Posted by : လက်တွဲဖော်
Thursday, February 9, 2012
တခါတုန်းက မျက်မမြင် ကောင်မလေးတစ်ယောက်ရှိတယ် ။ သူ့စိတ်ထဲမှာ အရာအားလုံးကို အထင်သေးမှုတွေ မလိုမုန်း တီးမှုတွေ စက်ဆုပ်မှုတွေနဲ့ ပြည့်နေလေ့ရှိတယ် ။ သူမမှာ သူငယ်ချင်း များများစားစားမရှိဘူး ။ သူ့ကို တခြား သူတွေမချစ်နိုင်တဲ့အချစ်မျိုးနဲ့ နက်ရှိုင်းစွာချစ်တဲ့ ကောင်လေးတစ်ယောက် ပဲ ရှိတယ် ။ မျက်မ မြင်ကောင် မလေးက ကောင်လေးကို အမြဲပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ် ။
“ ငါ့မျက်လုံးတွေ ပြန်မြင်ရတဲ့တစ်နေ့ နင့်ကိုလက်ထပ်မယ် ” တဲ့ ။ ဒီလိုနဲ့ တစ်ရက်မှာ သူ့အတွက် မျက်လုံး တစ်စုံလှူမယ့် လူတစ်ယောက်ပေါ်လာခဲ့တယ် ။ နောက်ဆုံးမှာ သူမမျက်လုံးတွေပြန်မြင်ပြီး သူ့ကောင်လေး ကို လည်း မြင်ခွင့်ရခဲ့တယ် ။ အဲဒီအချိန်မှာ သူမ အလွန်အံ့အားသင့်သွားခဲ့တယ် ။ ဘာကြောင့်လည်းဆိုတော့ သူမ ကောင်လေးကလည်း သူမလိုပဲ မျက်မမြင်တစ်ယောက်ဖြစ်နေလို့ပါပဲ ။
ကောင်လေးကမေးတယ် ။ “ နင်အခု ငါ့ကိုမြင်ရပြီမဟုတ်လား ငါတို့လက်ထပ်ကြမလားဟင် ”
ဒီတော့ကောင်မလေးကပြန်ပြောတယ် ။ “ အို.. ဘယ်လိုဖြစ်နိုင်မှာပလဲ ငါတို့ဘယ်တော့မှ ပျော်ရမှာမဟုတ်ဘူး အခု ငါ့မျက် လုံးတွေပြန်မြင်နေရပြီလေ ဒါပေမယ့် နင်ကတော့ အခုထိ ကန်းနေတုန်းပဲ ဒါကြောင့် စိတ် မကောင်း ပါဘူး ငါတို့ မဖြစ်နိုင်ဘူး ” တဲ့ ။
ကောင်လေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တစ်ပေါက် စီးကျလာတယ် ။ ပြီးတော့ ကောင်လေး က ကောင် မလေးကိုပြုံးပြပြီး “ ငါနားလည်ပါတယ် ငါက နင့်ကိုပျော် ရွှင်စေချင်ခဲ့ယုံသက်သက်ပါ ကျေးဇူးပြုပြီး နင့်ကိုယ် နင် ဂရု စိုက်ပါ ပြီးတော့ငါ့မျက်လုံးတွေကိုလည်းဂရုစိုက်ပေးပါ ”
ပြီးတော့ကောင်လေး က ကောင်မလေးရှေ့ကနေ လှည့်ထွက်သွားခဲ့တယ် ။
###############################################
တကယ်တော့အချစ်ဆိုတာ အမြင်သဏ္ဍာန်ပေါ်မူတည်ပြီးပြောင်းလဲတတ်တာမျိုးမဟုတ်ပါဘူး ။ မြင်နေ ရ သည် ဖြစ်စေ မမြင်ရသည်ဖြစ်စေ ရင်ခုန်သံချင်းနားလည်နေဖို့သာလိုတာပါ ။ ကောင်မလေးဟာ ရဲ့အချစ်ဟာ အမြင် သဏ္ဍာန်ပေါ်မူတည်ပြီးပြောင်းလဲသွားခဲ့တယ် ။ လောကကြီးမှာ အချစ်ဆိုတာဟာလည်း အဲဒီလို အသွင် သဏ္ဍာန် နဲ့ အခြေအနေ ၊ အချိန်အခါပေါ်မူတည်ပြီးပြောင်းလဲတတ်ပါသလား လို့ ကောင်လေး စိတ်ထဲ တွေးနေ မိမှာပါပဲ ။
သက်တန့်ချို

အမျိုးသမီးတို့likeလုပ်ထားသင့်သောpage
statistics

Popular Posts
-
လူပျိုစစ်ခြင်း/မစစ်ခြင်း နှင့် အပျိုစစ်ခြင်း/မစစ်ခြင်း စကားချီး :::::: ၏အကြောင်းအရာကိုရေးသားရာတွင် ဆေးပညာနှင့်ဆိုင်သော အယူအဆများအပြင် က...
-
အိမ်ထောင်ရေး မသာယာတာ ဒီအချက်များကြောင့် ၁။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က မပြင်ပေးနိုင်ဘူး လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရိ...
-
အမက်မောဆုံးပဲ နင်.အပြုံးလေးများနဲ. ဘာတွေကများငါ.အာ.ဒူးထောက်စေခဲ.သလဲ....ငါအမုန်းဆုံးပဲ..နင်.ဘေးနားရှိတဲ. ဟိုကောင်လေးတွေနဲ. နင်ချစ်သွားမ...
-
လောကတွင် မယားကောင်း မယားမြတ် အမည်ခံသော မိန်းမတို့သည် အောက်ပါအင်္ဂါအရည်အချင်းတို့နှင့် ပြည့်စုံရသည်။ ၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်...
-
အိမ်ထောင်ရှင် ကိုကိုကြီးတို့အတွက် မိမိချစ်ဇနီးက အိမ်ထောင်ရေးမှာ စိတ်မပါတဲ့ဝေဒနာခံစားနေရရင် အခုဆေးလေးတွေကို ဖြန်းပေးလိုက်ပါ ဖီးဆေး ...
-
ကောင်မငယ်လေးအတွက် (၁) သာယာချိုမြတဲ့ မက်ဆေ့လေးတွေရရင် ဖတ်ပါ၊ ပြုံးပါ ပြီးတော့ဖျက်ပစ်ပါ။ (၂) စိတ်တိုဒေါသထွက်ပြီဆိုရင် ၁ ကနေ ၃ဝ အထိရေ...
-
လေးနက်တဲ့အချစ်တစ်ခုနဲ့ ချစ်ပြီးသွားတဲ့ လူတစ်ချို့ဟာ ထပ်ပြီး စိတ်တိုင်းကျ မချစ်ရဲကြတော့ဘူး... ဘာလို့လဲဆိုတော့...သူတို့အေ နနဲ့ တူညီတဲ...
-
အချစ်တစ်ခုတည်မြဲဖို့ အတွက် နင့်ဘက်က သစ္စာရှိအောင်နေ ငါလဲသစ္စာရှိအောင်နေမယ်လို့ မပြောဘဲ ငါတို့ နှစ်ယောက်ရဲ့ သစ္စာတရားနဲ့ အချစ်ကို စစ...
-
ချစ်ခြင်းတခုမဟုတ်တဲ့ ရွေးချယ်မှုတခုကိုတော့ ရင်နာနာနဲ့ပဲငြင်းဆန်ပါရစေ။ အပ်တစ်ထောက်စာ ဒဏ်ရာလေးဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ကမ္ဘာပျက်တာ...
-
"လမ်းခွဲရအောင်"လို့ ကျွန်မကဆိုတော့ ဖုန်းတစ်ဖက်က မောင့်ရဲ့စကားသံက ကျွန်မတွေးထင်ထားသလောက် တုန်လှုပ်ချောက်ချားဟန် မပြခဲ့ဘူး။ တအောင့်လေ...
မင်္ဂလာပါ. Powered by Blogger.
Post a Comment