Posted by : လက်တွဲဖော်
Thursday, February 23, 2012
တစ်ခါတလေ ဖြတ်တိုက်သွားတဲ့
လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့်
တွဲထားတဲ့ နင့်လက်မှာ အနွေးဓာတ်တွေ ရှိနေသေးရင်
လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ ငါ မမှုဘူး။
တွဲလက်
တစ်ခါတလေမှာ ချိုမြန်တဲ့စကားလေး တစ်ခွန်းထက်
နွေးထွေးတဲ့လက်တစ်စုံကို ငါလိုအပ်တယ်။
အဲဒီလက်က ပူပူနွေးနွေး အကြင်နာ ဟင်းတစ်ခွက်လို
ဆာလောင်သူကို စိတ်ခွန်အားတွေနဲ့ ပြည့်စေသတဲ့...
...
ဒီတစ်သက် ဒီဘဝမှာ ဒီလက်ကိုပဲ တွဲရမယ်လို့ အဓိဌါန်ချခဲ့သလား ထင်ရအောင်
ဘာကြောင့်မှန်းမသိ နင့်လက်ကိုပဲ ငါတွဲထားချင်မိတယ်။
နင့်လက်ကို ငါတွဲထားတယ်။
တစ်ခါတလေ ဖြတ်တိုက်သွားတဲ့
လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့်
တွဲထားတဲ့ နင့်လက်မှာ အနွေးဓာတ်တွေ ရှိနေသေးရင်
လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ ငါ မမှုဘူး။
နင့်ကို ငါချစ်တယ်
နေရောင်ခြည်ကို ချစ်သလို
လေထုကို ချစ်သလို
ရေငွေ့ကို ချစ်သလို
ပင်လယ်ကို ချစ်သလို
ပန်းတွေကို ချစ်သလို
လောကကြီးကို ချစ်သလို
ငါ့ကိုယ်ငါ ချစ်သလို
နင့်ကို ငါ ချစ် တယ်
လူတိုင်းမှာ စကားလုံးကိုယ်စီရှိတယ်
ပုံပြင် ဇာတ်လမ်း ကိုယ်စီရှိတယ်။
ငါတို့မှာလည်း ငါတို့ ယုံကြည်ချက်တွေ ရှိတယ်
ယုံကြည်ချက်နဲ့ အပြုံးကိုယ်စီကို တွဲလက်နဲ့အတူ ငါတို့ဆုပ်ကိုင်ထားတယ်။
တွဲလက်ကို မဖြုတ်တမ်း လမ်းဆုံးအထိ ငါတို့လျှောက်နိုင်မလား?
တစ်ခါတလေ ငါသံသယဖြစ်မိတယ်။
ပထမဆုံးအကြိမ် ငါ့လက်ကို နင်စတွဲတဲ့ ဆောင်းမနက်ကို ငါမှတ်မိနေသေးတယ်။
လှမ်းလာတဲ့နင့်လက်ကို အားပါးတရ ငါဆုပ်ကိုင်လိုက်တော့
တုံးတိတုံးအနဲ့ နင် ရီနေခဲ့တယ်။
မျှော်လင့်ချက်များများ မထားရင်
မျှော်လင့်ချက်မဲ့တာလည်း နည်းလိမ့်မယ်လို့ ငါထင်ခဲ့တယ်။
ဒါကြောင့် တွဲလက်ကို ငါဖြည်လျှော့လိုက်ချိန်
နင်က တင်းတင်း ပြန်တွဲထားလိုက်တယ်။
အဲဒီနောက်....
နင့်လက်ကို ဘယ်တော့မှ ငါ မဖြုတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
ပထမဆုံးအကြိမ် လက်တွဲစကနေ ခရီးလမ်းဆုံးအထိ ငါ့လက်ကို မဖြုတ်စတမ်း
ကျေးဇူးပြုပြီး နင် တွဲသွားပါနော် !
လက်ပြောင်း၊ လက်လွဲ မလုပ်ဘဲ... ကိုယ်ချစ်တဲ့လူရဲ့လက်ကို ခရီးလမ်းဆုံးထိ တွဲထားနိုင်ကြပါစေ
ီနိုင်းနိုင်းစနေSee More

အမျိုးသမီးတို့likeလုပ်ထားသင့်သောpage
statistics

Popular Posts
-
လူပျိုစစ်ခြင်း/မစစ်ခြင်း နှင့် အပျိုစစ်ခြင်း/မစစ်ခြင်း စကားချီး :::::: ၏အကြောင်းအရာကိုရေးသားရာတွင် ဆေးပညာနှင့်ဆိုင်သော အယူအဆများအပြင် က...
-
အိမ်ထောင်ရေး မသာယာတာ ဒီအချက်များကြောင့် ၁။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က မပြင်ပေးနိုင်ဘူး လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရိ...
-
အမက်မောဆုံးပဲ နင်.အပြုံးလေးများနဲ. ဘာတွေကများငါ.အာ.ဒူးထောက်စေခဲ.သလဲ....ငါအမုန်းဆုံးပဲ..နင်.ဘေးနားရှိတဲ. ဟိုကောင်လေးတွေနဲ. နင်ချစ်သွားမ...
-
လောကတွင် မယားကောင်း မယားမြတ် အမည်ခံသော မိန်းမတို့သည် အောက်ပါအင်္ဂါအရည်အချင်းတို့နှင့် ပြည့်စုံရသည်။ ၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်...
-
အိမ်ထောင်ရှင် ကိုကိုကြီးတို့အတွက် မိမိချစ်ဇနီးက အိမ်ထောင်ရေးမှာ စိတ်မပါတဲ့ဝေဒနာခံစားနေရရင် အခုဆေးလေးတွေကို ဖြန်းပေးလိုက်ပါ ဖီးဆေး ...
-
ကောင်မငယ်လေးအတွက် (၁) သာယာချိုမြတဲ့ မက်ဆေ့လေးတွေရရင် ဖတ်ပါ၊ ပြုံးပါ ပြီးတော့ဖျက်ပစ်ပါ။ (၂) စိတ်တိုဒေါသထွက်ပြီဆိုရင် ၁ ကနေ ၃ဝ အထိရေ...
-
လေးနက်တဲ့အချစ်တစ်ခုနဲ့ ချစ်ပြီးသွားတဲ့ လူတစ်ချို့ဟာ ထပ်ပြီး စိတ်တိုင်းကျ မချစ်ရဲကြတော့ဘူး... ဘာလို့လဲဆိုတော့...သူတို့အေ နနဲ့ တူညီတဲ...
-
အချစ်တစ်ခုတည်မြဲဖို့ အတွက် နင့်ဘက်က သစ္စာရှိအောင်နေ ငါလဲသစ္စာရှိအောင်နေမယ်လို့ မပြောဘဲ ငါတို့ နှစ်ယောက်ရဲ့ သစ္စာတရားနဲ့ အချစ်ကို စစ...
-
ချစ်ခြင်းတခုမဟုတ်တဲ့ ရွေးချယ်မှုတခုကိုတော့ ရင်နာနာနဲ့ပဲငြင်းဆန်ပါရစေ။ အပ်တစ်ထောက်စာ ဒဏ်ရာလေးဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ကမ္ဘာပျက်တာ...
-
"လမ်းခွဲရအောင်"လို့ ကျွန်မကဆိုတော့ ဖုန်းတစ်ဖက်က မောင့်ရဲ့စကားသံက ကျွန်မတွေးထင်ထားသလောက် တုန်လှုပ်ချောက်ချားဟန် မပြခဲ့ဘူး။ တအောင့်လေ...
မင်္ဂလာပါ. Powered by Blogger.
Post a Comment