Archive for 08/10/12
မိန်းကလေးတွေအနေနဲ့ အရွယ်လွန်သည်အထိ ချစ်သူမရှိသေးဘူး ဒါမှ မဟုတ် အိမ်ထောင် မပြုသေးဘူးဆိုရင် ပတ်ဝန်းကျင်က သူမမှာ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ တစ်ခုခု ချို့ယွင်းနေတယ်လို့ မြင်ကြတယ်....
ယောက်ျားလေးတွေကိုတော့ ပတ်ဝန်းကျင်က စဉ်းစားလွန်းအားကြီးလို့ လူပျိုကြီး ဖြစ်ရတယ်လို့ ဆိုကြတယ်....
တကယ်တော့...
မိန်းကလေးတွေ အိမ်ထောင်မပြုဘူးဆိုတာ...ကိုယ် ယုံကြည်ရမဲ့ သူနဲ့ မဆုံဆည်းသေးလို့ဖြစ်ပြီး...
ယောက်ျားလေးတွေအိမ်ထောင်မပြုသေးတာကတော့ မိမိနဲ့ လိုက်ဖက်သင့်တော်မဲ့ လက်တွဲဖော်ကို ရှာမတွေ့သေးလို့ပါပဲ....
(ဇေယျာ)
—
နှစ်ကိုယ့်တစ်စိတ် ချစ်သူတွေဆိုတာ...စကားတစ်ခွန်းကြောင့် လမ်းခွဲရတယ်ဆိုတာ မရှိဘူး....
ပြီးတော့ အမှားတစ်ခုကြောင့် ပြတ်စဲကြတယ်ဆိုတာလဲ မရှိကြဘူး...
သစ္စာမရှိဘူးဆိုတဲ့လုပ်ရပ်ဟာ သူတို့အတွက် အတွေးနဲ့တောင် မလွယ်ကူလှဘူး....
နှစ်ကိုယ့်တစ်စိတ် ချစ်သူတွေဆိုတာ...ခံစားချက်ရဲ့ လှိုင်းတွေ ကြားမှာ ကြီးပြင်း ရင့်ကျက်ကြသူတွေဖြစ်တယ်...
အကောင်းအဆိုး လောကဓံကို အတူတူ ရင်ဆိုင်ရင်းနဲ့ သူတို့ရဲ့ အချစ်က တစ်စထက်တစ်စ ပိုကြီးမားလာတယ်.... အဆုံးမှာ တစ်ဦးနဲ့ တစ်ဦး တန်ဖိုးထားတတ်သွားတော့တယ်....
ရှည်လျားတဲ့ ချစ်ခရီးလမ်းတစ်လျှောက်မှာ နက်နဲစွာ အပြန်အလှန် ချစ်ကြမယ်.. ပြီးတော့ မိမိချစ်သူရဲ့ ကောင်းကွက်တွေကို မြင်သိ နားလည် နိုင်မယ်ဆိုရင် ဘယ်တော့မှ လမ်းခွဲရမှာ မဟုတ်တော့ဘူးပေါ့...
(ဇေယျာ)
၁။တကယ်လို့ မင်း နှစ်သက်တဲ့လူတစ်ယောက်ကို မက်ဆေ့ခ်ျပို့လို့ တော်တော်ကြာကြာ စောင့်ပြီး ပြန်မလာဘူးဆိုရင် ...ထပ်မပို့ပါနဲ့တော့...
သူ မင်းကို ဂရုမစိုက်လို့ပါ.... အပင်ပန်းခံပြီး မစောင့်ပါနဲ့တော့.....
၂။တကယ်လို့ တစ်ယောက်တည်း ၀မ်းနည်းတဲ့အခါ...
အခန်းထောင့် တစ်နေရာ သို့မဟုတ် အိပ်ရာထဲမှာလှဲပြီး ငိုချလိုက်ပါ... ကိုယ်ချင်းစာ သနားပေးမဲ့သူကို လိုက်မရှာနေပါနဲ့.... ငိုပြီးတာနဲ့ ပျော်ရွှင်စွာ အသက်ဆက်ရှင်ပါ.....
၃။တကယ်လို့ လူတစ်ယောက်က တဖြည်းဖြည်းနဲ့ မင်းကို ဥပက္ခာပြု လျစ်လျူရှုလာတယ်ဆိုရင်...သူနဲ့ ခွဲခွာဖို့ ပြင်ဆင်ပါ....
မင်းကို နားမလည်တဲ့ လူတစ်ယောက်ဟာ မင်းနဲ့ မလိုက်ဖက်ပါဘူး....
မင်းရဲ့ အကြင်နာ မေတ္တာ ၊ ချစ်ခြင်းတွေကို ဆက်လက် ပေးဆပ်ဖို့ မလိုပါဘူး....ဘာလို့လဲ ဆိုတော့ အဆုံးသတ် နာကျင်မှုဟာ မင်းကိုယ်တိုင် ဖြစ်နေလို့ပါပဲ....သူကတော့ ဘယ်တော့မှ မင်းအတွက် ၀မ်းနည်းမှာ မဟုတ်ပါဘူး.....
၎။ဆေးလိပ် မသောက်လို့ ရတယ်ဆိုရင် ....ဆေးလိပ်မသောက်ပါနဲ့...
အရက် မသောက်လို့ ဖြစ်တယ်ဆိုရင်... အရက် မသောက်ပါနဲ့....
ဒါတွေဟာ မင်းရဲ့ ကျန်းမာရေး အန္တရာယ်တွေဖြစ်တယ်...
လူတစ်ယောက်အတွက် ဒီလောက် တုံးအ ဖို့ မသင့်တော်ပါဘူး...
မင်းကို တကယ်ချစ်တဲ့သူဆိုရင်လဲ မင်းကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူးလေ.....
၅။လူတွေအလေးအနက်ထားလွန်းကြတဲ့ တချို့ အရာတွေကို အသည်းအသန် အလေးမထားပါနဲ့....သဘာဝအတိုင်း စိတ်ကို တည်ငြိမ်စွာ ထားတတ်ပါစေ....
ဒီလောကမှာ မညီညာတဲ့ အခြေအနေတွေ အများကြီးကြုံကြရမှာပါပဲ...ရုပ်ပိုင်း ၀တ္ထုတွေကို တန်ဖိုးထားလွန်းတဲ့ သူတွေဟာ မိမိရဲ့ တန်ဖိုး ကျဆင်းသွားတတ်ပါတယ်....
၆။လူတစ်ယောက် ဒါမှမဟုတ် အခြေအနေတစ်ခုကြောင့် အရုပ်ကြိုးပြတ် စိတ်ဓာတ်ကျတာမျိုး မဖြစ်စေနဲ့....
မစားနိုင် မအိပ်နိုင်.... မျက်ရည်လည်ရွဲကျတာ...မှိုင်တွေ ငေးမော အထီးကျန်ဆန်တာ တွေဟာ တုံးအသူတွေသာ လုပ်တတ်တဲ့ အပြုအမူမျိုးတွေပါ....
တခါတလေမှာ လိုအပ်ရင်တော့ တုံးအမှု နားမလည်မှုလေးတွေတော့ ရှိတတ်ပါတယ်...လူဆိုတာ အမြဲ ထက်မြက်ထူးချွန်နေဖို့မှ မလိုတာပဲ...ဒါပေမဲ့ သိရဲ့သားနဲ့ တုံးအတာမျိုးတော့ မဖြစ်သင့်ပါဘူး....
၇။ အမုန်းမပွားနဲ့....လိုဘ မများနဲ့...
တခြားသူတွေကို မနာလိုမဖြစ်နဲ့....မင်း သူများကို အားကျနေစဉ်မှာ မင်းကို လေးစားသူတွေ အများကြီး ရှိနိုင်တယ်ဆိုတာလဲ မမေ့နဲ့ဦးလေ.....
(ဇေယျာ)
►