော် Friday, January 20, 2012

ယောက်ျားလေးတွေ ရဲ့ ခံစားမှု ကို နားလည်စေချင်လို့ ပါ……… 1. မချစ်ပဲနဲ့  ချစ်တယ်လို့ မလိမ်ညာပါနဲ့ … မချစ်ရင်မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။ (ဆန်းစစ်ဖို့ လုံလောက်တဲ့ အချိန်ကိုယူသင့်ပါတယ်) 2. ရည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့် အတတ်နိုင်ဆုံး အမှန်အတိုင်းချစ်သူယောက်ျားလေးကို ပြောပြပေးပါ။ အချိန်ကြာပြီးမှ လိမ်ညာတယ်ဆိုတာ သိရတဲ့အခါ ခံစားရတဲ့ သူမှာ ပိုပြီးနာကျင်စေပါတယ်။ 3. ချစ်သူယောက်ျားလေးရှေ့ မှာ အရင်ရည်းစားဟောင်း အကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး…..သူ့ ကို စာနာသင့် ပါတယ်………….. 4. မိန်းကလေးအများစု ပြောတတ်ကြပါတယ် …သူတို့ ဘ၀တစ်ခုလုံးပေးအပ်လိုက်ရတာပါ တဲ့ ယောက်ျားလေးတွေကရော …. နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား …….? 5. ယောက်ျားလေးတွေဟာ ချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့ရက်တွေကို အမြဲ မှတ်ထားတက်ကြတယ်… အဲဒီနေ့ရက်တွေမှာ ဘာလုပ်ခဲ့တယ်…ဘယ်သွားခဲ့တယ်…… မိန်းကလေးတွေနဲ့ ကွာနေတဲ့အချက်ကတော့ နေ့စွဲတွေကို မှတ်တတ်တာမျိုးမဟုတ်ပါဘူး … နေ့ စွဲတွေကအလွတ်ကျက်ထားလို့၇ပေမယ့် အမှတ်တရလေးတွေကို အလွတ်ကျက်ထားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ . 6. ချစ်သူတွေ ဖြစ်သွားကြရင် သူငယ်ချင်းယောက်ျားလေးတွေနဲ့ အရောတ၀င်မနေပါနဲ့ … အထူးသဖြင့် ကိုယ့်ချစ်သူကောင်လေးရဲ့ရှေ့ မှာပေါ့…အထင်သေးစေမယ့် အပြုအမူတွေ…… အပြော အဆိုတွေကို ရှောင်သင့် တယ်……ကိုယ့် အပေါ်မှာ အလေး အနက်ထားတက်တဲ့သူဆိုရင် သံသယတွေဝင်တက်ပါတယ်…… 7. ချစ်သူယောက်ျားလေးနဲ့ ချိန်းတွေ့ တဲ့အခါ မထင်မှတ်တဲ့ ကြင်နာမှုလေးတွေကို ပေးပါ နှစ်များစွာတိုင်အောင် သူသတိရနေမှာပါ………… (ဥပမာ – ကိုယ်တိုင် ချက်ယူလာတဲ့ဟင်းနဲ့  ထမင်းချိုင့်လေးကို သူ့ ကိုကျွေးတာမျိုးပေါ့ ) 8. ယုံကြည်မှုပေးပါ ယောက်ျားလေးတိုင်းဟာ အခွင့်အရေးသမားတွေမဟုတ်ပါဘူး …… လွတ်လပ်စွာ နေချင်ရုံသက်သက်ကို ဆိတ်ကွယ်ရာလို့ မထင်မှတ်ပါနဲ့ ။ 9. တခါတလေ ယောက်ျားလေးတွေမှာ ဆန်းသစ်တဲ့စိတ်ကူးလေးတွေရှိကြတယ် …… (ဥပမာ – တီရှပ် အင်္ကျီ အတူလေးတွေဝယ်ပြီး လျောက်လည်ချင်တာလို ဟာမျိုး….. နောက် တစ်ခါမှ မရောက်ဘူးတဲ့နေ၇ာတွေကို ချစ်သူနဲ့ ပထမ ဦးဆုံးသွားချင်တာလေးပေါ့ …. သဘောမတူရင်နေပါ ကြောင်လွန်းပါတယ် လို့တော့ မတုံ့ ပြန်မိစေနဲ့…) 10.ယောက်ျားလေးတွေမှာလည်း မိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်… ဒါပေမယ့် ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်ဆိုရင် သူတို့ ရဲ့ပတ်သက်မှုက ကွာခြားလွန်းပါတယ်……… မိန်းကလေးတွေ ကြတော့  ချစ်သူနဲ့ ယောက်က်ျားလေး သူငယ်ချင်း ယှဉ်လာရင်……… ကွာခြားမှု သိပ်မရှိပေ……. 11. ယောက်ျားလေးတွေက ချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် …. လှလို့ ချစ်ခဲ့တာမဟုတ်ပေမယ့် ချစ်လို့  လှတာလေ….ဘယ် မိန်းကလေးနဲ့ မှ နှိုင်းလို့ မရအောင် သူတို့ မျက်စိထဲမှာ လှနေတက်ကြတယ် ပြီးတော့  ကို့ ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။ 12. တခါတရံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေက ထင်တတ်ကြတယ် … အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကို မဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။ 13. ရှိတတ်ပါသေးတယ် … မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှ ကို့ ချစ်သူလို့ ပြောဖို့ ၊မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်လေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့ကို့ ကိုချစ်သူ လို့ အသိပေးစေချင်ကြတယ် … Action to action ပါ ပဲဗျာ … မိန်းကလေးကသာ သူ့ မိတ်ဆွေတွေ အလယ်မှာ ချစ်သူလို့ အသိပေးပါစေ ယောက်ျားလေးများက သူ့ အလိုလို သူငယ်ချင်းတွေနဲ့တွေ့ တိုင်းချစ်သူလို့ မိတ်ဆက်ပြီးသားဖြစ်သွားပါလိမ့်မယ် …။ 14. ဘ၀မှာ ၇င်ဆိုင်ဖို့ အားအင်တွေ နဲ့အခြေတည်ဖို့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံ လစ်ဟာမှုလေးတွေ ရှိခဲ့၇င် နားလည်ပေးပါ … ဂရုမစိုက်တာမဟုတ်ပါဘူး နောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။ 15. ဂိမ်း ၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်… ……. စိတ်အတွက်ဖျော်ဖြေမှုတစ်ခုအနေနဲ့ ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့ ဘောလုံးကွင်း တစ်ခုမဟုတ်ပဲ ချစ်သူဆိုတာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။ 16. ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေးရဲ့ တာဝန်ပါ … ဒါပေမယ့် သူ့ မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …….။ 17. မိန်းကလေးတစ်ယောက်က ထက်မြက်နေဖို့ မလိုပါဘူး ဘေးနားကနေ အလိုက်အထိုက်အကြံဥာဏ်ပေးနိုင်ရင်ရပြီ ၊ကူညီပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့ …။ 18. ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊ အသိပညာတွေ နဲ့ ထိန်းချုပ်နိုင်မှုစွမ်းရည်တွေက အလကား ထားတာမဟုတ်ပါဘူး………. လူ့ တန်ဖိုးရဲ့  အဆုံးအဖြတ်တွေပါ ။ 19. ယောက်ျားလေးတွေရဲ့ မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အ၇က်၊ကွမ်း) စတာတွေကို မကြိုက်၇င် ချစ်သူမိန်းကလေး က ပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေးရဲ့ ပါးနပ်စွာပြောဆို နိုင်မှုနဲ့  နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။ 20. နောက်ဆုံးတစ်ချက်ကတော့ မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါ။ ယောက်ျားလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့ ။ ယောက်ျားတစ်ယောက်ဟာမိမိချစ်သူ မိန်းကလေးအတွက် မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့် ယောက်ျားတစ်ယောက်ရဲ့ မာန က မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက် အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..။။။။။။။။။။။။။။။။။။။ မှတ်ချက်……အခု တင်လိုက်တာက ယောကျာင်္းလေးတွေကို နားလည်ပေးဖို့ ပါပဲ ကိုယ်ကိုတိုင်ကလဲ ယောကျာင်္းလေး တစ်ယောက်ဆိုတော့ ခံစားချက်တချို့ နဲ့ လဲ တိုက်ဆိုင်နေ၏ . ကျွန်တော်ရေးတာ ဟုတ်ဝူး.နော်.fw. mail..ကရတာလေးပါ….. တော်ကြာ Master လို့ ထင်နေရင် ဒွတ်ခ . . .အဟတ်ဟတ်……… :P P လောကမှာအဆိုးနဲ့ အကောင်း ဒွန်တွဲနေပါတယ်… လူဆိုးရှိသလို လူကောင်းလည်းရှိမှာပါ မည်သူကိုမှထိခိုက်စေလိုတဲ့ဆန္ဒမရှိပါဘူး။ချစ်သူယောက်ျားလေးအပေါ်ကို မိန်းကလေးတွေနားလည်ပေးနိုင်ရင် ကျေနပ်ပါတယ် ခင်ဗျာ။။။။။။။။။။။။။။။။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -