Posted by : လက်တွဲဖော်
Friday, August 10, 2012
နှစ်ကိုယ့်တစ်စိတ် ချစ်သူတွေဆိုတာ...စကားတစ်ခွန်းကြောင့် လမ်းခွဲရတယ်ဆိုတာ မရှိဘူး....
ပြီးတော့ အမှားတစ်ခုကြောင့် ပြတ်စဲကြတယ်ဆိုတာလဲ မရှိကြဘူး...
သစ္စာမရှိဘူးဆိုတဲ့လုပ်ရပ်ဟာ သူတို့အတွက် အတွေးနဲ့တောင် မလွယ်ကူလှဘူး....
နှစ်ကိုယ့်တစ်စိတ် ချစ်သူတွေဆိုတာ...ခံစားချက်ရဲ့ လှိုင်းတွေ ကြားမှာ ကြီးပြင်း ရင့်ကျက်ကြသူတွေဖြစ်တယ်...
အကောင်းအဆိုး လောကဓံကို အတူတူ ရင်ဆိုင်ရင်းနဲ့ သူတို့ရဲ့ အချစ်က တစ်စထက်တစ်စ ပိုကြီးမားလာတယ်.... အဆုံးမှာ တစ်ဦးနဲ့ တစ်ဦး တန်ဖိုးထားတတ်သွားတော့တယ်....
ရှည်လျားတဲ့ ချစ်ခရီးလမ်းတစ်လျှောက်မှာ နက်နဲစွာ အပြန်အလှန် ချစ်ကြမယ်.. ပြီးတော့ မိမိချစ်သူရဲ့ ကောင်းကွက်တွေကို မြင်သိ နားလည် နိုင်မယ်ဆိုရင် ဘယ်တော့မှ လမ်းခွဲရမှာ မဟုတ်တော့ဘူးပေါ့...
(ဇေယျာ)
Post a Comment