Archive for 02/23/12

တချို့ အထင်လွဲမှု ပြန်ဖြေရှင်းဖို့ ခက်တယ်.. တဘက်သတ်အမှန်တွေေုကာင့်ဖြစ်တယ်... တချို့ လမ်း နောက်ပြန်လှည့်ဖို့ ခက်တယ်.. လျှောက်လှမ်းခဲ့ရတဲ့ အကွာအဝေးကိုကည့်မိလို့ ဖြစ်တယ်... တချို့ အလွမ်း ပြန်ရုတ်သိမ်းဖို့ ခက်တယ်.. ထားခဲ့မိတဲ့ယုံကည်မှုတခုေုကာင့်ဖြစ်တယ်... တချို့ အချစ် ပြန်ဆုံစည်းဖို့ ခက်တယ်.. မာနတရားတွေေုကာင့်သာလျှင်ဖြစ်တယ်...
Posted by : လက်တွဲဖော် 0 Comments
တစ်ခါတလေ ဖြတ်တိုက်သွားတဲ့
လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့်
တွဲထားတဲ့ နင့်လက်မှာ အနွေးဓာတ်တွေ ရှိနေသေးရင်
လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ ငါ မမှုဘူး။
တွဲလက်

တစ်ခါတလေမှာ ချိုမြန်တဲ့စကားလေး တစ်ခွန်းထက်
နွေးထွေးတဲ့လက်တစ်စုံကို ငါလိုအပ်တယ်။
အဲဒီလက်က ပူပူနွေးနွေး အကြင်နာ ဟင်းတစ်ခွက်လို
ဆာလောင်သူကို စိတ်ခွန်အားတွေနဲ့ ပြည့်စေသတဲ့...
...
ဒီတစ်သက် ဒီဘဝမှာ ဒီလက်ကိုပဲ တွဲရမယ်လို့ အဓိဌါန်ချခဲ့သလား ထင်ရအောင်
ဘာကြောင့်မှန်းမသိ နင့်လက်ကိုပဲ ငါတွဲထားချင်မိတယ်။
နင့်လက်ကို ငါတွဲထားတယ်။
တစ်ခါတလေ ဖြတ်တိုက်သွားတဲ့
လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့်
တွဲထားတဲ့ နင့်လက်မှာ အနွေးဓာတ်တွေ ရှိနေသေးရင်
လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ ငါ မမှုဘူး။
နင့်ကို ငါချစ်တယ်
နေရောင်ခြည်ကို ချစ်သလို
လေထုကို ချစ်သလို
ရေငွေ့ကို ချစ်သလို
ပင်လယ်ကို ချစ်သလို
ပန်းတွေကို ချစ်သလို
လောကကြီးကို ချစ်သလို
ငါ့ကိုယ်ငါ ချစ်သလို
နင့်ကို ငါ ချစ် တယ်
လူတိုင်းမှာ စကားလုံးကိုယ်စီရှိတယ်
ပုံပြင် ဇာတ်လမ်း ကိုယ်စီရှိတယ်။
ငါတို့မှာလည်း ငါတို့ ယုံကြည်ချက်တွေ ရှိတယ်
ယုံကြည်ချက်နဲ့ အပြုံးကိုယ်စီကို တွဲလက်နဲ့အတူ ငါတို့ဆုပ်ကိုင်ထားတယ်။
တွဲလက်ကို မဖြုတ်တမ်း လမ်းဆုံးအထိ ငါတို့လျှောက်နိုင်မလား?
တစ်ခါတလေ ငါသံသယဖြစ်မိတယ်။
ပထမဆုံးအကြိမ် ငါ့လက်ကို နင်စတွဲတဲ့ ဆောင်းမနက်ကို ငါမှတ်မိနေသေးတယ်။
လှမ်းလာတဲ့နင့်လက်ကို အားပါးတရ ငါဆုပ်ကိုင်လိုက်တော့
တုံးတိတုံးအနဲ့ နင် ရီနေခဲ့တယ်။
မျှော်လင့်ချက်များများ မထားရင်
မျှော်လင့်ချက်မဲ့တာလည်း နည်းလိမ့်မယ်လို့ ငါထင်ခဲ့တယ်။
ဒါကြောင့် တွဲလက်ကို ငါဖြည်လျှော့လိုက်ချိန်
နင်က တင်းတင်း ပြန်တွဲထားလိုက်တယ်။
အဲဒီနောက်....
နင့်လက်ကို ဘယ်တော့မှ ငါ မဖြုတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။


ပထမဆုံးအကြိမ် လက်တွဲစကနေ ခရီးလမ်းဆုံးအထိ ငါ့လက်ကို မဖြုတ်စတမ်း
ကျေးဇူးပြုပြီး နင် တွဲသွားပါနော် !
လက်ပြောင်း၊ လက်လွဲ မလုပ်ဘဲ... ကိုယ်ချစ်တဲ့လူရဲ့လက်ကို ခရီးလမ်းဆုံးထိ တွဲထားနိုင်ကြပါစေ
ီနိုင်းနိုင်းစနေ
See More

တွဲလက်

Posted by : လက်တွဲဖော် 0 Comments
လူတစ်ယောက်ကို ချစ်တဲ့အခါ........

သူ မပေးနိုင်တာကို အပြစ်မဆိုပါနဲ့
သူပေးနိုင်တာကိုပဲ တန်ဖိုးထားမြတ်နိုးပါ။
.
အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာ လိုအပ်သလို အချစ်တစ်ခုရှင်သန်ဖို့ အချစ်ကို ချစ်တတ်ဖို့လည်း လိုအပ်ပါတယ်။
Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -