Archive for 02/09/12




တခါတုန်းက မျက်မမြင် ကောင်မလေးတစ်ယောက်ရှိတယ် ။ သူ့စိတ်ထဲမှာ အရာအားလုံးကို အထင်သေးမှုတွေ မလိုမုန်း တီးမှုတွေ စက်ဆုပ်မှုတွေနဲ့ ပြည့်နေလေ့ရှိတယ် ။ သူမမှာ သူငယ်ချင်း များများစားစားမရှိဘူး ။ သူ့ကို တခြား သူတွေမချစ်နိုင်တဲ့အချစ်မျိုးနဲ့ နက်ရှိုင်းစွာချစ်တဲ့ ကောင်လေးတစ်ယောက် ပဲ ရှိတယ် ။ မျက်မ မြင်ကောင် မလေးက ကောင်လေးကို အမြဲပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ် ။

“ ငါ့မျက်လုံးတွေ ပြန်မြင်ရတဲ့တစ်နေ့ နင့်ကိုလက်ထပ်မယ် ” တဲ့ ။ ဒီလိုနဲ့ တစ်ရက်မှာ သူ့အတွက် မျက်လုံး တစ်စုံလှူမယ့် လူတစ်ယောက်ပေါ်လာခဲ့တယ် ။ နောက်ဆုံးမှာ သူမမျက်လုံးတွေပြန်မြင်ပြီး သူ့ကောင်လေး ကို လည်း မြင်ခွင့်ရခဲ့တယ် ။ အဲဒီအချိန်မှာ သူမ အလွန်အံ့အားသင့်သွားခဲ့တယ် ။ ဘာကြောင့်လည်းဆိုတော့ သူမ ကောင်လေးကလည်း သူမလိုပဲ မျက်မမြင်တစ်ယောက်ဖြစ်နေလို့ပါပဲ ။

ကောင်လေးကမေးတယ် ။ “ နင်အခု ငါ့ကိုမြင်ရပြီမဟုတ်လား ငါတို့လက်ထပ်ကြမလားဟင် ”

ဒီတော့ကောင်မလေးကပြန်ပြောတယ် ။ “ အို.. ဘယ်လိုဖြစ်နိုင်မှာပလဲ ငါတို့ဘယ်တော့မှ ပျော်ရမှာမဟုတ်ဘူး အခု ငါ့မျက် လုံးတွေပြန်မြင်နေရပြီလေ ဒါပေမယ့် နင်ကတော့ အခုထိ ကန်းနေတုန်းပဲ ဒါကြောင့် စိတ် မကောင်း ပါဘူး ငါတို့ မဖြစ်နိုင်ဘူး ” တဲ့ ။

ကောင်လေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တစ်ပေါက် စီးကျလာတယ် ။ ပြီးတော့ ကောင်လေး က ကောင် မလေးကိုပြုံးပြပြီး “ ငါနားလည်ပါတယ် ငါက နင့်ကိုပျော် ရွှင်စေချင်ခဲ့ယုံသက်သက်ပါ ကျေးဇူးပြုပြီး နင့်ကိုယ် နင် ဂရု စိုက်ပါ ပြီးတော့ငါ့မျက်လုံးတွေကိုလည်းဂရုစိုက်ပေးပါ ”

ပြီးတော့ကောင်လေး က ကောင်မလေးရှေ့ကနေ လှည့်ထွက်သွားခဲ့တယ် ။

###############################################

တကယ်တော့အချစ်ဆိုတာ အမြင်သဏ္ဍာန်ပေါ်မူတည်ပြီးပြောင်းလဲတတ်တာမျိုးမဟုတ်ပါဘူး ။ မြင်နေ ရ သည် ဖြစ်စေ မမြင်ရသည်ဖြစ်စေ ရင်ခုန်သံချင်းနားလည်နေဖို့သာလိုတာပါ ။ ကောင်မလေးဟာ ရဲ့အချစ်ဟာ အမြင် သဏ္ဍာန်ပေါ်မူတည်ပြီးပြောင်းလဲသွားခဲ့တယ် ။ လောကကြီးမှာ အချစ်ဆိုတာဟာလည်း အဲဒီလို အသွင် သဏ္ဍာန် နဲ့ အခြေအနေ ၊ အချိန်အခါပေါ်မူတည်ပြီးပြောင်းလဲတတ်ပါသလား လို့ ကောင်လေး စိတ်ထဲ တွေးနေ မိမှာပါပဲ ။

                                                                                                          သက်တန့်ချို

ပေးဆပ်အချစ်

Posted by : လက်တွဲဖော် 0 Comments
လမ်း…... မမှားပါဘူး။ မှားနေတာက ကိုယ်ရဲ့ရွေးချယ်မှုပါ။
အချစ်….. မမှားပါဘူး။ မှားနေတာက ကိုယ်ရဲ့ဖူးစာကံပါ။
.

မမှားပါဘူး။

Posted by : လက်တွဲဖော် 0 Comments
စံပြုလောက်တဲ့အိမ်ထောင်ရေးဖြစ်ဖို့အတွက် အဓိကအချက် (၅) ချက်
ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့။
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက . ..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides

1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန်
လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့
အိမ်ထောင်ရေးမျိုးကို ရမှာပါ။
2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့
တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ
တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြဿနာတွေကိုလည်း မှန်ကန်တဲ့
နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တို
စွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက်
လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့်
လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ
အလေးအနက်ထား
အချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊
အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်
အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့
သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့
မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ
လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘ၀ကို
စဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။
သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့်
မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။
ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး
ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။

4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။
ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့်
ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊

5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီး
အတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက
လက်မခံနိုင်ဘူး ဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ
ခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ
သဘောကျတယ်ဆိုရင်တော့ OK ပေါ့။

No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က
အချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်
အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး
ရှိရမှာပေါ့နော်။
ဒီလိုဆိုရင် ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်။
အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့။
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို
ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့။

စံပြုလောက်တဲ့အိမ်ထောင်ရေးဖြစ်ဖို့အတွက် အဓိကအချက် (၅) ချက်

Posted by : လက်တွဲဖော် 0 Comments
Apple Candy's Photos
copy from Su Wai Phyo~
ယောင်္ကျားလေး ( တော်တော်များများ )သည် မိမိသာလျှင် အဆိုးဆုံး...ယောင်္ကျားများ၏ ရှင်ဘုရင်ဘ၀ရောက်ချင်ရောက်နေပါစေ..
မိမိလက်ထပ်မည့်မိန်းကလေးကိုတော့ ခြောက်ပြစ်ကင်းသဲလဲစင် ကမ္ဘာ့ အဖြူစင်ဆုံး မိန်းကလေးမျိုး ကိုသာလိုချင်တတ်လေ့ရှိသည် ။

မိမိတောင်မှ ခြောက်ပြစ်ကင်းသဲလဲစင်လူသားတစ်ယောက် မဟုတ်ခဲ့ပါလျှင်
မိမိလက်ထပ်ရမည့်သူကိုရော အဘယ့်ေုကာင့် ဆယ်ပြစ်လောက်ကင်းစေချင်နေုကပါသနည်း ??
ယောင်္ကျားလေးများအတွက် ချစ်သူဆိုသည်မှာ အပြစ်ကင်းသူဖြစ်ရန် တကယ်ကိုလိုအပ်ပါသလား ??
စဉ်းစားစရာပင်…

ထိုကဲ့သို့ သောသူများအတွက် အကောင်းဆုံးအုကံဥာဏ်တခုမှာ မိန်းမယူမည်ဆိုလျှင် ယခုမှမွေးမည့် ဗိုက်ုကီးသည်မိခင်၏ မွေးခန်းဝမှသွားထိုင်စောင့်ကာုကိုတင်စာချုပ်ချုပ်ဆိုပြီး အပိုင်မွေးစားလိုက်ခြင်းပင်ဖြစ်လေသည် ။
ဤသည်မှာ လောကတွင်ဖြူစင်ရိုးသားသော အပြစ်ကင်းစင်သောမိန်းကလေးများ အင်မတန်ရှားလွန်းနေခြင်းေုကာင့် လုံးဝ ( လုံးဝ ) မဟုတ်ပဲ...
ထိုသို့ သောမိန်းကလေးများနှင့် ထိုကဲ့သို့  သောသူများ လုံးဝ ( လုံးဝ ) ကိုထိုက်တန်ခြင်းမရှိသောေုကာင့်သာ ဖြစ်လေသည် ။


( ချွင်းချက် - ဤ post ထဲရှိ ယောင်္ကျားလေး(တော်တော်များများ) ဆိုသည့်အထဲတွင် အချစ်ကိုတန်ဖိုးထားသော... မိမိချစ်ရသူကိုတန်ဖိုးထားရကောင်းမှန်းနားလည်သော ယောင်္ကျားလေးအနည်းစု လုံးဝ ( လုံးဝ ) မပါဝင်ရပါေုကာင်း…… xD )
-- ဆုဝေဖြိုး --
See More
Cuttie World ^-^

ယောင်္ကျားလေး

Posted by : လက်တွဲဖော် 0 Comments
ချစ်သူဆိုတာ ကိုယ်သဘောကျ နှစ်သက်လို့ ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့ ဒုတိယကိုယ်ခွဲပဲ...ဒ...ီနှစ်ဦး စကားများကြတဲ့အခါ သူက ကိုယ့်ရဲ့ ဒုတိယကိုယ်ခွဲ ဖြစ်လို့ သူနာကျင်ရသလို ကိုယ်လည်းနာကျင်ရတယ်..ကိုယ်ကြေကွဲနေသလို သူလည်းကြေကွဲနေလိမ့်မယ်....အဲအခါမှာ ဘာမှမစဉ်းစားပါနဲ့ အဆင်ပြေနိုင်မဲ့ နည်းလမ်းကို ရွေးချယ်ပြီး ပြန်ချော့လိုက်ပါ... ကိုယ် ပြန်ခေါ်ချင်နေသလို သူလည်း ပြန်ခေါ်နေချင်ပါလိမ့်မယ်....ဒါကြောင်မို့ နှစ်ကိုယ့်တစ်စိတ်ရယ်လို့
ချစ်သူတွေကို တင်စားပြောဆိုကြတာပေါ့....
See More
‎( ဤ page မှ post များကို မိမိတို့ wall ပေါ်တွင် လွတ်လပ်စွာ Share နိုင်ပါသည်.. လေးစားစွာဖြင့်-----By SNP)

ကိုယ့်ရဲ့ ဒုတိယကိုယ်ခွဲပဲ

Posted by : လက်တွဲဖော် 0 Comments
☺☺☺အရမ်းကောင်းလိုတင်လိုက်တာပါ အားပေးကြပါဦး☺☺☺
(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ခ...ျစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ
ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
... အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့
ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား
ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး
"သိပါတယ်... ထပါတော့ လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း
ဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့
နင် စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော
သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း
"အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး
လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့
တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။
အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။

"ငါ...နင့်...ကို.... ချစ်......တယ်"

ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။

Posted by : လက်တွဲဖော် 0 Comments
ချစ်တယ်.....သိပ်ကိုချစ်ခဲ့ပါတယ်... ဟော..ဒီလို မုန်းတီးစွာဟစ်ကြွေး ဒို့ ရဲ့  အနေဝေးနေ့ တွေကိုပေါ့.........။။ မျှော်လင့် ယုံကြည်မှုနဲ့ ပဲ ငါ့မနက်တွေ အသက်ဆက်ခဲ့လွမ်းတိုင်း......... (နင့်အကြောင်း) ကဗျာတွေကို ရင်ဘတ်နဲ့  ခတ်နေ မိတယ်...။။ သစ်ရွက်ကလေးတွေ လှုပ်နေ မင်း.... ရယ်သံလေးများကြားရမလား နားစွင့်.........သူ့ သီချင်းလေးတွေကတော့ ရင်မှာမွှေးမြနေတုန်းပါပဲ.........။။ မဝေးတော့တဲ့တစ်နေ့ ပြန် လည် ဆုံတွေ့  ချင်တယ် ချစ် သူရယ်...........။။။

အလွမ်းကဗျာ...

Posted by : လက်တွဲဖော် 0 Comments
အသဲပုံလေးလား


လက်ဆောင်ကဒ်နဲ့အတူ တွဲပြီး ပုံဖော်ထားတဲ့ ရုပ်ကြွအသဲပုံလေး လုပ်နည်းလေး ဖြစ်ပါတယ်။ စက္ကူခေါက် နည်းလမ်းများဟာ ဂျပန်နိုင်ငံက ဆင်းသက် လာတယ်လို့ ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံက စက္ကူကို သုံးစွဲတဲ့ နေရာမှာ လွန်ကဲတဲ့ နိုင်ငံဖြစ်သလို စက္ကူနဲ့ ပုံဖော်ရာတွင်လဲ သူမတူအောင် လက်ရာမြောက်ဆုံး ဖြစ်ပါတယ်။

မိမိရဲ့ ချစ်သူလေးဆီ လက်ဆောင်ကဒ်နဲ့ အတူ အသဲပုံရုပ်ကြွလေးကို လုပ်ပြီး မေတ္တာပိုတိုးအောင် လုပ်နိုင်ပါပြီ။ မိမိကိုယ်တိုင် လုပ်ပြီး ပေးပို့တယ် ဆိုရင် ချစ်သူပျော်ရွှင်မည် ဖြစ်ပါတယ်။ ပြောရင်းနဲ့ စာရှည်သွားပြီ။ ဒီမှာ လုပ်နည်းစာအုပ် နှစ်အုပ်ကို Download(1), Download(2) လုပ်ယူပါ

အသဲပုံအတူတူ လုပ်ကြမယ်

Posted by : လက်တွဲဖော် 0 Comments
မေ့ဖို့ကြိုးစားနေပေမယ့် အိပ်မက်တွေကိုတော့ မတားနိုင်ခဲ့ဘူး မင်းအကြည့်တစ်ချက်တည်းနဲ့ ငါ...မျက်ရည်ဝဲတတ်ခဲ့တဲ့သူပါ ဟန်ဆောင်စိမ်းကားနေရတာ ငါ့မှာလည်း သေလုမျောပါးပါပဲ မင်းအရိပ်မြင်ရုံနဲ့ ငါ...ရင်ခုန်တတ်ခဲ့တဲ့သူပါ နီးခွင့်မရှိမှတော့ အဆုံးအစမရှိ ဝေးကြပါစေတော့ တစ်သက်စာနောင်တတွေကို မင်းဘေးက အချိန်တခဏနဲ့ ငါ...မလဲချင်တော့လို့ပါ......။

မင်းအကြည့်တစ်ချက်တည်းနဲ့

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -